ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း မြန်မာ-တရုတ် နယ်စပ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန်ကိုးထောင်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၅၅၀ဝ ကျော်၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ တန်ချိန် ၄၀ဝ နီးပါး၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၁၃၀ဝ ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၂၀ဝ၀ တင်ပို့ခဲ့ပါ သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၈၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်းသိရသည်။