Main menu

Background

ကုန်သွယ်ရေးသတင်း

မောင်တောကုန်သွယ်ရေး ခေတ္တရပ်နား

Wed, 10/19/2016 - 09:43 -- journal_editor

         မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် မြန်မာနိုင်ငံဘက်ရောဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပါ လူဝင်လူထွက်များ ပိတ်ထားခြင်း၊ညမထွက်ရအမိန့်လည်း ထုတ်ထားခြင်းတို့ကြောင့် ကျောင်း များလည်း ပိတ်ထားကြောင်း၊ ကုန်သွယ်မှုပြုလုပ်ခြင်းကို ကုန်သည်လုပ်ငန်းရှင် များအနေဖြင့် ခေတ္တရပ်နားထားကြောင်း၊ မောင်တောတွင် အနယ်နယ် အရပ်ရပ်မှလာရောက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် မိမိနေရပ်ဒေသများသို့ ပြန်ကြသောဝန်ထမ်းများလည်း ရှိသ ကဲ့သို့စစ်တွေမြို့သို့လည်းသွားရောက်နေထိုင် ကြသည့် ဝန်ထမ်းများလည်း ရှိကြောင်းသတင်း ရရှိပါသည်။

 

မော်မော်အောင်

မူဆယ်နဲ့ မြဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့ပြီး တာချီလိတ်မှ လျော့နည်း

Tue, 10/11/2016 - 12:25 -- journal_editor

          စက်တင်ဘာ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ  ၁၂၂၂၅၀ သန်း တန်ဖိုးရှိ ကြက်သွန်နီ တန်၇၅၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၃၆၅၁၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၆၅ တန်ကျော်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်တစ်ပတ်မှာ မူဆယ်မှ ၆၂၈တန်နဲ့ မြဝတီမှ ၃၁၄တန် တင်ပို့ ခဲ့လို့ ယခုတစ်ပတ် မူဆယ်နဲ့ မြ ဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့လာ တာ တွေ့ရပါတယ်။

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတန်တစ်ထောင် တင်ပို့

Thu, 10/06/2016 - 12:20 -- journal_editor

       စက်တင်ဘာ   ၁၇ရက်မှ ၂၃ ရက်သီတင်းပတ် အတွင်း မြန်မာ-အိန္ဒိယနယ်စပ် မှ အိန္ဒိယနိုင်ငံသို့ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂၃၀ သန်းတန်ဖိုးရှိ ကွမ်းသီးတန် ၁၂၀၀ကျော်ကို တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာ ဒုတိယ ပတ်က ကွမ်းသီးတန် ၆၈၈ ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ တန် ၆၀၀ ပိုမိုတင်ပို့နိုင်တယ်လို့ ကုန် သွယ်ရေးစခန်းမှသိရပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၅ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၆၀၀ ကျော်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၅ သန်းတန်ဖိုးရှိ  ကွမ်းသီးတန် ၆၀၀ အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ တမူးကုန်သွယ်ရေးစခန်းမှရော  ရိဒ်ကုန်သွယ်ရေး စခန်းကပါ ပိုမိ

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့

Thu, 10/06/2016 - 12:10 -- journal_editor

       စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် အထိ သီတင်းပတ်အတွင်း စစ်တွေ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်းတန်ဖိုးရှိ ရေချိုငါးမြစ် ချင်း တန် ၇၀ ခန့် တင်ပို့ခဲ့ပါတယ်။ စ က်တင်ဘာလဆန်းပိုင်းမှစပြီး တင်ပို့ ခဲ့ခြင်းမရှိတဲ့ ရေချိုငါးမြစ်ချင်းများကို စက်တင်ဘာ တတိယပတ်မှသာ ပြန် လည်တင်ပို့နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့ တဲ့ သြဂုတ်လတစ်လလုံးမှာ ရေချိုငါးမြစ်ချင်းတန် ၃၀၀ ကျော် တင်ပို့ခဲ့တယ် လို့ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။

မူဆယ်မှ ရေထွက်ကုန်ပမာဏကျဆင်းသော်လည်း တန်ဖိုးပိုမို

Thu, 10/06/2016 - 12:00 -- journal_editor

         မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ရေထွက်ကုန်ပစ္စည်း ၁၀၄၃ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၁၅၂ တန်ကျော် တင်ပို့ခဲ့တာ ကြောင့် ယခုတစ်ပတ်မှာ ရေထွက်ကုန်တန်ချိန်အနေနဲ့ ၁၀၉ တန်လျော့နည်းပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်း ပိုမိုလာတာတွေ့ရပါတယ်။

ITC ကတ်နဲ့ ကုန်သွယ်ရေး စခန်းများမှ ကျပ်သန်းပေါင်း ၂၀၀၀ ကျော် ကုန်သွယ်ပြီးဖြစ်

Thu, 10/06/2016 - 11:53 -- journal_editor

     တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC)ဖြင့်ကုန်သွယ်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စပြီး တမူး ကုန်သွယ်ရေးစခန်းမှ စတင်၍ ခွင့်ပြုခဲ့ပါတယ်။ ကျန် ကုန်သွယ်ရေး စခန်းများတွင်လည်း ITC ကတ်နဲ့ ကုန်သွယ်မှု ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင် ဘာ ၉ ရက်အထိ ITC ကတ် ၅၅ ကတ်ထုတ်ပေးခဲ့ပါ တယ်။ ကုန်သွယ်ရေးစခန်းများ၌ ITCကတ်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ၂၉၂ ကတ်၊၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၆၁ ကတ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၁၅ ကတ် ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၆ကတ် စုစုပေါင်း ITC ၁၀၇၀ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဝိုင်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်းပါ အယ်လ်ကိုဟော ပါဝင်မှုရာခိုင်နှုန်းအား ပြင်ဆင်သတ်မှတ်ခြင်း

Tue, 10/04/2016 - 10:10 -- journal_editor

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်ရှိပြောင်းလဲတိုးတက်လာသော အခြေအနေအရ နိုင်ငံခြားသား ဝင်ရောက်မှုများပြားလာခြင်း၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိခြင်း တို့ကြောင့် နိုင်ငံခြား ဖြစ် ဝိုင်အမျိုးမျိုးကို တင်သွင်းခွင့်ပြုခဲ့ပါသည်။

စခန်းစုံမှ ပရဆေးကုန်ကြမ်း တင်ပို့

Fri, 09/30/2016 - 10:25 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၈ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်းအမယ် ၁၄ မျိုးကို တန် ၅၀၀ နီးပါး တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့  တောချင်း၊ တောဂျူးမြစ်၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊  ဆီးဆန်၊ နေလဲစေ့၊ ကြောင်လျှာစေ့၊  ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊  ချဉ်ပေါင် ဖာလာနဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။

ပြောင်းတန်ချိန် တစ်သောင်းခွဲနီးပါး တင်ပို့

Fri, 09/30/2016 - 09:51 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး စခန်းလေးခုမှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၄၈၇၉ တန် ကျော် တင်ပို့နိုင်ခဲ့ပါ တယ်။ စခန်းအလိုက် တင်ပို့ခဲ့တာကတော့ မူဆယ်မှ ၁၂၇၄၂ တန်ခွဲ၊ လွယ်ဂျယ်မှ ၁၃၅၀ တန်၊ ချင်းရွှေဟော်မှ ၆၅၉ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၁၂၈ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ထိုစခန်းလေး ခုပေါင်းမှ တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန် ၁၀၅၄၉ တန်ဖြစ်လို့ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးထောင်ကျော် ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ  စက်တင်ဘာ ၉ ရက်က ပြောင်းတစ်တန်ကို ၂

မံုံရွာဆီထွက်သီးနှံဈေးကွက်ကျဈေးနဲ့ အရောင်းအဝယ်သွက်လာ

Fri, 09/30/2016 - 09:49 -- journal_editor

မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ တတိယပတ် ဆီထွက်သီးနှံဈေးကွက် မှာ မြေပဲဆန်မျိုးစုံနဲ့ နှမ်းမျိုးစုံပါ ကျဈေး ဖြစ်ပေါ်ခဲ့ပေမယ့်   နယ်ဝယ်လက်နဲ့ ဒေသတွင်းဝယ်လိုအား     မြင့်လာလို့ အရောင်းအဝယ် အနည်းငယ်သွက်လာ တယ်လို့ ဈေးကွက်ကဆိုပါတယ်။ယခုတစ်ပတ်    မြေပဲဆန်ဈေး ကွက်မှာ  မြေပဲလုံးဆန်နီ(တစ်ပိဿ    )   ၂၀၇၅ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပြီး ဆီဆန်အသန့်ကို   ရန်ကုန်ဝယ်လက် များက   အဝယ်လိုက်လာတဲ့အတွက်  အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ လုံးဆန်(ဖြူ) ကတော့ တစ်ပိဿာ ၂၀၂၅ ကျပ်အထိ  ကျဆင်းသွားပြီး ဒေသတွင်း ဆားလှော်သမားတွေ  ဝယ် လိုအားမြင့်လို့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ပါ တယ်။ မြေပဲ ဆီဆန်အနေနဲ့ တစ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း