Background
ဂျပန်၏ရေထွက်ကုန်ဝယ်ယူမှုက လိုသလောက်သာ ဝယ်ယူမှုရှိလာ ဂျပန်နိုင်ငံ၏ရေထွက်ကုန် ဝယ်ယူမှု မှာ ကုန်ပစ္စည်းများကို သိုလှောင်ထားရှိ မှုမိုျးမရှိတော့ဘဲ လိုသလောက်သာ ဝယ်ယူမှုရှိလာကြောင်း ရေထွက်ကုန် ပစ္စည်း တင်ပို့သူများထံက သိရသည်။ ''ဂျပန်ရဲ့ ရေထွက်ကုန်ဝယ်ယူမှုက အရင်က လက်ထဲမှာကိုင်ထားဖို့၊ သိုလှောင်ထားဖို့ အကွက်တွေကိုပါဝယ်ယူမှုရှိခဲ့ပါတယ်။ မတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပျက်စီး ဆုံးရှုံးမှုတွေများခဲ့ပြီး ကိစ္စတော်တော် များများမှာ အပိုအလိုရှိအောင် စနစ် တကျ လုပ်ဆောင်လာတာ တွေ့ရပါ တယ်။ အရင်က လုပ်ငန်းရှင်တွေ စုပြီး စားသောက်ဆိုင်ကောင်း ကောင်း၊ ဟိုတယ်တွေမှာ အစည်းအဝေး သဘောမျိုးလေးတွေကို အစား အသောက်တွေ စားသောက်ရင်း လုပ်တဲ့ဓလေ့ရှိတယ်။ မတ်လ အတွင်း ဖြစ်ခဲ့တဲ့ငလျင်နောက်ပိုင်း အချိန်ဖြုန်း တယ်၊ အပိုကိစ္စလို့ ထင်တာမျိုးတွေ သိပ်မလုပ်ကြတော့ဘူးလို့ ဂျပန်က ရေထွက်ကုန်ဝယ်ယူသူတွေရဲ့ ပြောပြ ချက်အရ သိရတယ်။ ဒါကြောင့် ဟိုတယ်သုံး အရွယ်အစားဆိုဒ်ကြီး ပုစွန်တွေ၊ ဈေးမြင့်မြင့်ပေးရတဲ့ ငါးတွေ အဝယ်ပါးသွားတယ်။ ဈေးအလယ် အလတ်တွေကို တိုးမှာလာတာတွေ့ရတယ်''ဟု ရေထွက်ကုန်များကို ဂျပန် နိုင်ငံသို့ လစဉ် ကွန်တိန်နာ ၁ဝ လုံးခန့် တင်ပို့နေသူ လုပ်ငန်းရှင်ဦးထွန်း အေးက ပြောပြသည်။ KMT
အီးယူက ဗီယက်နမ်ငါးကို ပိုမိုတင်သွင်းလို ဘယ်လဂျီယံရှိ ဥရောပပင်လယ်စာရောင်းချမှု လုပ်ငန်းများမှ ၎င်းတို့အနေနဲ့ နွေရာသီမှာ ဗီယက်နမ်က ငါးမြင်းအုပ်စု ဝင် Tra ငါးကိုပိုမိုတင်သွင်းလိုတယ်လို့ အခိုင်အမာ ပြောကြားခဲ့ကြောင်း ဗီယက်နမ် ပင်လယ်ထွက်ကုန် တင်ပို့သူများနဲ့ ပြုပြင်ထုတ် လုပ်သူများအသင်း (VASEP )မှ ပြောကြားပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဘရာဇီးကလည်း ဗီယက်နမ် Tra ငါးကို ဆက်လက် တင်သွင်းသွားမယ်လို့ ဆိုပါတယ်။ VASEP ဟာ ၂ဝ၁၁ ခုနှစ် တတိယ ၃ လပတ် အတွင်းမှာ ပြည်ပတင်ပို့ဈေးကို တစ်ကီလို ကန်ဒေါ်လာ ဝ ဒသမ ၂- ဝ ဒသမ ၃ တိုးမြှင့်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန်ဈေးကွက်ကို တစ်ကီလို ဒေါ်လာ ၄ ဒသမ ၂ မှ ၄ ဒသမ ၅ ကိုလည်းကောင်း၊ ဥရောပဈေးကွက်တွေကို ကန်ဒေါ်လာ ၃ ဒသမ ၄ မှ ဒေါ်လာ ၃ ဒသမ ၆ ကိုလည်းကောင်း တိုးမြှင့်သတ်မှတ်သွားမယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့လည်း ငါးမွေးမြူသူတွေက အတိုးနှုန်းမြင့်ပြီး သွင်းအားစု ကုန်ကျစရိတ်မြင့်တဲ့အပြင် ချေးငွေရရှိဖို့ ခဲယဉ်း တာကြောင့် ထုတ်လုပ်မှုတိုးမြင့်ရဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ လတ်တလော စီးပွားရေးလုပ်ငန်းရှင်တွေက ငါးတစ်ကီလိုကို ဒေါင်၂၈ဝဝဝ (ကန်ဒေါ်လာ ၁ ဒသမ ၃၆) နဲ့ ဝယ်ယူနေတယ် လို့ သိရပါတယ်။ ယမင်းခင်၊Source: VOV
ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများ၄-၄-၂ဝ၁၁ ရက်နေ့ မှ ၈-၄-၂ဝ၁၁ ရက်နေ့အထိ (ယခင်) (ယခု)အမျိုးအစား ရေတွက်ပံုံံ ဈေးနှုန်း ဈေးနှုန်းပဲဖတ် တစ်ပိဿာ ၇၂ဝိ/- ၇၁ဝိ/-နှမ်းဖတ် ။ ၆၆၅ိ/- ၆၅ဝိ/-ပဲပုပ်ဖတ် ။ ၉၂ဝိ/- ၉၂ဝိ/-ပဲပုပ်စေ့ ။ ၉ဝဝိ/- ၉ဝဝိ/-ဖွဲနု ။ ၂၆၂ိ/- ၂၆၂ိ/-ပုစွန်ဖွဲ ။ ၅၈ဝိ/- ၅၈ဝိ/-နေကြာ ။ ၆ဝဝိ/- ၅၃ဝိ/-ပန်းနှမ်း ။ ၅၄ဝိ/- ၅၃၅ိ/-ငါးဂုံးညို ။ ၁၁၅ဝိ/- ၁၁၅ဝိ/-ငါးဝိုင်း ။ ၁၁ဝဝိ/- ၁၁ဝဝိ/-ပဲမှုန့် ။ ၄၂ဝိ/- ၄၂ဝိ/-မုန်ညင်း ။ ၅၂၅ိ/- ၅၂ဝိ/-ပဲတီစိမ်းမှုန့် ။ ၄၂ဝိ/- ၄၂ဝိ/-ခရုမှုန့် ။ ၈ဝိ/- ၈ဝိ/-ပြောင်းဆန် ။ ၃၃ဝိ/- ၃၄၅ိ/-ဆန်ကွဲ ၂+၃+၄ တစ်အိတ် ၈၉ဝဝိ/- ၈၆ဝဝိ/-ငါးပေါင်းမှုန့် တစ်တန် ၈.၇ သိန်း ၈.၈ သိန်းွှTMA,MAPT(YGN)
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ် (ကျပ်/ပိဿာ)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး(ရှယ်) ပိဿာ ၁၄ဝဝဝ-၁၅ဝဝဝ ၁၅ဝဝဝ-၁၆ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး(ရှယ်) ။ ၁၂ဝဝဝ-၁၃၅ဝဝ ၁၃ဝဝဝ-၁၃၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး(ရိုးရိုး) ။ ၁၂ဝဝဝ-၁၃ဝဝဝ ၁၄ဝဝဝ-၁၅ဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး(ရိုးရိုး) ။ ၉ဝဝဝ-၁ဝဝဝဝ ၁ဝဝဝဝ-၁၁ဝဝဝ၅ မြိတ်ပုစွန်ခြောက်(လတ်) ။ ၉ဝဝဝ-၁ဝဝဝဝ ၁ဝဝဝဝ-၁၁ဝဝဝ၆ မြိတ်ပုစွန်ခြောက်(ရိုးရိုး) ။ ၇ဝဝဝ-၈ဝဝဝ ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက်(ရှယ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ ၁၁ဝဝဝ-၁၂ဝဝဝ၈ ရခိုင်ပုစွန်ခြောက်(ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ ၉ဝဝဝ-၁ဝဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၉ဝဝဝ-၂ဝဝဝဝ ၁၉ဝဝဝ-၂ဝဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁၂ဝဝဝ-၁၃ဝဝဝ ၁၃ဝဝဝ-၁၅ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၆၅ဝဝ-၇ဝဝဝ ၆၅ဝဝ-၇ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၈ဝဝဝ-၁၈၅ဝဝ ၁၈ဝဝဝ-၁၉ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၆ဝဝဝ-၁၇ဝဝဝ ၁၆ဝဝဝ-၁၇ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၆၅ဝဝ-၇၅ဝဝ ၈၅ဝဝ-၉ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၉၅ဝဝ-၁ဝဝဝဝ ၁ဝဝဝဝ-၁၂ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၄၅ဝဝ-၄၈ဝဝ ၅ဝဝဝ-၆ဝဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁၃ဝဝ-၁၅ဝဝ ၁၅ဝဝ-၁၇ဝဝ၁၈ ကလိန်ခြောက် ။ ၄၅ဝဝ-၄၈ဝဝ ၅ဝဝဝ-၅၅ဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၉ဝဝဝ-၉၅ဝဝ ၉ဝဝဝ-၁ဝဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၃၅ဝဝ-၄ဝဝဝ ၄ဝဝဝ-၅ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၂၂-၄-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၂၂-၄-၂ဝ၁၁) ဈေးနှုှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ ယခင်အပတ် ယခုအပတ်၁။ ငါးကျည်း ပိဿာ ၁၈ဝဝ-၅၅ဝဝ ၁၈ဝဝ-၄၅ဝဝ၂။ ငါးခူ ။ ၁၈ဝဝ-၅၅ဝဝ ၁၈ဝဝ-၄၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၃ဝဝ-၂ဝဝဝ ၁၅ဝဝ-၂ဝဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ-၃၆ဝဝ ၂ဝဝဝ-၃၄ဝဝ၅။ ငါးရံ့ ။ ၁၈ဝဝ-၄ဝဝဝ ၂ဝဝဝ-၄၅ဝဝ၆။ ငါးတန် ။ ၁၇ဝဝ-၃ဝဝဝ ၁၃ဝဝ-၃၄ဝဝ၇။ ငါးသလောက် ။ ၃ဝဝဝ-၁၉ဝဝဝ ၃ဝဝဝ-၁၉ဝဝဝ၈။ ငါးရှဉ့် ။ ၂ဝဝဝ-၃၆ဝဝ ၂ဝဝဝ-၃၇ဝဝ၉။ ငါးခေါင်းပွ ။ ၁၃ဝဝ-၂၇ဝဝ ၁၅ဝဝ-၂၈ဝဝ၁ဝ။ ကကတစ် ။ ၂၅ဝဝ-၅၅ဝဝ ၂၅ဝဝ-၆၅ဝဝ၁၁။ တီလားဗီးယား ။ ၁၂ဝဝ-၁၉ဝဝ ၁၂ဝဝ-၁၈ဝဝ၁၂။ ကသပေါင်း ။ ၂၅ဝဝ-၅ဝဝဝ ၃ဝဝဝ-၅၅ဝဝ၁၃။ ပုစွန်ကျော့ ။ ၁၅ဝဝ-၂၃ဝဝ ၁၈ဝဝ-၂၅ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၇ဝဝဝ-၁ဝဝဝဝ ၇ဝဝဝ-၁ဝဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၉ဝဝဝ-၂၂ဝဝဝ ၁၃ဝဝဝ-၂၂ဝဝဝ
အိန္ဒိယနိုင်ငံအစိုးရမှ အချို့လယ်ယာစိုက်ပိုျးရေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ၁ဝဝ ရာခိုင်နှုန်းခွင့်ပြု အိန္ဒိယနိုင်ငံ စက်မှုမူဝါဒနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက "Consolidated FDI Policy-Circular 1 of 2011" ကိုထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းမူဝါဒအရ မိုျးစေ့နဲ့ အပင်ဆိုင်ရာပစ္စည်းများထုတ်လုပ်မှု၊ ပန်းပင်တွေ စိုက်ပျိုး ထုတ်လုပ်မှု၊ သစ်သီးဝလံပန်းမန်စိုက်ပျိုးထုတ်လုပ်မှုနဲ့ ဟင်းသီးဟင်းရွက်နဲ့ မှိုတွေကို ထိန်းချုပ်ထားတဲ့ စည်းကမ်းတွေအရ စိုက်ပျိုးမှုစတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကို ၁ဝဝ ရာခိုင်နှုန်းခွင့်ပြုသွားမှာဖြစ်ပါတယ်။ လက်ရှိကာလတွင် အိန္ဒိယနိုင်ငံမှာ ခွေးမွေးမြူရေးအပါအဝင် တိရစ္ဆာန်မွေးမြူရေး၊ ငါးမွေးမြူရေး၊ ရေသတ္တဝါ မွေးမြူရေး တို့ကိုလည်း ထိန်းချုပ်ထားတဲ့ စည်းကမ်းတွေအောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှခွင့် ၁ဝဝ ရာခိုင်နှုန်း ခွင့်ပြု ပေးထားပြီးဖြစ်ကာ လယ်ယာနဲ့ ဆက်စပ်ကဏ္ဍတွေ စတဲ့ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နံှခွင့် ၁ဝဝ ရာခိုင်နှုန်း ခွင့်ပြုပေးသွားနိုင်ဖွယ်ရှိပါတယ်။ ဆက်လက်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ လက်ဖက်ကဏ္ဍတို့မှာ ၂ဝ၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု အပြည့်အဝခွင့်ပြု ပေးသွားမှာဖြစ်ပါတယ်။ မျိုးမျိုးထိုက်။Source:commodityonline.com
ရေထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ GAP Guide Line ကိုဧပြီ ၁ ရက် ကစတင်ကျင့်သုံး ရေထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများအနေဖြင့်GAP Guide Line ကို ဧပြီ ၁ ရက်ကစတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ငါးဦးစီးထုတ်ပြန်ချက် အရသိရသည်။ ''GAP စနစ်ရဲ့အဓိက စားသုံးသူ တွေဘေးအန္တရာယ်ကင်းစွာ စားသုံးနိုင်အောင် အရည်အသွေးကောင်းအောင် ထုတ်လုပ်ဖို့ဖြစ်ပါတယ်။ ွGAP Guide Line ကို ကျင့်သုံးတဲ့အခါ တစ်နှစ်အတွက် စစ်ဆေးခအနေနဲ့ လေးသောင်း လေးထောင်ကျပ်ကုန်ကျမှာဖြစ်ပြီး GAP Certificate ထုတ်ပေးမှာပါ'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ''ွGAP စနစ်ဟာ လူနေမှုစနစ်မြင့် လာတာကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စားသောက်ကုန်တွေကောင်းအောင် ထုတ်လုပ်ဖို့ပါ၊ အာဆီယံဂျီအေပီ၊ ဂလိုဘယ်လ်ဂျီအေပီ စနစ်တွေရှိပြီး ကျန်းမာရေးအတွက်Up grade လုပ်တာဖြစ်ပါတယ်။ အဲဒီ ကောင်းအောင်လုပ်ဖို့အတွက် ငွေကြေး Financing Program လုပ်ဖို့လိုအပ်ပါတယ်။ တရုတ်ပြည်မှာက National Project လုပ်ရင် National Finance လုပ်ပေးလေ့ရှိပါတယ်'' ဟု GAP စနစ်များနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများ၏ ဆောင်ရွက်ပေးမှုများကို ငါးလုပ်ငန်းအဖွဲ့ချုပ်က ဒုတိယဥက္ကဌဦးနှင်းဦးက သုံး သပ်ပြောကြားသည်။ MN
စားသုံးသူများ ငါးမြစ်ချင်းကို ပိုမိုဝယ်ယူလာ ပြည်တွင်းစားသုံးသူများက ငါးမြစ် ချင်းကို ပိုမိုဝယ်ယူ လာကြောင်း ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးရှိ ငါး အရောင်းဒိုင်များက သိရသည်။ ''အခုချိန်က ပင်လယ်ငါးအတက် ပါးလာတယ်။ ဈေးလဲ မြင့်လာတယ်။ အဲဒီအမြင့်ငါးဈေးက မွေးမြူရေးငါးဈေး တွေကို မီလာတယ်။ ဈေးချင်းတူရင် စား သုံးသူက မွေးမြူရေး ငါးကို ရွေးစားတာပဲ။ မွေးမြူရေးငါးတွေထဲမှာက အဝင်အများဆုံးကလည်း ငါးမြစ်ချင်းဆိုတော့ ငါးမြစ်ချင်းကို ပိုဝယ်လာကြတယ်။ ငါးမြစ်ချင်းက အခုအချိန်မှာ ဖော်ရောင်းသူ များတော့ ဈေးကပုံမှန်ပဲ။ ဈေးက မတက်ဘူး။ ငါးမြစ်ချင်း အရောင်းအဝယ်က ဈေးကွက်ထဲမှာ 2up ကိုအဓိကထား ဈေး ခေါ်ကြတာ၊ ဒီအပတ်ထဲမှာ 2 up တစ်ပိဿာကို ၁၈ဝဝ ကျပ်၊ အရွယ်ကြီးရင် တစ်ပိဿာကို ၁ဝဝ ကျပ်စီတိုးပြီး အရွယ်ငယ်ရင် တစ်ပိဿာကို ၁ဝဝ ကျပ်စီလျော့ပြီး ဈေးပြောကြတယ်'' ဟု ဗဟိုစံပြငါးဈေးမှ ငါးဒိုင်လုပ်ငန်းရှင် ဦးသန်းလွင်က ပြောကြားသည်။ ဈေးကွက်အတွင်းရှိ ငါးမြစ်ချင်းငါး အရွယ်အစားများမှာ (7-9),(9-11), (11-13),(13up),(13-18).(18-24), 2 up,3up နှင့် 4 up စသည်ဖြင့် ဆိုက်ဒ် ၉ မျိုးခွဲထားကြောင်း သိရသည်။ MN
ယူကရိန်းက လစဉ်ငါးပုစွန်ကွန်တိန်နာ သုံးလုံးဝယ်ယူရန် ကမ်းလှမ်း ယူကရိန်းနိုင်ငံက လစဉ်ငါးပုစွန် ကွန်တိန်နာ သုံးလုံးဝယ်ယူရန်ကမ်းလှမ်း လာကြောင်း ရေထွက်ပစ္စည်းထုတ်လုပ် သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များထံက သိရသည်။ ''ယူကရိန်းနိုင်ငံ (Realiltd) ရီလစ် တက်ကုမ္ပဏီက ဒါရိုက်တာနဲ့ အဖွဲ့ဝင် ၂ ဦးတို့ မြန်မာနိုင်ငံကို ဧပြီလဆန်းမှာ ရောက်ရှိခဲ့ပြီး ရေထွက်ပစ္စည်းထုတ်လုပ် သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲအရ သူတို့ဝယ်ယူလိုတဲ့ ပစ္စည်းတွေက ရေချို ပုစွန်ငါးရော ရေငန်ပုစွန်ငါးပါ ပါတယ်။ အထူးသဖြင့် မွေးမြူရေးငါးတန်လဲပါတယ်။ မြန်မာ့ ပို့ကုန်လုပ်ငန်းရှင်တွေက ရောင်းမယ် ဆိုရင် လစဉ်ကွန်တိန်နာ သုံးလုံးပို့ပေးရမှာ။ ဈေးနှုန်းညှိဖို့ပဲ ကျန်တော့တယ်။ ဈေးနှုန်းအဆင်ပြေရင် တင်ပို့ဖြစ်မှာပါ'' ဟု ရေထွက်ပစ္စည်းတင်ပို့သူလုပ်ငန်းရှင် ဦးထွန်းအေးက ပြောကြားသည်။ အဆိုပါယူကရိန်းနိုင်ငံအခြေစိုက် လီမီတက်ကုမ္ပဏီမှာ ယခုအခါဗီယက်နမ်နိုင်ငံက ငါးပုစွန်များ ဝယ်ယူ၍ ယူကရိန်းနိုင်ငံတွင် ရေထွက်ကုန်များကို ပြုပြင်ထုတ်လုပ်ကာ ဂျာမနီနိုင်ငံသို့ တင်ပို့နေသည်ဟုဆိုသည်။ MN
အင်းလုပ်ကွက်များအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ချထားပေးမည် ယခင်က မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ချထားပေးသည့်ဂရန် အင်း၊ ကြေးတိုင်အင်း၊ လေလံအင်း၊ တင်ဒါငါးဖမ်းကွက်များအား ယခုအခါ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဈေးပြိုင်တင်ဒါစနစ်အရ လုပ်ကိုင်ခွင့်များ ချထားပေးသွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာ ဌာနမှ သတင်းရရှိသည်။
