Background
ကုန်သွယ်ရေးသတင်း
တစ်ပတ်အတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန်သုံးသောင်းကျော်တင်ပို့
ပြည်ပမှတင်သွင်းလာမည့် ၁၀ ယောက်စီးမှ ၁၂ ယောက်စီးအထိ Mini Bus ယာဉ်များ တင်သွင်းခွင့် လျှောက်ထားရာတွင် သတ်မှတ်ချက်များ ထုတ်ပြန်
ပြည်ပမှတင်သွင်းလာမည့် ၁၀ ယောက်စီး မှ ၁၂ ယောက်စီးအထိ Mini Bus ယာဉ်များ လျှောက်ထားရာတွင် အောက်ပါသတ်မှတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) တစ်ဖက်နိုင်ငံ၏ မူရင်း Invoice တင်ပြရမည်။
(ခ) တစ်ဖက်နိုင်ငံ စက်ရုံ၏ မော်တော်ယာဉ် Catalogue မူရင်း၊ User Manual တင်ပြရမည်။
(ဂ) Chassis Code/ Vin Code ကို တစ်ပါတည်း ဖော်ပြရမည်။
Online CO System အား ပြင်ဆင်မှုပြုလုပ်သွားမည့် အခြေအနေအား အသိပေးကြေညာခြင်း
ဥရောပသို့ ရေထွက်ကုန်တင်ပို့ခွင့် ရလာသည့် စက်ရုံ ၂၅ ရုံအထိ ရှိလာ
ဥရောပနိုင်ငံများသို့ အရည်အသွေးသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ရေထွက်ကုန်ပစ္စည်း တင်ပို့ခွင့်ရလာသည့် စက်ရုံ ပေါင်း ၂၅ ရုံအထိ ရှိလာပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ “တင်ပို့ခွင့်ရရှိပြီး ခြောက်လေ ကျာ်ကြာတဲ့အထိ တင်ပို့ ရေးအပိုင်းတွေမလုပ်ရင် ထုတ်ပယ်ခံရမှာ ဖြစ်တယ်။ ဇွန်လ အထဲထိ တင်ပို့ခွင့်ရတဲ့ စက်ရုံ ၂၃ ရုံပဲ ရှိတာ။ အခု ရန်ကုန်နဲ့ ရခိုင်ပြည်နယ်သံတွဲမှာရှိတဲ့ စက်ရုံနှစ်ရုံထပ်တိုးလာတာ ဖြစ် တယ်” ဟု စက်တင် ဘာ ၃ ရက်တွင် ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန်အရည်အသွေးစစ်ဆေးရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။
အိန္ဒိယနိုင်ငံက တင်သွင်းလိုသည့် မြန်မာ့သစ်ကြားသီးခြောက်
သြဂုတ်လတွင် ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သိန်းခုနစ်သောင်းကျော်တင်ပို့
မြန်မာနိုင်ငံကုန်သွယ်မှုလုပ်ငန်းစဉ်များတွင် Single Registration ID ပြောင်းလဲအသုံးပြုနိုင်ရေး ခြေလှမ်းသစ်များ
ကန်ဒေါ်လာ သန်း ၂၀၀ ကျော်နှင့် ကျပ် ၂၅ ဘီလီယံကျော်ကို လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံခွင့်ပြု
နယ်စပ် ကုန်သွယ်ရေးရပ်ဆိုင်းမှုအား ဖြေရှင်းနိုင်ရန် ညှိနှိုင်းနေ
လက်ရှိ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများ၌ နေ့စဉ် အမေ ရိကန်ဒေါ်လာ ခုနစ်သိန်းကျော်တန်ဖိုးရှိ ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း သွားခြင်းကို အမြန်ဆုံးဖြေရှင်းနိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့အကြား ညှိနှိုင်းလျက်ရှိကြောင်း နိုင်ငံတော်ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များ အသင်းချုပ်တွင် သြဂုတ် ၂၄ ရက်က ကျင်းပ ပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်မ