မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဇွန်လအတွင်း ပရဆေး တန်ချိန်နှစ်ထောင်ခန့်တင်ပို့
ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၅၃ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ်ရှစ်မျိုး၊ တန်ချိန်အားဖြင့် ၃၁၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၆၅ တန်ကျော်နဲ့ နှိုင်းယှဉ် ပါက ယခုတစ်ပတ်မှာ ၁၅၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး အမယ်များမှာ ကွမ်းစားဂမုန်း၊ နနွင်းတက်၊ တောချင်း၊ ဆီးဆန်၊ မာလာဥခေါင်း၊ နေလဲစေ့၊ ကြောင်လျှာစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပါတယ်။ ယခုတစ်ပတ် မာလာဥခေါင်း တင်ပို့မှုလျော့နည်းခဲ့ပြီး မာလာဥတင်ပို့မှု မရှိခြင်းကြောင့် ပရဆေး၊ တင်ပို့မှု