Main menu

Background

ကုန်သွယ်ရေးသတင်း

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၇/၂၀၂၀)

Tue, 05/12/2020 - 18:33 -- journal_editor

ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့ခွင့် လိုင်စင်ခွင့်ပြုမည့် လုပ်ထုံးလုပ်နည်းပါ စည်းကမ်းချက်ပြင်ဆင်သောသတင်းလွှာ (၇/၂၀၂၀)

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၇/၂၀၂၀)

မြန်မာနိုင်ငံအထည်ချုပ်စက်ရုံများအတွက် အရေးကြီးလိုအပ်နေတဲ့ ကုန်ကြမ်းပစ္စည်းများ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လေကြောင်းဖြင့် တင်သွင်း

Thu, 03/19/2020 - 13:20 -- journal_editor

နေပြည်တော် - မတ်လ ၁၇ ရက် 

“ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးယိုယွင်း”သည့် သတင်းများနှင့် ပတ်သက်၍ ကောက်နှုတ်ဖော်ပြချက်များ

Thu, 03/19/2020 - 13:18 -- journal_editor

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကျင်းပပြုလုပ်မည့်ပွဲများဖျက်သိမ်းရခြင်း၊ စီးပွားရေး ကျဆင်းနိုင်သည်မှာသေချာလျက်ရှိခြင်းနှင့် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် နှစ်တော်တော်ကြာအောင် အဆင်မပြေမှုများဖြစ်နိုင်ခြင်း၊စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများလျော့ကျလာနိုင်ခြင်း၊ အမေရိကန်နိုင်ငံသည် ဥရောပသမ္မဂ္ဂမှ ကုန်ပစ္စည်းအများဆုံးတင်သွင်းသူနှင့် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားကြသူများဖြစ်သဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်ထိခိုက်မည်ဖြစ်ကြောင်း၊

 

COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ CMP ကုန်ကြမ်းတင်သွင်းမှုအခြေအနေ

Thu, 03/19/2020 - 13:16 -- journal_editor

ဖရဲ၊ သခွား ဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာ

Mon, 03/16/2020 - 12:06 -- journal_editor

        တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖရဲ၊ သခွားရောင်းဝယ်မှုများ ပြန်လည် ကောင်းမွန်စပြုလာပြီဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က မတ် ၆ ရက်တွင် ပြောသည်။ လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွား နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ရောဂါကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်လုနီးပါးဖြစ်နေသည် မှာ ရက်ပေါင်း ၂၀ ကျော်ထိ ရှိလာပြီ ဖြစ်သည်။

နယ်စပ်ဈေးများဖွင့်လှစ်သွားနိုင်ရေး မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်နေ

Mon, 03/16/2020 - 10:56 -- journal_editor

         မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၈-၅-၂၀၁၂ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး  ပထမအကြိမ် မြန်မာ-အိန္ဒိယ နယ်စပ် ဈေးပူးတွဲကော်မတီအစည်းအဝေးကို ၁၈-၁၀-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်၌ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော  စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ  ငါးနေရာနှင့် ချင်းပြည်နယ်အတွင်းရှိ ငါးနေရာ စုစုပေါင်း ၁၀ နေရာအား  နယ်စပ်ဈေးများ ဖွင့်လှစ် သွားရန်မူအားဖြင့် သဘောတူခဲ့ကြသည်။ နယ်စပ်ဈေး (Border Haats) ဆိုသည့်  ဝေါဟာရနှင့် လုပ်ငန်းစဉ်များကို မိမိတို့အနေဖြင့်  ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ နယ်စပ်ဈေးဖွင့်လှ

အိန္ဒိယအစိုးရက သတ်မှတ်ကာလထက်ပို၍ မတ်ပဲတင်သွင်းရန်ရှိနေ

Wed, 03/04/2020 - 15:57 -- journal_editor

     အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းကို သတ်မှတ် ကာလထက်ပို၍ ရက်အပိုပေးတင်သွင်းရန်ရှိနေကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ ယင်းနိုင်ငံသို့ မတ်ပဲတင်သွင်းမှုကို ယခင်ဘဏ္ဍာနှစ် အတိုင်း အချိန်အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သော် လည်း အိန္ဒိယကုမ္ပဏီများက အချိန်ကို ထပ်မံ ပေးရန် တောင်း ဆိုခဲ့သောကြောင့် သတ်မှတ်ကာလအတွင်း တင်သွင်းခြင်း မပြုနိုင်သည့်ပဲများကို ဒေသန္တရအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ဆက် လက်တင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့်ယန္တရားအုပ်စုဝင်မော်တော်ယာဉ်များ တင်သွင်းခြင်းအတွက် လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ

Wed, 02/26/2020 - 11:53 -- journal_editor

              ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင်မော်တော်ယာဉ်များအား တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုများတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအနေဖြင့် HS Code 8701 မှ 8705 အထိ အကျုံးဝင်သော လုပ်ငန်းသုံးယာဉ်များ တင်သွင်းရာတွင် အတိုင်းအတာ သတ်မှတ်ချက်မှာ Right Vehicle အတွက် OAL (အလျား)-12200 MM, OAW (အနံ)–2500 MM နှင့် OAH (အမြင့်) သာမန်ယာဉ်အတွက်–3.66 M, Container Carrier အတွက် 4.2 M အား သတ်မှတ်ထားကြောင်း၊ Articulated Vehicle (ခေါင်းတွဲ+ ချိတ်ဆွဲထားသည့် နောက်တွဲများ) ၏ စုစုပေါင်း အလျား OAL မှာ 16000 MM နှင့် GVW (Gross + Vehicle We

ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ်များ သီလဝါဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် တိုက်ရိုက်ကုန်သွယ်မှုစတင်

Fri, 02/21/2020 - 13:20 -- journal_editor

       ထိုင်းနိုင်ငံမှ ၂၂ ဘီးနောက်တွဲပါ ကုန်တင်ယာဉ် နှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်၍ မြဝတီကုန်သွယ်ရေးဇုန်တွင် အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ကာ မြဝတီ-ကော့ကရိတ်လမ်း ကြောင်းအတိုင်း မောင်းနှင်ပြီးရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာမဲခေါင်ခြောက်နိုင်ငံက အတည် ပြုထားသည့် Cross-broder Transport Agreement သဘောတူညီချက် တစ်စိတ် တစ်ပိုင်းဖြစ်သော မဟာမဲခေါင်ဒေသခွဲ၏ ထောက်ပံ့ခြင်း (logistics) တိုးတက်ရေးကို အထောက်အကူပြုမည့် IICBTA( Initial Implementation of a Crossbro

မကွေးကုန်စည်ဒိုင်၌ နှမ်းဈေးနှုန်းများ ထပ်မံကျဆင်း

Fri, 02/21/2020 - 13:06 -- journal_editor

     မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်တွင် နှမ်း မျိုးစုံ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  မိုးနှမ်း များ အရည်အသွေးနှင့်ဝယ်လိုအားကြောင့် နှမ်းဈေးကျသွား သည်။ ယခုတစ်ပတ် ဖေဖော်ဝါရီ ၁၁ရက်တွင်  မကွေးကုန်စည် ဒိုင်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၉၀ဝ၀ဝ၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်း ဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၄၅၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ထိပ်စ ကျပ် ၁၃၃၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စကျပ် ၁၂၈၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ် လျှင် ထိပ်စ ကျပ် ၁၂၅၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံး တင်းဝင် တစ်အိတ်လျှင် အေ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း