Main menu

Background

Sunday, 1 May 2011

ငွေဖောင်းပွမှုနှုန်း မြင့်မားမှုအပေါ် စိုးရိမ်မှုများလာ၍ ရေနံနှင့် ရွှေ၊ ငွေ၊ သတ္တုများ စံချိန်တင်ဈေးမြင့်လာ               ငွေဖောင်းပွမှုနှုန်းမြင့်မားမှုအပေါ် စိုးရိမ်မှုများလာပြီး အာရှစတော့ရှယ်ယာ တန်ဖိုးတွေ ကျဆင်းသွားကာ ရေနံနဲ့ ရွှေ၊ ငွေ၊ သတ္တုတွေ ဧပြီ ၂၅ ရက်မှာ စံချိန်တင်ဈေးမြင့်လာကြပါတယ်။ တိုကျိုစံတော်ချိန် နေ့ခင်း ၃းဝ၅ နာရီမှာ ငွေလက်ငင်းဈေးနှုန်းက တစ်အောင်စကို ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားကာ တစ်အောင်စကို ၄၈ ဒသမ ၈ဝ၅ဝ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ၎င်းဈေးနှုန်းက ယခင်နှစ်ကထက် နှစ်ဆတိုးလာကြောင်း သိရပါတယ်။ ချက်ချင်း အရောက်ပို့ ရွှေဈေးနှုန်းတွေက တစ်အောင်စကို သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်မားကာ ၁၅၁၇ ဒသမ ၉၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။Source:Bloomberg.com, ပပ

Sunday, 24 Apr 2011

World Gold Price               April 2011 (USD/OZ)Date NY London Zurich20         1504          1503         150421         1506          1505         150622         1505          1505         150523         1425          1425         1425Domestic Gold Price                           Kyats(Thousand)Date                Yangon          Mandalay18-4-2011         675.00          673.5019-4-2011          674.00         673.5020-4-2011          675.20         674.5021-4-2011          676.00          675.3022-4-2011          676.50          676.00

Sunday, 24 Apr 2011

ရွှေ၊ ငွေဈေးကွက် အပြိုင်တက်                 အမေရိကန်အစိုးရရဲ့ အသုံးစရိတ်က ထိန်းမနိုင်သိမ်းမရ မြင့်တက်နေသလို အမေရိကန်ဗဟိုဘဏ်က ဒေါ်လာတန်ဖိုးကျအောင် တမင်လုပ်ဆောင်နေတဲ့ အတွက် ရွှေ၊ ငွေဈေးနှုန်းတွေက ဆက်လက်မြင့်တက်နေပါ တယ်။ လန်ဒန် PM Fix Price  နဲ့ တိုင်းတာတဲ့အခါ ရွှေရဲ့ဈေးနှုန်းက ဧပြီ ၂၃ ရက် ဈေးပိတ်ချိန်မှာ တစ်အောင်စ ကို ၁၅ဝ၄ ဒေါ်လာထိ ဖြစ်ခဲ့ပါတယ်။ လေးရက် အတွင်းမှာ ၂၇ ဒသမ ၂၅ ဒေါ်လာနှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ရွှေဈေးက ဧပြီလအတွင်းမှာ ၈၆ ဒေါ်လာ မြင့်တက်ခဲ့ပြီး၊ ဇန်နဝါရီလကရှိခဲ့တဲ့ တစ်အောင်စ ၁၃၁၉ ဒေါ်လာနဲ့နှိုင်းယှဉ်ခဲ့ရင် ၁၈၅ ဒေါ်လာထိ မြင့်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ေြွကးမြီက ဆက်လက်မြင့်တက်နေသလို ဗဟိုဘဏ် ကလည်း ငွေကြေးကို ရိုက်ထုတ် နေတဲ့အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရတွေက လည်း ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ အရေးယူဆောင်ရွက်နေရပါတယ်။ ဒေါ်လာ တန်ဖိုးဟာ နှစ်စကနေ ပြန်ကြည့်ရင် ၁ဝ ရာခိုင်နှုန်းနီးပါး ကျဆင်းနေတဲ့အတွက် ရွှေနဲ့ ငွေသတ္တုတွေက သီးသန့်ငွေကြေးသဖွယ်ဖြစ်လာရပါတယ်။ ငွေသတ္တုဈေးက ယခုရက်သတ္တ ပတ်အတွင်းမှာ တစ်အောင်စကို ၃ ဒသမ ၆၅ ဒေါ်လာ (၈ ဒသမ ၅၇ ရာခိုင်နှုန်း) မြင့်တက်နေပါတယ်။ လန်ဒန် PM Fix Price  အရ တစ် အောင်စကို ၄၆ ဒသမ ၂၆ ဒေါ်လာနှုန်းထိ ဖြစ်နေပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ လာမယ့်ရက် သတ္တပတ်မှာ ငွေဈေးဟာ စံချိန်တင်မြင့်တက်မယ့်အခြေအနေကို ရောက်ရှိနေပါတယ်။ ဇန်နဝါရီက ရှိခဲ့တဲ့ တစ်အောင်စ ၂၆ ဒသမ ၆၈ ဒေါ်လာနဲ့နှိုင်းယှဉ်ရင် ၇၃ ရာခိုင်နှုန်းလောက် ထပ်မံ မြင့်တက်နေတာ တွေ့ရပါတယ်။ ှSources:goldandsilverblog.com

Sunday, 3 Apr 2011

World Gold Price                 March 2011 (USD/OZ)Date      NY         London          Zurich28          1418      1420            142229          1417      1418             141830          1419      1419             142031          1425      1425             14251            1431      1431            1432Domestic Gold Price                   Kyats(Thousand)Date            Yangon         Mandalay28-3-2011    663.50           662.5029-3-2011    661.50           661.7030-3-2011    662.00           661.9031-3-2011    663.30            662.501-4-2011      662.40           661.50

Sunday, 3 Apr 2011

 တရုတ်နိုင်ငံ၏ ၂ဝ၁ဝ ပြည့်နှစ် ရွှေထုတ်လုပ်မှု အခြေအနေ               ၂ဝဝ၇ ခုနှစ်မှစတင်၍ ကမ္ဘာပေါ် ၌ ရွှေအများဆုံး ထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ၂ဝဝ၉ ခုနှစ်ထက် ၈ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း တန်ချိန် ၃၄ဝဒသမ ၈၈တန်ရှိကြောင်း တရုတ် ရွှေထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်ခဲ့သည်။ ရွှေပိုမို ထုတ်လုပ် နိုင်မှုကြောင့် တရုတ်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှင့် ဘဏ္ဍာရေးမတည်ငြိမ်မှု တို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၂ဝဝ၂ ခုနှစ်၌ ပြည်တွင်းရွှေထုတ်လုပ် သော လုပ်ငန်း ၁၂ဝဝ ရှိရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လုပ်ငန်း ၇ဝဝ သာ ကျန်ရှိတော့ကြောင်း၊ ထိပ်တန်း ရွှေထုတ် လုပ်သောလုပ်ငန်း ၁ဝ ခုမှ ထုတ်လုပ်မှုသည် စုစုပေါင်း၏ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ တရုတ်ပြည်၌ ရှန်ဒုံ၊ ဟေနန်၊ ဂျန်စီ၊ ယူနန်နှင့် ဖူကျန့် ဒေသများတွင် ရွှေထုတ်လုပ်မှု အများဆုံးဖြစ်ပြီး၊ စုစုပေါင်းထုတ်လုပ်မှု၏ ၅၉ ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်ပျမ်းမျှ ကမ္ဘာ့ရွှေဈေးနှုန်းသည် နှစ်အလိုက် ၂၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၂၂၄ ဒသမ ၅၃ ရှိ ကြောင်း သိရသည်။ ဇာစ်မြစ်-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့။ 

Sunday, 3 Apr 2011

ရွှေဈေး အမြင့်ရောက်လာပေမယ့် အရောင်းအဝယ် ပြန်လည်ဦးမော့လာ                  ပြည်တွင်းရွှေဈေးကွက်အနေဖြင့် မတ်လ ပထမပတ်တွင် ၁၅ ပဲရည်ကို ကျပ် ၆၃၃ဝဝဝ နှင့်အခေါက်ရွှေဈေး ၁၆ ပဲရည်ကို ကျပ် ၆၇ဝဝဝဝအထိ ရပ်တည်နေ လျက်ရှိကြောင်း သိရသည်။ ၂ဝ၁၁ မတ်လတွင် ရွှေဈေးများ ပြန်လည်မြင့်တက်လာသကဲ့သို့ အရောင်း အဝယ်အားမှာလည်း ရင်းနှီးမြှုပ်နံှသူများ ရွှေဘက်သို့ ပြန်လှည့်လာသောကြောင့် ပြန်လည်ဦးမော့လာကြောင်း သိရသည်။                 ''ရွှေဈေးတွေတက်လာတယ်၊ အဲဒီအတွက် အရောင်းအဝယ်တွေသူ့ဟာနဲ့သူ တဖြည်းဖြည်း တိုးလာပါတယ်၊ ရွှေဈေး တက်လာတာပဲရှိတယ်။ရောင်းတဲ့သူကလည်း ပုံမှန်ရောင်းတယ်။ ဝယ်တဲ့သူကလည်း ပုံမှန်ဝယ်တယ်။ ဘာပြဿနာမှ မရှိပါဘူး''ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှပြောပြသည်။                       မင်းချို

Wednesday, 30 Mar 2011

World Gold Price                   March 2011 (USD/OZ)Date      NY         London          Zurich21        1425         1426           142522        1427         1426           142823        1425         1425           142824        1435         1435           143625        1432         1433           1434Domestic Gold Price                     Kyats(Thousand)Date           Yangon Mandalay21-3-2011 670.00 670.5022-3-2011 668.00 667.3023-3-2011 668.00 667.6024-3-2011 670.20 669.5025-3-2011 668.50 668.00

Wednesday, 30 Mar 2011

ဗီယက်နမ်တွင် ရွှေ ကုန်သွယ်ခွင့ ်၊ အရောင်းအဝယ်ပြုခွင့ ်ကို အစိုးရမှ ကန့်သတ်မည်                ဗီယက်နမ်တွင် ပြည်သူတွေအနေနဲ့ ရွှေပိုင်ဆိုင်ခွင့်ရှိသော်လည်း ကုန်သွယ် ခွင့်၊ အရောင်းအဝယ်ပြုခွင့်ကိုမူ အစိုးရမှ အသိအမှတ်ပြုလုပ်ကိုင်ခွင့်ပေးထားတဲ့ ကုန်သည်တွေကသာ ဆောင်ရွက်ခွင့်ရှိ ကြောင်း မတ်လ ၁၇ ရက်က ကျင်း ပတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ မူဝါဒများအတွက် အမျိုးသားအကြံ ပေး ကောင်စီနဲ့ တွေ့ဆုံကျင်းပတဲ့ အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် ငုရင်ဆင်တန်းက ပြောကြားခဲ့ပါတယ်။၎င်းအစည်းအဝေးအရ ရွှေပိုင်ဆိုင်ခွင့်နဲ့ ရောင်းဝယ်ခွင့်ဆိုင်ရာ ဥပဒေများအရ  * လက်ရှိရွှေဆိုင်များသည် ရွှေလက်ဝတ်ရတနာတွေကို ရောင်းဝယ်ခွင့် ရှိသည်။ * ပြည်သူအနေဖြင့် ရွှေချောင်း/တုံးကို အစိုးရခွင့်ပြုအရောင်းဆိုင် (outlet)  များတွင်သာဝယ်ယူခွင့်ရှိ သည်။* ပြည်သူအနေဖြင့် ရွှေကို ပိုင်ဆိုင်ခွင့်/သိုလှောင်ခွင့်အပြည့်အဝရှိသည်* ရွှေကို ငွေပေးချေရန် ရည်ရွယ်ချက်ဖြင့် သုံးစွဲခြင်းအား တားမြစ်သည်။               သို့သော် ၎င်းအချက်အလက်တွေကို တရားဝင် ကြေညာထားတာ မရှိသေး ကြောင်း၊ လူအများအနေနဲ့ ရွှေပိုင်ဆိုင်ခွင့်နဲ့ ကုန်သွယ်ခွင့်နှစ်ခုလုံးကို ပိတ်ပင် လိုက်တယ်လို့ လွဲမှားယုံကြည်ကာ လန့်သွားနိုင်ကြောင်း အမျိုးသား အကြံပေး ကော်စီအဖွဲ့ဝင်Dr.Tran Hong Ngan က ပြောကြားပါတယ်။ Source:English.vietnamnet.vn.com, ပပ

Sunday, 20 Mar 2011

World Gold Price                 March 2011 (USD/OZ)Date      NY        London         Zurich14         1414       1402           141815         1411       1412           141316         1398       1399           139917         1390       1391           139118         1410       1411          1411Domestic Gold Price                        Kyats(Thousand)Date           Yangon Mandalay14-3-2011 674.80 675.7015-3-2011 673.00 671.5016-3-2011 669.00 669.4017-3-2011 665.00 664.7018-3-2011 663.50 663.10

Sunday, 20 Mar 2011

 ဂျပန်နိုင်ငံကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ဒေါ်လာတန်ဖိုးကို အားနည်းစေကာ ရွှေဝယ်လိုအား တိုးတက်စေဦးမည်                   ဂျပန်ငလျင်အပြီး ရင်းနှီးမြှုပ်နံှ သူတွေက ရွှေကို ဝယ်လိုအားပိုလာပြီး ကမ္ဘာ့ရွှေဈေးနှုန်း ဒုတိယမြောက်နေ့ အဖြစ် မြင့်မားလာတယ်။ မတ်လ ၁၄ ရက်နေ့ စင်ကာပူစံတော်ချိန် နေ့ခင်း ၃း၂၇ နာရီက ချက်ချင်းအရောက်ပို့ ရွှေ ဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်မားကာ ၁၄၃၂ ဒသမ ၆၈ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ ဂျပန်နိုင်ငံရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် ဒေါ်လာတန်ဖိုးကို အားနည်းစေကာ ရွှေဝယ်လိုအား တိုး တက်စေဦးမှာဖြစ်ပြီး ရွှေဈေးမြင့်မား ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ Source:bloomberg.com. ပပ

Pages