Main menu

Background

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် 

Tue, 12/20/2022 - 10:32 -- journal_editor

ပုသိမ်မြို့ မြို့တော်ခန်းမတွင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို   ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂နာရီတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်  ဌာနဆိုင်ရာများ၊ ကုမ္ပဏီ/စီးပွားရေးအသင်းအဖွဲ့များ မြို့ပေါ် နှင့် မြို့နယ်များရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍ ပြခန်းပေါင်း ၆၀ ကျော်နှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းအတွင်းရှိ ဈေးကွက်ဝင် စပါးမျိုးများ စိုက်ပျိုးမှုမှတ်တမ်းဓာတ်ပုံများနှင့် မျိုးသန့်စပါး ထုတ်လုပ်မှု၊ သစ်တောဦးစီးဌာနမှ ဟိုတယ်၊  စားသောက်ဆိုင်များတွင် အလှဆင်ရန် ပန်းပုရုပ်များနှင့် ဝါးကြိမ်လက်မှုပစ္စည်း ထုတ်လုပ်ရန်   မြန်အောင်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် စိုက်ပျိုးတည်ထောင်ထားသော စီးပွားဖြစ်ပုဂ္ဂလိက ဝါးစိုက်ခင်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ငှက်ပျောလျှော်ဖြင့် ထုတ်လုပ်သည့်  ဖိနပ်၊ စက္ကူ၊ စက္ကူအိတ်၊ ပိုက်ဆံအိတ်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊  ပုသိမ်ထီး၊ တစ်ရှူးဘောက်နှင့်  အခြားအလှကုန်ပစ္စည်းများ ပါဝင်ပြသ၍ တိုင်းအတွင်းရှိ  ခရိုင်မြို့နယ်မှ ပြည်တွင်း/ ပြည်ပဈေးကွက်ဝင် ဆန်စပါးလုပ်ငန်း အပါအဝင် Golden Falcon ဆားလုပ်ငန်း၊ ဆီစက် လုပ်ငန်း ပြည်ပဈေးကွက်ဝယ်လိုအားရှိသော စားသောက်ကုန်လုပ်ငန်း၊ လက်မှုလုပ်ငန်း၊ လူသုံးကုန်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ စပါးခွံလောင်စာတောင့်လုပ်ငန်း၊ လျှစ်စစ်စက်ဘီး ထုတ်လုပ်မှု လုပ်ငန်းများနှင့်အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်း၊ ရွှေပျားပဲငံပြာရည် စားသောက်ကုန် လုပ်ငန်း၊ နယူးဇီးဘိန် ဝက်အူချောင်း/ကြက်အူချောင်းလုပ်ငန်း၊ ရွှေမြင်းပျံ ဟာလဝါလုပ်ငန်း၊ ငွေကျား ဆီစက်လုပ်ငန်း၊ ပုသိမ်စက်မှုဇုန်ရှိ ကြက်စာ၊ ဘဲစာ၊ ဝက်သားပေါက်စာ၊ ဝက်သားခွဲစာလုပ်ငန်း၊ ငပုတောမြို့နယ်မှ   ငါးပိလုပ်ငန်း၊ ကြီးမြင့် ကိတ်မုန့်လုပ်ငန်း၊   ကန်ကြီးထောင့်မြို့နယ်မှ  ဒေါ်စာမ ဝက်အူချောင်းလုပ်ငန်း၊   ကျောင်းကုန်းမြို့နယ်မှ သီဟဆန်စက်လုပ်ငန်း၊ တီတီမေ  ဝက်အူချောင်း/ ကြက်အူချောင်းလုပ်ငန်း၊  ဖူးမောက်ဆီစက်လုပ်ငန်း၊ ရေကြည်မြို့နယ်မှ ကွင်းချောင်း  ရေချိုငါးပိလုပ်ငန်း၊ နုထွေး ချင်းသုပ်လုပ်ငန်း၊  Aung Family မှ ကြိမ်၊ ဝါးဗေဒါ လက်မှုလုပ်ငန်း၊ ဝင်းဧရာ ဝါးတူ လုပ်ငန်း၊ ရေကြည်ပေါ်ဆန်းဘေးကြား  ထုတ်လုပ်မှုလုပ်ငန်း၊ KSO သီဟိုဠ်စေ့လုပ်ငန်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်မှ ဖိုးထူး အင်းရဲ မျှင်လုပ်ငန်း၊ နိုင် ငှက်ပျောကြော်လုပ်ငန်း၊ ရွှေငွေထွန်း ပီလောပီနံ လုပ်ငန်း၊ သာပေါင်းမြို့နယ်မှ ရွှေချိန်ခွင် ဖိနပ်လုပ်ငန်း၊ ဘုရင်မမုန့်မျိုးစုံလုပ်ငန်း၊   ဟင်္သာတခရိုင် အတွင်းရှိ ဟင်္သာတမြို့နယ်မှ ရွှေသရဖူ ဆီးဖျော်ရည်လုပ်ငန်း၊    နိုင်ဆီစက်လုပ်ငန်း၊   မြတ်ရတနာ ဘာလချောင်ကြော်နှင့် ငံပြာရည်ကြော်လုပ်ငန်း၊ ဒေါ်ဟန် ကြက်အူချောင်း ဝက်အူချောင်းလုပ်ငန်း၊ အောင်မြင်စံ မုန့်ဟင်းခါးအနှစ်နှင့်   စားသောက်ကုန်လုပ်ငန်း၊   အာကာရတနာ ဆန်စက်လုပ်ငန်း၊ ဇလွန်နှင့် လေးမျက်နှာမြို့နယ်မှ  မဗေဒါ ပဲကြီးလှော်လုပ်ငန်း၊ မလှအေး ချင်းသုပ်နှင့် စားသောက်ကုန်လုပ်ငန်း၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် နှင့်လေးမျက်နှာမြို့နယ်အတွင်းရှိ စီးပွားဖြစ် ပုဂ္ဂလိက ဝါးစိုက်ခင်းများ၊ သဘာဝ၀ါးတောများမှ မျှင် ဝါး၊ ကရင်ဝါး၊ သိုက်ဝါး၊ ကျသောင်ဝါး၊ ကရင်းဝါး နှင့် အခြားဝါးများ စိုက်ပျိုး၍ လူသုံးကုန်နှင့်လက်မှုပစ္စည်းများ ထုတ်လုပ်မှုနှင့်  မွမွလေး   ပဲရွကြော်လုပ်ငန်း၊   ခမောက်လုပ်ငန်း၊  သန့်စင်အသင့်စား ထမင်းသုပ်လုပ်ငန်း၊ ကြံခင်းမြို့နယ်မှ ရွှေလက်ရာ ထမင်းသုပ်လုပ်ငန်း၊ ပေါ်ဆန်းဆန်လုပ်ငန်း၊ ကျောက်ဆူး   ကပ်စေးနှဲလုပ်ငန်း၊   မော်မော်ကြာ ဆန်မရွေး၊ ခေါက်ဆွဲမရွေးလုပ်ငန်း၊ စံပြဆန်ကြာဇံလုပ်ငန်း၊ အိမ်မဲမြို့နယ်နှင့်   ဝါးခယ်မမြို့နယ်မှ သိန်းတစ်ရာဆန်စက် ပေါင်းဆန်လုပ်ငန်း၊ ဒေါ် သန်းသန်းဝင်း  ငါးခုံးမချဉ်လုပ်ငန်း၊ ဗိုလ်မ ငါးဖယ်မုန့်လုပ်ငန်း၊ ဒေါ်သန်းသန်းဝင်း ပုစွန်ချဉ်လုပ်ငန်း၊ ဦးမြသိန်း ငါးကျည်းခြောက်လုပ်ငန်း၊ ရွှေညာ မုန့်ဟင်းရည်ခြောက်လုပ်ငန်း၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ  ဆင်းသုခ ဆန်ထုတ်လုပ်မှု၊ မိသားစုမုန့်တိုက်၊ နေလှန်းဆားထုတ်လုပ်မှု၊ ကောင်းအသင့်စား ငါးရံ့ခြောက်လုပ်ငန်း၊ဇင်မာဦး အသင့်စားမုန့်ဟင်းခါးဟင်းရည်အခြောက်ထုတ်လုပ်ငန်း၊    နီလာပုစွန်မုန့်လုပ်ငန်း၊   ငါးဖယ်မုန့် လုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ကောင်းအသင့်စား ငါးတန်ခြောက်လုပ်ငန်း၊   စတားမုန့်တိုက်မုန့်မျိုးစုံ လုပ်ငန်း၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့၊ မအူပင် စက်မှုဇုန်မှ New Talent Industrial Co., Ltd.  အထည်ချုပ်လုပ်ငန်း၊ ရွှေကုလားကျွန်းပွဲရုံ ဆီစက် လုပ်ငန်း၊ ကျားပဲမုန့်လုပ်ငန်း၊ ပန်းတနော်မြို့နယ်မှ ငါးမွေးမြူရေးနှင့် ငါးအသားလွှာလုပ်ငန်း၊ သင်ဖျူး ဖျာလုပ်ငန်း၊ အဆင့်မြင့် ကြိမ်၊ ဗေဒါပရိဘောဂနှင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းလုပ်ငန်း၊ ညောင်တုန်း မြို့နယ် Delta Queen မှ ဒိန်ချဉ်၊ နွားနို့၊ နို့ဆီ၊ နို့ခဲ လုပ်ငန်းများနှင့် Delta King မှ ငါးငံပြာရည်၊ ငါး ကြင်းဆီ၊ ငါးခြစ်၊   ငါးဖယ်ချဉ်၊   ငါးတန်ခြောက်၊ ငါးမုန့်လုပ်ငန်းများ၊   ဓနုဖြူမြို့နယ်ရှိ မာဃ  ပဲမုန့်လုပ်ငန်း၊ အဆွေတော်နှမ်းလုံးနှင့် မုန့်မျိုးစုံလုပ်ငန်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသင့်စား ငါး နှပ် မီးကင်လုပ်ငန်း၊ ဓနိဖူးခြောက်လုပ်ငန်း၊ ဘိုကလေးမြို့နယ်မှ မင်းသားပေါင်မုန့်လုပ်ငန်း၊ ကျိုတ်လတ်မြို့နယ်မှ အသင့်စား ငါးခြောက်လုပ်ငန်း၊ ဟင်္သာတ၊ မြောင်းမြ၊  မော်လမြိုင်ကျွန်း၊ မအူပင်၊ လပွတ္တာ၊ ဒေးဒရဲမြို့နယ်များမှ စပါးခွံ လောင်စာ ထောင့်လုပ်ငန်း၊ ကဏန်းမွေးမြူရေးလုပ်ငန်း၊ အိုင်အိုဒင်းဆားချောလုပ်ငန်းအပါအဝင် ညောင်တုန်း မြို့နယ်ရှိ Mi Mi CAR Company Ltd. မှ လျှပ်စစ် စက်ဘီးထုတ်လုပ်ငန်းများ   ပါဝင်ပြသရောင်းချ သွားမှာဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက  ပြပွဲအတွင်းရှိ MSME  အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်   တွေ့ဆုံခဲ့ရာတွင် တိုင်းအတွင်းရှိ သဘာဝအရင်းအမြစ်များကိုအသုံး ပြု၍ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ    နိုင်ငံတော်က ဖော်ဆောင်လျက်ရှိသော ပုဂ္ဂလိက စီးပွားရေးMSME  လုပ်ငန်းများသည် နိုင်ငံစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး  များစွာအထောက်အကူပြုဖြစ်ပြီး  မိမိတို့ တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ထုတ်လုပ်လျက်ရှိသော ပြည်တွင်း ပြည်ပဈေးကွက်ဝင် စားသောက်ကုန်၊ လူသုံးကုန်နှင့် ဒေသထွက်ကုန်များအား တန်ဖိုးမြင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်၍ဈေးကွက်ကျယ်ပြန့်လာစေရန် နှင့် ပြည်ပဈေးကွက်သို့   ထိုးဖောက်နိုင်ရန် နိုင်ငံတော်၊ ဒေသအာဏာပိုင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ကာ လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ယခုလို အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးထုတ်ကုန်များ၊ ပြပွဲနှင့်  ဈေးရောင်းပွဲတော်များ ပြုလုပ်ပေးခြင်းအတွက်    စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့်  မိမိတို့ထုတ်ကုန်များအတွက်  ဈေးကွက်အခွင့်အလမ်းကောင်းများ ရရှိနိုင်သလို  ဝယ်ယူသူများကလည်း တစ်နေရာတည်း၌ ဒေသထွက်ကုန်များ  စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပြီး လုပ်ငန်းရှင်နှင့် ပြည်သူများ အကျိုးကျေးဇူးရရှိမည့်MSME စီးပွားရေးထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကိုလည်းအလျဉ်းသင့်သလို   စဉ်ဆက်မပြတ် ကျင်းပခြင်းဖြင့် မိမိတို့ဒေသထွက်ကုန်များ ဈေးကွက်  ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း သိရ သည်။ 
ထွန်းထွန်း (ပသ)