Main menu

Background

Tuesday, 27 Sep 2011

   Domestic Gold Price      Kyats(Thousand) Date Yangon Mandalay19-9-2011 739.50738.50 20-9-2011  761.00 761.50 21-9-2011 768.00 768.00 22-9-2011 753.00 752.00 23-9-2011 743.00 743.50

Tuesday, 27 Sep 2011

       World Gold Price September 2011 (USD/OZ) Date NY Landon Zurich 19 1700 17061802  20 1773 1780 1782 21 1802 1804 1804 22 1770 1767 1774 23 1732 1734 1734

Friday, 23 Sep 2011

World Gold Price                 September 2011 (USD/OZ)Date    NY       London     Zurich12       1833      1835      183613       1824      1826      182014       1829      1834      183115       1818      1820      182316       1781      1784       1788Domestic Gold Price                  Kyats(Thousand)Date          Yangon          Mandalay12-9-2011    726.50         725.9013-9-2011    714.00         713.5014-9-2011    720.00         719.0015-9-2011    731.50         731.0016-9-2011    724.00          723.80

Friday, 23 Sep 2011

တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ် ပထမနှစ်ဝက် ရွှေထုတ်လုပ်မှု မြင့်တက်               ၂၀၁၁ ခုနှစ် ပထမနှစ်ဝက်၌ တရုတ်နိုင်ငံမှ ရွှေထုတ်လုပ်မှုသည် ယခင်နှစ် ကထက် ၃ ဒသမ ၂၅ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၅ ဒသမ ၁၈ တန်မြင့်တက်ခဲ့ပြီး စုစုပေါင်း ၁၆၄ ဒသမ ၄၂ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဇွန်လတစ်လတည်း၌ ရွှေ ၃၂ ဒသမ ၃၉ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်မှစတင်၍ ကမ္ဘာပေါ်၌ ရွှေအများဆုံးထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် စံချိန်တင် တန်ချိန် ၃၄၀ ဒသမ ၈၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း တရုတ်ရွှေထုတ်လုပ်သူများ အသင်းမှ ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းရွှေသုံးစွဲမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅၅ ဘီလီယံ သို့မဟုတ် ယွမ် ၁၁၉ ဒသမ ၅၄ ဘီလီယံရှိ၍ တစ်ကမ္ဘာလုံးစုစုပေါင်းပမာဏ၏ ၁၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ ဇာစ်မြစ်။   ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ဟောင်ကောင်မြို့။ 

Friday, 23 Sep 2011

ရင်းနှီးမြှုပ်နှံသူအချို့က အခြားဈေးကွက်များတွင် ဆုံးရှုံးထားခဲ့မှုများအား ထေမိစေရန် ရွှေကို ပြန်လည်ရောင်းချ            ဂရိကြွေးမြီပြဿနာအပေါ် စိုးရိမ်ပူပန်မှုက ကန်ဒေါ်လာတန်ဖိုးကို မြင့်မား စေခြင်းနဲ့ ရင်းနှီးမြှုပ်နှံသူအချို့က အခြားဈေးကွက်တွေမှာ ဆုံးရှုံးထားခဲ့မှုတွေကို ထေမိစေဖို့ ရွှေကိုပြန်လည်ရောင်းချကြခြင်းတို့ကြောင့် ရွှေဈေးနှုန်းတွေ ဒုတိယ မြောက်နေ့အဖြစ် ကျဆင်းသွားပါတယ်။ စက်တင်ဘာ ၁၂ ရက် စင်ကာပူစံတော်ချိန် နံနက် ၁၀း၅၄ နာရီက ချက်ချင်းအရောက်ပို့ ရွှေက တစ်အောင်စကို ၁၈၄၂ ဒသမ ၂၅ ဒေါ်လာအထိ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး နောက်ပိုင်း ၁၈၅၂ ဒသမ ၈၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ နယူးယောက်မှာ ဒီဇင်ဘာလအရောက်ပို့ရွှေက တစ်အောင်စကို သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ ၁၈၄၄ ဒသမ ၆၀ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၁၈၅၅ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။    Source:Bloomberg.com,ပပ 

Sunday, 4 Sep 2011

World Gold Price                   August 2011 (USD/OZ)Date     NY     London     Zurich29       1804   1770         181330       1788   1791         179131       1829   1831         18331         1818   1800         18232         1821   1826         1826Domestic Gold PriceKyats(Thousand)Date          Yangon Mandalay29-8-2011 692.50  691.8030-8-2011 692.50  692.5031-8-2011 698.00  698.301-9-2011 704.50   704.502-9-2011 709.00    708.80

Tuesday, 30 Aug 2011

World Gold Price   August 2011 (USD/OZ)Date   NY      London        Zurich22      1870    1872           187623      1828    1870           187624     1839     1841           184525     1733    1736            173526     1768    1770            1770Domestic Gold PriceKyats(Thousand)Date             Yangon      Mandalay22-8-2011       685.00      684.0023-8-2011       693.00      692.3024-8-2011       690.00      690.3025-8-2011       689.50     688.5026-8-2011       687.00     685.80

Tuesday, 30 Aug 2011

လောလောဆယ် အနေအထားအရ ကမ္ဘာတစ်ဝန်းတွင် ရွှေသည်သာလျှင် ငွေကြေးဖြစ်လာ                   အမေရိကန်နဲ့ အီးယူဒေသမှာ ရင်ဆိုင်နေရတဲ့ေြွကးမြီပြဿနာတွေကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တုံ့ ဆိုင်းသွားနိုင်တယ်လို့ စိုးရိမ်လာကြပြီး ကမ္ဘာ့အနံှ့ ဗဟိုဘဏ်တွေနဲ့ ရင်းနှီးမြှုပ်နံှ သူတွေက ရွှေကိုသာ ဝယ်လိုအားမြင့် မားလာကြတယ်။ ဒါကြောင့် ရွှေဈေးနှုန်းက နှစ် ၃ဝ ကျော် ကာလအတွင်း အမြင့်ဆုံးနှုန်းနဲ့ ဆက်လက်မြင့်မား ဦးမယ်လို့ သုံးသပ်ကြတယ်။ အဓိကမှာ နှစ်ကုန်ပိုင်းကာလကချက်ချင်းအရောင်းရွှေတစ်အောင်စကို ကန်ဒေါ်လာ၂ဝဝဝ အထိ ရောက်ရှိနိုင်ကြောင်း သု တေ သီတွေက ခန့်မှန်းကြတယ်။  ၎င်း ဈေးနှုန်းအထိ မြင့်မားပါက ယခုနှစ်အတွင်း ရွှေဈေးနှုန်း ၄ဝ ရာခိုင် နှုန်း မြင့်မားခြင်းဖြစ်ကြောင်း ၊ ၁၉၇၉ ခုနှစ်က တစ်နှစ်အတွင်း ရွှေဈေးနှုန်း ၁၂၇ ရာခိုင်နှုန်းအထိ မြင့်မားဖူးကြောင်း Bloomberg စာရင်းဇယား အချက် အလက်တွေအရ သိရတယ်။ သြဂုတ် ၂၂ရက်သတင်းအရ ချက်ချင်းအရောင်း ရွှေက တစ်အောင်စကို ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားကာ ၁၈၈၁ ဒသမ ၇၅ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၁၈၇၉ ဒသမ ၇ဝ ဒေါ်လာနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရတယ်။ လောလော ဆယ်အနေအထားအရ ကမ္ဘာတစ်ဝန်း မှာ ရွှေကိုသာ ငွေကြေးဖြစ်လာတယ်လို့ ဆိုရမှာဖြစ်ကြောင်း ၊ ငွေကြေးနဲ့ ဘဏ္ဍာ ရေးမူဝါဒချမှတ်သူတွေက လောလော ဆယ်မှာ ဘယ်အရာကိုမှ လုပ်ကိုင်လို စိတ်ရှိမယ်မထင်ကြောင်း၊ လက်ရှိဖြစ် ပေါ်နေတဲ့ ကမ္ဘာ့ငွေကြေးပြဿနာတွေ ကို ဖြေရှင်းလိုက်တိုင်း အမှားသာကြုံ နေရကြောင်း စီးပွားရေးပညာရှင် Dennis Gartman က ပြောကြားတယ်။ ၎င်းက ၂ဝဝ၈ ခုနှစ်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းတွေ ကျဆင်းခဲ့မှုအပေါ် မှန် ကန်စွာ သုံးသပ်နိုင်ခဲ့သူဖြစ်တယ်။ Source:Bloomberg.com, ပပ

Tuesday, 30 Aug 2011

မန်းစိန်ဈေးကွက် အရောင်းပါးပြန်သွင်းသူများ                    မန္တလေးစိန်ဈေးကွက်မှာ ဝါတွင်းကာလအရောင်းပါးပြီး ပြန်သွင်းသူများ လျက်ရှိကြောင်း သိရပါတယ်။                    Mandalay Gems Centerမှ စိန်ကုန်သည်တစ်ဦးက ''ဈေးကွက်မှာ အရောင်းအဝယ်ပါးနေတာ နှစ်လလောက်ရှိပြီ။ ခုချိန်က ဝါတွင်းကာလဆိုတော့ ပိုပြီးပါးတယ်။ မြို့ပေါ်ရော၊ နယ်ဝယ်လက်ပါ အဝယ်နည်းနေတာ။ ခါတိုင်းနှစ်တွေ ဆို သီတင်းကျွတ် မင်္ဂလာရာသီအတွက် ဝါတွင်းကာလမှာ အော်ဒါမှာကြတာ။ ဖောက်သည်တွေလည်း ငြိမ်နေတယ်။ အရောင်းဆိုင်တွေကလည်း ဝယ်တဲ့သူပါး တော့ ကုန်သည်လည်း အလုပ်မဖြစ်ဘူး။ စိန်ဈေးနှုန်းကလည်းတက်၊ ရွှေဈေးကလည်း တက်နေတဲ့အတွက် ပြန်လာသွင်းတဲ့သူများနေတာ၊ စိန်ဈေးနှုန်းကတော့ သြင်္ကန်ပြီးကတည်းက တက်ခဲ့တဲ့ဈေးနဲ့ ငြိမ်နေတယ်။ ပုလဲဈေးလည်း ခါတိုင်းထက် ဈေးတက်လို့ ပြန်လာသွင်းတဲ့သူ များနေတယ်။ သီတင်းကျွတ်ကာလ အရောင်း အဝယ် ပြန်ကောင်းနိုင်မယ်လို့တော့ ခန့်မှန်းတယ်'' လို့ ပြောပါတယ်။ ကျောက်မျက်ရတနာ အရောင်းဆိုင်များမှ စိန်ထည်ပြန်သွင်းပါက ၁ဝ ရာခိုင်နှုန်းလျော့၍ ပြန်လည်ဝယ်ယူမှုရှိကြောင်း၊ စိန်ပါးအသန့်ကောင်းပါက တက်ဈေး ပေါ်မူတည်၍တွက်ပြီး ၁ဝ ရာခိုင်နှုန်းအလျော့ဖြင့် ပြန်လည်ဝယ်ယူပေးကြောင်း၊ ယခုရက်ပိုင်းတွင် ၃ သိန်းမှ ၅ သိန်းကြား တန်ဖိုးရှိ စိန်ထည်များ ပြန်သွင်းသူများ ကြောင့် သိရပါတယ်။ စိန်ဈေးနှုန်းမှ ၄ဝ လုံးစီ အသန့်ကျပ် ၆ ဒသမ ၅ သိန်း၊ ၃ဝ လုံးစီး အသန့် ကျပ် ၇ ဒသမ ၃ သိန်း၊ ၁ဝ လုံးစီး အသန့်ကျပ် ၁ဝ သိန်း အထက်ဖြစ်ပြီး အသန့်တွင်လည်း အရောင်အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း ကွာခြားမှုရှိကြောင်း သိရပါတယ်။ ဇူူးဇူူး 

Wednesday, 24 Aug 2011

World Gold Price      August 2011 (USD/OZ)Date    NY    London     Zurich15      1736    1700       170216      1767    1749       174917      1783    1743       175718      1786    1778       177819      1842    1845       1844Domestic Gold Price                Kyats(Thousand)Date             Yangon     Mandalay15-8-2011      688.50      689.2016-8-2011      691.00      691.6017-8-2011      693.50      693.5018-8-2011      694.00      693.9019-8-2011     704.50       705.00

Pages