Background
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ်၁။ ငါးကျည်း ပိဿာ ၂ဝဝဝ-၄၅ဝဝ ၂ဝဝဝ-၄၅ဝဝ၂။ ငါးခူ ။ ၂ဝဝဝ-၄၅ဝဝ ၂ဝဝဝ-၄၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၃ဝဝ-၂၁ဝဝ ၁၃ဝဝ-၂၁ဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ-၃၆ဝဝ ၂ဝဝဝ-၃၆ဝဝ၅။ ငါးရံ့ ။ ၂ဝဝဝ-၄ဝဝဝ ၂ဝဝဝ-၄ဝဝဝ၆။ ငါးတန် ။ ၁၈ဝဝ-၃၅ဝဝ ၁၅ဝဝ-၃၅ဝဝ၇။ ငါးသလောက် ။ ၃၅ဝဝ-၂၅ဝဝဝ ၃၅ဝဝ-၁၅ဝဝဝ၈။ ငါးရှဉ့် ။ ၂ဝဝဝ-၃၂ဝဝ ၂ဝဝဝ-၃၇ဝဝ၉။ ငါးခေါင်းပွ ။ ၁၃ဝဝ-၂၆ဝဝ ၁၃ဝဝ-၂၇ဝဝ၁ဝ။ ကကတစ် ။ ၂ဝဝဝ-၅ဝဝဝ ၂ဝဝဝ-၅၅ဝဝ၁၁။ တီလားဗီးယား ။ ၁၂ဝဝ-၂ဝဝဝ ၁၂ဝဝ-၁၂ဝဝ၁၂။ ကသပေါင်း ။ ၂ဝဝဝ-၆ဝဝဝ ၂ဝဝဝ-၆ဝဝဝ၁၃။ ပုစွန်ကျော့ ။ ၁၆ဝဝ-၂၃ဝဝ ၁၄ဝဝ-၂ဝဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆၅ဝဝ-၉ဝဝဝ ၈ဝဝဝ-၁၁ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ-၂၅ဝဝဝ ၁ဝဝဝဝ-၂၅ဝဝဝ
ပုစွန်ကျားပြုပြင်ထုတ်လုပ်သူများ ကုန်ကြမ်းပြတ်လပ် ဗီယက်နမ်ပုစွန်ကျား (Tiger prawn) ကုန်ချောထုတ်လုပ်တင်ပို့သူတွေက ကုန်ကြမ်းပြတ်လပ်မှုနဲ့ ဈေးနှုန်း မြင့်မားမှုတို့ကြောင့် လုပ်နိုင်စွမ်းမှာ တစ်ဝက်တစ်ပျက်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ တောင်ပိုင်းပြည်နယ်တွေမှာ ပုစွန်ကျားက ရောဂါပိုးကျရောက်လို့ သေဆုံးကုန်ရာ ကုန်ချောထုတ်လုပ်မှု အခက်ကြုံနေကြောင်း Ut Xi Seafood Processing Joint Stock Company မှ ညွှန်ကြားရေးမှူး Nguyen Tuan Anh မှပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ ဒီလိုဆိုးဆိုးရွားရွား ပုစွန်ကုန်ကြမ်းပြတ်လပ်မှုမျိုးကို တစ်ခါမှ မကြုံဖူးသေးကြောင်း တောင်ပိုင်း ံHau Giang ပြည်နယ် Cafatex Corporation မှ အထွေထွေညွှန်ကြားရေးမှူး Nguyen Van Kich မှပြောကြားလိုက်ပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ပုစွန်အပေါ်မှာ ရောဂါကျရောက်မှုကြောင့် သေဆုံးကုန်ကြရာ ဗီယက်နမ် အနေနဲ့ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ပို့ကုန်စာချုပ်တွေ ချုပ်ဆိုရာမှာ အခက်အခဲရှိခဲ့ကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့သူတွေနဲ့ ပြုပြင်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး Truong Dinh Hoe မှပြောကြားလိုက်ပါတယ်။ ပုစွန်ကုန်ကြမ်းဆိုးဆိုးရွားရွား ပြတ်လပ်မှုက သြဂုတ်လအထိ ကြုံတွေ့နိုင်ကြောင်း ံHoe အရ သိရှိရပါ တယ်။ ယခုအခါ ပုစွန်မွေးမြူသူတွေက ကြီးမားတဲ့ ပုစွန်ကျားအစား ခြေထောက်အဖြူရောင်ရှိတဲ့ ပုစွန်ကိုအစားထိုးမွေးမြူလျက်ရှိကြောင်း Soc Trang Seafood Joint Stock Company မှ အထွေထွေညွှန်ကြားရေးမှူး Tran Van Pham မှ သိရပါတယ်။ ဒါပေမဲ့ယာယီသာဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ ဗီယက်နမ်ပုစွန်ကျားက အိန္ဒိယပုစွန်ကြားနဲ့သာ ယှဉ်ပြိုင်ရပြီး ခြေထောက် အဖြူရောင်ရှိတဲ့ ပုစွန်မှာ နိုင်ငံများစွာမှာ ထုတ်လုပ်လျက်ရှိရာ ပြိုင်ဆိုင်မှုပိုများကြောင်း Pham မှဖြည့်စွက် ပြောကြား လိုက်ပါတယ်။ ယခုနှစ်မှာ ပုဇွန်တင်ပို့မှုပမာဏလျော့ကျသွားသော်လည်း ပုဇွန်ဈေးနှုန်းမြင့်မားမှုကြောင့် ပုဇွန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံရရှိနိုင်ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူတွေနဲ့ ပြုပြင်ထုတ်လုပ်သူများအသင်း အရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:vietnamnet.vnagency.com
ရောဂါကျရောက်သဖြင့် ဗီယက်နမ်ပုစွန်မွေးမြူသူများ မကြုံစဖူး အရှုံးကြီးရှုံး မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပုစွန်မွေးမြူတဲ့ ပြည်နယ်တွေမှာ ပုစွန်ကျား (Tiger Shrimp) ဟက်တာ ၄ဝဝဝဝ မွေးမြူထားမှုအပေါ်မှာ ရောဂါကျရောက်လို့ မကြုံစဖူးဆုံးရှုံးမှု တွေကို ကြုံတွေ့နေရကြောင်းနဲ့ အဓိက ဆုံးရှုံးမှုအကြောင်း ရင်းမှာ ကပ်ပါးရောဂါကူးစက်ခြင်း (Microsporidiosis) ကြောင့်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံBac Lieu ပြည်နယ် မွေးမြူရေးဌာနမှူးPham Hoang Giang မှပြောကြားလိုက်ပါတယ်။ ယခုလောလောဆယ်မှာ ရောဂါကာကွယ်ဖို့အတွက် တိကျတဲ့ ကုသမှုမတွေ့ရှိသေးဘဲ မွေးမြူသူများမှ မမွေးခင် ရောဂါရှိ/မရှိ စစ်ဆေးခြင်းကသာ တစ်ခုတည်းသော ကာကွယ်မှု နည်းလမ်းဖြစ်ပါတယ်။ Bac Lieu ပြည်နယ်မှ ပုစွန်မွေးမြူရေး ဟက်တာ ၁၁ဝဝဝ က ပျက်စီးဆုံးရှုံးသွားပြီဖြစ်ရာTra Vinh ပြည်နယ်မှာ ဟက်တာ ၆၂ဝဝ ပျက်စီးသွားကာ ပုဇွန်ကောင်ရေ ၃၃ဝ သန်းသေဆုံးသွားကြောင်းနဲ့ ဗီယက်နမ် ဒေါင်ငွေ ၁၂ ဘီလီယံဆုံးရှုံးမှုရှိကြောင်း သတင်းရရှိပါတယ်။ Soc Trang ပြည်နယ်မှာ ဟက်တာ ၂၅ဝဝဝ ရှိတဲ့ အနက် ၂ဝဝဝဝ မှာ ပျက်စီးသွားပြီဖြစ်ရာ ဆုံးရှုံးမှု ဗီယက်နမ် ဒေါင် ၁ ဒသမ ၅ ထရီလီယံ (ကန်ဒေါ်လာ ၇၅ သန်း) ဖိုး ဆုံးရှုံးသွားပြီဖြစ်ပါတယ်။ Soc Trang ပြည်နယ်သား Nguyen Van Sang က ပုစွန်ကျားမွေးမြူရေး ၃ ဟက်တာ မှာ ဗီယက်နမ်ဒေါင် ၅ဝ သန်း (ကန်ဒေါ်လာ ၂၅ဝဝ) ဖိုး ရင်းနှီးမြှုပ်နံှထားရာ နှစ်ပတ်အတွင်း ပုစွန်တွေ သေဆုံးသွား ပြီဖြစ်ပါတယ်။ အခြားပြည်နယ်ရှိ ပုစွန်တွေမှာလည်း ထူးဆန်းတဲ့အခြေအနေနဲ့ သေဆုံးသွားကြပါတယ်။ ပုစွန်တွေက ကန်နံရံကို အတင်းတိုးပြီး မိမိဘာသာ သေ ကြေအောင် ပြုလုပ်သွားကြောင်းနဲ့ ပုစွန်အများစုမှာ ရက် ၂ဝ နဲ့ ၃ဝ ကြားအသက်အရွယ်မှာ သေဆုံးသွားရာ မွေးမြူရေး သမားတွေ ငွေကြေးရင်းနှီးမြှုပ်နံှထားမှု ဆုံးရှုံးမှုအပေါ် စိတ် ဓါတ်ကျနေကြတယ်။ Bac Lieu ပြည်နယ်မှ ပုစွန်မွေးမြူရေးအတွေ့အကြုံ ရှိသူTran Thanh Tuan မှ ပုစွန်တစ်ဟက်တာမွေးမြူရင် ကန်ဒေါ်လာ ၂ဝဝဝ ဆုံးရှုံးမှုရှိကြောင်း ပြောကြားလိုက်ပါတယ်။ Soc Trang People's Committee ပြည်သူ့ ကော်မတီက ပုစွန်ဆက်လက်မွေးမြူနိုင်ရေးအတွက် ကန်ဒေါ်လာ ၁ သန်းသုံးစွဲသွားဖို့ လျာထားကြောင်း သိရှိရပြီး ကော်မတီမှ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနက ပုစွန်မွေးမြူသူတွေကို အထောက်အပံ့ ပေးနိုင်ဖို့အတွက် အကူအညီတောင်းခံထား ကြောင်း သတင်းရရှိပါတယ်။ှSource:english.vietnamnet.vn.comအေးမွန်မွန်လှိုင်
ငါးရှဉ့်ပြည်ပတင်ပို့မှု ယခင်ကာလတူထက်ပို ရေထွက်ကုန်ပစ္စည်းများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ငါးရှဉ့်ဟာ မေလအတွင်း ယခင်လထက် တင်ပို့မှု ပိုမိုလာတာ တွေ့ရပါတယ်။ ဧပြီလ သြင်္ကန်ကာလအတွင်း မူဆယ်သို့ ငါးရှဉ့်အဝင်နည်းခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ရွှေဘို၊ တောင်ငူ၊ မန္တလေးနှင့် ရန်ကုန်ဘက်တို့မှ အဝင်များပြီး ၈ တန်/၁ဝ တန် ဝင်ကား များဖြင့် နေ့စဉ် ၆၂ ပိဿာဝင် သေတ္တာ ၂ဝဝ ကျော်တင်ပို့လျက်ရှိပါတယ်။ နေ့စဉ်ငါးရှဉ့် ဈေးနှုန်းများ အနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနရဲ့ လေလံအောင် သတ်မှတ်ဈေးနှုန်းများအရ တင်ပို့ရောင်းချလျက်ရှိပြီး မေလမှာ ငါးရှဉ့် တစ်တန်လျှင် ၃၂ဝဝ ဒေါ်လာမှ ဒေါ်လာ ၅ဝဝဝ ကျော်အထိ ဈေးရရှိပြီး မေလ ၂၄ ရက်နေ့ ငါးရှဉ့် တစ်တန် လေလံအောင်ဈေးမှာ ၃၉၆ဝ ဒေါ်လာထိ ဈေးရရှိ ခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ငါးရှဉ့်တင်ပို့မှု တန်ချိန် ၃၅ဝ ဒသမ ၅၂ တန်၊ တန်ဖိုးငွေ ၁၃၇ဝ၃၈၄ ဒသမ ၁၉ ဒေါ်လာရရှိခဲ့ပြီး ဧပြီလကာလတူနဲ့ နှိုင်းယှဉ်လျှင် တန်ချိန်အားဖြင့် ၁၄၆ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ဝ ဒသမ ၅၃၅ သန်းဖိုး တင်ပို့မှု ပိုမိုခဲ့ပါတယ်။ လှလှအောင်
ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများ ၂၃-၅-၂ဝ၁၁ ရက်ေ်နေ့ မှ ၂၇-၅-၂ဝ၁၁ ရက်နေ့ထိ (ယခင်) (ယခု)အမျိုးအစား ရေတွက်ပံုံံ ဈေးနှုန်း ဈေးနှုန်းပဖဲ တ် တစ်ပိဿာ ၆၄ဝိ/- ၆ဝဝိ/-နှမ်းဖတ် ။ ၅၉ဝိ/- ၅၈ဝိ/-ပဲပုပ်ဖတ် ။ ၉ဝဝိ/- ၉ဝဝိ/-ပဲပုပ်စေ့ ။ ၉ဝဝိ/- ၈၆၆ /-ဖွဲနု ။ ၂၂ရိ/- ၂၃၃ိ/-ပုစွန်ဖွဲ ။ ၆၅ဝိ/ ၆၅ဝိ/နေကြာ ။ ၃၈ဝိ/- ၃၅ဝိ/-ပန်းနှမ်း ။ ၄၅ဝိ/- - ငါးဂုံးညို ။ ၁၂ဝဝိ/- ၁၂ဝဝိ/-ငါးဝိုင်း ။ ၁၂၅ဝိ/- ၁၁၅ဝိ/-ပဲမှုန့် ။ ၄ဝဝိ/- ၃၃ဝိ/-မုန်ညင်း ။ - -ပဲတီစိမ်းမှုန့် ။ ၃၈ဝိ/- ၃၃ဝိ/- ခရုမှုန့် ။ ၉ဝိ/- ၉ဝိ/-ပြောင်းဆန် ။ ၃ဝဝိ/- ၃ဝဝိ/- ဆန်ကွဲ ၂+၃+၄ တစ်အိတ် ၇၈ဝဝိ/- ၇၈ဝဝိ/-ငါးပေါင်းမှုန့် တစ်တန် ၉ သိန်း ၉ သိန်းTMA,MAPT(YGN)
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ် (ကျပ်/ပိဿာ)၁ ဖျာပုံပုစွန်ခိုျခြောက်ကြီး (ရှယ်) ပိဿာ ၁၅ဝဝဝ-၁၅၅ဝဝ ၁၅ဝဝဝ-၁၆ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁၅ဝဝဝ-၁၅၅ဝဝ ၁၆ဝဝဝ-၁၇ဝဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၁၃ဝဝဝ-၁၃၅ဝဝ ၁၃ဝဝဝ-၁၃၅ဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၁ဝဝဝဝ-၁၂ဝဝဝ ၁၁ဝဝဝ-၁၂ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁၃၅ဝဝ-၁၄၅ဝဝ ၁၃၅ဝဝ-၁၄၅ဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁၃ဝဝဝ-၁၄ဝဝဝ ၁၃ဝဝဝ-၁၄ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၉ဝဝဝ-၁ဝဝဝဝ ၉ဝဝဝ-၁ဝဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၇ဝဝဝ-၁၈ဝဝဝ ၁၈ဝဝဝ-၁၉ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁ဝဝဝဝ-၁၁ဝဝဝ ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၆၅ဝဝ-၇ဝဝဝ ၆ဝဝဝ-၆၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၇ဝဝဝ-၁၈ဝဝဝ ၁၇ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၄ဝဝဝ-၁၅ဝဝဝ ၁၃ဝဝဝ-၁၄ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၇၅ဝဝ-၈ဝဝဝ ၇ဝဝဝ-၇၅ဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၁ဝဝဝဝ-၁၁ဝဝဝ ၁ဝဝဝဝ-၁၁ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၅ဝဝဝ-၅၅ဝဝ ၄၅ဝဝ-၅ဝဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁၃ဝဝ-၁၅ဝဝ ၁၃ဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက် ။ ၆ဝဝဝ-၆၅ဝဝ ၆ဝဝဝ-၆၅ဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၈ဝဝဝ-၉ဝဝဝ ၇၅ဝဝ-၈ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၄၅ဝဝ-၅ဝဝဝ ၅ဝဝဝ-၅၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၂၇-၅-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၂၇-၅-၂ဝ၁၁) ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ်၁။ ငါးကျည်း ပိဿာ ၂ဝဝဝ-၄၅ဝဝ ၂ဝဝဝ-၄၅ဝဝ၂။ ငါးခူ ။ ၂ဝဝဝ-၄၅ဝဝ ၂ဝဝဝ-၄၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၃ဝဝ-၂၁ဝဝ ၁၃ဝဝ-၂၁ဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ-၃၆ဝဝ ၂ဝဝဝ-၃၆ဝဝ၅။ ငါးရံ့ ။ ၂ဝဝဝ-၄ဝဝဝ ၂ဝဝဝ-၄ဝဝဝ၆။ ငါးတန် ။ ၁၈ဝဝ-၃၅ဝဝ ၁၅ဝဝ-၃၅ဝဝ၇။ ငါးသလောက် ။ ၃၅ဝဝ-၂၅ဝဝဝ ၃၅ဝဝ-၂၅ဝဝဝ၈။ ငါးရှဉ့် ။ ၂ဝဝဝ-၃၂ဝဝ ၂ဝဝဝ-၃၂ဝဝ၉။ ငါးခေါင်းပွ ။ ၁၃ဝဝ-၂၆ဝဝ ၁၃ဝဝ-၂၆ဝဝ၁ဝ။ ကကတစ် ။ ၂ဝဝဝ-၅ဝဝဝ ၂ဝဝဝ-၅ဝဝဝ၁၁။ တီလားဗီးယား ။ ၁၂ဝဝ-၂ဝဝဝ ၁၂ဝဝ-၂ဝဝဝ၁၂။ ကသပေါင်း ။ ၂ဝဝဝ-၆ဝဝဝ ၂ဝဝဝ-၆ဝဝဝ၁၃။ ပုစွန်ကျော့ ။ ၁၆ဝဝ-၂၃ဝဝ ၁၄ဝဝ-၂ဝဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆၅ဝဝ-၉ဝဝဝ ၆၅ဝဝ-၉ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ-၂၅ဝဝဝ ၁ဝဝဝဝ-၂၅ဝဝဝ
ပုစွန်မွေးမြူရေးအားကောင်းလာ ယခုနှစ်အတွင်း ပုစွန်မွေးမြူရေးသမားများအနေဖြင့် ပုစွန်ဖြူများမွေးမြူမှု ပိုမိုအားကောင်းလာကြောင်း ငါး-ပုစွန် မွေးမြူသူများထံက သိရသည်။ ဒီနှစ်ထဲမှာBlack Tiger သားဖောက်လုပ်ငန်းလျော့ကျ ပြီး၊ ပုစွန်မွေးမြူရေးက အားရဖို့ရှိနေပါတယ်။ သားဖောက် ထုတ်နိုင်ဖို့အတွက် ဝယ်အားကောင်ရေ ၇ သန်း ရှိပါမှ တွက် ခြေကိုက်မယ့် အနေအထားရှိပါတယ်''ဟု ပုစွန် လုပ်ငန်းရှင် များအသင်းမှ ဦးသန်းဝင်းအောင်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပုစွန်မွေးမြူမှုကို ၁၉၉ဝ ခုနှစ်များကျော် က စတင်နိုင်ခဲ့ပြီး၊ မွေးမြူရေးသမားများ တိုးခဲျ့မွေးမြူလာ သည့် ပုစွန်ဖြူမှာ ထိုင်းနိုင်ငံကတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခု နှစ်အတွင်း ပုစွန်ဖြူများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် ဒေသတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင် ဒေသတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက် တန်းဇုန်တွင်လည်းကောင်း တိုးခဲျ့စမ်းသပ်မွေးမြူလာကြောင်း သိရသည်။ K.M.T
ပြည်ပပို့ကုန်ငါးများ ရေခဲတင်မှုကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန်လို ပြည်ပနိုင်ငံများသို့ တင်ပို့ သည့်ငါးများ ရေခဲတင်သည့်ကိစ္စ ကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ''ရေခဲတင်တာကောင်းရဲ့လား၊ မကောင်းဘူးလား၊ ဒီလိုရေ ခဲတင်ခြင်းအားဖြင့် ရရှိမယ့်ဈေးနှုန်းကို ဘယ်လိုသက်ရောက်မှုရှိမလဲ။ တင်ပို့သူဘက်က ဘယ်လိုနစ်နာမှုတွေ ရှိလာနိုင်သလဲ။ ဈေးကွက်မှာ လိုအပ်ချက်ကဘာလဲ။ ဈေးကွက်မှာ ကိုယ့်လူတွေ ဘယ်လိုပြိုင်နေသလဲ။ အချင်းချင်း ပြန်တိုက်ခိုက်နေရတာနဲ့ ဘယ်လိုဈေးကွက်ပျက်သလဲဆိုတာတွေကို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ဖို့လိုပါ လိမ့်မယ်။ ဒီဆွေးနွေးပွဲကရရှိတဲ့ အခြေအနေအတိုင်း ဆက်ပြီး ဆောင်ရွက်ကြမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ အပတ်စဉ်အင်္ဂါနေ့တိုင်းပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးပွဲ၌တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြည်ပနိုင်ငံများသို့ ငါးများ တင်ပို့ရောင်းချရာတွင် ကြာရှည် ခံနိုင်ရန်အတွက် ရေခဲသားတင် ခြင်းကို ၂ဝဝ၈ ခုနှစ်တွင် ငါး အလေးချိန်၏ ၁၂ ရာခိုင်နှုန်းကို လည်းကောင်း၊ ၂ဝဝ၉ ခုနှစ်မှ လက်ရှိအခြေအနေအထိ ငါးအလေးချိန်၏ ၂ဝ ရာခိုင်နှုန်းကို လည်းကောင်း ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ရေချိုငါး ကုန်တက်ကောင်းသော်လည်း ဈေးအေး ကြည့်မြင်တိုင် စံပြငါးဈေးကြီးသို့ ရေချိုငါးကုန်တက်အား ကောင်းနေသော်လည်း ဈေးအေးနေသေးကြောင်း ရေချိုငါးလုပ်ငန်းရှင်များထံက သိရသည်။ ''အခုချိန်က ရေချိုငါးထုတ်ရောင်းတဲ့ကာလဖြစ်တာ ကြောင့် တစ်နေ့ပိဿာချိန် ၂၅ဝဝဝဝ ဝန်းကျင် အဝင်ရှိ နေပါတယ်။ မေလ အတွင်းမှ ရေချိုငါးတွေထဲမှာ အဓိက မွေးမြူတဲ့ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ်က အဝယ်ရှိနေ ပါတယ်။ မေလ ၈ ရက်လောက်အထိ ရေချိုငါးတန် ၃ဝဝ ကျော်၊ မေလ ၉ ရက်ကနေ ၁၅ ရက်အထိကို ရေချို ငါးတန် ၃ဝဝ ကျော်၊ မေလ ၁၆ ရက်ကနေ ၂၂ ရက်အထိ ရေချို ငါး ၁ဝ တန်ကျော်တင်ပို့ရောင်းချခဲ့ရပါတယ်။ ရေချိုငါးက ကုန်တက်လည်းကောင်း၊ ဝယ်လက်လည်းရှိနေပေမယ့် ဈေးနှုန်းရရှိမှုက နည်းနေပါသေးတယ်။ ဈေးကွက်ကျွမ်းကျင်သူ အချို့က ငါးဈေးကျနိုင်သေးတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒါကြောင့် ငါးမွေးမြူသူအများစုက အရှုံးနှင့် ရင်ဆိုင် နေကြရပါဦးမယ်''ဟု ရေချိုငါးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ကြည့်မြင်တိုင်စံပြငါးဈေးကြီးတွင် ၂ကစ အရွယ် ငါးမြစ် ချင်းတစ်ပိဿာလျှင်(၁၈ဝ-၁၉ဝ) ကျပ်ရှိနေသည်ဟုဆိုသည်။ KMT