မူဆယ်မှ သကြားပိုမိုတင်ပို့ပြီး ချင်းရွှေဟော်မှ သကြားလျော့နည်းတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင် ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၀၁ သန်းတန်ဖိုးရှိ Re-export သကြား ၁၆၉၂၃ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တန် ၁၃၀၄၀ ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၈၈၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၀၂ သန်းတန်ဖိုးရှိ Re-export သကြား တန် ၁၀၈၀ ကိုတင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန်၂၀၀၀ နဲ့ နှိုင်း ယှဉ်ပါက တန်ချိန် ၉၂၀ လျော့နည်းတင်ပို့ခဲ့ပါတယ်။










