Main menu

Background

အထူးဈေးကွက်ကောင်းရရှိလာသည့် မြန်မာ့သစ်ခွ

Thu, 12/04/2025 - 10:04 -- journal_editor

ယခုအခါ မြန်မာနိုင်ငံ၏ ရိုးရာပွဲတော်များနှင့် အခမ်း အနားများတွင် သစ်ခွပန်းများ၏ အလှတရားသည်မပါမဖြစ် သည့်အရာတစ်ခု ဖြစ်လာသည်။ သစ်ခွပန်းများသည် စီးပွား ဖြစ်စိုက်ပျိုးသည့် စိုက်ပျိုးရေးကဏ္ဍတစ်ခုအဖြစ် ရပ်တည် လျက်ရှိပြီး ပွဲလမ်းသဘင်၊ အလှူဒါန၊ ဘွဲ့နှင်းသဘင် အခမ်း အနားများ၊ မင်္ဂလာအခမ်းအနားများနှင့် ဘာသာရေးဆိုင်ရာ ပွဲများ၊ အိမ်၊ ရုံး အဆောက်အအုံများတွင် အလှဆင်ခြင်းတို့ အတွက်  အသုံးပြုမှု ပိုမိုများပြားလာသောကြောင့် အထူးဈေး ကွက်ကောင်း ရရှိလာသည်။
သစ်ခွစိုက်ပျိုးရေး  အသွင်ပြောင်းလဲလာမှုအနေဖြင့် ယခင်က   သစ်ခွပန်းများကို  တောတောင်များမှ သဘာဝ အလျောက်ပေါက်ရောက်သည့် အပင်များအဖြစ်သာ မြင် တွေ့ခဲ့ရသော်လည်း  ယခုအခါ  စနစ်တကျ စီမံခန့်ခွဲသည့် သစ်ခွပန်းခြံများအဖြစ်   ပြောင်းလဲလာသည်။  ရန်ကုန်၊  မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် စသည့် ဒေသများတွင် သစ်ခွပန်းခြံငယ်များမှ အလတ်စားနှင့် အကြီး စား စီးပွားဖြစ် သစ်ခွပန်းခြံများအထိ ပေါ်ထွန်းလာသည်။
ခေတ်မီသစ်ခွပန်းခြံများတွင်     တိမ်တိုက်မွေးခြင်း  (ွှငျကန ဃကူအကမန) နည်းပညာဖြင့် မျိုးပွားခြင်း၊ အပူချိန်ထိန်း ညှိသည့် ဖန်သီးကပ်များ (ွမနနည့သကျန) တည်ဆောက်ခြင်း၊ ရေမွှေးသွင်းစနစ် (င်္နမအငါအေငသည) နှင့် အလင်းရောင်ထိန်းညှိ ခြင်းစနစ်များ  အသုံးပြုလာကြသည်။  ဤနည်းပညာများ ကြောင့် သစ်ခွပန်းပွင့်ချိန်ကို ထိန်းချုပ်နိုင်ပြီး ပွဲလမ်းသဘင် ရာသီအတွက် သစ်ခွပန်းများ ပုံမှန်ထုတ်လုပ်နိုင်လာသည်။
တက္ကသိုလ်ဘွဲ့နှင်းသဘင်များသည် သစ်ခွပန်းများ၏ အဓိကဈေးကွက်ကြီးတစ်ခုဖြစ်သည်။  ဘွဲ့ရကျောင်းသူများ အတွက် အလှဆင်ပန်း၊ ရင်ကပ်ပန်းမှသည် မိသားစုဝင်များ၏ ရင်ထိုးပန်းကြိုးများအထိ သစ်ခွပန်းများကို အမြောက်အမြား အသုံးပြုကြသည်။ ဤရာသီတွင် ပန်းရောင်နှင့် အဖြူရောင် ဒန်ဒရိုဗီယမ် (ီနညိမသဘငကာ) မျိုးစိတ်များသည် အထူးခေတ် စားသည်။
မင်္ဂလာဆောင်များတွင် ခန်းမအတွင်း အလှဆင်ခြင်း၊ ပန်ဆင်ခြင်း၊ လက်ဖွဲ့ပန်းများ၊ မဂ်လာဆောင်နောက်ခံပိတ် များနှင့် ဏ့သအသ သြသအ့ (ဓာတ်ပုံရိုက်ရန် အလှဆင်ထားသည့် နေရာ) များတွင် အလှဆင်ခြင်းများကို ကျယ်ပြန့်စွာအသုံးပြု လာသည်။ ငွေကြေး ပိုမိုသုံးစွဲနိုင်သူများက ဖီးလ်ဒင်နီယပ် (ဏေူ့နေညသဈငျ) ကဲ့သို့သော ဈေးကြီးသစ်ခွ မျိုးစိတ်များကို မင်္ဂလာဆောင် အလှဆင်ပစ္စည်းအဖြစ် အသုံးပြုလာကြသည်။
ထို့ပြင် လုပ်ငန်းဆိုင်ရာအခမ်းအနားများ၊ ကုမ္ပဏီများ၊ လုပ်ငန်းသစ်များ  ဖွင့်လှစ်ခြင်းနှင့် အဖွဲ့အစည်းများ၏ နှစ်ပတ်လည် အခမ်းအနားများတွင် သစ်ခွပန်းများဖြင့် အလှ ဆင်ခြင်းသည် ခေတ်စားလာသည်။ ဤအခမ်းအနားများ အတွက် ကတ်တလီယာ (ဃအေအူနပေ) နှင့် ဗန်ဒါ (ဠညေေိ) ကဲ့သို့ သော ခမ်းနားသည့် သစ်ခွမျိုးစိတ်များကို ပိုမိုအသုံးပြုသည့် အပြင် အလှူဒါနများနှင့် ဘာသာရေးပွဲများတွင် ရွှေရောင်ရှိ သော သစ်ခွများသည်  ဘုရားပန်းအိုးအဖြစ် အသုံးပြုလျက် ရှိကြောင်း တွေ့ရှိရသည်။    
သစ်ခွပန်းဈေးကွက်တွင်  မျိုးစိတ်၊ အရောင်အသွေး၊ ပန်းပွင့် အရွယ်အစားနှင့် အိုးအမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်။   ဒေသခံမျိုးစိတ်များမှာ ကျပ် ၅၀ဝ၀ မှ ၂၀ဝ၀ဝ အထိ၊ နိုင်ငံခြား မျိုးစိတ်များမှာ ကျပ် ၁၅၀ဝ၀ မှ ၁၀ဝ၀ဝ၀ အထိ၊ (အထူးမျိုးများ) စီးရီးလိုင်းအလိုက် စိုက်ပျိုးထားသော သစ်ခွများမှာ ကျပ် ၃၀ဝ၀ဝ မှ ၂၀ဝ၀ဝ၀ အထိ အရောင်းအဝယ်   ဖြစ်လျက်ရှိသည်။ သစ်ခွပန်းများအား ဈေးကွက်တွင် တိုက်ရိုက်ရောင်းချခြင်း၊ ကွန်တိန်နာဖြင့် ရောင်းချခြင်း၊ အွန်လိုင်းမှတစ်ဆင့်  မှာယူရောင်းချခြင်းနှင့် ပန်းဆိုင်များသို့   ဖြန့်ချိရောင်းချခြင်း  စသည့် ရောင်းချမှု နည်းလမ်းမျိုးစုံကို အသုံးပြုလာကြသည်။
စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာမှုအနေဖြင့် တိမ်တိုက် မွေးခြင်း (ွှငျကန ဃကူအကမန) နည်းပညာသည် သစ်ခွ မျိုးစိတ်များကို အရည်အသွေးတူမျိုးပွားနိုင်ရန် ကူညီပေးသည့် အတွက် ရှားပါးမျိုးစိတ်များကို ဈေးသက်သာစွာဖြင့် မျိုးပွား နိုင်ပြီး ဈေးကွက်တွင် ပိုမိုရောင်းချနိုင်သည်။ ဖန်သီးကပ်များ (ွမနနည့သကျန) နှင့် ရာသီဥတု  ထိန်းညှိသည့် စနစ်များသည် သစ်ခွပန်းများ၏ ကြီးထွားမှုကို မြန်ဆန်စေပြီး ရောဂါကျ ရောက်မှုကို လျှော့ချပေးသည်။
သစ်ခွစိုက်ပျိုးရေးလုပ်ငန်းတွင် ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရည်နည်းပါးခြင်း၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါများ ကျရောက်မှုမြင့်မားခြင်း၊ ရာသီအလိုက် ဝယ်လိုအား ပြောင်း လဲမှုများခြင်း၊ ပြည်ပမှတင်သွင်းသည့် သစ်ခွများနှင့် ယှဉ်ပြိုင် ရခြင်းစသည့်  စိန်ခေါ်မှုများကို အဓိကရင်ဆိုင်နေရသော်လည်း အခြားတစ်ဖက်တွင် အာရှနိုင်ငံများသို့  တင်ပို့နိုင်သည့် ဈေး ကွက်အလားအလာများ ရရှိနိုင်ခြင်း၊ နိုင်ငံခြားခရီးသွားများ အတွက် ဒေသထွက်သစ်ခွများ ရောင်းချနိုင်ခြင်း၊ အလှကုန် ထုတ်လုပ်သည့်   လုပ်ငန်းများတွင် သစ်ခွပန်းမှ ထုတ်လုပ် သည့် ရေမွှေး၊  အဆီအနှစ်များ  ထုတ်လုပ်နိုင်ခြင်း စသည့် အခွင့်အလမ်းများလည်း များစွာရှိသည်။
ထို့ကြောင့် သစ်ခွပန်းဈေးကွက်သည် မြန်မာနိုင်ငံတွင် တိုးတက်လျက်ရှိပြီး  နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက် နိုင်ရေး ကြိုးပမ်းမှုများ လည်းရှိလာသည်။ ပွဲလမ်းသဘင်များ၊ အခမ်းအနားများတွင် အလှဆင်ပစ္စည်းတစ်ခုအနေမှ လူတိုင်း နှင့်ရင်းနှီးပြီး လူကြိုက်များသော ပစ္စည်းတစ်ခုအထိ ဖွံ့ဖြိုး လာသည်။ အခမ်းအနားများတွင် သစ်ခွခြံများသာမက မိမိ တို့၏ အိမ်၊ အဆောက်အအုံ ပရဝုဏ်များတွင်  အလှဆင် ပစ္စည်းအဖြစ်အသုံးပြုလာကြသည်။ သစ်ခွအစို၊ သစ်ခွအစစ် ကို အသုံးပြုခြင်းဖြင့် ပိုမိုခမ်းနားထယ်ဝါသည်ဟု ခံစားရပြီး စိတ်ကြည်နူးမှုရရှိခြင်း၊ လှပမှုမျိုးစုံဖြင့် လူတို့၏စိတ်ကို ဖမ်း စားနိုင်ခြင်း၊ အံ့သြဖွယ်ကောင်းလောက်အောင်လှသည့် ပန်း များကို မြင်တွေ့ရသဖြင့် ပန်းကလေးများအပေါ်   ချစ်ခင်နှစ် သက်မှုရှိလာခြင်း၊ စိတ်အပန်းဖြေစရာ အာရုံတစ်ခုဖြင့် ဆွဲ ဆောင်နိုင်မှုရှိခြင်းတို့ကြောင့်  သစ်ခွပန်း ဈေးကွက်သည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ စိတ်ဝင်စားဖွယ် အစိတ်အပိုင်း တစ်ခုဖြစ်လာသည်။ 
ယခုထက်ပိုမိုသည့် နည်းပညာ မြှင့်တင်ခြင်း၊ ဈေးကွက် ချဲ့ထွင်ခြင်းနှင့်  ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ခြင်းတို့ ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ သည့် ကဏ္ဍတစ်ခုအဖြစ် ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

ယွန်းပပအောင်-ဧရာဝတီ (DOCA)
ကိုးကားချက်-
မြန်မာနိုင်ငံ၏ စီးပွားဖြစ် သစ်ခွစိုက်ပျိုးနည်း- စိုက်ပျိုး ရေးဦးစီးဌာန (၂၀၁၉)
မြန်မာနိုင်ငံရှိ သစ်ခွဈေးကွက် လေ့လာချက် - ရန်ကုန် စီးပွားရေးတက္ကသိုလ် (၂၀၂၁)