Main menu

Background

ကုန်သွယ်ရေးသတင်း

မူဆယ်မှတရုတ်နိုင်ငံသို့ ပရဆေးကုန်ကြမ်းပိုမိုတင်ပို့

Tue, 09/05/2017 - 14:37 -- journal_editor

          သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၀ မျိုး၊ တန်ချိန် အားဖြင့် ၃၆၈ တန် ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၂၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၂၄၇ တန်ပိုမိုတင်ပို့ခဲ့ ပါတယ်။

အိန္ဒိယမှ ကွမ်းသီးများ ပိုမိုတင်ပို့

Tue, 09/05/2017 - 14:27 -- journal_editor

         မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ၅၂၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၀၄ တန်ကို  တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၈၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်၂၂၀ ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးနယ်စပ်ရော ရိဒ် နယ်စပ်ပါ ကွမ်းသီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံနှင့်ပဲတီစိမ်းတင်သွင်းမှုတို့အား ကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့်ဆက်လက်လုပ်ဆောင်မည့်အခြေအနေများ

Mon, 08/28/2017 - 12:45 -- journal_editor

        ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ပဲလောကမှာ ကြုံတွေ့နေရတဲ့ အခြေအနေလေးကို ပြောပြပေးပါ။ အဓိကကတော့ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ တန်ချိန် နှစ်သိန်းပဲလက်ခံတော့မယ်။ ကျန်တာကို ဆက်လက်တင်သွင်းခွင့် မပြုေ တာ့ဘူး။ နောက်ပြီး သြဂုတ်လ ၂၁ ရက်မှာ မတ်ပဲနဲ့ပဲတီစိမ်း ကို တန်ချိန် သုံးသိန်းပဲ ဝယ်တော့မယ်။ ကျန်တာကိုတော့ မတ်လ ၃၁ ရက် ဘတ်ဂျက်ကုန်တဲ့အထိ မဝယ်တော့ဘူးလို့ကန့်သတ်လိုက်ပါတယ်။ အဲဒီလို ကန့်သတ်လိုက် တဲ့ အခါကျတော့ ကျွန်တော်တို့နိုင်ငံက တကယ်စိုက်ပျိုးပြီး တကယ်ထွက်ရှိတဲ့ ပဲတွေကလည်း မတ်ပဲရယ်၊ ပဲစင်းငုံရယ်၊ ပဲတီစိမ်း ရယ် ဒီသုံးမျိုးက အများဆုံးတင်ပို့တဲ့ပဲတွေဖြစ်နေတယ်။ အများဆုံးတင်ပို့တဲ့ပဲတွေအနက်ကမှ မတ် ပဲနဲ့ ပဲစင်

အာဆီယံသည် စီးပွားရေးပေါင်းစည်းမှုဆောင်ရွက်နေကြောင်း ပြည်သူကို ပိုမိုအသိပေးသင့်

Mon, 08/14/2017 - 13:50 -- journal_editor

        စီးပွားရေးပေါင်းစည်းမှု  (Economic Integration) အောင်မြင်လိုပါက အာဆီယံ နိုင်ငံများသည် မိမိတို့၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို ပြည်သူလူထုသို့ ပိုမိုချပြအသိပေးရန် လိုအပ်သည်။ ထို့ပြင် အာဆီယံနိုင်ငံများ ကြားတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဆိုင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ကို အကောင်အထည်ေ ဖာ်ခဲ့သည်မှာ (၂)နှစ်ပြည့် မြောက်တော့မည်ဖြစ်သော်လည်း   အရှေ့ တောင်အာရှဒေသသည် ဒေသဆိုင်ရာ စီးပွား ရေးပူးပေါင်းမှုတွင် ဒေသတွင်းအခက်အခဲများ နှင့် စိန်ခေါ်မှုများ (Internal challenges) ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်

ပျားရည်ကုန်စည် တင်ပို့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်းများ

Tue, 08/08/2017 - 14:09 -- journal_editor

        တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပျားရည် ကုန်ပစ္စည်း တင်ပို့သည့် ကုန်သွယ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး အကူးအပြောင်းကာလ ၁၈ လကို စီစဉ်ပေး ထားပါကြောင်း၊ အကူးအပြောင်းကာလ ၁၈ လမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ ၂၀၁၇  ခုနှစ် ဇူလိုင် ၂၈ ရက် အထိဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်သို့တင်ပို့ရောင်း ချမည့် ပျားရည်၏အစားအစာ ဘေးကင်းလုံခြုံရေး စီမံ ခန့်ခွဲမှုစနစ်၏  စစ်ဆေးအကဲဖြတ်ခြင်း၊ တင်ပို့သည့် ပျား ရည်ကုန်စည်များ အန္တရာယ် ရှိ/မရှိစိစစ်ခြင်း  လုပ်ငန်းတို့ ကို အဆိုပါ အကူးအပြောင်းကာလ ၁၈ လအတွင်း ပြီးစီး အောင် ဆောင်ရွက်ရမည့်အပြင် ပျားရည်ကုန်စည်  ကျန်း မာရေးသက်သေခံလက်မှတ်ကို  တရုတ်နိုင်ငံမှ  သက်

မူဆယ်မှ ဝါဂွမ်းရော ပိုးအိမ်ပါ တင်ပို့

Mon, 07/31/2017 - 15:28 -- journal_editor

     မြန်မာ-တရုတ်       နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်  ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ  သီတင်းပတ်အတွင်း တရုတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၈၄၀၀ တန်ဖိုးရှိ ဝါဂွမ်း ၇၂ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၅၀ နဲ့ နှိုင်းယှဉ်ပါက ၂၂ တန် ပိုမိုတင်ပို့ခဲ့ ပါတယ်။ ဝါဂွမ်းအပြင် အမေရိကန် ဒေါ်လာ ၂၈၀၀၀ တန်ဖိုးရှိ  ပိုးအိမ် ၈ တန်ကိုလည်း တင်ပို့ခဲ့တာ တွေ့ရပါ တယ်။

မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကော်ဖီစေ့တင်ပို့

Mon, 07/31/2017 - 15:27 -- journal_editor

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ် ဆင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ  ၇၉၂၉၀ တန်ဖိုးရှိ ကော်ဖီစေ့ တန် ၉၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဇွန်လနောက်ဆုံးပတ်က ၂၉ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။

ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်ပိုမိုတင်သွင်း

Mon, 07/31/2017 - 15:18 -- journal_editor

    ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၅၀၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၉၆၁ စီးတင်သွင်းခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ ၅၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တမူးကုန်သွယ်ရေးစခန်းများမှ ပိုမို တင်သွင်းခဲ့တဲ့အတွက်  ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းနနွင်းအရောင်းအဝယ်ခပ်ပါးပါးသာရှိ

Fri, 07/28/2017 - 10:47 -- journal_editor

 ဒီတစ်ပတ်တော့ ရှမ်းနနွင်းက အရောင်းအဝယ် ခပ်ပါးပါးဖြစ်နေပါတယ်။ အောင်ပန်း နနွင်းထက် ဟိုပုံးနနွင်းက အရောင်း အဝယ်ဖြစ်နေပါတယ်။ ဟိုပုံးဈေးကွက်မှ နနွင်းတွေကို မူဆယ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်တွေက  ဝယ်ယူနေပါတယ်။ မူဆယ်ဝယ်လက်တွေက နံပါတ်(၂) လို့ခေါ်တဲ့ နနွင်းကို တစ်ပိဿာ ကျပ် ၁၁၀၀ နဲ့ဝယ်ယူပြီး ရန်ကုန်ဝယ်လက်တွေကတော့ နံပါတ်(၁)နဲ့ နံပါတ်(၂) ရောနှောထားတဲ့ နနွင်းတွေကို ကျပ် ၁၄၅၀ နဲ့ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ နနွင်းအဝင် နည်းနေပြီး လက်ကျန် နနွင်းတွေကို အရောင်းအဝယ်ပြုလုပ်နေရတယ်လို့ သိရ ပါတယ်။ နနွင်းလက်ကျန်ကလည်း တန်ချိန်ထောင်ဂဏန်းခန့်သာကျန်တယ်လို့လည်း ဈေးကွက်မှသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အရောင်း

ပြည် မန်ကျည်းမှည့် နယ်ဝယ်လက်ရှိပြီး ဈေးကွက်ဝင်ရောက်မှုများလာ

Fri, 07/28/2017 - 10:47 -- journal_editor

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေချိုငါးမြစ်ချင်းပိုမိုတင်ပို့

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း