ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ  အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ် တန်ကို ၅၀၀၀၀ ကျပ် ခန့်ဈေးမြင့်လာကြောင်း ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ  အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ် တန်ကို ၅၀၀၀၀ ကျပ် ခန့်ဈေးမြင့်လာကြောင်း ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဟင်္သာတ အနီးတစ်ဝိုက်မှ ဈေးကွက်ထဲစတင်ဝင်ရောက်နေသလို ရန်ကုန်ဝယ် လက်ကလည်း ဝင်သလောက်ဝယ်အားရှိခဲ့ကြောင်း၊ အဖွင့်ဈေးက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ဒေသထွက်ပဲပုပ်(သစ်)ကို ရန်ကုန်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးဖြင့်နေ့စဉ်အိတ်၂၅၀ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင်ပဲလွန်းဖြူကိုလည်းရန်ကုန်ဝယ်လက်ကအရည်အသွေးပေါ်မူ တည်ပြီးဝယ်ယူတာကြောင့်ဒီတစ်ပတ်မှာဈေး အနည်းငယ်ဆင်း လာပြီး တစ်ပိ

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်တရုတ်နှစ်သစ်ကူးပွဲတော်အပြီး ပဲမျိုးစုံထဲမှ ဈေးကွက်ထဲအသစ်ဝင်ရောက်လာတဲ့ ပဲစင်းငုံနီ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲယင်းနှင့် ပဲလွန်းဖြူ၊ ပဲထောပတ်တို့က အရောင်းအဝယ်ဖြစ်မှု ပိုများလာကြောင်း လက်ကျန်ပဲကတော့ ကြိုကြားကြိုကြားအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်)က မန္တလေးဒေသ အနီးတစ်ဝိုက်မှ ဝင်ရောက်မှုများပြားလာသလို ရန်ကုန်ဝယ်လက်နှင့် လှောင်လက်တွေကလည်း ဝင်သလောက်အဆွဲသွက်ခဲ့ကြောင်း သိရ ပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၂၀ ကျပ်(တစ်တန် ကို ၅၆၃၃၉၈ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀၀ မှ ၇၀၀၀ ကြားဖြစ်ခဲ့ကြောင်းသိရပါတယ်။

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယဝယ် လက်အပြန်လိုက်လာတာကြောင့်ဈေးကွက်မှာနေ့စဉ်ပဲအရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် မတ်ပဲ (RC) တစ်တန်ကို အနိမ့်ဆုံး ၆၀၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၉၀၀၀ ကျပ်အတွင်းတန်ချိန် ၂၀၀၀ ကျော်ခန့်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

်မူဆယ်ကုန်စည်ဒိုင်