Main menu

Background

ကုန်သွယ်ရေးသတင်း

နယ်စပ်စခန်းစုံမှ ကြက်သွန်နီတင်ပို့

Mon, 07/04/2016 - 14:32 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာ  ရက်သတ္တပတ်တွင် အမေရိကန် ဒေါ်လာ ၄၀၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၁၅၀၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ် ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိ ကန်ဒေါ်လာ ၁၄၄၅၁၆ တန်ဖိုးရှိ ကြက်သွန်နီ ၄၃၇ တန်ခွဲနဲ့ တာချီလိတ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်၁၀၀ နဲ့ အမေရိ ကန်ဒေါ်လာ ၁၄၇၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၁၀၀ အသီးသီး တင်ပို့ခဲ့ကြပါတယ်။

ချင်းရွှေဟော်စခန်းမှသာ နှမ်းတင်ပို့မှုရှိ

Tue, 06/21/2016 - 14:53 -- journal_editor

        ဇွန် ၄ ရက်မှ ၁၀ ရက်တာ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၂၂၅၁၉၀ တန်ဖိုးရှိတဲ့ နှမ်းနက် ၁၆၀ တန်ကျော်နဲ့ ကန်ဒေါ်လာ ၁၉၈၆၀၀ တန်ဖိုးရှိ နှမ်းဖြူ ၁၆၄ တန်ကို တင်ပို့ခဲ့ ပါတယ်။

Imperial အမှတ်တံဆိပ် ဝီစကီ၊ ရမ်၊ ဗော့ဒကာနဲ့ ဂျင်တို့ကို နိုင်ဂျီရီးယားနဲ့ စင်ကာပူနိုင်ငံသို့ တင်ပို့ပြီ

Wed, 06/01/2016 - 13:53 -- journal_editor

Imperial  အမှတ်တံဆိပ် ဝီစကီ၊ ရမ်၊ ဗော့ဒကာနဲ့   ဂျင်တို့ဟာ အပြည်ပြည်ဆိုင်ရာ ဝီစကီပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် နိုင်ငံ တကာဈေးကွက်သို့ ခြေလှမ်းစတင်လှမ်းနေပြီဖြစ်ပါတယ်။
ပြည်တွင်းထုတ် မြန်မာဝီစကီများ ပြည်ပနိုင်ငံများသို့ ဈေးကွက် ဝင်ခဲ့တာ ၂၀၀၅ ခုနှစ်  အစောပိုင်းကာလများကတည်းကဖြစ်ပြီး ွGrand Royal, Myanmar, Nandaw, Royal စသည့်အမှတ်တံဆိပ

ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကြံတင်ပို့

Wed, 06/01/2016 - 13:44 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ မေ ၁ ရက်မှ ၂၀ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၄၅၄ သန်း တန်ဖိုးရှိ ကြံ ၉၀၆၁ တန်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်း
မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ကြံ တန် ၁၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် ဧပြီလတွင် ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၇၁၂ သန်း တန်ဖိုးရှိ ကြံ ၃၄၂၂၄ တန်တင်ပို့ခဲ့ပြီး
လွယ်ဂျယ်စခန်းကတော့ တင်ပို့မှု မရှိခဲ့ဘူးလို့ သိရပါတယ်။   ကြံတစ်တန်ရဲ့ လိုင်စင်ဈေးမှာ ဒေါ်လာ ၅၀ ရှိ ကြောင်း သိရပါတယ်။                                                                        

   မြင့်မြင့်မာ

ယခင်တစ်ပတ်ထက် သရက်သီးတန် ၇၀၀ ကျော်ပိုမိုတင်ပို့

Wed, 06/01/2016 - 13:38 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ မေ ၁၄ ရက်မှ ၂၀ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်းတန်ဖိုးရှိ သရက်သီး ၄၃၂၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။

ပြည်ကြက်သွန်နီဈေးကွက်တွင် အိတ်ဆွဲသမားများ တွက်ခြေကိုက်

Thu, 05/26/2016 - 11:45 -- journal_editor

 ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်လံစကြက်သွန်နီများ ဝင် ရောက်မှုများနေပြီး   ပွဲရုံလက်ကားဈေးအနေဖြင့် ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၅၀၀ ခန့် ကျဆင်းသွားကြောင်း သိရပါတယ်။ မြို့မစည်ပင်ဈေးကြီးရှိ ပွဲရုံ များ၌ လက်ကားဈေးအနည်းငယ်ကျဆင်းမှုကြောင့် အိတ်ဆွဲသမားများ အဝယ် လိုက်နေပြီး လက်ကားတစ်ပိဿာ(ကြီး) ကျပ် ၅၀၀ ၊ (လတ်) ကျပ် ၄၅၀၊ (သေး) ကျပ် ၄၀၀တို့နှင့် ပုံမှန်ထက်အနည်းငယ်အရောင်းအဝယ်ကောင်း လာကြောင်း သိရပါတယ်။ အဝင်များလို့ ပွဲရုံဈေးကျပေမယ့် လက်လီဈေးတွင် အသေးများဈေး မကျဘဲ ပုံမှန်တစ်ပိဿာကို (ကြီး) ကျပ် ၆၅၀၊ (လတ်) ကျပ် ၆၀၀၊ (သေး) ကျပ် ၅၀၀ တို့နှင့် ရောင်းဝယ်လျက်ရှိနေပါတယ်။

ပရဆေးကုန်ကြမ်း ပိုမိုတင်ပို့

Thu, 05/26/2016 - 11:30 -- journal_editor

မူဆယ် (၁၀၅) ကုန်သွယ်ရေးဇုန်မှ  မေ ၇ ရက်မှ  ၁၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၇၃၅ သန်း တန်ဖိုးရှိ  ပရဆေး ကုန်ကြမ်း  ၈၁၃ တန်ကျော်  တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်  သီတင်းပတ်က ပရဆေး ကုန်ကြမ်း  ရှစ်မျိုးကို တန် ၅၁၀ သာတင်ပို့ခဲ့လို့  ယခုသီတင်းပတ် ပရဆေးကုန်ကြမ်းတင်ပို့မှု ၃၀၃ တန်ကျော် ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါ တယ်။ တင်ပို့ခဲ့တဲ့  ပရဆေးအမယ်တွေကေ တာ့  မိကျောင်းကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ ဝဥခြောက်၊ တောချင်း၊ ကွမ်းသီးခွံ၊ ဖန်ခါးသီးခြောက်၊ နေလဲစေ့၊  ချဉ်ပေါင်ဖာလာ (အခွံပါ) ၊  နနွင်းခေါင်း၊  မုတ်ခါး၊  ဒရင် ကောက်မြစ်၊ကွမ်းစားဂမုန်း၊ ကြောင်လျှာစေ့တို့ ဖြစ်ပါ တယ်။

မြင့်မြင့်မာ

ကရင်ပြည်နယ် ဖာပွန်မြို့တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း ဟောပြောဆွေးနွေး

Thu, 02/18/2016 - 10:31 -- journal_editor

         ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ကရင် ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော် ဝါ ရီ ၉ ရက်က ကရင်ပြည်နယ် ဖာပွန်မြို့ ယွန်းစလင်း ခန်းမတွင် စားသုံးသူ အကာ အကွယ်ပေးရေးအကြောင်း  ဟောပြောဆွေးနွေးခဲ့သည်။ ဟောပြောဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးတင့်ဆန်းက စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်   စားသုံးသူ၏အခွင့်အရေး၊ တာဝန်၊ စီးပွားရေးလုပ်ငန်းရှ င်၏ အခွင့်အရေး၊ တာဝန်နှင့်တားမြစ်ချက်များ၊ တာဝန်ယူဆောင်ရွက်နေသည့် ကော်မတီများနှင့် ဆောင်ရွက်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ တရားမဝင် ကုန်သွယ်မှုနှင့်ကုန်စည်များ ကြောင့် စားသုံးသူများအပေါ်ထိခိုက်မှု၊

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမိုဘိုင်းအဖွဲ့များမှ အများဆုံးဖမ်းဆီးရမိကုန်ပစ္စည်းများ

Fri, 10/09/2015 - 21:10 -- journal_editor

        ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၅ ခုနှစ် ဩဂုတ်လကုန်ထိ နှစ်နှစ်နဲ့ ကိုးလတာကာလအတွင်းမှာ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမိုဘိုင်းတင်းမ်အဖွဲ့များမှ အများဆုံး ဖမ်းဆီးရမိ ကုန်ပစ္စည်းများမှာ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ မော်တော်ယာဉ်၊ကျောက်စိမ်းဟု ယူဆရသော ကျောက်၊လိုင်စင်မဲ့မော်တော်ယာဉ်၊  မိုဘိုင်းဖုန်း ဟန်း ဆက်၊ တမလန်းသစ်၊ Ice ပုံဆောင်ခဲ၊ရွှေ၊ဘီယာ၊ အေးခဲအသား၊လျှပ်စစ်ဒီတိုေ နတာ တို့ဖြစ်ကြပါတယ်။အုပ်စုအလိုက် သိမ်းဆည်းရမိပစ္စည်းများနဲ့ ခန့် မှန်းတန်ဖိုးများကတော့ရွှေနဲ့ သတ္တုတွင်းထွက်အုပ်စုမှာ ကျောက်စိမ်းကျပ် ၅၁၀၇ သန်း၊ ရွှေကျပ်သန်း ၈၄၀၊ အင်ကြင်းကျောက် ကျပ် ၃၃၇ သန်း၊ သလင်းေ

myanauto Expo 2015 ပြပွဲ ပြသမည်

Fri, 10/09/2015 - 20:59 -- journal_editor

       မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ် လုပ်သူများနှင့်ဖြန့်ဖြူးတင်သွင်းရောင်းချသူများအသင်းမှကြီးမှူး၍ myanauto Expo 2015 ပြပွဲကို ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှကုမ္ပဏီများနှင့်ပြပွဲပြသသူပေါင်း ၂၁၀ ကျော်တို့ ပါဝင်ပြသကြမည်ဖြစ် ကြောင်း သိရသည်။ ယင်းပြပွဲတွင် မော်တော်ယာဉ်နှင့် မော်တော် ယာဉ်အပိုပစ္စည်းများကိုပါ အမှတ်တံဆိပ်စုံလင်စွာ ပြသထားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါပြပွဲတွင် နစ်ဆန်းကားကုမ္ပဏီမှ ပြပွဲသို့လာရောက်လေ့ လာကြည့်ရှုဝယ်ယူသည့် ပြည်သူများ အား အထူးလျှော့ဈေ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း