Main menu

Background

Wednesday, 30 Mar 2011

ငါးမွေးကန်အချို့တွင် ငါးသေဆုံးမှုများဆက်ရှိနေ                    ငါးမွေးကန်အချို့တွင် ငါးသေဆုံး မှုများ ဆက်လက်ရှိနေသေးကြောင်း ငါး မွေးလုပ်ငန်းရှင်များထံက သိရသည်။ ''ငါးမွေးကန်အချို့မှာ ဖေဖော်ဝါရီ နောက်ဆုံးအပတ်နဲ့ မတ်လပထမပတ်လောက်အထိ နေပူပြင်းလာတဲ့အတွက် အချို့ငါးကန်တွေထဲက ငါးတွေသေဆုံးမှုဖြစ်ခဲ့တယ်။ မတ်လ ဒုတိယပတ်လောက်က မိုးရွာမှုနဲ့ အအေးဒဏ်တွေ ကြောင့် ငါးအသေအပျောက် ပါးသွားတယ်။ ဒါပေမဲ့ အသေကတော့ ရှိနေတုန်းပဲ။ ဒီရက်တွေထဲ (မတ်လ နောက်ဆုံးပတ်)မှာ နေပြန်ပူလာတဲ့အတွက် ငါး အသေအပျောက် ထပ်ဖြစ်လာ တယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး တောင်ပိုင်းဒေသတို့မှာ ငါးအသေအပျောက်တွေရှိတယ်'' ဟု ငါးမွေးမြူရေး အသင်းမှ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပြ သည်။ မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးဧက နှစ်သိန်း တစ်သောင်းကျော်ရှိပြီး ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မွေးဧကတစ်သိန်း ကျော်ရှိနေသည်ဟုဆိုသည်။ M.N

Wednesday, 30 Mar 2011

စံပြငါးဈေးသို့ မော်တော်ကားနှင့် ရေယာဉ် ငါးစီးခန့်သာအဝင်ရှိခဲ့                 ၂ဝ၁၁ ခုနှစ် မတ်လစတုတ္ထ ပတ်တွင်စံပြငါးဈေးသို့ မော်တော်ကားနှင့် ရေယာဉ် ငါးစီးခန့်သာအဝင် ရှိနေကြောင်း ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီးမှ သိရှိရသည်။                    ''မတ်လတတိယပတ်မှာလဲ ရာသီ ဥတုအခြေအနေကြောင့် ငါးဖမ်းစက် လှေတချို့ ပင်လယ်ကိုငါးဖမ်းနားကြတယ်။ အရင်က ရာသီဥတုအခြေအနေ ကိုဂရုမစိုက်ကြပေမဲ့ နာဂစ်ဖြစ်ပြီးတဲ့ နောက်ပိုင်း၊ ဂီရီဝင်ပြီးတဲ့နောက်ပိုင်းမှာ ငါးဖမ်းတဲ့သူတွေ ဟာ အကြောက်တရားနဲ့ရာသီဥတုအခြေအနေကို သေချာနားထောင်တယ်။ မုန်တိုင်းရှိနိုင်တယ်ဆိုရင်ပဲ ငါးဖမ်း မထွက်ကြတော့ဘူး။ အဲဒီလို ရက်မျိုးဆိုရင် စံပြငါးဈေးကိုငါးအဝင်နည်းတယ်။ မတ် ၁၉ ရက်မှာ ငါးပိဿာချိန် ၁၄ဝ၆၂၅ ပိဿာပဲ အဝင်ရှိခဲ့တယ်'' မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြ ငါးဈေးကြီးသို့ ယခင်က မော်တော်ကားနှင့် ရေယာဉ် ၂၅ စီးစာ ရေချိုငါးများ ပုံမှန်အဝင်ရှိ ခဲ့သည်ဟုဆိုသည်။           M.N

Wednesday, 30 Mar 2011

၂ဝ၁၁ မှာ ပုစွန်မွေးမြူရေးလုပ်ငန်း ဦးမော့လာ                  ၂ဝ၁၁ ခုနှစ်အတွင်း ပုစွန်လုပ်ငန်း ဦးမော့လာကြောင်း ပုစွန်မွေးမြူသူများ ထံကသိရသည်။ ''၂ဝဝ၆ ခုနှစ်မတိုင်မီက ပုစွန်တန် ချိန် ၁၇ဝဝ ခန့် တင်ပို့နိုင်ခဲ့ပေမယ့် ယခု ဆယ်ကဏန်းလောက်သာ ရှိနေပါတယ်။ Extensive Plus  နဲ့သဘာဝ သားပေါက်မွေးမြူရေးကို မွေးမြူနိုင်ဖို့ လိုပါတယ်။ ဒါမှဈေးကောင်းရမှာဖြစ်ပါတယ်။ ရေချိုပုစွန်နဲ့ ပုစွန်ကျားမပို့နိုင်ပေမယ့် Pink နဲ့ White  ကိုပိုပြီး တင်ပို့နိုင်ပါတယ်။ ပုစွန်မွေးမြူရေးကို ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့မှာ အခက်အခဲကြားကနေ တိုးတက်အောင်ထိန်းသိမ်းမွေးမြူနိုင်ခဲ့တာတွေ့ ရပါတယ်။ မြန်မာ-ပုစွန်မွေးသမားတွေအနေနဲ့ အဲဒါကိုနမူနာယူပြီး နည်း လမ်း ရှာဖို့လိုပါတယ်'' ဟု ပုစွန်မွေးမြူရေး လုပ်ငန်းရှင် တစ်ဦး က ပြောကြားသည်။်             မြန်မာနိုင်ငံတွင် ပုစွန်မွေးမြူရေး လုပ်ငန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသများတွင်ပါ အောင်မြင်စွာလုပ်ကိုင်နေ ပြီ ဖြစ်သည်။M.N

Wednesday, 30 Mar 2011

ယခုကာလ အင်းအိုင်ချောင်းငါးများ အဝင်နည်းသော်လည်း မွေးမြူရေးငါးနဲ့ မြစ်ငါးများ မန္တလေးဈေးကွက်သို့ ပုံမှန်ဝင်               မန္တလေးမြို့၊ သီရိမာလာဈေးရှိ ငါးဒိုင်များသို့ လတ်တလောတွင် အင်းအိုင်ချောင်းငါးများအဝင်နည်းစ ပြုသော်လည်း မွေးမြူရေးငါးနဲ့ မြစ်ငါးများ ပုံမှန်ဝင်လျက်ရှိ၍ ဈေးကွက်အတွင်းလုံလောက်မှုရှိကြောင်း သိရပါတယ်။ ကမ္ဘာကျော်ငါးဒိုင်မှ ဦးကျော်က '' မန္တလေးဈေးကွက်ကို ရန်ကုန်က မြစ်ငါးပိဿာချိန် ၁၅ဝဝဝ နဲ့ ၂ဝဝဝဝ ကြားနေ့စဉ်ဝင်နေတယ်။ ငါးဈေးက သယ်ယူစရိတ်မြင့်တဲ့အတွက် တစ်ပိဿာ ၁ဝဝ ကျပ်၊ ၂ဝဝ ကျပ် လောက်မြင့်လာတယ်။ ဒီရက်ပိုင်းပုစွန်အဝင်နည်းတယ်။ မန္တလေးမွေးမြူရေးကန်တွေက ငါးခူ၊ ငါးကြင်း၊ ငါးတန်၊ ငါးခုံးမ၊ ငါးမုတ်ဝင်တယ်။ အင်းအိုင်ချောင်းငါးအတွက် မွေးမြူရေးငါးနေရာယူလာတာ'' ဟုပြောပါတယ်။ သီရိမာလာဈေးငါးဒိုင်များသို့ ဝင်ရောက်သည့်ငါးများကို မန္တလေးမြို့တွင်းနဲ့ အထက်မြန်မာဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိပါတယ်။ ယခုတစ်ပတ် ငါးဈေးနှုန်းမှာ ရန်ကုန်ငါး (ငါးမြစ်ချင်း)အကြီး တစ်ပိဿာ ၂၄ဝဝ ကျပ်၊ အလတ် ၂၃ဝဝ ကျပ်၊ အသေး ၂၁ဝဝ ကျပ်၊ (ငါးတန်)အကြီး ၂၇ဝဝ ကျပ်၊ အလတ် ၂၃ဝဝ ကျပ်၊ အသေး ၂ဝဝဝ ကျပ်၊ (ငါးအုံတုံ) အကြီး ၂၇ဝဝ ကျပ်၊ အလတ် ၂၃ဝဝ ကျပ်၊ အသေး ၂၁ဝဝ ကျပ်၊ (ငါးရံ့) အကြီး ၄၅ဝဝ ကျပ်၊ အလတ် ၃၅ဝဝ ကျပ်ဈေးရှိ၍ မန္တလေးငါးဈေးနှုန်းမှာ ငါးခူ ၂၄ဝဝ ကျပ်၊ ငါးကြင်း ၂၃ဝဝ ကျပ်၊ ငါးတန် ၂၃ဝဝ ကျပ်၊ ငါးခုံးမ ၁၇ဝဝ ကျပ်၊ ဆလားဗီးယား ၂၂ဝဝ ကျပ်၊ ငါးမုတ် ၁၈ဝဝ ကျပ်နဲ့ ရန်ကုန် ကန်ပုစွန် (ဆပ်ထုပ်ကြီး) ၁၃၅ဝဝ ကျပ်၊ အလတ် ၁၂ဝဝဝကျပ်၊ အသေး ၁၁ဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ကန်ပုစွန်ဈေးမှာ ယခုတစ်ပတ်အဝင်နည်း၍ တစ်ပိဿာကို ၅ဝဝ ကျပ်နဲ့ ၁ဝဝဝ ကျပ်ကြား ဈေးမြင့်လာကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။                                                                  ဇူးဇူး

Sunday, 20 Mar 2011

ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများအမျိုးအစား             ရေတွက်ပုံ            ဈေးနှုန်းပဲဖတ်                     တစ်ပိဿာ           ၇ဝဝိ/-နှမ်းဖတ်                        ။                    ၆၆ဝိ/-ပဲပုပ်ဖတ်                       ။                  ၉၃ဝိ/-ပဲပုပ်စေ့                        ။                   ၉ဝဝိ/-ဖွဲနု                               ။                 ၂၆ရိ/-ပုစွန်ဖွဲ                          ။                  ၅၂ဝိ/-နေကြာ                        ။                   ၅၃ဝိ/-ပန်းနှမ်း                        ။                 ၅၄ဝိ/-ငါးဂုံးညို                         ။              ၁၁ဝဝိ/-ငါးဝိုင်း                          ။              ၁ဝဝဝိ/-ပဲမှုန့်                            ။               ၄ဝဝိ/-မုန်ညင်း                       ။               ၅၃ဝိ/-ပဲတီစိမ်းမှုန့်                   ။               ၄ဝဝိ/-ခရုမှုန့်                          ။                ၈ဝိ/-ပြောင်းဆန်                   ။              ၃၁ဝိ/-ဆန်ကွဲ ၂+၃+၄        တစ်အိတ်       ၈၅ဝဝိ/-ငါးပေါင်းမှုန့်           တစ်တန်          ၈.၅ သိန်းTMA,MAPT(YGN)

Sunday, 20 Mar 2011

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                              ရေတွက်ပုံ                ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)         ပိဿာ                ၁၃ဝဝဝ-၁၄ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)           ။                     ၁ဝဝဝဝ-၁၁ဝဝဝ၃ ဖျာပုံပုစွန်ခိုျခြောက်ကြီး (ရိုးရိုး)             ။                      ၁၁ဝဝဝ-၁၁၅ဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)           ။                     ၇၈ဝဝ-၈၂ဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)                    ။                      ၈ဝဝဝ-၉ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                     ။                       ၅ဝဝဝ-၆ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)                      ။                      ၉ဝဝဝ-၁ဝဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                      ။                       ၆ဝဝဝ-၇ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                            ။                    ၁၈ဝဝဝ-၁၉ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                        ။                     ၁ဝဝဝဝ-၁၁ဝဝဝ၁၁ ငါးေြွမထိုးခြောက်                              ။                       ၆ဝဝဝ-၆၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး                                 ။                     ၁၇ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ်                              ။                      ၁၅ဝဝဝ-၁၆ဝဝဝ၁၄ ငါးရံ့လုံးခြောက်                                  ။                       ၆၅ဝဝ-၇ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                              ။                      ၈၅ဝဝ-၉ဝဝဝ၁၆ ငါးပုတ်သင်ခြောက်                              ။                       ၄ဝဝဝ-၄၅ဝဝ၁၇ ငါးတံခွန်လုံးခြောက်                             ။                       ၁၃ဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက်                                    ။                        ၄ဝဝဝ-၄၅ဝဝ၁၉ ငါးမန်းသားတွဲခြောက်                          ။                         ၈၅ဝဝ-၉ဝဝဝ၂ဝ ငါးနှပ်ချိုခြောက်                                  ။                       ၃ဝဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁၈-၃-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Sunday, 20 Mar 2011

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၁၈-၃-၂ဝ၁၁)                    ဈေးနှုန်းး (ကျပ်)စဉ် ငါးအမျိုးအမည်           ရေတွက်ပံုံံ          နိမ့််       ့ မြင့်၁။ ငါးကျည်း                      ပိဿာ            ၁၈ဝဝ    ၄ဝဝဝ၂။ ငါးခူ                                 ။                ၁၈ဝဝ    ၄ဝဝဝ၃။ ငါးမြစ်ချင်း                        ။                ၁၂ဝဝ   ၂ဝဝဝ၄။ ငါးကြင်း                           ။                ၂ဝဝဝ     ၃၆ဝဝ၅။ ငါးရံ့                                ။                 ၁၈ဝဝ    ၄ဝဝဝ၆။ ငါးတန်                            ။                ၁၈ဝဝ     ၃၅ဝဝ၇။ ငါးသလောက်                   ။                ၃ဝဝဝ  ၁၉ဝဝဝ၈။ ငါးရှဉ့်                              ။              ၁၇ဝဝ     ၃၂ဝဝ၉။ ငါးခေါင်းပွ                        ။               ၁၂ဝဝ    ၂၅ဝဝ၁ဝ။ ကကတစ်                      ။               ၂၅ဝဝ     ၅၅ဝဝ၁၁။ တီလားဗီးယား                ။              ၁၂ဝဝ     ၁၉ဝဝ၁၂။ ကသပေါင်း                    ။              ၂၅ဝဝ     ၂၅ဝဝ၁၃။ ပုစွန်ကျော့                     ။              ၁၆ဝဝ     ၂ဝဝဝ၁၄။ ပုစွန်စပ်ထုပ်                   ။               ၆ဝဝဝ    ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး                   ။              ၉ဝဝဝ    ၂၂ဝဝဝ

Sunday, 20 Mar 2011

 ကချင်ပြည်နယ်ငါးလိုဒေသသို့ အအေးခန်းတွဲပါရထားဖြင့် တင်ပို့ရန်စီစဉ်                 ကချင်ပြည်နယ်ဒေသခံများမှာ ငါးစားသုံးမှု ကျယ်ပြန့် လာသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ကချင် ပြည်နယ် ငါးလို အပ်သည့် ဒေသသို့ အအေးခန်းတွဲပါရထားဖြင့် တင်ပို့နိုင်ရန် စီစဉ်နေကြောင်း ငါးလုပ်ငန်းဦးစီး ဌာနက သိရသည်။ ''ကချင်ပြည်နယ်မှာ ငါးစားသုံးမှုကျယ်ကျယ်ပြန့်ပြန့် ရှိလာတဲ့အတွက် ရန်ကုန်ကနေ ရထားနဲ့ ပို့ဆောင်ရာမှာ ရထားတွဲ မရတဲ့အတွက် လိုအပ်တဲ့သေတ္တာ ၃ဝ လောက်မပို့ နိုင်ခဲ့ပါဘူး။ဒါကြောင့် ကုမ္ပဏီတစ်ခု ကနေ အအေးခန်းတွဲနဲ့ ပါ တင်ပို့နိုင်ဖို့ စီစဉ်နေပါတယ်''ဟု ကချင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ခုျပ်က ဦးမြင့်အေးက ပြောပြသည်။ ယခုအပတ်အတွင်း စံပြငါးဈေးတွင် ဖြစ်ပေါ်ခဲ့သော ငါးဈေးများမှာ ငါးမြစ်ချင်း ၁ ပိဿာလျှင် ၁၂၅ဝ-၂ဝဝဝ ကျပ် ငါးတန် ၁ ပိဿာလျှင် ၂၂ဝဝ-၂၃ဝဝ ကျပ်နှင့် ငါးမုတ် ၁ ပိဿာလျှင် ၁၇ဝဝ-၁၉ဝဝ ကျပ်တို့ ရှိနေသည်ဟု ဆို သည်။ MN

Sunday, 20 Mar 2011

ငါးမြစ်ချင်းများပြည်ပမှ ဝယ်လိုအားကောင်းလာ               ငါးမြစ်ချင်းများ ဈေးနှုန်းအရမြင့်ပေးမှုမရှိသေးသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအား ကောင်းလာကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။ အိတ်စပို့တာများက အအေးခန်းတွေမှာရှိနေတဲ့ငါးတွေ ကို ဆက်လက်ပို့နေတာဖြစ်ပြီး ပြည်တွင်းစားသုံး မှုမှာတိုးမြင့် လာပါတယ်။ငါးမြစ်ချင်း ၂ ကစ အရွယ်ကို ၁ ပိဿာ ၁၈ဝဝ ကျပ်ဖြစ်ပြီး ၂ ကစ အထက်ကို ၁ဝဝ ကျပ်စီတိုးပြီးရှိနေသလို ၂ ကစ အောက်ကို ၁ဝဝ ကျပ်စီလျော့ပြီး ရှိနေပါတယ်။လော လောဆယ် တရုတ်ပြည်ကနေ ငါးမြစ်ချင်းကို စိတ်ဝင်စားလာ တာတွေ့ရတယ်။ ကွင်းဆင်းလေ့လာတဲ့အထိရှိနေတယ်။ တရုတ်ပြည် ကုန်းတွင်းပိုင်းပြည်နယ်တွေက ငါးကိုဆားရေစိမ်ပြီး ငါးဆားနယ်သဘောမိုျး စားသုံးလိုတာတွေ့ရတယ်။ ငါးမြစ်ချင်းအကောင်ကြီး ကို ဗိုက်သားလှီးထုတ်ပြီး နှစ်ခြမ်းခွဲ ဆားရေစိမ်ထားတဲ့ ငါးဆားနယ်ကို ဆန်ပြုတ်နဲ့ စားသုံးကြဖို့ ဖြစ်တယ်လို့ သိရပါတယ်။သူတို့ဝယ်လိုချင်တဲ့အတိုင်း ပြုပြင် ပေးနိုင်ရင် ဝယ်လိုအားရနိုင်ပါတယ်''ဟု ငါးမွေးမြူရေး အသင်း မှ တာဝန်ရှိသူဦးဝင်းကြိုင်က ပြောကြားသည်။ ၂ဝ၁ဝ-၂ဝ၁၁ မတ်လ ၁၃ ရက် အထိ ရေခိုျငါး တင်ပို့မှုက ဒေါ်လာ ၁ဝ၂ ဒသမ ၆၂ သန်းရရှိထားပြီး ဖြစ် သည်ဟု ဆိုသည်။ MN

Sunday, 20 Mar 2011

ပြည်ပသို့တင်ပို့သည့် ငါးအမယ်ပေါင်း ၁၄၄ ဖျိုးရှိနေ                 လတ်တလောအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရောင်းချရာတွင် ငါးအမယ်ပေါင်း ၁၄၄ မျိုးရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ ''ရေလုပ်ငန်းက ပြည်ပကိုတင်ပို့ရာတွင် သယံဇာတမျိုးစုံပါဝင်ပြီး ငါးဦးစီးက စိစစ်တင်ပို့ရာမှာ လတ်တလောအနေနဲ့ အမယ်ပေါင်း ၁၄၄ မျိုးရှိနေပါတယ်။ ဒီအထဲမှာ ရေငန်ငါး ၅၆ မျိုး၊ ရေချိုငါး ၂၈ မျိုး၊ ရေငန်ပုစွန် ၁၁ မျိုး၊ ရေချိုပုစွန် ၂ မျိုးနဲ့အခြား ၄၇ မျိုးတို့ပါဝင်ပါတယ်။ ငါးဦးစီးအနေနဲ့ ပြည်ပပို့ကုန်တွေကို စစ်ဆေးတဲ့အခါ ှSpecies ၊အရေအတွက်၊ အမျိုး အစား၊ အရွယ်တွေမှန်ကန်ဖို့လိုအပ်မှာဖြစ်သလို ဝန်ထမ်းများ အနေဖြင့် ငါးတင်၊ ငါးချဆိပ်ကမ်းများသာမက ငါးကုန် တက်များတွင် ငါးအမျိုးအစားများ မှန်ကန်စွာစစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ယင်းဌာနက ညွှန်ကြားရေးမှူးချုပ်က ပြော ကြားသည်။ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်အတွင်း ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည့် ကုမ္ပဏီ ပေါင်း ၄၂၃ ခု ရှိနေခဲ့သည်ဟု ဆိုသည်။MN

Pages