Main menu

Background

ကုန်သွယ်ရေးသတင်း

စီးပွားရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ "Corporate Market Diversification Strategies"အခမ်းအနား

Tue, 09/19/2017 - 12:17 -- journal_editor

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှိ ကုန်သွယ်မှုသင်တန်းကျောင်းတွင် (၂၃-၉-၂၀၁၇) ရက်နေ့၊ စနေနေ့ (၀၉း ၃၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်တွင် ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ " Corporate Market Diversification Strategies" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။

ရှမ်းချင်းကို ပြည်တွင်းသုံးဝယ်လက်တွေသာ ဝယ်ယူနေ

Wed, 09/13/2017 - 14:07 -- journal_editor

ဒီတစ်ပတ်မှာတော့ မိုးကလည်း ကောင်းနေတာရယ် အဓိကဝယ်လက် တွေဖြစ်တဲ့ တောင်ကုတ်၊ စစ်တွေဝယ် လက်တွေကလည်း အကြောင်းအမျိုးမျိုး ကြောင့် ဝယ်ယူမှုနည်းပါးလာပြီး ပြည် တွင်းသုံးဝယ်လက်တွေသာ ထိုးချင်း/ ဓားလှီး ချင်းအတွက် ဝယ်ယူနေတယ်လို့ လည်သိရပါတယ်။ဒီနှစ်မှာ    အရင်နှစ်ကထက် အရောင်းအေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ တောင်ကုတ် ဝယ် လက်တွေက ချင်းပိဿာချိန်သောင်းချီ ပြီး ဝယ်ယူခဲ့ပေမယ့် ဒီတစ်လမှာတော့ ဒေသအနှံ့အပြားမှာ   ရေကြီးနေတာ ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ လို့ ဝယ်ယူမှုနားသွားတယ်လို့ အောင်ပန်း၊ ဟိုပုံးဈေးကွက်တွေက သိရှိရပါတယ်။ လောလောဆယ်မှာ ပြည်တွင်းနဲ့ဒေသ တွင်းက စားသုံးဖို့အတွက်လက်လီဝယ် ယူမှုသာရှိပြီးရောင်းအာ

တောင်ကြီးဈေးကွက် ကြက်သွန်ဖြူအဝင်နည်းလာ

Wed, 09/13/2017 - 12:36 -- journal_editor

        တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူလည်း အဝင်နည်းလာပါပြီ။ ပြန်စိုက် ပျိုးတော့မယ့် အချိန်ရောက် လာတာ ဖြစ်လို့တောင်သူတွေက မျိုးတွေသန့်တာရယ်၊ ပြန်စိုက်ဖို့ မြေပြုပြင်တာရယ်ကြောင့် လာရောက်ရောင်း ချတာ နည်း သွားလို့ တစ် ပတ်ကိုပိဿာချိန်တစ်သောင်းနှစ်သောင်းခန့်သာ အဝင်ရှိတော့တယ်လို့ သိရပါ တယ်။ ကြက်သွန်ဖြူကို သီတင်းကျွတ်မှာစစိုက်ပြီး တန်ဆောင်မုန်းမှာအပြီးစိုက်ပျိုး ကြပါတယ်။ အချို့တောင်သူတွေက တော့ စက်တင်ဘာလ လယ်ခန့်မှာစပြီး စိုက်ပျိုး ကြမှာလို့လည်းသိရပါတယ်။ တောင်ကြီးခရိုင်က စိုက်တဲ့ကြက်သွန်ဖြူတွေက မြန်မာ ပြည်အနှံ့စီးဆင်းပေမယ့် လွိုင်လင်ခရိုင်၊ လဲချား၊  မိုင်းပန်မြို့နယ်ကထွက်တဲ့ ခရမ်းစွဲ ကြက်သွန်ဖြူ ကတေ

ပြည်ပဲကြီး ဈေးတရိပ်ရိပ် တက်လာသလို မျိုးပဲလည်း ဈေးအမြင့်ဆုံးရခဲ့

Wed, 09/13/2017 - 12:10 -- journal_editor

     စက်တင်ဘာလအတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေတဲ့ ပဲသီးနှံကတော့ ပဲကြီးသီးနှံဖြစ်ပါတယ်။ ပန်းတောင်း၊ ကံမဘက်မှအဝင်ရှိပြီး အိတ် ၁၀၀-၁၅၀ကျော် ဝင်ရောက်ခဲ့သလို ပြည်-အောင်လံကြား မြို့နယ် များ မှလည်း နေ့စဉ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ဝယ်လက်သမားများမှာ ပဲကြော်ဖိုလုပ်ငန်းသမားများက အဓိက ထားဝယ်ယူသလို မျိုးသမားအချို့လည်း ဝယ်ယူနေတာကို တွေ့ရပါတယ်။ဒါကြောင့် ပဲကြီးသီးနှံဈေးဟာ တရိပ် ရိပ်တက်လာနေပြီး  မျိုးပဲ ဈေးတစ်တင်း ကျပ် ၆၀၀၀၀ ထိအရောင်းအဝယ်ဖြစ်ကာ ပဲကြော်ဖိုသမားများနဲ့ လက်လီ လက်ကား အရောင်းအဝယ် ဖြစ်တဲ့ ဈေးက ရွှေကျွန်း တစ်တင်းကျပ် ၅၃၀၀၀၊ ကမ်းနား တစ်တင်းကျပ်၄၈၀၀၀ဖြင့် အိတ်၁၅၀ကျော်၂၀၀အထိ နေ့စဉ် အ

စစ်တွေရော မောင်တောမှပါ ချင်းလျော့နည်းတင်ပို့

Wed, 09/06/2017 - 14:54 -- journal_editor

     သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅၀၅၃၀ တန်ဖိုးရှိ ချင်းစို ၁၈၄ တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာစစ်တွေမှ တန် ၂၀၊ မောင်တော မှ ၁၆၄ တန်ကျော် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က စစ်တွေ မှ ၅၇ တန်၊ မောင်တောမှ ၁၈၂ တန် စုစုပေါင်း တန်ချိန် ၂၃၉ တန် ပိုမိုတင်ပို့ခဲ့လို့ ယခုတစ်ပတ် ချင်း ၅၅ တန် လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ စစ်တွေမှာ ချင်းတစ်တန်ရဲ့ မိမိ ဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ယခုတစ်ပတ်မှာ ၁၀၃၅၂၇၂ ကျပ်ရှိပြီး ယခင်နှစ် ကာလတူက ကျပ် ၉၀၂၁၂၀ ဈေးရှိတယ် လို့သိရပါတယ်

မူဆယ်မှ ရေထွက်ကုန် တန်ချိန်ရောတန်ဖိုးပါပိုမိုတင်ပို့

Tue, 09/05/2017 - 14:46 -- journal_editor

     မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ရေ ထွက်ကုန် ၁၁၅၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၇၁၄ တန်နဲ့ နှိုင်းယှဉ်ပါက ၄၄၂ တန် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၈၇၄ သန်းပိုမိုခဲ့ပါတယ်။ယခုတစ်ပတ်တွင် ကဏန်း၊  ငါးရှဉ့်၊ ငါးမှုန့်၊ ငါးစီဖောင်း၊ ငါးမျိုးစုံနဲ့ အခြားရေထွက်ပစ္စည်းမျိုးစုံ ပိုမိုတင်ပို့လာနိုင်ခြင်းကြောင့် တန်ချိန်ရော တန်ဖိုး ပါပိုမိုရခြင်းဖြစ်ပါတယ်။                       

မော်မော်အောင်

 

တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Tue, 09/05/2017 - 14:42 -- journal_editor

         မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၃၉၆ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၂၀ ခွဲကို  တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက်တင်ပို့မှုမရှိဘဲ သြဂုတ် လဆန်းပိုင်းက တစ်တန်သာတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၅၆၈၅ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၄၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တစ်တန်နဲ့ နှိုင်းယှဉ်ပါ က ၃၉ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။လက်ဖက်ကို ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများမှာ စိုက်ပျို

မူဆယ်မှတရုတ်နိုင်ငံသို့ ပရဆေးကုန်ကြမ်းပိုမိုတင်ပို့

Tue, 09/05/2017 - 14:37 -- journal_editor

          သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၀ မျိုး၊ တန်ချိန် အားဖြင့် ၃၆၈ တန် ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၂၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၂၄၇ တန်ပိုမိုတင်ပို့ခဲ့ ပါတယ်။

အိန္ဒိယမှ ကွမ်းသီးများ ပိုမိုတင်ပို့

Tue, 09/05/2017 - 14:27 -- journal_editor

         မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ၅၂၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၀၄ တန်ကို  တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၈၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်၂၂၀ ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးနယ်စပ်ရော ရိဒ် နယ်စပ်ပါ ကွမ်းသီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံနှင့်ပဲတီစိမ်းတင်သွင်းမှုတို့အား ကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့်ဆက်လက်လုပ်ဆောင်မည့်အခြေအနေများ

Mon, 08/28/2017 - 12:45 -- journal_editor

        ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ပဲလောကမှာ ကြုံတွေ့နေရတဲ့ အခြေအနေလေးကို ပြောပြပေးပါ။ အဓိကကတော့ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ တန်ချိန် နှစ်သိန်းပဲလက်ခံတော့မယ်။ ကျန်တာကို ဆက်လက်တင်သွင်းခွင့် မပြုေ တာ့ဘူး။ နောက်ပြီး သြဂုတ်လ ၂၁ ရက်မှာ မတ်ပဲနဲ့ပဲတီစိမ်း ကို တန်ချိန် သုံးသိန်းပဲ ဝယ်တော့မယ်။ ကျန်တာကိုတော့ မတ်လ ၃၁ ရက် ဘတ်ဂျက်ကုန်တဲ့အထိ မဝယ်တော့ဘူးလို့ကန့်သတ်လိုက်ပါတယ်။ အဲဒီလို ကန့်သတ်လိုက် တဲ့ အခါကျတော့ ကျွန်တော်တို့နိုင်ငံက တကယ်စိုက်ပျိုးပြီး တကယ်ထွက်ရှိတဲ့ ပဲတွေကလည်း မတ်ပဲရယ်၊ ပဲစင်းငုံရယ်၊ ပဲတီစိမ်း ရယ် ဒီသုံးမျိုးက အများဆုံးတင်ပို့တဲ့ပဲတွေဖြစ်နေတယ်။ အများဆုံးတင်ပို့တဲ့ပဲတွေအနက်ကမှ မတ် ပဲနဲ့ ပဲစင်

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း