မောင်တောကုန်သွယ်ရေးစခန်းမှ ဇွန် ကုန်သွယ်မှု ဆောင်ရွက်ချက်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ် ရေးစခန်းမှာ ၂၀၁၆ ခုနှစ် ဇွန်တွင် ပို့ကုန်ဒေါ်လာ သုည ဒသမ ၅၅၇ သန်း၊ သွင်းကုန် ဒေါ်လာ သုညဒသမ ၀၀၆ သန်း၊ ကုန်သွယ်မှု ပမာဏဒေါ်လာ သုညဒသမ ၅၆၃ သန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ ဇွန်အတွက် ကုန်သွယ်မှု လျာထားချက် စုစုပေါင်း ဒေါ်လာ သုညဒသမ ၇၀၀ သန်းဖြစ်၍လျာထား ချက်အပေါ် ၈၀ ဒသမ ၄၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။









