Background
ကုန်သွယ်ရေးသတင်း
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတဲ့ ကြက်သွန်နီ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဧပြီ ၁ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံသို့ကြက်သွန်နီ တင်ပို့မှုအခြေအနေကို စိစစ်ကြည့်ရာ တန်ချိန် ၂၉၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၂ သန်း၊ ကားစီးရေ ၉၀ ဖြင့် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက် အထိ ကြက်သွန်နီတန်ချိန် ၁၆၆၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၀ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မြို့တွင်းတွင် လက်ရှိဖြစ်ပေါ်နေ သော ကြက်သွန်နီဝယ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀၀ နှုန်းဖြင့် တစ်တန်လျှင်ကျပ် ၃၆၇၂၀၀ ဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချမှုဈေးမှာ တစ် ပိဿာလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် တစ်တန်လျှင် ကျပ် ၆၁၂၀၀၀ ရရှိကြောင်း သိရပါတယ်။ ယခင
မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁၈၀၀၀ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန်မသင့်ဆိုကာ ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်
မြန်မာနိုင်ငံမှတင်ပို့ခဲ့သော ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ်အာဏာပိုင်များက စားသုံးရန်မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည်ဟု ပြည်ပသတင်းဌာနများတွင် မကြာသေးမီက ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဧပြီ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့ရာ ယင်းဆန်များမှာ Olam International Co.,Ltd က အာဖရိကတိုက်ရှိ ဂီနီ (Guinea) သို့ဆန်တင်ပို့ရန် မြန်မာကုမ္ပဏီသုံးခုဖြစ်သော ရွှေဝါ ရောင်ကုမ္ပဏီမှ တန် ၁၃၅၀၀၊ Myanmar Economic Corporation Co.,Ltd မှ တန် ၈၀၀၀ နှင့် ဧရာဟင်္သာကုမ္ပဏီမှ တန် ၅၀၀
ကြက်သွန်နီအတွက် ဆေးတစ်ခွက် (သို့မဟုတ်)ခေတ်မီ ကြက်သွန်နီသိုလှောင်ရုံ
ငှက်သိုက်(အမဲ)ကို စင်ကာပူနိုင်ငံသို့ ပို့ကုန်အမယ်သစ်အဖြစ် စတင်တင်ပို့
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုဒေသနှင့် ကော့သောင်း ဒေသတို့မှ ထွက်ရှိသော ငှက်သိုက်(အမဲ) Bird's Nest (Black) များကို ဝယ်ယူ စုဆောင်းပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ပို့ကုန်အမယ် သစ်အဖြစ် ဈေးကွက်ရှာဖွေတင်ပို့နိုင်ခဲ့ပါတယ်။ လိုင်စင်လျှောက်ထားဈေးနှုန်း မှာ တစ်ကီလို ဂရမ်လျှင် ၄၇၀ ဒေါ်လာဖြင့် ၃၈၈ ကီလို၊ တန်ဖိုးအားဖြင့် ၁၈၂၃၆၀ ဒေါ်လာအား တင်ပို့ခွင့် လျှောက် ထားလာပါတယ်။ ငှက်သိုက်(အမဲ) များမှာ ငှက်သိုက် (အဖြူ) ထက် ဈေးပိုမိုရရှိကြောင်း သိရှိရပြီး ငှက်သိုက် (အမဲ)များ ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိလာမည်ဖြစ်ကြောင်း သိ
တစ်သျှူးငှက်ပျောတင်ပို့မှုကြောင့် ကုန်သွယ်မှုပိုငွေများပြားလာသည့် ကန်ပိုက်တီကုန်သွယ်ရေးစခန်း
မြန်မာနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယပြည်သူ့ သမ္မတနိုင်ငံတို့အကြား တည်ရှိကာ ကုန်သွယ်မှုအချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများ၊ အနောက် ဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်မှု ပြုလျက်ရှိပါတယ်။မြန်မာနိုင်ငံသည် ပင်လယ်ဆိပ်ကမ်းမှ ရေကြောင်းကုန်သွယ်မှု၊ လေကြောင်းကုန်သွယ်မှု ၊ နယ်စပ်ဒေသများမှ မော်တော်ယာဉ်များဖြင့် နယ်စပ်ကုန်သွယ် မှုပြု လုပ်လျက်ရှိပြီး နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၇၀ ရာခိုင်နှုန်းကျော် ကုန် သွယ်မှုပြုလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုမှ ၃၀ ရာခိုင်နှုန်း ဝန်း ကျင်ရှိပါကြ
လျှော်ဖြူအစေး(ခေါ်) ဆေးကုလားမ TRAGACANTH GUM HERB တရုတ်နိုင်ငံ(တိုင်ပေ)သို့ တရားဝင်လမ်းကြောင်းမှ တင်ပို့ခွင့်ပြုပြီ
လျှော်ဖြူပင်(ခေါ်) ဆေးကုလားမပင်သည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက် သလို ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် စီးပွားဖြစ် ဧကဖွဲ့စိုက်ပျိုးလာကြပြီး ထွက်ရှိလာသော လျှော်ဖြူအစေး(ခေါ်) ဆေးကုလားမကို ကြာဆန်အမျှင်၊ ရေခဲသားအကြည်၊ ရေခဲသားအဝါ၊ အညို ရောင်ဟူ၍ အမျိုးအစား အမျိုး မျိုးခွဲခြား ထားကြောင်း၊ အရောင်အသွေး အမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၅၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၁၂၀ဝဝဝ ရှိကြောင်း၊ ကြာဆန်အမျှင်မှာ ဈေးနှုန်းအမြင့်ဆုံးရရှိကြောင်းလည်း သိရှိရသည်။
ဆန်တင်ပို့မှုပိုမို
နိုဝင်ဘာ ၁၀ ရက်မှ ၁၆ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၈၄ သန်းတန်ဖိုးရှိ ဧည့်ထမဆန် ၁၇၀ဝ၃ တန်ေ ကျာ် တင်ပို့ခဲ့ ကြောင်းသိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှုများ မှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၅၅၆၆ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ၂၇၇၅ တန်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ၈၆၅၇တန် တင်ပို့ပြီး မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ၅တန်တင်ပို့ ခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ် ဆန်တင်ပို့မှုနဲ့နှိုင်းယှဉ် ပါက ယခုတစ်ပတ်မှာ ၃၉၀၉ တန် ပိုမိုကြောင်း သိရပါတယ်။ယခုတစ်ပတ် မ
ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန် ပစ္စည်းများနဲ့ ရေထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ အောက် တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ သီတင်း ပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၅၃ သန်း တန်ဖိုးရှိ လယ်ယာ ထွက်ကုန် ပစ္စည်းတန်ချိန် ၅၉၅၃ တန် ကျော်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၄၃ သန်း တန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်း တန်ချိန် ၃၈၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
ပွင့်လင်းရာသီတွင် မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ကုန်သွယ်မှုပမာဏတိုးတက်လာမည့် အလားအလာရှိ
မောင်တောကုန်သွယ်ရေးစခန်းမှ လယ်ယာထွက် ကုန်ပစ္စည်းများအနေဖြင့် ဆန်၊ မြေပဲ(အခွံပါ)၊ ချင်း(စို)၊ ကွမ်းသီး၊ ဒညင်းသီး၊ နနွင်းတက်နှင့် အခြားပစ္စည်းများအား လည်းကောင်း၊ ရေထွက်ပစ္စည်းများအနေဖြင့် ငါးမြစ်ချင်း၊ ငါးနီတူခြောက်၊ ငါးပါးခြားခြောက်၊ ငါးလေးခြောက်များ အား လည်းကောင်း၊ စက်မှုကုန်ချော ပစ္စည်းများအနေဖြင့် ဆီးယိုထုပ်၊ သနပ်ခါးခဲ၊ နေကြာစေ့၊ ကွေကာအုပ်၊ ဆပ်ပြာ၊ သကြားလုံးနှင့် အခြားပစ္စည်းများအားလည်းကောင်း တင် ပို့ပြီး သွင်းကုန်ပစ္စည်းများအား ၂၀၁၇ ခုနှစ် ဩဂုတ်လ နောက်ပိုင်း တင်သွင်းနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါ သည်။









