Main menu

Background

ကုန်သွယ်ရေးသတင်း

မူဆယ်နဲ့ ချင်းရွှေဟော်မှ နှမ်းပိုမိုတင်ပို့

Thu, 07/06/2017 - 10:30 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၀၉ တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ တင်ပို့ ခဲ့တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းနက် ၉၇ တန်၊ နှမ်းဖြူ ၁၇ တန်ခွဲနဲ့ နှမ်းညို ၉၅ တန် ဖြစ်ပါတယ်။ ယခင်တစ်ပတ်က နှမ်းနက် ၃၃ တန်သာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ နှမ်း ၁၇၆ တန်ခွဲ ပိုမိုတင် ပို့ခဲ့တာတွေ့ရပါတယ်။

မူဆယ်မှ ရေထွက်ကုန် တန်ချိန်ရော တန်ဖိုးပါ လျော့နည်းတင်ပို့

Tue, 07/04/2017 - 12:09 -- journal_editor

      မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ  ၁ ဒသမ ၁၈၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၆၈၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၈၈၈ တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တန်ချိန်အားဖြင့် ၂၀၂ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၁၂၉ သန်းလျော့နည်း တင်ပို့ခဲ့ပါတယ်။

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှုကျဆင်း

Tue, 07/04/2017 - 12:08 -- journal_editor

       မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇွန် ၁၇ ရက်မှ ၂၃ အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  သုညဒသမ ၄၃၁ သန်း တန်ဖိုးရှိ ကွမ်းသီး ၅၂၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၇၀ တင်ပို့ခဲ့တဲ့အတွက်  ယခု တစ်ပတ်မှာ ၃၄၂ တန် လျော့နည်းတင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးပိုမို တင်ပို့ခဲ့ပေမယ့် ရိဒ်ကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုကဲ့သို့ လျော့နည်းရခြင်းဖြစ်တယ်လို့ သိရ ပါတယ်။

ဒီတစ်ပတ် ဘိလပ်မြေ အဝင်နည်း

Tue, 07/04/2017 - 12:07 -- journal_editor

         ဇွန် ၁၈ ရက်မှ ၂၄  ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  ၉၀၀၇၂ တန်ဖိုးရှိ   ဘိလပ်မြေ ၄၉၃ ဒသမ ၈၉၅ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ   တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်  တရုတ်နိုင်ငံမှ ၁၉၄ ဒသမ ၈၄ တန်၊ ကိုရီးယားနိုင်ငံမှ  သုည ဒသမ ၆၇ တန်၊ စပိန်နိုင်ငံမှ သုည ဒသမ ၀၄၅ တန်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၈၀ နဲ့ ယူဂိုဆလားဗီးယားနိုင်ငံမှ ၁၈ ဒသမ ၃၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ယခင် သီတင်းပတ် က တင်သွင်းခဲ့တဲ့ တန်ချိန် ၈၂၃၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၇၇၀၀ ကျော် အဝင်လျော့ခဲ့တယ် လို့သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ်(၉)သင်တန်းဆင်းပွဲကျင်းပ

Tue, 06/06/2017 - 12:07 -- journal_editor

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်းပွဲ အခမ်းအ နားကို ဇွန် ၃ ရက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံးတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ JICA မှ

မူဆယ်မှ ကော်ဖီစေ့ပိုမိုတင်ပို့

Tue, 05/23/2017 - 11:13 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် မေ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၄၅၃၉၀ တန်ဖိုးရှိ ကော်ဖီစေ့ ၅၁ တန်ကျော်ကို  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၃ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၁၈ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေးတိုင်းဒေသကြီးရှိ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်ရှိ  ရွာငံမြို့၊ မိုးကုတ်၊ နောင်ချိုနဲ့ ချင်းပြည်နယ်တွေမှာ အများဆုံးစိုက်ပျိုးကြပြီး အာရေဘီးကားနှင့် ရိုဘတ်စတာကော်ဖီအမျိုးအစားတွေကို အဓိကစိုက်ပျိုး ကြကြောင်း၊ နိုင်ငံတကာမှ ကော်ဖီဝယ်သူတွေက မြန်မာ့ကော်ဖီကို စိတ်ဝင်စားမှုမြင့်တက်လာကြောင်း၊ ပြည်တွင်းကော်ဖီလုပ် ငန်းတွေ

အိန္ဒိယပဲ ရက်သတ္တပတ်

Thu, 05/18/2017 - 14:17 -- journal_editor

          အဂရီဝပ်ချ်က မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့ သော ပဲမျိုးစုံ ရက်သတ္တပတ် အစီရင်ခံစာ (Pulses Weekly Report )  တွင် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ ထုတ်လုပ်ရောင်းချမှု အခြေအနေကို ဖော်ပြထား သည် အစီရင်ခံစာ တွင်  ပါရှိသော ကိန်းဂဏန်း အချက်အလက်များအနက် အမျိုးသားလယ်ယာ စိုက်ပျိုးရေးသမဝါယမ ဈေးကွက်ရှာဖွေရေး ဖက်ဒရေးရှင်း၏ ဝယ်ယူ ဖြည့် တင်းမှု၊ မဟာ ရသျှတ္တရာ လယ်ယာစိုက်ပျိုးရေးဌာန၏ အထွက် နှုန်း ခန့်မှန်းချက်၊ အိန္ဒိယနိုင်ငံအတွင်းသို့ ပဲမျိုးစုံ ကုန်သေတ္တာများ တင်သွင်းမှု အခြေအနေ စသည့် ကိန်းဂဏန်း အချက်အလက်များမှာ ယခင် ရက် သတ္တပတ်ကအတိုင်း ပြောင်းလဲမှုမရှိသည်ကို တွေ့ ရသည် ယခုရက်သတ္တပတ်တွင် ပဲစင်းငုံ တင်သွင်းခွန်

ကသာခရိုင်တွင် လိုင်ချီးသီး( ခေါ် ) တရုတ်ဆီးသီးများ ရောင်းအားကောင်း

Wed, 05/17/2017 - 14:17 -- journal_editor

      ကသာခရိုင်အတွင်းရှိ   ကသာ၊ ထီးချိုင့်၊ အင်းတော် မြို့နယ်များမှာ   လိုင်ချီးသီးခေါ်  တရုတ်ဆီးသီးများ အများ အပြား စိုက်ပျိုးကြတဲ့အနက် ကသာမြို့နယ်မှာ အများဆုံးစိုက် ပျိုးတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီမှာ ဖူးပွင့်ပြီး  မေမှာမှည့် ပါတယ်။ စားသုံးမှုများလို့   ရောင်းအားကောင်းပါတယ်။ မန္တလေး၊ မုံရွာ၊ ရန်ကုန်၊ ရွှေဘိုမြို့ကြီးများသို့ တင်ပို့ရောင်းချ နေတာတွေ့ရပါတယ်။ကုန်သည်များက အပင်အောက်ဈေးနဲ့ ဝယ်ယူပါတယ်။ အလုံးတစ်ရာပါတစ်တွဲ  တစ်ထောင်ကျပ်နဲ့ ရောင်းရပါတယ်။ အပင်ကြီးတစ်ပင်မှ ပုံမှန်အတွဲတစ်ရာကျော်ရပါတယ်။အခြား မြို့ကြီးဈေးကွက်မှာ တစ်တွဲကျပ် ၂၅၀၀ ၊ ၃၀၀၀ အထိ ရောင်း ရတယ်လို့ သိရပါတယ်။ လိုင်ချီးသီး(ခေါ်) တရုတ်

မေလဆန်းမှာ ရှမ်းချင်းကို ပြည်ပဝယ်လက်တို့ဝယ်ယူ

Wed, 05/17/2017 - 14:16 -- journal_editor

   အောင်ပန်းဈေးကွက်မှာ  ချင်း (စို)  အဝင်နည်းသွားပါတယ်။ တောင်သူတွေ ထံမှာလည်း အနည်းငယ်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။  ဒီနှစ်ထွက်တဲ့   ချင်း(စို) က ပြည် တွင်း/ပြည်ပမှာအဝယ်လိုက်နေလို့ အရောင်း သွက်နေ တယ်လို့လည်း သိရပါတယ်။ ဧပြီလမှာ ပြည်ပဝယ်လက်တွေရှိခဲ့လို့ ဖြုန်းအား  အနည်းငယ်ကောင်း ခဲ့ပါတယ်။ဧပြီလအကုန်မှာတော့ ပြည်ပဝယ်လက်တွေက  နားသွားလို့ ပြည်တွင်းသုံး   ချင်းထိုးသမားတွေသာ အဝယ်ရှိတော့တယ်လို့လည်း သိရပါတယ်။  မေလဆန်း မှာတော့  အောင်ပန်းဈေးကွက်မှာချင်းကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ဖို့အတွက် ဝယ် လက်အချို့က ပြန်ပြီး  ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် ချင်း(စို)ကိုပြန်ပြီး  စိုက်နေ တာကြောင့် ဈေးကွက်ကိုအဝင်နည်းလာလို

မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီကုန်သွယ်မှုကာလတူထက်ပိုမို

Tue, 05/16/2017 - 14:53 -- journal_editor

   မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီလ အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၆ သန်း၊ သွင်းကုန် အမေရိ ကန်ဒေါ်လာ ၃၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဧပြီလုပ်ငန်းဆောင်ရွက်မှုကို ကာလတူဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ဆောင်ရွက်နိုင်မှုနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၁ သန်းနဲ့ သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၀ သန်းပိုမို ခဲ့သဖြင့် ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈၁ သန်းပိုမိုခဲ့တယ်လို့ မြဝတီ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း