Main menu

Background

ကုန်သွယ်ရေးသတင်း

အိန္ဒိယနယ်စပ်မှ ကွမ်းသီးပိုမိုတင်ပို့

Tue, 05/16/2017 - 13:59 -- journal_editor

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ် ရေးစခန်းများမှ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၆၃ တန် တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်က ကွမ်းသီးတန်ချိန် ၆၇၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉၃ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၅၅ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၀၇ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး တစ်မျိုးသာ တင်ပို့ခဲ့ သော်လည်း

မူဆယ်မှ ရေထွက်ကုန် ပိုမိုတင်ပို့

Thu, 05/11/2017 - 15:21 -- journal_editor

      မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ ရက် အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၇၀၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အမေရိကန် ဒေါ်လာ သုညဒသမ ၉၁၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၄၃၀ ကျော်  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ သုညဒသမ ၆၉၆သန်း၊ တန်ချိန်အားဖြင့် ၁၂၇၇ တန် ပိုမို တင်ပို့ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဂွန်တူးငရုတ်သီးဈေးကွက် အကျပ်အတည်းတွေ့

Thu, 05/11/2017 - 15:16 -- journal_editor

      ဂွန်တူး ငရုတ်သီးဈေးကွက် မှာ ပြည်နယ်အတွင်း အကြီးဆုံး ဈေးကွက်ဖြစ်သကဲ့သို့ အိန္ဒိယ  တစ်နိုင်ငံလုံးတွင်လည်း အကြီး ဆုံးဈေးကွက်ဖြစ်သည်။ ယခု အခါ ဈေးကွက်အတွင်း ငရုတ် သီးအိတ်များ အများအပြား စုပုံ လျက်ရှိရာ အချို့ခန့်မှန်းချက် အရ အိတ်သုံးသိန်းခန့် ရှိမည်ဟု သိရသည်။ သို့ဖြစ်ရာ ဈေးကွက် အတွင်း၌ အကျပ်အတည်းများ ကြုံတွေ့နေရသည့်အတွက် ဧပြီ ၂၉ ရက်မှစ၍ ဈေးပိတ်ထားပြီး မေ ၃ ရက်တွင် ပြန်လည်ဖွင့်လှစ် ခဲ့သည်။

စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်း ပြန်လည်တင်ပို့

Thu, 05/11/2017 - 14:27 -- journal_editor

        စစ်တွေကုန်သွယ်ရေးစခန်းမှ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၉ သန်းတန်ဖိုးရှိ ရေချို ငါးမြစ်ချင်းတန် ၇၀ ကို တင်ပို့ခဲ့ပါတယ်။ ရေချိုငါးမြစ်ချင်းကို ဧပြီလဆန်း ပိုင်းမှစပြီး တင်ပို့နိုင် ခြင်းမရှိဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ရေချိုငါးမြစ်ချင်းအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ကုလားပဲ၊ ဆီးသီးခြောက်၊ မန်ကျည်းစေ့၊ သစ်ခေါက်၊ ဆီးယိုထုတ်တို့ကို တန် ၁၁၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှလည်း ရေထွက် ကုန်များဖြစ်တဲ့ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးသလောက်၊ ငါးစုံလေး ခြောက်တို့ကို ၁၁၈ တန် တင်ပ

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ စခန်းများမှ ပြောင်းပိုမိုတင်ပို့

Thu, 05/11/2017 - 14:22 -- journal_editor

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၄၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၁၆၃၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၂၇၁၁၀ တန်၊ လွယ်ဂျယ်မှ ၄၀၈၃ တန်၊ ချင်းရွှေဟော်မှ ၃၄၆ တန်ကျော်နဲ့ ကန်ပိုက်တီမှ တန် ၁၀၀ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် မှ ပြောင်း ၈၄၆၈ တန်ကျော် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၃၁၇၁ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဧပြီ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း ပြောင်းတစ်တန်ဈေး ၂၂၃၀၇၇ ကျပ်ရှိရာမ

တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Mon, 05/08/2017 - 15:18 -- journal_editor

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၃၉၄၄တန်ဖိုးရှိ လက်ဖက်ခြောက် ၇၆ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၂၉ တန်ကျော်တင်ပို့ခဲ့ပြီး ဧပြီ တစ်လလုံးမှာတော့ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လက်ဖက်ခြောက် တန် ၁၅၀ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ် စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၁၇၉၂၆ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆ တန်နီး ပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဧပြီလ အတွင်း တာချီလိတ်မှတစ်ဆင့်  ထိုင်း နိုင်ငံသို့  လက်ဖက်ခြောက်  တန

တရုတ်နိုင်ငံသို့ ပရဆေး တန်ချိန် တစ်ထောင်ကျော် တင်ပို့

Mon, 05/08/2017 - 15:15 -- journal_editor

   ဧပြီ ၂၂ရက်မှ ၂၈ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၉ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၁၂ မျိုး၊ တန်ချိန်အားဖြင့် ၁၁၈၁တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ပရဆေး ၂၀၃တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၇၈တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး အမယ်များမှာ ကွမ်းစားဂမုန်း၊ တောချင်း၊ ချင်းခြောက်၊ နနွင်း တက်၊ နနွင်းခေါင်း၊ ဆီးဆန်၊ ကြောင်လျာစေ့၊ မိကျောင်းကွမ်းဖတ်စေ့နဲ့ မာလာဥခေါင်းတို့ဖြစ်ပါတယ်။ ဧပြီလတစ်လလုံး မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ပရဆေးတန်ချိန် သုံးထောင်ခန့် တင်ပို့နိုင် ခဲ့တယ် လို့သိရပါတ

အိန္ဒိယပဲရက်သတ္တပတ်

Mon, 05/08/2017 - 14:24 -- journal_editor

     အိန္ဒိယနိုင်ငံ ပဲမျိုးစုံ အခြေအနေနှင့် ပတ် သက်သော အဂရီဝပ်ချ် ပဲမျိုးစုံ ရက်သတ္တပတ် အစီ ရင်ခံစာကို မေ ၁ ရက်က ထုတ်ပြန်ခဲ့သည်။ အစီ ရင်ခံစာတွင် ပဲမျိုးစုံ ဝယ်ယူဖြည့်တင်းမှု၊ ပြည် ပမှ တင်သွင်းလာသော ပဲမျိုး စုံဈေးနှုန်းနှင့် ပြည်တွင်း ပဲဈေးနှုန်းများ၊ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် အထွက်နှုန်း ခန့်မှန်းခြေ စသည်တို့ကို ဖော်ပြထား သည်။ အစီရင်ခံစာပါ အချက်အလက်များ အနက် မဟာရသျှတ္တရာ ပြည်နယ်ထုတ်လုပ်မှု ခန့်မှန်းချက်၊ မြန်မာနိုင်ငံမှ တင်သွင်းသော ပဲများ၏ ဈေးနှုန်း အခြေအနေ စသည်တို့မှာ ယခင်ရက်သတ္တပတ်က အတိုင်း ပြောင်းလဲမှု မရှိသည်ကို တွေ့ရသည်။
ပဲမျိုးစုံဝယ်ယူဖြည့်တင်းမှု

ပြည်ပမှ သကြားတင်သွင်းမှုအပေါ် တရုတ်နိုင်ငံက တန်ပြန်စုပုံခွန် သတ်မှတ်ှု အခွန်နှုန်းထာတိုးမြှင့်ကောက်ခံသွားမည်

Mon, 05/08/2017 - 13:30 -- journal_editor

      တရုတ်နိုင်ငံအတွင်းရှိ ပြည်တွင်းသကြား လုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ ဘရာဇီး နိုင်ငံအပါအဝင်  အခြားနိုင်ငံများမှ သကြားတင်သွင်းမှုများအပေါ် တန်ပြန်စုပုံခွန်(Anti-dump- ing Duty)  အဖြစ်သတ်မှတ် တိုးမြှင့် ၍ အခွန်နှုန်း ထားကောက်ခံသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ပြည်တွင်း သကြားထုတ်လုပ်သူများအနေ ဖြင့် ပြည်တွင်းလယ်ယာစိုက်ပျိုး ထုတ်လုပ်မှု စရိတ် များ မြင့်တက်လာခြင်းနှင့် ပြည်ပမှ  သကြား တင် သွင်းခြင်းဖြင့်  ဆိပ်ကမ်းအရောက်တန်ဖိုးက စရိတ် စက ပိုမိုသက်သာမှုရှိနေခြင်းတို့ကြောင့် ပြည်တွင်း မှထုတ်လုပ်သော   သကြားဈေးနှုန်းကျဆင်းပြီး ထိခိုက်နစ်နာလျက်ရှိကြောင်း  သကြားစက်ရုံများ ၏  တိုင်ကြားခ

အိုင်ယာလန်နိုင်ငံမှ ကဏန်းအရှင်များအား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ရရှိ

Fri, 05/05/2017 - 14:42 -- journal_editor

      အိုင်ယာလန်နိုင်ငံမှ   ကဏန်းအရှင်များအား  တရုတ်နိုင်ငံ သို့ ပြန်လည်တင်ပို့ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။ယင်းကဲ့သို့ ပြန်လည်တင်ပို့ခွင့်ရရှိရေး အတွက် တရုတ်နိုင်ငံ မှ ကိုယ်စားလှယ်အဖွဲ့ အိုင်ယာလန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အိုင်ယာလန်နိုင်ငံမှ  တာဝန်ရှိသူများနှင့်   ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း၊ ယခုကဲ့သို့  ညှိနှိုင်းနိုင်ခဲ့ခြင်းသည် အိုင်ယာလန်နိုင်ငံ၏အရေး ပါသောခြေလှမ်းသစ် တစ်ရပ်ပင်ဖြစ်ကြောင်း ဧပြီ ၁၃ ရက် က ထုတ်ဖော်ပြောကြားခဲ့သည်။တရုတ်နိုင်ငံသို့ ကဏန်းအရှင်များ  ပြန်လည်တင်ပို့နိုင်ရေး အတွက် ပို့ကုန်သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရန်  နှစ်နိုင်ငံမှ တာဝန်ရှ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း