Background
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ် (ကျပ်/ပိဿာ)၁ ဖျာပုံပုစွန်ချိူခြောက်ကြီး (ရှယ်) ပိဿာ ၁၅ဝဝဝ-၁၅၅ဝဝ ၁၅ဝဝဝ-၁၅၅ဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁၅ဝဝဝ-၁၅၅ဝဝ ၁၅ဝဝဝ-၁၅၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၁၃ဝဝဝ-၁၃၅ဝဝ ၁၃ဝဝဝ-၁၃၅ဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၁ဝဝဝဝ-၁၂ဝဝဝ ၁ဝဝဝဝ-၁၂ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁၃၅ဝဝ-၁၄၅ဝဝ ၁၃၅ဝဝ-၁၄၅ဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁၃ဝဝဝ-၁၄ဝဝဝ ၁၃ဝဝဝ-၁၄ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၉ဝဝဝ-၁ဝဝဝဝ ၉ဝဝဝ-၁ဝဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၇ဝဝဝ-၁၈ဝဝဝ ၁၇ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁ဝဝဝဝ-၁၁ဝဝဝ ၁ဝဝဝဝ-၁၁ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၆၅ဝဝ-၇ဝဝဝ ၆၅ဝဝ-၇ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၇ဝဝဝ-၁၈ဝဝဝ ၁၇ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၄ဝဝဝ-၁၅ဝဝဝ ၁၄ဝဝဝ-၁၅ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၇၅ဝဝ-၈ဝဝဝ ၇၅ဝဝ-၈ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၁ဝဝဝဝ-၁၁ဝဝဝ ၁ဝဝဝဝ-၁၁ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၅ဝဝဝ-၅၅ဝဝ ၅ဝဝဝ-၅၅ဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁၃ဝဝ-၁၅ဝဝ ၁၃ဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက် ။ ၆ဝဝဝ-၆၅ဝဝ ၆ဝဝဝ-၆၅ဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၈ဝဝဝ-၉ဝဝဝ ၈ဝဝဝ-၉ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၄၅ဝဝ-၅ဝဝဝ ၄၅ဝဝ-၅ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၂ဝ-၅-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး (၂ဝ-၅-၂ဝ၁၁) ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ်၁။ ငါးကျည်း ပိဿာ ၂ဝဝဝ-၄၅ဝဝ ၂ဝဝဝ-၄၅ဝဝ၂။ ငါးခူ ။ ၂ဝဝဝ-၄၅ဝဝ ၂ဝဝဝ-၄၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၃ဝဝ-၂ဝဝဝ ၁၃ဝဝ-၂၁ဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ-၃၆ဝဝ ၂ဝဝဝ-၃၆ဝဝ၅။ ငါးရံ့ ။ ၂ဝဝဝ-၄ဝဝဝ ၂ဝဝဝ-၄ဝဝဝ၆။ ငါးတန် ။ ၁၈ဝဝ-၃၅ဝဝ ၁၈ဝဝ-၃၅ဝဝ၇။ ငါးသလောက် ။ ၃၅ဝဝ-၂၅ဝဝဝ ၃၅ဝဝ-၂၅ဝဝဝ၈။ ငါးရှဉ့် ။ ၂ဝဝဝ-၃၂ဝဝ ၂ဝဝဝ-၃၂ဝဝ၉။ ငါးခေါင်းပွ ။ ၁၃ဝဝ-၂၆ဝဝ ၁၃ဝဝ-၂၆ဝဝ၁ဝ။ ကကတစ် ။ ၂ဝဝဝ-၅ဝဝဝ ၂ဝဝဝ-၅ဝဝဝ၁၁။ တီလားဗီးယား ။ ၁ဝဝဝ-၁၂ဝဝ ၁၂ဝဝ-၂ဝဝဝ၁၂။ ကသပေါင်း ။ ၂ဝဝဝ-၆ဝဝဝ ၂ဝဝဝ-၆ဝဝဝ၁၃။ ပုစွန်ကျော့ ။ ၁၆ဝဝ-၂၃ဝဝ ၁၆ဝဝ-၂၃ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆၅ဝဝ-၉ဝဝဝ ၆၅ဝဝ-၉ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ-၂၅ဝဝဝ ၁ဝဝဝဝ-၂၅ဝဝဝ
တွံတေးဒေသတွင် ငါးမြစ်ချင်းအစားထိုးငါးများ မွေးမြူလာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ဒေသရှိ ငါးမွေးကန်များတွင် ရေချိုငါးမွေးမြူသူများသည်ငါးမြစ်ချင်း အစား ကကတစ်၊ ရေချိုငါးမုန့်နှင့် တီလားဗီယား ငါးတို့ကို အစားထိုးမွေးမြူ လာကြောင်းသိရသည်။ ''ငါးမွေးသမားတွေအများဆုံး မွေး တဲ့ငါးမြစ်ချင်းက မနှစ်က တစ်နှစ်လုံး အရှုံးပေါ်ခဲ့တယ်။ ဒါကြောင့်် ငါးမြစ် ချင်းအစားထိုးမွေးဖို့စဉ်းစားလာကြတယ်။ ကကတစ်က အသားစားငါးဖြစ်လို့ ငါးမြစ်ချင်း အကောင်ကြီးကြီး အစိတ်သား ၃ဝသား၊ ၄ဝသား အရွယ်တွေနဲ့ ကကတစ် အကောင်သေးတွေ တွဲမွေးလာ ကြတယ်။ တချို့ကြတော့ တရုတ်နဲ့ ထိုင်းဈေးကွက်တွေက အဝယ်ရှိတဲ့ ရေချိုငါးမုန့်နဲ့ တီလားဗီးယားတွေမွေး တဲ့သူတွေလဲရှိတယ်။ မွေးမြူရေးကန် အားလုံးရဲ့ ၃ဝရာခိုင်နှုန်းက အစားထိုး ငါးတွေ မွေးလာကြပြီ။ ၇ဝရာခိုင်နှုန်းကတော့ ငါးမြစ်ချင်းတွေ ဆက်မွေးတယ်။ ဆက်မွေးတဲ့ ပုံစံက ဖြစ်သလို မွေးတဲ့ ပုံစံမျိုး၊ ကန်ထဲ ငါးမြစ်ချင်းတွေထည့်ပြီး အစာကို ထိန်းကျွေးတဲ့စနစ်နဲ့ ဆက်မွေးကြတယ်။ လက်ရှိအစာဈေးနဲ့ ဆက်ကျွေးပြီး မွေးရင် ကန်သမားတွေ ရှုံးမှာသေချာတယ်''ဟု တွံတေးမြို့နယ် ရှိ ရေခိုျငါးမွေးမြူရေးအသင်းမှ ဦးဝင်း ကျော်က ပြောပြသည်။ မြန်မာနိုင်ငံတွ် ငါးမွေးဧက ၂သိန်း ၁သောင်းကျော်အနက် တွံတေးမြို့နယ် တွင် ငါးမွေးဧက ၃သောင်း၁ထောင် ကျော်ရှိခဲ့ကြောင်း သိရသည်။ SN
တိုင်းရင်းအလှမွေးငါးများ ပြည်ပက ဝယ်ယူမှုရှိနေ တိုင်းရင်းအလှမွေးငါးများကိုစင်ကာပူ၊မလေးရှားနှင့်ထိုင်းစသည့်ပြည်ပ နိုင်ငံများက ဝယ်ယူမှုရှိနေကြောင်းသိရ သည်။ ''အလှမွေးငါးတွေထဲကတိုင်းရင်း ဇာတိငါးတွေရယ်၊မြန်မာပြည်ရောက်နေပြီး မြန်မာပြည်မှာ ပြန်ဖောက်တဲ့ငါး မျိုးတွေကိုပြည်ပကဝယ်ယူမှုရှိနေတယ်။ ပို့တဲ့အခါ ဖော့ပုံးတွေနဲ့ လေကြောင်း လိုင်းကနေတင်ရတာ။ဖော့ပုံးတစ်ပုံးဆို ရင် ငါးအရွယ်အစားပေါ်မူတည်ပြီး ထည့်ရတာ။ ငါးအရွယ်ကြီးရင် အကောင် ၅ဝ လောက် ဆံ့တယ်။ငါးအရွယ်သေးရင် အကောင်ရေ ၇ဝဝနဲ့ ၈ဝဝလောက်ထည့်လို့ရတယ်။တိုင်းရင်း ငါးတွေထဲက ငါးသဖွဲ၊ ငါးစော်ဘွား၊ ငါးသူငယ်၊ ငါးသလဲထိုး ၊ငါးပြားစင်းနဲ့ ငါးခုံးမတို့အဝယ်ရှိနေတယ်။ ငါးသဖွဲ ဆိုရင် ပြည်တွင်းမှာ အခြောက်လှန်းပြီး နို့ဆီဘူးနဲ့ ရောင်းရင်တစ်ဘူးကို ၂၅ကျပ် လောက်ပဲရတဲ့ငါးပါ။ ပြည်ပပို့ဖို့ လက် ခွဲ အလှမွေးငါးမွေးမြူရေးသမားတွေ ဆီက ဝယ်ရင် တစ်ကောင်ကို ၃ဝကျပ် ကနေ ၅ဝကျပ်အထိပေးဝယ်ရပါတယ်'' ဟု Hein Aquarium က ဦးတင်ဝင်း က ပြောပြသည်။ အဆိုပါအလှမွေးငါးမျိုးများအနက် ငါးသလဲထိုးကိုတနင်္သာရီတိုင်းဒေသကြီး သံဖြူဇရပ်၊ဘုရားသုံးဆူဘက်ကလည်း ကောင်း၊ ငါးခုံးမကို ပြင်ဦးလွင်တွင် လည်းကောင်း၊ငါးပြားစင်းကိုဧရာဝတီ တိုင်းဒေသကြီးတွင်လည်းကောင်း၊ငါးသဖွဲ၊ ငါးစော်ဘွားနှင့်ငါးသူငယ်တို့ကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုန်းနှင့် အင်း လေးဒေသတို့်မှ ဖမ်းယူရရှိကြောင်းသိရသည်။ KMT
၂ဝ၁ဝ-၂ဝ၁၁ အတွင်း အိန္ဒိယနိုင်ငံ ပင်လယ်စာ တင်ပို့မှုတိုးတက် ၂ဝ၁ဝ-၂ဝ၁၁ အတွင်း အိန္ဒိယနိုင်ငံ ပင်လယ်စာတင်ပို့မှု က နှစ်အလိုက်တင်ပို့မှု ၂၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ကာ ဝင်ငွေကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရရှိခဲ့တယ်လို့ သိရတယ်။၎င်းပမာဏက ရည်မှန်းချက်ကို ကျော်လွန်ခဲ့ ကြောင်း ၊ ဂျပန်နဲ့ ဥရောပဈေးကွက်တွေကို သင်္ဘောတင်ပို့မှု တိုးတက်ခဲ့ရာ ပို့ကုန်ပမာဏတိုးတက်ကြောင်းသိရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း ပင်လယ်စာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံသာရရှိခဲ့ပြီး ၂ဝ၁ဝ- ၂ဝ၁၁ မှာ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံသာရရှိမယ် ခန့်မှန်းထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အနက်ရောင် ပုစွန်ကြား(Black Tiger Shrimp) နဲ့ အေးခဲ ပြည်ကြီးငါး တို့ကို ဥရောပ၊ ဂျပန်နဲ့ အမေရိကန်မှ ဝယ်လို အားများလာပြီး တင်ပို့မှုတိုးတက်ကာ ဝင်ငွေပမာဏစံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ်အတွင်း ပင်လယ်စာတင်ပို့မှုစုစုပေါင်း မှာ ဥရောပကို ၂၆ ရာခိုင်နှုန်း၊ ဂျပန်ကို ၂ဝ ရာခိုင် နှုန်းနဲ့ အမေရိကန်ကို ၁၇ ရာခိုင်နှုန်းတင်ပို့ခဲ့ရကြောင်း၊ အဓိက တင်ပို့ရတဲ့ ပင်လယ်စာတွေမှာ အနက်ရောင်ပုစွန်ကြား၊ လတ်ဆတ်တဲ့ ပုဇွန်၊ အေးခဲထားတဲ့ ငါးမျိုးမျိုး၊ အေးခဲထားတဲ့ တူနာငါးနဲ့ ပြည်ကြီးငါးတို့ဖြစ်ကြောင်း သိရ ပါတယ်။ ပပSource:economictimes,indiatimes.com
ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများ ၉-၅-၂ဝ၁၁ ရက်နေ့ မှ ၁၁-၅-၂ဝ၁၁ ရက်နေ့ထိ (ယခင်) (ယခု)အမျိုးအစား ရေတွက်ပုံ ဈေးနှုန်း ဈေးနှုန်းပဲဖတ် တစ်ပိဿာ ၆၈ဝိ/- ၆၇ဝိ/-နှမ်းဖတ် ။ ၆၃ဝိ/- ၆၄ဝိ/-ပဲပုပ်ဖတ် ။ ၉၂ဝိ/- ၉၃ဝိ/-ပဲပုပ်စေ့ ။ ၉ဝ၅ိ/- ၉ဝဝိ/-ဖွဲနု ။ ၂၃၅ိ/- ၂၃၅ိ/-ပုစွန်ဖွဲ ။ ၆၅ဝိ/- ၆၈ဝိ/-နေကြာ ။ ၅ဝဝိ/- ၄၈ဝိ/-ပန်းနှမ်း ။ ၅ဝ၅ိ/- ၅ဝဝိ/-ငါးဂုံးညို ။ ၁၂ဝဝိ/- ၁၂ဝဝိ/-ငါးဝိုင်း ။ ၁၁၅ဝိ/- ၁၁၅ဝိ/-ပဲမှုန့် ။ ၄၂ဝိ/- ၄၂ဝိ/-မုန်ညင်း ။ ၅ဝဝိ/- ၄၅ဝိ/-ပဲတီစိမ်းမှုန့် ။ ၄၂ဝိ/- ၄၂ဝိ/-ခရုမှုန့် ။ ၉ဝိ/- ၉ဝိ/-ပြောင်းဆန် ။ ၃၄ဝိ/- ၃၃ဝိ/-ဆန်ကွဲ ၂+၃+၄ တစ်အိတ် ၈၂ဝဝိ/- ၈၃ဝဝိ/-ငါးပေါင်းမှုန့် တစ်တန် ၉ သိန်း ၉ သိန်းTMA,MAPT(YGN)
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်း စဉ် အမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ် (ကျပ်/ပိဿာ)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၅ဝဝဝ-၁၅၅ဝဝ ၁၅ဝဝဝ-၁၅၅ဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁၄ဝဝဝ-၁၅ဝဝဝ ၁၅ဝဝဝ-၁၅၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၁၄ဝဝဝ-၁၄၅ဝဝ ၁၃ဝဝဝ-၁၃၅ဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၁ဝဝဝဝ-၁၂ဝဝဝ ၁ဝဝဝဝ-၁၂ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁၃ဝဝဝ-၁၄ဝဝဝ ၁၃၅ဝဝ-၁၄၅ဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁၃ဝဝဝ-၁၄ဝဝဝ ၁၃ဝဝဝ-၁၄ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၉ဝဝဝ-၁ဝဝဝဝ ၉ဝဝဝ-၁ဝဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၇ဝဝဝ-၁၈ဝဝဝ ၁၇ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁ဝဝဝဝ-၁၁ဝဝဝ ၁ဝဝဝဝ-၁၁ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၆ဝဝဝ-၆၅ဝဝ ၆၅ဝဝ-၇ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၇ဝဝဝ-၁၇၅ဝဝ ၁၇ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၄ဝဝဝ-၁၄၅ဝဝ ၁၄ဝဝဝ-၁၅ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၈ဝဝဝ-၈၅ဝဝ ၇၅ဝဝ-၈ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၁ဝဝဝဝ-၁၁ဝဝဝ ၁ဝဝဝဝ-၁၁ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၅ဝဝဝ-၅၅ဝဝ ၅ဝဝဝ-၅၅ဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁၃ဝဝ-၁၅ဝဝ ၁၃ဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက် ။ ၅ဝဝဝ-၅၅ဝဝ ၆ဝဝဝ-၆၅ဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၈ဝဝဝ-၉ဝဝဝ ၈ဝဝဝ-၉ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၄ဝဝဝ-၄၅ဝဝ ၄၅ဝဝ-၅ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁၃-၅-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ်၁။ ငါးကျည်း ပိဿာ ၂ဝဝဝ-၄၅ဝဝ ၂ဝဝဝ-၄၅ဝဝ၂။ ငါးခူ ။ ၂ဝဝဝ-၄၅ဝဝ ၂ဝဝဝ-၄၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၃ဝဝ-၂ဝဝဝ ၁၃ဝဝ-၂ဝဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ-၃၅ဝဝ ၂ဝဝဝ-၃၆ဝဝ၅။ ငါးရံ့ ။ ၂ဝဝဝ-၄ဝဝဝ ၂ဝဝဝ-၄ဝဝဝ၆။ ငါးတန် ။ ၁၈ဝဝ-၃၅ဝဝ ၁၈ဝဝ-၃၅ဝဝ၇။ ငါးသလောက် ။ ၃၄ဝဝ-၂၅ဝဝဝ ၃၅ဝဝ-၂၅ဝဝဝ၈။ ငါးရှဉ့် ။ ၂ဝဝဝ-၃ဝဝဝ ၂ဝဝဝ-၃၂ဝဝ၉။ ငါးခေါင်းပွ ။ ၁၃ဝဝ-၂၅ဝဝ ၁၃ဝဝ-၂၆ဝဝ၁ဝ။ ကကတစ် ။ ၂ဝဝဝ-၅ဝဝဝ ၂ဝဝဝ-၅ဝဝဝ၁၁။ တီလားဗီးယား ။ ၁၂ဝဝ-၂ဝဝဝ ၁ဝဝဝ-၁၂ဝဝ၁၂။ ကသပေါင်း ။ ၂ဝဝဝ-၆ဝဝဝ ၂ဝဝဝ-၆ဝဝဝ၁၃။ ပုစွန်ကျော့ ။ ၁၇ဝဝ-၂၇ဝဝ ၁၆ဝဝ-၂၃ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆၅ဝဝ-၉ဝဝဝ ၆၅ဝဝ-၉ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ-၁၅ဝဝဝ ၁ဝဝဝဝ-၂၅ဝဝဝ
ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၃၁ သန်းကျော်ရရှိ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်၏ ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၃၁ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ''ဧပြီလ ၁ ရက်ကနေ ၃ဝ ရက်နေ့အထိ ပုံမှန်ကုန်သွယ်ရေးကနေ ဒေါ်လာ ၁၇.၆၉ဝ သန်း၊ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဒေါ်လာ ၃ ဒသမ ၃၃၃ သန်း၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဒေါ်လာ ၂ ဒသမ ဝ၁၂ သန်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ ၆၉၇ သန်း၊ မြိတ်နဲ့မောင်တောနယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ၁၄၈ သန်း၊ ကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၂ ဒသမ ၆၂၂ သန်း၊ ငါးရှဉ့် တင်ပို့မှုကနေ ဒေါ်လာ ၁ ဒသမ ၁၅၉ သန်း၊ ရေချိုငါးတင်ပို့မှုကနေ ဒေါ်လာ ၇ ဒသမ ၇ဝ၁ သန်းစသည်ဖြင့် ရေထွက်ကုန်တင်ပို့မှုကနေ ဒေါ်လာ ၃၁ ဒသမ ၄၅၄ သန်းရရှိခဲ့ပါတယ်''ဟု ယင်းဌာနက တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ အဆိုပါရေထွက်ကုန်တင်ပို့မှု ဝင်ငွေများထဲတွင် အလှမွေးငါး တင်ပို့မှုက ရရှိသည့်ဝင်ငွေများ ပါဝင်ကြောင်း သိရသည်။ KMT
ငါးမြစ်ချင်းကို အရှေ့အလယ်ပိုင်းက ဝယ်ယူမှုမှာ ဈေးကွက်အရသာ ဝယ်အားရှိခြင်းဖြစ် ငါးမြစ်ချင်းကို အရှေ့အလယ်ပိုင်းဒေသများက ဝယ်ယူမှုများရှိနေခြင်းကြောင့် တင်ပို့ရောင်းချနေရသော်လည်း ဈေးကွက်အရသာ ဝယ်အားရှိခြင်းဖြစ်ကြောင်း ရေထွက်ကုန် ပစ္စည်းတင်ပို့သူများထံက သိရသည်။ ''ငါးမြစ်ချင်းက လိုသလောက် တင်ပို့နိုင်တဲ့အနေအထားရှိ နေပါတယ်။ အခု အရှေ့အလယ်ပိုင်းက စဝယ်တာတွေ့ရပေ မယ့် အင်နဲ့အားနဲ့မရှိသေးပါဘူး။ ဈေးကွက်အရသာ ဝယ်အား ရှိတဲ့ သဘောမိုျးဖြစ်တော့ ဈေးနှုန်းကို ဆွဲခေါ်လို့မရသေး ပါဘူး။ အရှေ့အလယ်ပိုင်းဒေသတွေကို တင်ပို့ ရောင်းချမယ် ဆိုရင်Rules & Regulation တွေ သတ်မှတ်ထားတာဟာ ၂ဝ၁၁ ခုနှစ်၊ မေလ ၁ ရက်က စတင်မယ်လို့ သိရပါ တယ်။ အဓိကကတော့Food Safety ဆိုင်ရာ သတ်မှတ်ချက် တွေလို့ သိရပါတယ်''ဟု လှိုင်သာယာ စက်မှုဇုန်အခြေစိုက် ငါးမြစ်ချင်းများမွေးမြူတင်ပို့နေသူတစ်ဦးက ပြောပြသည်။ မြန်မာနိုင်ငံတွင် ငါးမွေးမြူ ရေးဧက နှစ်သိန်းတစ်ထောင် ကျော်တွင် ငါးမြစ်ချင်းများကို ၈ဝ ရာခိုင်နှုန်း မွေးမြူခဲ့ကြပြီး၊ယခုနှစ်တွင် ငါးမြစ်ချင်းကို လျော့ချ၍ အခြားပြည်ပဈေးကွက် ရှိ ငါး၊ ပုစွန်များဖြစ်သော ငါးတန်၊ ပုစွန်နှင့် ကကတစ်ငါး များကို ပိုမိုမွေးမြူလာကြောင်း သိရသည်။ SN
