Main menu

Background

Wednesday, 24 Aug 2011

ယနေ့ကမ္ဘာ့ရွှေဈေးကွက်က ပေါက်ကွဲလုနီးပါး ပူဖောင်းတစ်လုံးအသွင် ဆောင်လာ                   ရင်းနှီးမြှုပ်နံှသူတွေက ရွှေကိုသာယုံကြည်စိတ်ချရမှုအရှိဆုံး ဓနဥစ္စာအဖြစ် ဝယ်ယူမှုမြင့်မားလာခြင်းကြောင့် ယနေ့ ကမ္ဘာ့ရွှေဈေးကွက်က ပေါက်ကွဲလုနီးပါး ပူဖောင်းတစ်လုံးအသွင် ဆောင်လာ တယ်လို့ wells fargo & co.  က ပြော ကြားပါတယ်။                        ယခုနှစ်အတွင်း ရွှေကြိုပွိုင့်ဈေးနှုန်း တွေ ၂၆ ရာခိုင်နှုန်း မြင့်မားခဲ့တဲ့အပြင် သြဂုတ်လအတွင်း လက်ငင်းအရောင်း ရွှေဈေးနှုန်းကလည်း တစ်အောင်စကို ၁၈၁၇ ဒသမ ၆ဝ ဒေါ်လာအထိ စံချိန် သစ်တင် မြင့်မားခဲ့တယ်။ ရင်းနှီးမြှုပ်နံှသူတွေရဲ့ ဝယ်လိုအား အပြင် ကမ္ဘာ့နိုင်ငံအချို့ရဲ့ ဗဟိုဘဏ် တွေမှ ရွှေဝယ်လိုအားကလည်း ရွှေဈေး နှုန်းကို မီးထိုးပေးခဲ့တယ်။ ယခုနှစ် ဇူလိုင်လအတွင်း ထိုင်း၊ တောင်ကိုရီးယား၊ ကာဇက်စတန်နိုင်ငံတို့က ၎င်းတို့အရန် နိုင်ငံခြားငွေသိုလှောင်မှုမှာ ငွေကြေး အပြင် ရွှေကိုပါ ဖြည့်သွင်းလာရာ စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅၆ ဘီလီယံဝန်းကျင်တန်ဖိုး ဝယ်ယူသိုလှောင်ခဲ့တယ်လို့ သိရပါတယ်။ Source:Bloomberg.com, ပပ

Tuesday, 23 Aug 2011

World Gold PriceAugust 2011 (USD/OZ)Date     NY      London     Zurich8         1699     1700       17029         1747     1749       174910        1742     1743       175711        1776     1778       177812        1751     1753       1748Domestic Gold PriceKyats(Thousand)Date            Yangon     Mandalay8-8-2011      681.50       682.009-8-2011       689.50      689.5010-8-2011      690.00      689.5011-8-2011      696.50     697.0012-8-2011       692.50     692.80

Tuesday, 23 Aug 2011

သြဂုတ်လအတွင်း ကမ္ဘာ့ရွှေဈေး နေ့စဉ် စံချိန်သစ်တင် မြင့်မားနေ                   သြဂုတ် ၈ ရက်မှစပြီး တစ်အောင်စကို ကန်ဒေါ်လာ ၁၇ဝဝ အထက်ကို ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက သြဂုတ် ၉ ရက်မှာ တစ်အောင်စကို ၁၇၅ဝ ဒေါ်လာအထက်ကို ရောက်ရှိကာ စံချိန်သစ်တင်ခဲ့တယ်။ ၎င်းဈေးနှုန်းက သြဂုတ် ၅ ရက်နှုန်းထားဖြစ်တဲ့ ရွှေတစ်အောင်စကို ၁၆၈၁ ဒေါ်လာအထက် ၇၅ ဒေါ်လာ ဝန်းကျင်တန်ဖိုးမြင့်လာခြင်းဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှု ပိုမိုဆိုးဝါးလာ နိုင်ဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့် စတော့ရှယ်ယာဈေးကွက်တွေနဲ့ ကုန်ပစ္စည်းတွေအပေါ် ရင်းနှီးမြှုပ်နံှမှုတွေ အရှုံးပြနေခြင်းက ရွှေကိုသာ စိတ်အချရဆုံး ရင်းနှီးမြှုပ်နံှမှုပစ္စည်းအဖြစ် ဝယ်လိုအားပိုမိုလာကြတယ်။                        ဒါကြောင့် နယူးယောက်မှာ ဒီဇင်ဘာလ အရောက်ပို့ရွှေက တစ်အောင်စကို ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားကာ ၁၇၅၆ ဒသမ ၈ဝ ဒေါ်လာအထိ ရောက်ရှိခဲ့ တယ်လို့ သိရတယ်။ ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းမှာ တစ်အောင်စကို ၁၇၅၄ ဒသမ ၆၃ ဒေါ်လာအထိ ရောက်ရှိလာကြောင်း သိရတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ၂၃ ရာခိုင်နှုန်း မြင့်မားခဲ့ပြီးဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ေြွကးမြီပြဿနာတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်းနေခြင်းတို့ကြောင့် ရွှေကိုသာ ဓနဥစ္စာအရံအတားအဖြစ် ဝယ်လိုအားပိုလာ ကြတယ်။ ဒါကြောင့် ၂ဝ၁ဝခုနှစ် မေလမှစပြီး ရွှေကိုသာ လက်ဝယ်ထားရှိမှု ပိုမိုမြင့်မားလာကြတယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနောက်တစ်ကြိမ် ကြုံရလိမ့်မယ်လို့ လည်း ဈေးကွက်အတွင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေတယ်။ ခန့်မှန်းချက်ကို ထောက်ပံ့ပေးနေတဲ့အချက်မှာ အမေရိကန်ရဲ့ လောင်စာ ဝယ်လိုအား ကျဆင်းကာ ရေနံစိမ်းသိုလှောင်ထား မှု မြင့်မားလာခြင်းပဲဖြစ်တယ်။ လက်ရှိမှာ ရေနံစိမ်းတစ်စည်ကို ကန်ဒေါ်လာ ၈ဝ အောက် ရောက်ရှိသွားရာ ၁ဝ လ ကျော်ကာလအတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်တယ်လို့ သိရပါတယ်။ Source:Bloomberg.com,ပပ

Sunday, 7 Aug 2011

World Gold Price               August 2011 (USD/OZ)Date     NY      London        Zurich1         1506     1606          15952         1619      1621         16213         1666      1665         16674         1659      1660         16615         1660      1660         1660Domestic Gold Price                     Kyats(Thousand)Date          Yangon Mandalay1-8-2011 665.50    665.002-8-2011 665.50    664.803-8-2011 668.50    669.304-8-2011 669.30    670.505-8-2011 669.00    669.80

Sunday, 31 Jul 2011

World Gold Price                       July 2011 (USD/OZ)Date     NY     London     Zurich25      1597      1599       160226      1610      1611       161227      1620      1621       162128      1612      1612       161429      1611      1611       1611Domestic Gold Price                         Kyats(Thousand)Date         Yangon    Mandalay25-7-2011 672.30       671.2026-7-2011 669.00      669.0027-7-2011 670.00      670.7028-7-2011 669.00      669.1029-7-2011 668.20      669.20

Sunday, 31 Jul 2011

ဥရောပနှင့် အမေရိကန် ေြွကးမြီအကျပ်အတည်းများကြောင့် ၂ဝ၁၁ နှစ်ကုန်ပိုင်းတွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၈ဝဝ အထိ ရောက်ရှိနိုင်                    အမေရိကန်အစိုးရရဲ့ အြွေကးသက်တမ်းတိုးမြှင့်ရေး ညှိနှိုင်းဆွေးနွေးမှု သဘောတူညီမှု မရနိုင်သေးရာ ဇူလိုင် ၂၅ ရက်မှာ ကမ္ဘာ့ရွှေဈေးနှုန်း မှတ်တမ်း တင်ဖွယ် ထပ်မံမြင့်မားခဲ့တယ်။ စင်ကာပူစံတော်ချိန် နေ့ခင်း ၃းဝ၇ နာရီက ချက်ချင်း အရောက်ပို့ ရွှေဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားကာ ၁၆၂၄ ဒသမ ဝ၇ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ သြဂုတ်လအရောက်ပို့ ရွှေမှာ တစ်အောင်စကို ၁၆၂၄ ဒသမ ၃ဝ ဒေါ်လာနဲ့ နယူးယောက်မှာ အရောင်း အဝယ်ဖြစ်ခဲ့ရာ အမြင့်ဆုံး ရွှေဈေးနှုန်းအဖြစ် စံချိန်တင်ခဲ့တယ်လို့ သိရတယ်။ ယခုနှစ်အတွင်း ဥရောပနဲ့ အမေရိကန်ေြွကးမြီအကျပ်အတည်းတွေကြောင့် ရွှေဈေးနှုန်း ၁၄ ရာခိုင်နှုန်းမြင့်မားခဲ့တယ်။ ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရွှေတစ် အောင်စကို အမေရိကန်ဒေါ်လာ ၁၈ဝဝ အထိ ရောက်ရှိနိုင်တယ်လို့UBS AG  မှ ဓနဥစ္စာစီမံခန့်ခွဲမှု သုတေသနဌာန ညွှန်ကြားရေးမှူး Dominic Schnider က ပြောကြားတယ်။                    ဂရိမှာ စတင်ခဲ့တဲ့ ဥရောပဒေသငွေကြေးအကျပ်အတည်းက ပံျ့နံှ့သွားနိုင် ဖွယ်ရှိတယ်လို့ ယူဆလာကြရာ ဇူလိုင် ၂ဝ ရက်က ရင်းနှီးမြှုပ်နံှသူတွေက Exchange-traded products (အမျိုးသားစတော့အိတ်ချိန်းမှာ တစ်နေ့တာအတွင်း ရောင်းဝယ်မှုပြုသော အစုရှယ်ယာလက်မှတ်)မှာ ရွှေဝယ်ယူထားမှု တန်ချိန်က ၂၁၂၂ ဒသမ ၆ တန်အထိ ရောက်ရှိစံချိန်တင်ခဲ့တယ်လို့ သိရတယ်။ Source:bloomberg.com,ပပ

Tuesday, 26 Jul 2011

World Gold Price             July 2011 (USD/OZ)Date     NY      London     Zurich18       1595     1595        159619       1587     1589        159020       1588    1589         158821       1600    1601         160122       1587    1588         1589Domestic Gold Price            Kyats(Thousand)Date          Yangon   Mandalay18-7-2011   662.80   663.3019-7-2011   663.50   663.6020-7-2011   662.00   662.0021-7-2011   663.50   663.5022-7-2011   663.50   663.50

Tuesday, 26 Jul 2011

မန်းရွှေဈေး အတက်မို့ ပြန်သွင်းသူများ                 မန္တလေးရွှေဈေးနှုန်းမှာ အထက်တန်းမှာ ရှိနေလို့ ရွှေဝယ်ယူမှုထက် ပြန်သွင်းသူများကြောင်း ဈေးကွက်အတွင်း မှ သိရပါတယ်။ အောင်သမာဓိရွှေဆိုင်မှ မဇင်က ''ရွှေဈေးနှုန်း ၆၅ဝဝဝဝ ကျပ်နှုန်းက စပြီး ဝယ်လက်တန့်သွားခဲ့တာ။ ဒီရက် ပိုင်းမှ ကျပ် ၆၆ဝဝဝဝ ရှိတော့ အဝယ်တန့်ပြီး ပြန်သွင်းသူများနေတယ်။ လက်ဝတ်လက်စားလောက်ပဲ ရောင်းရတယ်။ လက်ဝတ်လက်စား အထည်အခု ၂ဝ လောက်ရောင်းရရင် အခဲပြန် သွင်းတဲ့သူက နှစ်ပိဿာလောက် အရောင်းရှိတယ်။ မြန်မာငွေတန်ဖိုး မြင့်လာတော့ ရှိတဲ့ ရွှေပြန်သွင်းသူများ လာတာ''လို့ ပြောပါတယ်။                     ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေး အတက်နှင့်အတူ မြန်မာရွှေဈေးနှုန်း ၆၆ဝဝဝဝ ကျပ်ကျော်ကျော် တက်လာ ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်က ကမ္ဘာ့ ရွှေဈေး ၁၅၉၂ ဒေါ်လာ၊ အောင်သမာဓိ ရွှေ ၆၆၂၅ဝဝ ကျပ်၊ ဇူလိုင် ၁၈ ရက်တွင် ကမ္ဘာ့ရွှေ ၁၆ဝဝ ဒေါ်လာ၊ အောင်သမာဓိရွှေ ၆၆၂၅ဝဝ ကျပ်၊ ဇူလိုင် ၁၉ ရက် ကမ္ဘာ့ရွှေဈေး ၁၆ဝ၇ ဒေါ်လာ၊ အောင်သမာဓိရွှေ ၆၆၄၅ဝဝ ကျပ်ရှိ၍ ယခုလအတွင်း ကျပ် တစ်သောင်းကျော် ဈေးနှုန်းတက်လာကြောင်း သိရပါတယ်။ ဇူးဇူး

Tuesday, 26 Jul 2011

၂ဝ၁၁ ခုနှစ် ပထမခြောက်လအတွင်း ကမ္ဘာ့စိန်ဈေးနှုန်း ၂၆ ရာခိုင်နှုန်း မြင့်မားခဲ့               ၂ဝ၁၁ ခုနှစ်အတွင်း တရုတ်နဲ့ အိန္ဒိယမှ စိန်ဝယ်လိုအားမြင့်လာပြီး ဈေးနှုန်း ၅ ဆမြင့်တက်ခဲ့ရာ ရွှေဈေးမြင့်မားတဲ့နှုန်းထက် ပိုမြန်နေကြောင်း သိရပါတယ်။ ယခုနှစ်မေလအတွင်း ရွှေတစ်အောင်စကို ၁၅၇၇ဒသမ ၅၇ဒေါ်လာအထိ ရောက်ရှိ ရာ စံချိန်သစ်တင်မြင့်မားခဲ့တဲ့ ဈေးနှုန်းက ယခုနှစ်အတွင်း ၅ ဒသမ ၆ ရာခိုင်နှုန်း သာ တိုးတက်ခဲ့သော်လည်း ကမ္ဘာ့စိန်ဈေးနှုန်းမှာ ၂၆ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယမှ အလယ်အလတ်တန်းစား လူတန်းစားတွေရဲ့ လက်ဝတ်ရတနာ ဝယ်လိုအားမြင့်မားလာခြင်းက စိန်ရိုင်းထုတ်လုပ်မှုပမာဏထက် ပိုမိုခဲ့ရာ စိန်ဈေး ရုတ်တရက်ထိုးတက်သွားတယ်လို့ သိရပါတယ်။               စိန်ဈေးမြင့်မားတဲ့အပြင် လာမဲ့ ၅ နှစ်အတွင်း စိန်တွင်းအသစ်တွေ မရှိနိုင်လို့ စိန်ရိုင်း ရောင်းလိုအားက တိုးတက်လာတဲ့ တရုတ်နဲ့ အိန္ဒိယရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မယ်မထင်ကြောင်း၊ ဒါကြောင့် စိန်ဈေး သိသိသာသာ မြင့်မား လာမှာဖြစ်ကြောင်း RBC Capital Markets Ltd မှ ပြောကြားပါတယ်။ စီးပွားရေးအားကောင်းလာတဲ့ တရုတ်နိုင်ငံက စိန်ဝယ်လိုအားမြင့်မားမှုကြောင့် ကမ္ဘာမှာ အမေရိကန်ပြီးရင် ဒုတိယမြောက်စိန်ဝယ်ယူမှု အများဆုံးနိုင်ငံဖြစ်လာတယ်။ ဒါကြောင့် ယခင်က ကမ္ဘာ့စိန်ဝယ်ယူမှု အများဆုံးနိုင်ငံတွေမှာ ဒုတိယနေရာ ယူထားတဲ့ ဂျပန်နိုင်ငံက တတိယနေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ Source:Bloomberg.com, ပပ

Sunday, 17 Jul 2011

World Gold Price                July 2011 (USD/OZ)Date     NY     London     Zurich11       1544    1544       154412       1544    1544       154313       1566    1567       156714       1582    1583       158315       1577    1578       1578Domestic Gold Price                    Kyats(Thousand)Date          Yangon    Mandalay11-7-2011 660.30      659.8012-7-2011 660.50      659.5013-7-2011 660.50      661.4014-7-2011 662.40     662.70

Pages