Main menu

Background

Sunday, 17 Jul 2011

ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြလာသော်လည်း မန်းရွှေဈေး ကျဆင်း                      လဆန်းပိုင်းကစလို့ ကမ္ဘာ့ရွှေဈေးနှုန်း တက်ရိပ်ပြလာပေမဲ့ မန္တလေး ရွှေဈေးနှုန်းမှာ တစ်ရက်အတွင်း ကျ ဆင်းပြီး ဈေးနှုန်းငြိမ်သက်မှုမရှိကြောင်း သိရပါတယ်။ မန္တလေး ရွှေဈေးကွက်အတွင်းသို့ ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူများမှ ဈေးနှုန်းများဆွဲတင်ဆွဲချ ကစားခြင်း ကြောင့်ရွှေဈေးအတက်အကျအပြောင်း အလဲများဖြစ်ပေါ်လျက်ရှိတယ်လို့ သိရ ပါတယ်။                     ''ရွှေဈေးကွက်မှာ ပြန်ရောင်းတဲ့ သူများနေတယ်။ ကမ္ဘာ့ရွှေဈေးကလည်း တအားမကျဘူး။ ဒေါ်လာငွေ လဲလှယ် နှုန်းကလည်း ၈ဝဝ ဝန်းကျင်မှာပဲ ရှိနေ တယ်။ အရင်က ရွှေဈေးက ထွက်ရှိနှုန်း အနည်းအများနဲ့ ဝယ်လိုအားပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ခဲ့ တာ။ ဒါ့အပြင် ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးတက်သလို၊ ကမ္ဘာ့ရွှေဈေး ကျရင် မြန်မာ့ရွှေဈေး ကျတတ်တယ်။ အခုနောက်ပိုင်းမှာ ဒေါ်လာအရောင်း အဝယ်ပြုလုပ်သူတွေက ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ရတာ မကိုက်တော့ ဒီဘက်ဝင်လာပြီး ဈေးကစားကြ တာ၊ ခုချိန်မှာ ရွှေဈေးနှုန်း အတက် အကျက ခန့်မှန်းလို့မလွယ်ဘဲ ဒေါ်လာ ဈေးပေါ်မူတည်လာတာဖြစ်တယ်'' လို့ အောင်သမာဓိရွှေဆိုင်မှ မဇင်က ပြော ပါတယ်။                      ဇူလိုင် ၁ ရက်တွင် ကမ္ဘာ့ရွှေဈေး နှုန်းမှာ ၁၄၈၇ ဒေါ်လာရှိခဲ့ရာမှ ဈေး တက်ရိပ်ပြလာခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးမှာ ၁၅၄၄ ဒေါ်လာရှိ၍ တစ်ဒေါ်လာလျှင် မြန်မာ ငွေ ၈ဝဝ ကျပ်၊ ၈ဝ၁ ကျပ်၊ မန္တလေး (အောင်သမာဓိ) ရွှေဈေးနှုန်းမှာ ၆၆ဝ၅ဝဝ ကျပ်ဖြင့် နံနက်ပိုင်းဈေးဖွင့်၍ နေ့လယ်ပိုင်းတွင် ၆၅၉၈ဝဝ ကျပ်ရှိပြီး၊ ၆၆ဝဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁၅၅၃ ဒေါ်လာ၊ တစ်ဒေါ်လာ လျှင် မြန်မာငွေ ၈ဝဝ ကျပ်၊ မြန်မာ့ရွှေ (အောင်သမာဓိ) ဈေး ၆၆ဝ၅ဝဝ ကျပ်ဈေးဖွင့်၍ ၆၅၈၂ဝဝ ကျပ်ဖြင့် ဈေး ပိတ်ခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး 

Tuesday, 12 Jul 2011

World Gold Price                July 2011 (USD/OZ)Date    NY     London    Zurich4       1489    1489       14895       1495    1495       14966       1511    1511        15117       1527    1527       15288       1529    1529       1530Domestic Gold Price                  Kyats(Thousand)Date       Yangon     Mandalay4-7-2011    652.20   651.805-7-2011    647.00   647.006-7-2011    651.50   651.707-7-2011    657.00   657.008-7-2011    656.80   657.10

Tuesday, 12 Jul 2011

 မန်းရွှေဈေးနှုန်း ကျဆင်းသော်လည်း ရွှေပြန်သွင်းသူများပြီး ဝယ်သူနည်း             ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းခြင်း၊ ဒေါ်လာဈေးအကျဈေးတွင် ငြိမ်နေခြင်းကြောင့် မြန်မာ့ရွှေဈေး ကျဆင်းလာ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ မြန်မာ့ရွှေဈေးနှုန်းကျဆင်းလာသော်လည်း ယခင်နှစ်များနဲ့ ကာလတူ နှိုင်းယှဉ်ပါက ဈေးကွက်အေးလျက်ရှိပြီး ရွှေပြန်သွင်းသူများ၍ ရွှေဝယ်သူနည်း ကြောင်းသိရပါတယ်။                             အောင်သမာဓိရွှေဆိုင်မှ မဇင်က ''ဒီကာလက မိုးတွင်းကာလမှာ ရွှေလုပ်ကွက်လျော့လို့ ပစ္စည်းရှား သွားပြီး ဈေးတက်ရမယ့်အချိန်ဖြစ်ပေမယ့် ပြန် ရောင်းတဲ့သူများလို့ ဈေးကွက်မှာ ရွှေ များများရှိနေတာ။ ကျောင်းဖွင့်ချိန်၊ ဆိုင် လုပ်ငန်းအတွက် ငွေအဖြစ်မြန်တဲ့ရွှေကိုပြန်ရောင်းတာများတယ်။ ရွှေလှော်တဲ့ သူတွေက မိုးတွင်းမှာ အရောင်းနည်းလို့ အထွက်နည်းချိန်၊ ဒီကာလမှာ မြေဈေးကွက်ကလည်း အေးနေလို့ ရွှေပဲပြန် ရောင်းလာကြတာ။ အရင်က ကမ္ဘာ့ရွှေ ဈေးကြည့်ပြီး မြန်မာ့ရွှေဈေးဖြစ်ခဲ့တာ။ ခုကာလမှာ ကမ္ဘာ့ရွှေဈေးတင်မက ဒေါ်လာဈေး ပါကြည့်ပြီး မြန်မာ့ရွှေဈေး ဖြစ်လာတယ်''လို့ ပြောပါတယ်။ ယခုလတွင် အမ်ပိုရီယမ် ကျောက် မျက်ပွဲပြုလုပ်လျက်ရှိရာ ငွေရင်းနှီး ထားတဲ့ ကျောက်မျက်ကုန်သည်များ ပွဲတော်ဘက်လှည့်၍ ရင်းနှီးမြှုပ်နံှလျက် ရှိခြင်း၊ ဒေါ်လာဈေးမှာ အကျတွင်အေးနေခြင်း၊ ကမ္ဘာ့ရွှေဈေး ကျဆင်းနေခြင်း ကြောင့် မြန်မာ့ရွှေဈေးမှာ ဆက်၍ကျ ဆင်းပြီး ဈေးကွက်အေးနိုင်ကြောင်း၊ မန္တလေးမြို့ရှိ ရွှေဆိုင်များ၊ ရွှေကုန် သည်များမှ ခန့်မှန်းသုံးသပ်ပါတယ်။ ဇွန် ၃ဝ ရက်မှာ နိုင်ငံ့ဝန်ထမ်းဟောင်းများ ရဲ့ ပင်စင်လစာများ တိုးမြှင့်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ရွှေ ဝယ်သူများရဲ့ ဈေးကွက်ကစားခြင်းကြောင့် မြန်မာ့ရွှေဈေးမှာ ဇွန်လ ၂၉ ရက်က အောင်သမာဓိအခေါက် တစ် ကျပ်သားလျင် ကျပ် ၆၅၄ဝဝဝရှိခဲ့ရာမှာ ၃ဝ ရက်တွင် ကျပ် ၆၅၇ဝဝဝ ဈေးဖြင့် ဈေးပိတ်ခဲ့ပါတယ်။ ဇူလိုင် ၁ ရက်မှာ ဈေးကစားမှု မထိရောက်ခြင်းကြောင့် ရွှေဈေးပြန်လည်ကျဆင်းခဲ့ရာ အဖွင့် ဈေး ကျပ် ၆၅၅၅ဝဝ ဖြင့်ဖွင့်၍ ညနေ ပိုင်းတွင်း ကျပ် ၆၅၃ဝဝဝ ဈေးဖြင့် ဈေး ပိတ်ခဲ့ပါတယ်။ ဇူလိုင် ၂ ရက်မှာ ဈေး နှုန်းဆက်၍ကျဆင်းခဲ့ရာ ကျပ်၆၅၁၅ဝဝ ဈေးထိ ကျဆင်းလာခဲ့ပါတယ်။ ကမ္ဘာ့ ရွှေဈေးနှုန်းမှာ ဇွန်လနောက်ဆုံးပတ်က တစ်အောင်စကို ၁၄၉၈ ဒေါ်လာရှိခဲ့ရာ မှ ဇူလိုင် ၂ ရက်တွင် ၁၄၈၇ ဒေါ်လာ အထိ ကျဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး

Tuesday, 12 Jul 2011

မန်းစိန်ဈေးနှုန်း အတက်ဈေးတွင်ငြိမ်၍ အရောင်းအဝယ်အေး                စိန်ကုန်သည်များနဲ့ စိန်ရောင်းဝယ်သူများမှာ နေပြည်တော် ကျောက်မျက် ရတနာပွဲဘက် စိတ်ဝင်စားနေခြင်းကြောင့် မန္တလေးမြို့ရှိ စိန်အရောင်းဆိုင်များတွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။                 ''ကမ္ဘာ့စိန်ဈေးအရ တက်ပေမယ့် ဒေါ်လာဈေးကျနေလို့ မြန်မာစိန်ဈေးက အမြင့်ဈေးမရောက်ဘူး။ ပစ္စည်းလည်း ရှားနေတယ်။ ရောင်စုံကျောက်နဲ့ ၄ဝ စီးကျင်ဖြူစိန်ကို အသုံးများတဲ့အတွက် လိုချင်လို့ရှာတာတောင် ဝယ်မရဘူး။ ဈေးကွက်မှာ တော့ ဒီရက်ပိုင်းအရောင်းအဝယ်ကျတယ်။ ပွဲတော်ဘက်မှာ လုံးပမ်းနေရလို့ ဒီဘက် မှာ အရောင်းအဝယ်အေးတာ''လို့ မန္တလေး Gem Center  မှ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။               ယခုတစ်ပတ် စိန်ဈေးနှုန်းမှာ ၁ဝ လုံးစီး ကျင်ဖြူတစ်ရတီလျှင် ၁ ဒသမ ၅ သိန်း၊ ၁ ဒသမ ၆ သိန်း၊ ၂ဝ လုံးစီးကျင်ဖြူ တစ်ရတီလျှင် ၁ ဒသမ ၂ သိန်း၊ ၁ ဒသမ ၃ သိန်း၊ ၄ဝ လုံးစီးကျင်ဖြူ တစ်ရတီလျှင် ၁ ဒသမ ၂ သိန်း၊ ၁ ဒသမ ၃ သိန်း၊ ၁ဝ လုံးစီးအသန့် တစ်ရတီလျှင် ၇ သိန်းကျော်၊ ၂ဝ လုံးစီး တစ်ရတီလျှင် ၅ ဒသမ ၅ သိန်း၊ ၄ဝ လုံးစီး တစ်ရတီလျှင် ၄ ဒသမ ၅ သိန်းဖြင့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ ဇူူးဇူူး 

Tuesday, 5 Jul 2011

World Gold Price                     June 2011 (USD/OZ)Date    NY       London     Zurich27       1496      1497       149928       1496      1496       149729       1503      1504       150430       1507      1507       15081         1497     1497        1499Domestic Gold Price Kyats(Thousand)Date          Yangon        Mandalay27-6-2011    653.20         652.5028-6-2011    654.00         654.3029-6-2011    654.10         653.5030-6-2011    655.20         654.601-7-2011      655.50         654.90

Tuesday, 28 Jun 2011

ဧရာဝတီမြစ်ရေတက်၍ ရေလမ်းကောင်းခြင်းကြောင့် ရန်ကုန်မြို့နှင့် ဧရာဝတီတစ်ကြောရှိ မြို့များသို့ အုန်းချော ကျောက် များအား သင်္ဘောဖြင့်နေ့စဉ်တင်ပို့မှုရှိ              ပြင်ဦးလွင် - မန္တလေး ကားလမ်းမဘေး၊ အုန်ချောကျေးရွာရှိ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းများမှ ထွက်ရှိ သည့် ကျောက်တုံးနှင့် ကျောက်မှုန့်များအား ရေလမ်းကောင်းခြင်းကြောင့် ရန်ကုန်မြို့နှင့် ဧရာဝတီမြစ်တစ်ကြောရှိ မြို့ များသို့ သင်္ဘောဖြင့် နေ့စဉ်တင်ပို့လျက် ရှိကြောင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုမှ သိရပါတယ်။ ''ရေတက်လာတော့ ရေလမ်းကြော ပွင့်နေလို့ ရန်ကုန်နှင့် ဧရာဝတီ မြစ်တစ်ကြောက အဆွဲများနေတယ်။ မောင်းကုန်းက နီကယ်စက်ရုံလည်း ပို့ရ တယ်။ မိုးတွင်းကာလမှာ မြို့ပေါ်က အဆွဲနည်းပြီး ရေလမ်းကြောင်းကတစ်ဆင့် အောက်ဘက်က အဆွဲများနေ တာ။ သင်္ဘောတစ်စီးကို ကျောက်တုံး ကျင်း ၂ဝဝ နှင့် ၃ဝဝ ကြား တင်ပို့ရတယ်။ သင်္ဘောတစ်စင်း ထွက်ရင်လမ်း မှာ ၃ - ၄ရက်ကြာတယ်။ ကျောက်တုံး ဈေးနှုန်းကတော့ အပြောင်းအလဲ မရှိဘူး''လို့ ကျောက်ထုတ်လုပ်ရေး လုပ်ငန်း ရှင်တစ်ဦးက ပြောပါတယ်။              အုန်းချောထွက် ကျောက်ဈေးနှုန်း များမှာ ဈေးအပြောင်းအလဲမရှိ၍ ကျောက်မှုန့် တစ်ကျင်းလျှင် ၁၇ဝဝဝ ကျပ်၊ ဘီကျောက်တစ်ကျင်းလျှင် ကျပ် ၂ဝဝဝဝ၊ သုံးမူးကျောက် တစ်ကျင်းလျှင် ၃၇ဝဝဝ ကျပ်၊ ချီပင်ကျောက်တစ်ကျင်း လျှင် ၃၇ဝဝဝ ကျပ်၊ ၆ လက်မ x ၉ လက်မဆိုက် ကျောက်တစ်ကျင်းလျှင် ၂၂ဝဝဝ ကျပ်ဖြင့် မြို့တွင်းအရောက် တင်ပို့ရောင်းချလျက်ရှိပြီး ယခုအခါ သင်္ဘောဆိပ်များသို့ပါ တင်ပို့ရောင်းချ ရကြောင်း သိရပါတယ်။             ဇူးဇူး

Monday, 27 Jun 2011

World Gold Price                           June 2011 (USD/OZ)Date     NY      London     Zurich20       1533    1534        153421       1541    1542        154122       1543    1544        154323       1542    1541        154324       1520    1521        1522Domestic Gold Price                   Kyats(Thousand)Date             Yangon     Mandalay20-6-2011     654.50      654.2021-6-2011     655.80      656.0022-6-2011     655.60      656.0023-6-2011     657.50      658.5024-6-2011     660.50      659.00

Monday, 27 Jun 2011

အမေရိကန် အလုပ်လက်မ့ ဲအခြေအနေကြောင့ ် အိန္ဒိယရွှေဈေးကျ                  အမေရိကန်စီးပွားရေးက မျှော်လင့်ထားတာထက် နှေးကွေးတဲ့ နှုန်းနဲ့ နာလန်ထူနေတယ်လို့ အမေရိကန်ဗဟိုဘဏ်က ပြောပြီးနောက်ပိုင်း တစ်ရက် အတွင်း ရွှေရဲ့ ကျဆင်းတဲ့နှုန်းက ရက် သတ္တပတ်ခြောက်ပတ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ နယူးယောက်ကုန် စည်ဒိုင် Comex ဌာနခွဲမှာ သြဂုတ်လ ရွှေကြိုပွိုင့်ဈေးက တစ်အောင်စကို ၃၂ ဒသမ ၅ဝ ဒေါ်လာ (၂ ဒသမ ၁ ရာခိုင်နှုန်း) ကျဆင်းပြီး ၁၅၂ဝ ဒသမ ၅ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဘာနန်ကီကလည်း နောက်ထပ်မူဝါဒ အစည်းအဝေးနှစ်ခု သို့မဟုတ်သုံးခုအထိ ဆက်လက်ချထား ဦးမည်ဖြစ်ကြောင်း ပြောကြားပါတယ်။ အမေရိကန်မှာ အလုပ်လက်မဲ့ခံ စားခွင့်တောင်းခံသူဦးရေက ခန့်မှန်းတာ ထက်ပိုမိုခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ စီးပွားရေးအခြေအနေယိုင်နေတဲ့ လက္ခ ဏာကို ပြသနေပါတယ်။ ှSPDR Gold Trust  တွင် လက်ကျန်ရွှေဟာ ဇွန် ၂၃ ရက်မှာ တန် ၁၂ဝ၆ ဒသမ ၁၄ တန်နဲ့ မပြောင်းမလဲရှိနေပါတယ်။ ရွှေနဲ့ငွေ သတ္တုဈေးနှုန်းအချို့က ၄၂ ဒသမ ၂၈ နှုန်းမှ ဇွန် ၂၃ ရက်မှာ ၄၃ ဒသမ ၄၄ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပါတယ်။                      Globex ဈေးကွက်မှာ ရွှေဈေး ဟာ ၂ ဒသမ ၃ဝ ဒေါ်လာနှုန်းမြင့် တက်ပြီး တစ်အောင်စကို ၁၅၂၂ သမ ၈ဝ အထိ မြင့်တက်လာခဲ့ပါတယ်။ Source:commodityonline.com

Sunday, 19 Jun 2011

World Gold Price                    June 2011 (USD/OZ)Date    NY     London      Zurich 13    1528     1528         1529 14    1520     1520         1520 15    1519     1520         1521 16    1525     1526         1526 17    1524     1525         1527Domestic Gold Price                               Kyats(Thousand)Date           Yangon Mandalay13-6-2011 630.00    629.0014-6-2011 630.00    630.5015-6-2011 650.00    650.1016-6-2011 653.00   646.8017-6-2011 664.00   660.50

Sunday, 19 Jun 2011

ရက်သတ္တပတ်အလိုက် ရွှေဈေး ဒုတိယအကြိမ်ကျ                     ယူရိုဇုန်ရဲ့ ဘဏ္ဍာရေးအကျပ် အတည်းက သောင်မတင် ရေမကျရှိနေ ဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဇွန် ၁၇ရက် ကမ္ဘာ့ရွှေဈေးက အနည်းငယ်အေးလာ ပါတယ်။ ငွေသတ္တုဈေးကလည်း တတိယမြောက် ရက်သတ္တပတ်အဖြစ် ဆက်ကျနေပါတယ်။ စင်ကာပူစံတော်ချိန် ဇွန် ၆ရက် နေ့လယ် ၁နာရီ ရွှေ လက်ငင်းဈေးက တစ်အောင်စကို ၁၅၄၂ ဒသမ ၆၆ ဒေါ်လာနှုန်းရှိပါတယ်။ ဒါပေမယ့် နယူးယောက်ဒိုင် Comex  ဌာနခွဲမှာ အလားတူအချိန်မှာ ပဲ သြဂုတ်ကြိုပွိုင့်ဈေးက တစ်အောင်စ ကို ၁၅၂၇ ဒသမ ၇၃ ဒေါ်လာနှုန်းရှိ ပါတယ်။                       ဒေါ်လာတန်ဖိုးပြန်လည်ဦးမော့လာတာက ရွှေဈေးကျဆင်းစေနိုင်ပြီး ယူရို၏ ဇုန်အကျပ်အတည်းကလည်း ယခုရက် သတ္တပတ်အတွင်း ရွှေဈေးကို မြှင့်တင် ပေးနိုင်မဲ့ အလားအလာမရှိဘူးလို့ ဆန်း စစ်သူတွေက သုံးသပ်ပါတယ်။ လာမဲ့ ရက်သတ္တပတ်မှာတော့ ဇွန် ၂၂ ရက်မှာ ထုတ်ပြန်မဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ လွတ်လပ်တဲ့ ဈေးကွက်ကော်မတီရဲ့ အတိုးနှုန်းဆုံးဖြတ်ချက်ကို ရင်းနှီးမြှုပ်နံှ သူတွေက စောင့်ကြည့်လေ့လာလိမ့် မယ်လို့ ခန့်မှန်းပါတယ်။                  ရွှေကို အဓိက ကျောထောက် နောက်ခံပြုထားတဲ့ နယူးယောက်က SPDR Gold Trust  က အလားတူကာလအတွင်းမှာ အပြောင်းအလဲမရှိ  ထိန်းထားပါတယ်။ လက်ငင်းရောင်းတဲ့ ငွေသတ္တုဈေးကလည်း ယခုရက် သတ္တ ပတ်အတွင်းမှာ ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တတိယမြောက် ရက်သတ္တ ပတ်အဖြစ် ဆက်လက်ကျဆင်းနိုင်ပါတယ်။ ငွေဈေးက တစ်အောင်စကို ၃၅ ဒသမ ၄၂ ဒေါ်လာနှုန်းရှိတဲ့အတွက် ဧပြီကရှိခဲ့တဲ့ တစ်အောင်စ ၄၉ ဒသမ ၅၂ ဒေါ်လာ စံချိန်တင်နှုန်းအောက် ကျ ဆင်းနေပါတယ်။ ဉာဏ်တင် Source:commodityonline.com

Pages