Main menu

Background

ကုန်သွယ်ရေးသတင်း

မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်တွင် မြေပဲဆန်ဈေးအနည်းငယ်ပြန်မြင့်

Tue, 07/18/2017 - 14:40 -- journal_editor

     မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သောမြေပဲဆန်ဈေးနှုန်းများ ကျဆင်းနေရာမှ ယခုတစ်ပတ်မှာ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းသိရပါတယ်။ ဈေးနှုန်းပြန်လည်မြင့်တက်လာ၍ အရောင်းအဝယ် လည်း သွက်လာ ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ် မြေပဲဆန်အိတ် ၁၅၀၀ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်မြေပဲဆန် တစ်ပိဿာပေါက်ဈေးနှုန်းမှာ(လုံးဆန်ဖြူ)ကျပ်၂၄၀၀နဲ့ အိတ်၇၀၀၊ (လုံးဆန်နီ) ကျပ်၂၃၅၀ နဲ့ အိတ်၄၀၀၊  (ဆီဆန်)ကျပ်၂၁၀၀နဲ့ အိတ် ၂၀၀ခန့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲလုံးဆန်ဖြူကို ရန်ကုန်ဝယ်လက်က ဝယ်ယူ လျက် လုံးဆန်နီကို မန္တလေးဝယ်လက်က ဝယ်ယူပြီး ဆီဆန်ကို မုံရွာမြို့တွင်းဆီစက်သ

ပြည်ပဲနီပြား ယခင်နှစ်ဈေးနှင့် ကွာခြားမှုမရှိဘဲ ပုံမှန်ရောင်းဝယ်မှုဖြစ်

Tue, 07/18/2017 - 14:37 -- journal_editor

    ပြည်ပဲဈေးကွက်ရဲ့ မိုးရာသီကာလအတွင်း လက်လီအရောင်းအဝယ်ဖြစ်မှု များတဲ့ ပဲသီးနံှထဲမှာ ပဲနီပြားသီးနှံလည်း ပါဝင်နေခဲ့ပြီး နေ့စဉ်အိတ် အနည်းငယ် ရောင်းချခဲ့ရကြောင်း သိရပါတယ်။ ယခင်နှစ်က အခြား လက်လီပဲ များဖြစ်သော ပဲလွန်းဖြူ၊ ထောပတ်ပဲစသည့် သီးနှံများ ဈေးအေးခဲ့ပေမယ့် ပဲနီပြားသီးနှံကတော့ တစ်တင်းကျပ် ၂၅၅၀၀ ဖြင့် ဈေးကောင်းရခဲ့သလို ယခုနှစ်မှာလည်း ဈေးမကျဘဲ တစ်တင်းကျပ် ၂၆၀၀၀ ဖြင့် ယခင်နှစ်ဈေးနှင့် ကွာခြား မှု မဖြစ်ဘဲ အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။  ယခုနှစ်အတွင်း ထောပတ်ပဲသီးနှံဟာ ယခင်နှစ်ရဲ့ဈေးထက် ထက်ဝက်ကျော်မြင့်လာခဲ့တဲ့အတွက် ပဲနီပြားသီးနှံဟာ ယခုနှစ်မှာတော့ ထောပတ်ပဲ သီးနှံထက် ဈေးလျော့နည်းကာ  ရောင်းဝယ်ခဲ့ကြရတယ

ပြည်မတ်ပဲဈေး အေးသည်ထက်အေးလာ

Tue, 07/18/2017 - 14:36 -- journal_editor

     ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပဲသီးနှံ အားလုံးလိုလို ဈေးအေး နေတာကြောင့် ပြည်ပဝယ်လို အားရှိသောပဲများပင်လျှင် ဈေး အေးနေခဲ့သလို အရောင်းအဝယ် လည်း အေးနေခဲ့တာကို တွေ့ရပါ တယ်။မတ်ပဲသီးနှံ မှာ ပဲအဝင်ပါးလာပြီး ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတ လည်၊ ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက် လျက်ရှိပေမယ့် အိတ် ၁၅၀ မှ ၂၀၀ ခန့် သာ  ဝင်ရောက်မှုရှိခဲ့ကာ ရန်ကုန်ဝယ် လက်မှ ဝယ်ယူခဲ့မှုအပေါ်  အိတ် ၂၀၀ ကျော် ၃၀၀ ရောင်းချခဲ့ပါတယ်။

တမာစေ့ကောက်ယူရောင်းချသူများ ဝင်ငွေကောင်း

Tue, 07/18/2017 - 14:26 -- journal_editor

     အညာဒေသ သွားရာလမ်း တစ်လျှောက် ဝဲမှယာတွင် တမာပင်များ စီတန်းလျက်ရှိရာ ယခုအချိန် ဆားလင်း ကြီး မြို့နယ်ရှိကျေးရွာတချို့မှ ဒေသခံ များမှာ တမာစေ့ ကောက်ယူ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ လမ်း ဘေးတစ်လျှောက်ရှိ တမာပင်အောက်တွင် ကြွေကျနေ သော တမာစေ့များကို ကောက်ယူကာ အခွံချွတ် သန့်စင်ပြီး ရောင်းချရာ တစ်ပြည် တစ်ထောင်ကျပ်ရရှိပြီး လူတစ်ဦး လျှင် တစ်မနက်ကို ငါးပြည်၊ ခြောက်ပြည်ခန့် ရရှိပါတယ်။ ကောက်ယူရရှိတဲ့ တမာစေ့များကို စိုက်ပျိုးရေးဌာနမှ ဝယ်ယူပြီး တမာဆပ်ပြာ၊ တမာသွားတိုက်ဆေး၊ တမာ ယားနာပျောက်ဆေး၊ တမာပွေး၊ ဝဲ၊ နှင်းခူပျောက်ဆေး၊ တမာ သွားနာပျောက်ဆေး၊ တမာပိုးသတ်ဆေး စသည့် ဆေးဝါးများ ထုတ်လုပ်လျက်ရှိကြောင်း သိရပ

ကသာခရိုင်မှထွက်ရှိသော နာနတ်သီးများအား မန္တလေး၊ မုံရွာ ဈေးကွက်များသို့ တင်ပို့

Wed, 07/12/2017 - 13:17 -- journal_editor

       စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်မှာ နာနတ်သီးစိုက်ဧက ၄၅၀၀ ကျော် စိုက်ပျိုးထားရှိပါ တယ်။ မိုးဦးကျ  ဇွန်၊ဇူလိုင်လမှာ စတင်ရင့်မှည့်ပြီး စက်တင်ဘာလအထိ ခူးဆွတ်ရောင်းချပါတယ်။ ကသာခရိုင်အတွင်း  ကသာ၊ ကောလင်း၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များမှာ အများအပြား စိုက်ပျိုး ထွက်ရှိပြီး ဒေသတွင်းဈေးဆိုင်များမှာ ရောင်းချမှုများရှိသလို   မန္တလေး၊ မုံရွာဈေးကွက်များသို့ အများဆုံးတင်ပို့နေတယ်လို့ ဈေးကွက်မှသိရပါတယ်။

တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် နှစ်သောင်းနီးပါးတင်ပို့

Wed, 07/12/2017 - 13:14 -- journal_editor

       မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းသုံးခုမှ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အထိ   သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၄၅ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန်  ၁၉၄၂၈ တန်ကျော်ကို  တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ  ၁၃၈၅၀တန်၊  လွယ်ဂျယ်မှ  ၅၀၂၆ တန်နဲ့ ချင်းရွှေဟော်မှ ၅၅၂ တန်ကျော် ဖြစ်ပါတယ်။ ယခင် တစ်ပတ်က အဆိုပါ စခန်းများမှ ပြောင်းတန်ချိန် ၁၇၈၂၅ တန်ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၆၀၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဇွန်လ တစ်လ လုံး တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် ၅၅၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို

မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဇွန်လအတွင်း ပရဆေး တန်ချိန်နှစ်ထောင်ခန့်တင်ပို့

Wed, 07/12/2017 - 13:13 -- journal_editor

   ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၅၃ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း  အမယ်ရှစ်မျိုး၊ တန်ချိန်အားဖြင့် ၃၁၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၆၅ တန်ကျော်နဲ့ နှိုင်းယှဉ် ပါက ယခုတစ်ပတ်မှာ ၁၅၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး  အမယ်များမှာ ကွမ်းစားဂမုန်း၊ နနွင်းတက်၊ တောချင်း၊ ဆီးဆန်၊ မာလာဥခေါင်း၊ နေလဲစေ့၊ ကြောင်လျှာစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပါတယ်။ ယခုတစ်ပတ် မာလာဥခေါင်း တင်ပို့မှုလျော့နည်းခဲ့ပြီး မာလာဥတင်ပို့မှု မရှိခြင်းကြောင့် ပရဆေး၊ တင်ပို့မှု

မူဆယ်ရော မြဝတီမှပါ လက်ဖက်ခြောက်တင်ပို့

Wed, 07/12/2017 - 13:12 -- journal_editor

        ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၆၉၉၅ တန်ဖိုးရှိ လက် ဖက်ခြောက် ၅၄ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၅၁တန်နဲ့ နှိုင်းယှဉ်ပါက ၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၇၈၁ တန်ဖိုးရှိ လက်ဖက်ခြောက် ၁၀ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တာချီလိတ်မှ လက်ဖက်ခြောက် တင်ပို့မှု မရှိခဲ့ပါဘူး။ဇွန်လအတွင်း မူဆယ်မှ လက်ဖက်ခြောက်တန် နှစ်ရာကျော်၊ ချင်းရွှေဟော်မှ ၃၂ တန်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ တာချီလိတ်မှတစ်ဆင့် ထိုင်း

တရုတ်နဲ့ ထိုင်းသို့သာမက အိန္ဒိယနိုင်ငံသို့ပါ သီဟိုဠ်စေ့တင်ပို့

Thu, 07/06/2017 - 10:34 -- journal_editor

      မြန်မာ-တရုတ် နယ်စပ်ရဲ့  အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၀၉၇ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၁၆ တန်ကျော်ကို တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှု မရှိခဲ့ဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့ လာတာတွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခုတစ်ပတ်မှာ သီဟိုဠ်စေ့တင်ပို့မှုမရှိပေမယ့် ယခင်တစ်ပတ်က တန် ၂၀ ကျော် တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ယခုတစ်ပတ်မှာ တရုတ်နဲ့ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်များမှ သာမက အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်း တန်ဖိုးရှိ သီဟိုဠ်

တရုတ်နိုင်ငံသို့ပျားရည် တန် ၅၀ နီးပါး တင်ပို့

Thu, 07/06/2017 - 10:32 -- journal_editor

    ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃၁၅၀၀ တန်ဖိုးရှိ ပျားရည် ၄၅ တန်ကို တရုတ် နိုင်ငံသို့  တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က ၁၅ တန်  တင်ပို့ခဲ့တာ ကြောင့်  ယခုတစ်ပတ်မှာ တန် ၃၀ ပိုမို တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ပျားရည်ကို ပြည်တွင်းမှာ ဆေး ဝါးအဖြစ်သာ  အသုံးပြုကြပြီး ပြည်ပ နိုင်ငံများတွင် သကြားအစား  ပျားရည် စား သုံးခြင်းနှင့် အအေးပိုင်းနိုင်ငံများမှာ ပျားရည်ကို  အဓိကထား၍ အများ အပြား   သုံးစွဲနေတာကြောင့်   ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေကြောင်း၊ မူဆယ်မှာ ပျားရည်တစ်တန်ကို လိုင်စင် ဈေး အမေရိကန်ဒေါ်လာ  ၇၀၀   ရှိ ကြောင

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း