Main menu

Background

ကုန်သွယ်ရေးသတင်း

မူဆယ်မှ သကြားပိုမိုတင်ပို့ပြီး ချင်းရွှေဟော်မှ သကြားလျော့နည်းတင်ပို့

Fri, 12/08/2017 - 12:40 -- journal_editor

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင် ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၀၁ သန်းတန်ဖိုးရှိ Re-export သကြား ၁၆၉၂၃ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တန် ၁၃၀၄၀ ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၈၈၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၀၂ သန်းတန်ဖိုးရှိ Re-export သကြား တန် ၁၀၈၀ ကိုတင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန်၂၀၀၀ နဲ့ နှိုင်း ယှဉ်ပါက တန်ချိန် ၉၂၀ လျော့နည်းတင်ပို့ခဲ့ပါတယ်။

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှုကျဆင်း

Fri, 12/08/2017 - 12:37 -- journal_editor

        မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၅၆၉ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၇၀၀ ခန့်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၁၂၀၄ တန်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၀၄ တန်လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေး စခန်းပါ ကွမ်းသီးတင်ပို့မှုကျဆင်းခဲ့တဲ့အတွက် ယခုလိုေ လျာ့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၇ တန်၊ ရိဒ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၁ သန်းတန်ဖိုးရှိ ကွမ်းသီ

မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန် ပိုမိုတင်ပို့

Fri, 12/08/2017 - 12:35 -- journal_editor

        မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၂၈ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၈၈၈၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ် က ၇၄၇၆  တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၂၁၄ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းသုံးခုလုံးမှ ရေထွက်ကုန်များပိုမိုတင်ပို့ခဲ့ တဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျော ပိုမိုတင်ပို့

Fri, 12/08/2017 - 11:59 -- journal_editor

      မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၉၈၄၀၀  တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၃၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်ကတင်ပို့ခဲ့တဲ့ တန် ၁၆၀ နဲ့နှိုင်းယှဉ်ပါက ၁၇၆ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အလားတူ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၉၂၂၄၀ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၁၅ တန်ကို တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၂၅ တန်နဲ့နှိုင်းယှဉ်ပါက ၁၀ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် တစ်သျှူးငှက်ပျောစိုက်ခင်းများအတွက် မြေဧကအများအပြားကို ဝယ

(၁၆) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို တရုတ်နိုင်ငံတွင် ကျင်းပမည်

Tue, 12/05/2017 - 14:14 -- journal_editor

        တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ(ကျယ်ဂေါင်) မြို့၊ ကျောက်မျက်ဈေးတွင်  (၁၆) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် (၁၂) ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းေ ရးကော်မတီ (Joint Border Trade Cooperating and Coordinating Committee-JBTCCC) အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန်၊ အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်နှင့် တရုတ်-မြန်မာနှစ်နိ

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် AAA အမှတ်တံဆိပ် ဘိလပ်မြေကို အိန္ဒိယနိုင်ငံသို့ စတင်တင်ပို့

Fri, 12/01/2017 - 13:19 -- journal_editor

       မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် AAA အမှတ်တံဆိပ် ဘိလပ်မြေများကို တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ စတင်တင်ပို့နေပြီ ဖြစ်သည်။ မြန်မာ့ဘိလပ်မြေများ၏ အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးနှုန်းသက် သာခြင်းကြောင့် အိန္ဒိယနယ်စပ်ဒေသများတွင် ပိုမိုအသုံးပြုလာခဲ့ပါသည်။ အစ ပထမတွင် တမူးမြို့ရှိ ကုန်မာဆိုင်များနှင့် နန့်ဖာလုံဈေးများတွင် လက်လီရောင်း ချခဲ့ရာမှ ဝယ်ယူသုံးစွဲပြီး အရည်အသွေးကောင်း မွန်မှုကြောင့် ဈေးကွက်ရရှိလာ ခဲ့ခြင်း ဖြစ်ပါသည်။ အဓိကဝယ်ယူအသုံးပြုလျက်ရှိသော ဘိလပ်မြေမှာ ဗဗဗ အမှတ်တံဆိပ်ဖြစ်ပြီး စက်ရုံဝယ်ယူဈေးမှာ တစ်အိတ်လျှင်ကျပ် ၄၄၈၀ ဖြစ်ရာ တမူးမြို့တွင် လက်လီ ရောင်းဈေးကျပ် ၆၀၀၀

ပျားရည်တင်ပို့မှု အနည်းငယ်လျော့ကျ

Thu, 11/16/2017 - 15:53 -- journal_editor

အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်  အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၅၉၅၀ တန်ဖိုးရှိ ပျားရည် ၁၀၈ တန်ခွဲကို တရုတ် နိုင်ငံသို့တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၂၃ တန်နဲ့ နှိုင်းယှဉ်ပါက ၁၄ တန်ခွဲ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ပျားသတ္တဝါတွေရဲ့  အဓိကအစာတွေကတော့   နှမ်း၊   ရော်ဘာ၊ ဒူးရင်း၊ ကျွဲကော၊ လိုင်ချီး၊ ပြောင်းနဲ့ပဲအမျိုးမျိုးဖြစ်ပြီး သာမန်ပျားအစာတွေ မှာ သခွား၊ ဖရုံ၊ လဲမှို့၊ ရှောက်၊ သံပုရာ၊ လက်ပံ၊ အင်ကြင်း၊ သရက်၊ ကြက်မောက်၊ ကံ့ကော်၊ ဇီး၊ အုန်း၊ ကွမ်း၊ ယူကလစ်နဲ့ ထိကရုံးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးလုပန်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း

မြန်မာ့ဖရဲများကို ပြည်ပသို့တင်ပို့

Thu, 11/16/2017 - 15:52 -- journal_editor

     မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ သစ်သီး များကို ပြည်ပသို့ရေကြောင်း ကုန်သွယ် မှုရော နယ်စပ်ကုန်သွယ်မှုနဲ့ပါ တင်ပို့ လျက်ရှိပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှတစ်ဆင့်    တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၇ သန်း   တန်ဖိုးရှိ ဖရဲသီး တန် ၁၁၃၀၀ ကိုတင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင် ပို့ခဲ့တဲ့ ၈၅၁၂ တန်နဲ့ နှိုင်းယှဉ်ပါက ၂၇၈၈ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။တရုတ်နိုင်ငံမှ ဖရဲသီးဝယ်ယူ ရာ တွင် တစ်လုံးကို အလေးချိန်ရှစ်ပိဿာမှ ၁၀ ပိဿာ ဝန်းကျင်ရှိတဲ့ အလုံးတွေကို သာ အဓိကဝယ်ယူကြောင်း၊  မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်ကို ဖရဲကား အစီးရေ ၁၂၀ ခန့် ပုံမှန်ဝင်ရောက်မှုရှိ ကြောင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည် နယ်မှလ

တရုတ်နိုင်ငံသို့ သကြားပိုမိုတင်ပို့

Thu, 11/16/2017 - 15:44 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၆၈ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၁၂၈၇၄ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ် ပတ်ကတင်ပို့ခဲ့တဲ့ ၉၆၄၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၂၃၃ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ သကြားတစ်တန်ကို ကျပ် ၇၅၉၂၂၀ ဈေးရှိပြီး တစ်ဖက်နိုင်ငံ ဝယ်ဈေးကတော့ယွမ် ၃၇၄၀ ရှိတယ် လို့ သိရပါတယ်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၄၇ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၂၉၉၄ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။         

ကန်ပိုက်တီနဲ့ လွယ်ဂျယ်မှ တစ်သျှူးငှက်ပျော တင်ပို့

Thu, 11/16/2017 - 15:43 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ ကန် ပိုက်တီကုန်သွယ်ရေးစခန်းမှ အောက် တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၈၃၅၅၃ တန်ဖိုးရှိ တစ်သျှူး ငှက်ပျော ၆၂၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့ တဲ့တန် ၁၀၀ နဲ့နှိုင်းယှဉ်ပါက ၅၂၅ တန် ပိုမိုတင်ပို့ခဲ့သလို လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၂၈၉၂ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၁၁၂ တန်ကို အဆိုပါ ရက်သတ္တပတ်မှာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။တစ်သျှူးငှက်ပျော  တစ်တန်ကို မိမိဘက်ပေါက်ဈေးမှာ ကျပ်လေးသိန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။    
မော်မော်အောင်

 

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း