Background
World Gold Price June 2011 (USD/OZ)Date NY London Zurich6 1543 1543 15427 1543 1543 15448 1540 1539 15419 1532 1533 153310 1537 1539 1539Domestic Gold Price Kyats(Thousand)Date Yangon Mandalay6-6-2011 659.80 659.507-6-2011 658.90 658.408-6-2011 655.00 652.909-6-2011 646.00 643.0010-6-2011 636.20 635.50
World Gold Price June 2011 (USD/OZ)Date NY London Zurich30 1534 1533 153531 1534 1535 15351 1530 1530 15312 1536 1536 15383 1529 1530 1530Domestic Gold Price Kyats(Thousand)Date Yangon Mandalay30-5-2011 667.50 667.0031-5-2011 664.00 663.701-6-2011 658.00 657.802-6-2011 660.50 659.803-6-2011 658.50 658.40
လောလောဆယ်အခြေအနေမှ ကာလတိုအတွင်းတွင် ရွှေကိုသာလျှင် လုံခြုံစိတ်ချရမှုအရှိဆုံး ပိုင်ဆိုင်မှုပစ္စည်းအဖြစ် ဝယ်လိုအားများလိမ့ ်ဦးမည် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂ဝ ရက်မှစပြီး တစ်အောင်စကို ဒေါ်လာ ၁၅ဝဝ အထက်ရှိခဲ့တဲ့ ရွှေဈေးနှုန်းတွေက မေလဆန်းပိုင်းမှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၅၆ဝ ကျော်အထက်ရောက်ရှိစံချိန်တင်ခဲ့တယ်။ ဒီလိုစံချိန်တင် မြင့်မားခဲ့ပြီးနောက်ပိုင်း ရွှေဈေးနှုန်း အနည်းငယ်ပြန်လည်အားနည်းသွားသော်လည်း တစ်အောင်စကို ၁၅ဝဝ ဒေါ်လာအထက်မှာ ရှိနေဆဲပဲဖြစ်ပါတယ်။ ဥရောပဒေသ ေြွကးမြီအကျပ်အတည်းနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး အား နည်းခြင်းတို့က အဖိုးတန်ရွှေကိုသာ လုံခြုံစိတ်ချရမှုအရှိဆုံး ပစ္စည်းအဖြစ် ဝယ်လို အားတိုးလာစေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်။ ၎င်းအပြင် မေလအတွင်း တရုတ်၊ ဥရောပနဲ့ အမေရိကန်တို့မှာ ကုန်ထုတ်လုပ်မှုနှေးကွေးသွားပြီး အလုပ်အကိုင် ရရှိမှုတိုးတက်နှုန်းမှာ ခန့်မှန်းထားတာထက် နှေးသွားကြောင်း ဖော်ပြလာတဲ့ အစီရင်ခံစာကလည်း ရွှေဝယ်လိုအားကို ပိုမိုစေပါတယ်။ ကမ္ဘာ့စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးရာ မသေချာမှုတွေကလည်း ရွှေကို ဈေးနှုန်းပိုမိုမြင့်မားစေဖို့ အခိုင်အမာ အထောက် အကူပြုနေပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုးအားနည်းခြင်းကြောင့် ကမ္ဘာ့အနံှ့ ဗဟိုဘဏ်တွေ ကလည်း အရန်နိုင်ငံခြားငွေထားရှိမှုအတွက် အမေရိကန်ဘဏ္ဍာတိုက်နဲ့ အခြား အမေရိကန်ဒေါ်လာနဲ့သတ်မှတ်တဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေအပေါ် အလွန်အမင်း မှီခိုခြင်းကိုလျှော့ချပြီး ရွှေကိုသာသိုလှောင်ထားဖို့ စိတ်ဝင်စားလာကြတယ်။ အဓိကမှာ အိန္ဒိယ၊ တရုတ်၊ ရုရှနဲ့ မက္ကဆီကို ဗဟိုဘဏ်တွေက မကြာသေးမီက ရွှေကိုပြောင်းလဲ သိုလှောင်လာကြတယ်။တန်ဇန်းနီးယားဗဟိုဘဏ်ကလည်း ရွှေကိုဝယ်ယူသိုလှောင်ဖို့ စဉ်းစားနေကြောင်း ဘဏ်ဥက္ကဋ္ဌကပြောကြားပါတယ်။ ဒီလို ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုကလည်း ရွှေဈေးကို ပိုမိုမြင့်မားစေတယ်။ ဒါကြောင့် ဇွန်လဆန်းပိုင်းအထိလည်း ရွှေဈေးဆက်လက်မြင့်မားလာရာ ၂ဝ၁၁ ခုနှစ် ဇွန်လ ၃ ရက် ရွှေဈေးနှုန်းမှာ တစ်အောင်စကို ၁၅၃၅ ဒသမ ၈၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ကမ္ဘာ့အနံှ့ဗဟိုဘဏ်တွေက ငွေကြေးမူဝါဒတွေ တင်းကျပ်ခြင်းနဲ့ ငွေကြေး ဖောင်းပွမှုတွေက ရွှေဈေးနှုန်းအလားအလာအတွက် စောင့်ကြည့်ရမဲ့ အဓိကအချက် တွေဖြစ်ကြောင်း၊လောလောဆယ်အခြေအနေမှကာလတိုအတွင်းမှာလည်း ဥရောပ ဒေသ ငွေကြေးအကျပ်အတည်းနဲ့ အမေရိကန်စီးပွားရေးအပေါ် စိုးရိမ်မှုတွေက ရွှေကိုသာ လုံခြုံစိတ်ချရမှုအရှိဆုံးပိုင်ဆိုင်မှုပစ္စည်းအဖြစ် ဝယ်လိုအားများကာ ဈေး နှုန်းကို အထောက်အပံ့ပေးလိမ့်ဦးမှာဖြစ်ကြောင်း ပညာရှင်တွေက လေ့လာသုံးသပ် ကြပါတယ်။Source:Bloomberg.com,af.reuters.com,zawya.com,ပပ
World Gold Price May 2011 (USD/OZ)Date NY London Zurich23 1505 1505 150624 1514 1515 151525 1520 1520 152226 1527 1527 152827 1522 1522 1521Domestic Gold Price Kyats(Thousand)Date Yangon Mandalay23-5-2011 666.40 665.5024-5-2011 665.80 666.5025-5-2011 667.00 667.5026-5-2011 667.50 666.7027-5-2011 666.30 666.80
ရွှေဈေးမြင့ ်တက်မည်ဟု HSBC က ခန့်မှန်း ယခုလ လဆန်းပိုင်းက ရွှေဈေးနှုန်းမှာ အတက်အကျအမျိုးမျိုးရှိနေပေ မဲ့ ရွှေဈေးကွက်ဟာ အတက်ဘက်မှာ ရှိနေလိမ့်မယ်လို့ ဥရောပမှာအကြီးမားဆုံးဘဏ်ကြီးဖြစ်တဲ jzpfwJh HSBC Holding PLc ဘဏ်က မေ ၂၅ ရက်နေ့ကပြော ပါတယ်။ ပထဝီနိုင်ငံရေးအခြေအနေများ၊ လျှော့ချထားသော ငွေကြေးမူဝါဒများနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍာရေး လိုငွေပြမှုတွေကြောင့် ဖြစ်ပေါ်ရတဲ့စိုးရိမ်မှုတွေက ရွှေဈေးပြန်လည်ဦးမော့ လာစေမဲ့ အကြောင်းရင်းတွေဖြစ်လာ နိုင်တယ်လို့ ဘဏ်ကပြောပါတယ်။ ယခုနှစ်မှာ ရွှေဈေးဟာ တစ်အောင်စကို ပျမ်းမျှ ၁၅၂၅ ဒေါ်လာထိ ရောက်လာနိုင်တယ်လို့ ဘဏ်ကခန့်မှန်း ထားပါတယ်။ ယခင်ခန့်မှန်းထားတဲ့ တစ်အောင်စ ၁၄၅ဝ ဒေါ်လာနှုန်းထက် တိုးမြှင့်ခန့်ထားတာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်အတွက် ဖြစ်နိုင်တဲ့ဈေးနှုန်းကို စောစောပိုင်းက တစ်အောင်စဒေါ်လာ ၁၃ဝဝ လို့ ခန့်မှန်းထားရာက ယခုအခါ ဒေါ်လာ ၁၅ဝဝ ထိ တိုးမြှင့်ခန့်မှန်းခဲ့ပါတယ်။ ရွှေဈေးဟာ နှစ်ပေါင်းများစွာမြင့် တက်နေဦးမယ်လို့ ယုံကြည်ကြောင်း ံHSBC မှဝေဖန်ဆန်းစစ်ရေးမှူး ဂျိမ်း စတီးကပြောပါတယ်။ မေ ၂၄ ရက်က ဇွန်လအတွက် ရွှေကြိုပွိုင့်ဈေးနှုန်းက ၇ ဒသမ ၉ဝ ဒေါ်လာ (သုည ဒသမ ၅ ရာခိုင်နှုန်း) မြင့်တက်ပြီး နယူးယောက် Comex ဒိုင် မှာတစ်အောင်စကို ၁၅၂၃ ဒသမ ၃ဝ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ မေ ၃ ရက် နောက်ပိုင်းအမြင့်ဆုံးဈေးဖြစ်ပါတယ်။ ရွှေဈေးဟာ မေ ၂ ရက်က တစ်အောင်စကို ၁၅၅၇ ဒသမ ၄ဝ ဒေါ်လာ နဲ့ အမြင့်ဆုံးရောက်ရှိပြီးမှ ပြန်ကျခဲ့ပါတယ်။ ရွှေတန်ဖိုးဟာ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း ၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ ပါတယ်။ Source:commodityonline.com ဉာဏ်တင်
World Gold Price May 2011 (USD/OZ)Date NY London Zurich16 1493 1493 149417 1485 1485 148618 1489 1490 149019 1490 1492 149220 1495 1496 1496Domestic Gold Price Kyats(Thousand) Date Yangon Mandalay16-5-2011 666.70 666.6017-5-2011 666.00 665.8018-5-2011 665.70 665.2019-5-2011 664.60 663.7020-5-2011 663.00 662.70
စိန်ဈေးနှုန်း တက်ဈေးငြိမ်၍ အရောင်းအဝယ်ပြန်စလာ စိန်ဈေးကွက်တွင် စိန်ဈေးနှုန်း တက်ဈေးဖြစ်ပေါ်လာခဲ့ပြီး ယခုတစ်ပတ်တွင် ယခင်တက်ဈေးဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ပြန်စလာပြီဖြစ်ကြောင်း သိရပါ တယ်။ စိန်ဝယ်ရောင်းသူတစ်ဦးက '' ဧပြီလလယ်ကစပြီး အရောင်းအဝယ်အေးခဲ့တာ၊ ရွှေဈေးတက်၊ စိန်ဈေးတက်ဆိုတော့ ဈေးပြန်ကျမလားဆိုပြီး ထိန်းထားကြတာ။ ရှေ့နှစ်ပတ်လောက်က ဈေးဆက်တက်တော့ တက်ဈေးနဲ့ တက်ရောင်းနေရတယ်။ ဈေးတက်တော့ အရောင်းအဝယ်ထိုင်းတာနဲ့ စိန်သွင်းလာတဲ့သူတွေကလည်း ၃ သိန်းတန်ပစ္စည်းကို ၂ သိန်းခွဲတန်ပစ္စည်းနဲ့အစားထိုးပြီး များများသွင်းလာတယ်။ ဈေးချသယောင်ယောင်နဲ့ ပစ္စည်းအရည်အသွေး ညံ့တာဈေးကွက်ထဲဝင်လာတယ်'' လို့ ပြောပါတယ်။ ယခုတစ်ပတ်တွင် မန္တလေးစိန်ဈေးကွက်အတွင်း ပုံမှန်အရောင်း အဝယ်ပြန်ဖြစ်လာပြီး Next White စိန်များ အရောင်းအဝယ်ရှိကြောင်း၊ တက် ဈေးဖြစ်၍ အသန့်ထက် တစ်ချက်ညှိစိန်များ ပို၍လူကြိုက်များကြောင်း သိရပါတယ်။ ဇူးဇူး
World Gold Price May 2011 (USD/OZ)Date NY London Zurich9 1497 1498 149810 1509 1509 150911 1519 1519 152212 1487 1488 148913 1507 1508 1507Domestic Gold Price Kyats(Thousand)Date Yangon Mandalay9-5-2011 671.20 671.0010-5-2011 670.50 669.8011-5-2011 671.50 670.8012-5-2011 669.30 668.5013-5-2011 668.30 667.80
စိန်ဈေး ဆက်လက်မြင့်တက်သော်လည်း ဒေါ်လာဈေးကျ၍ အမြင့်ဆုံးဈေးမရောက် ကမ္ဘာ့စိန်ဈေးမြင့်တက်၍ မြန်မာ့စိန်ဈေး ဆက်လက်မြင့်တက်လျက်ရှိသော် လည်း ဒေါ်လာဈေးကျ၍ အမြင့်ဆုံး ဈေးမရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဆပ်ကော် မတီဥက္ကဋ္ဌက '' စိန်ဈေးက ရိုးရိုးကျင်ဖြူ တစ်ရတီကို ၃ဝ ရာခိုင်နှုန်း၊ စိန်အသန့် တစ်ရတီကို ၄၅ ရာခိုင်နှုန်း မြင့်တက် လာတယ်။ တစ်ပတ်ထက် တစ်ပတ် ဈေးနှုန်းမြင့်တက်လာတာ ဒေါ်လာဈေးကျလို့ ခံသာနေတာ။ စိန်ဈေးဆက်မြင့် တော့ အရောင်းအဝယ် မကောင်းဘူး။ သြင်္ကန်ပြီးနောက်ပိုင်း ဈေးမြင့်ပြီး အရောင်းအဝယ်အေးနေတာ။ ၁ဝ လုံး စီးစိန်သန့် တစ်ရတီကို ဧပြီလလယ်က ၆ သိန်းဝန်းကျင်ရှိတာ၊ ခုတစ်ပတ်မှာ ၇ ဒသမ ၅ သိန်းဈေးရှိနေတယ်'' လို့ ပြောပါတယ်။ စိန်ဈေးနှုန်းများမှာ ၁ဝ လုံးစီး (ဖြူနာ) အသန့်နီးပါးကောင်းသည့် စိန် တစ်ရတီကို ၅ သိန်းဝန်းကျင်၊ ၂ဝ လုံးစီး (ဖြူနာ) တစ်ရတီကို ၃ သိန်းအထက်၊ ၄ဝ လုံးစီး (ဖြူနာ)တစ်ရတီကို ၂ ဒသမ ၅ သိန်းနဲ့ ၃ သိန်းကြား၊ ရိုးရိုးကျင်ဖြူ ၅ဝ စီးနဲ့ ၆ဝ စီး တစ်ရတီကို ၉ သောင်း နဲ့ ၁ ဒသမ ၂ သိန်းကြား ပစ္စည်းနည်း နည်းသန့်ပါက ၁ ဒသမ ၂ သိန်းနှင့် ၁ ဒသမ ၈ သိန်းကြား၊ ၁ ဒသမ ၈ သိန်းနဲ့ ၂ ဒသမ ၃ သိန်းကြား ဈေးရှိ၍ စိန် အသန့် ၁ဝလုံးစီး ၇ ဒသမ ၂ သိန်းဝန်း ကျင်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
World Gold Price April 2011 (USD/OZ)Date NY London Zurich25 1515 1516 151626 1501 1501 150127 1502 1503 150528 1528 1529 152929 1531 1530 1531Domestic Gold Price Kyats(Thousand)Date Yangon Mandalay25-4-2011 677.00 676.8026-4-2011 674.00 673.8027-4-2011 674.20 673.8028-4-2011 675.00 675.9029-4-2011 675.50 674.00