အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီက လာအိုနိုင်ငံအတွက် လိုအပ်သော မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ရေး ဆွေးနွေး
အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဦးဆောင်၍ လာအိုနိုင်ငံမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် လာအို နိုင်ငံအတွက် လိုအပ်သော မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း များ တင်ပို့နိုင်ရေးအတွက် နိုဝင်ဘာ ၁၄ ရက်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့နှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သောအဖွဲ့နှင့်လည်းကောင်း လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။