Background
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်မှာလည်း ကုလားပဲဈေးဆက် လက် ခိုင်မာနေပါတယ်။ သီတင်းပတ်အစပိုင်းမှာ အဝယ်ပါးပြီး ဈေးပြန်ကျလာပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ ကုလားပဲဈေး ပြန်ခိုင်မာလာပါတယ်။ ကြိုပွိုင့်ဈေး မြင့်တက်ခြင်းနဲ့အတူ လက်ငင်းအဝယ်ရှိလာလို့ ဈေးပြန်ခိုင်မာလာခြင်းဖြစ်ပါတယ်။ ပြည်ပကတင်သွင်းလာတဲ့သြစတြေးလျကုလားပဲကို ဝယ်လိုအားကောင်းနေပြီး ဈေး ဆက်လက် ခိုင်မာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
၂၀၁၂ ခုနှစ် ၊ မတ်လမှာ မြန်မာပြည်တွင်းပဲမျိုးစုံဈေးကွက်အများစုမှာ ပဲမျိုးစုံဈေးနှုန်းတွေ အားကောင်းလာတယ်။ ၂၀၁၂ ခုနှစ် ၊ ပထမနှစ်လအတွင်း အိန္ဒိယ ၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်မားခြင်းကြောင့် ဈေးမြင့်လာကြောင်း၊ အိန္ဒိယမှ အဝယ်ပိုများကြောင်း သိရတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာ ဆောင်း-နွေဦးပဲတွေ ရိတ်သိမ်းတဲ့ရာသီဖြစ်ရာ မေလမှ စက်တင်ဘာလအတွင်း
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များမှ အဝယ်အေးနေတာကြောင့် မဟာရပ်ရှတရာနဲ့ ရာဂျက် စသန်ရဲ့ အဓိကဈေးကွက်များမှာ ဒေစီပဲတီစိမ်းဈေးတည်ငြိမ်နေပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းအရည်အသွေး လိုက် ဈေနှုန်းအနိမ့်အမြင့်နဲ့ ရောင်းချလျက်ရှိရာ မွန်ဘိုင်းဈေးကွက် တန်ဇန်းနီးယား (moger) ပဲတီစိမ်းဈေးမှာ တစ်တန် ရူပီး၅၀၀၀၀-
အိန္ဒိယနိုင်ငံ တမီလ်နာဒူး ပြည်သူရောင်းချရေးကော်ပိုရေးရှင် (TNCSC )မှ ပဲစင်းငုံခွဲခြမ်း တန်ချိန် တစ်သောင်းဝယ်ယူဖို့ ဒေသတွင်းမှာ တင်ဒါခေါ်ယူခဲ့ပါတယ်။ အဲဒီအဝယ်တင်ဒါတွေနဲ့အတူ ပဲခွဲစက်များနဲ့ ကုန်သည်များမှ အဝယ်ရှိလာလို့ ယခု တစ်ပတ်ပဲစင်းငုံဈေးနှုန်းသိသိသာသာမြင့်တက်ခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တော်တော်များများမှာ ယခုတစ်ပတ်အတွင်း မတ်ပဲဈေးအနည်းငယ်တိုးလာခဲ့ပါတယ်။ ပြည်တွင်းပဲရော ပြည်ပတင်သွင်းပဲပါ ပုံမှန် ဝင်ရောက်လျက်ရှိပြီးကုန်သည်များနဲ့ ပဲခွဲစက်များမှ အဝယ်သွက်လာလို့ ဈေးအနည်း ငယ် ပိုလာတာဖြစ်ပါတယ်။ ဒါပေမဲ့ မွန်ဘိုင်းမှာ မြန်မာမတ်ပဲ FAQ ကို အရောင်း
အိန္ဒိယနိုင်ငံက ဧပြီလအစပိုင်းမှာ သကြားတင်ပို့မှု ကန့်သတ်ခြင်းမရှိဘဲ တန်ချိန် ၁ သန်းကျော်ထိ တင်ပို့ခွင့် ပြုနိုင်ပြီး၊ အဲဒီလို ပမာဏများများ တင်ပို့မှုက ဈေးနှုန်းနိမ့်ကျနေတဲ့ ကမ္ဘာ့ဈေးကို ပိုမိုဖိအားဖြစ်စေနိုင်တယ်လို့ စားနပ်ရိက္ခာဝန်ကြီးဌာနမှ မတ်လ ၁၄ ရက်မှာ ပြောကြားပါတယ်။ ကမ္ဘာမှာ သကြားဒုတိယအများဆုံး ထုတ်လုပ်သူ ဖြစ်သလို အများဆုံးစားသုံးတဲ့ အိန္ဒိယနိုင်ငံသကြားထွက်ရှိမှုက ဝယ်လိုအားထက် ကျော်လွန်ဖွယ်ရှိပြီး၊ အောက်တိုဘာလ ၁ ရက်မှ စတင်တဲ့ ယခုနှစ်အတွင်း သကြားတန်ချိန် ၂ သန်းတင်ပို့ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
ကမ္ဘာမှာ ပြောင်းဒုတိယအများဆုံးစားသုံးတဲ့ တရုတ်နိုင်ငံမှ ပြောင်းတင်သွင်းမှုက ၁၄ ရာခိုင်နှုန်းခန့်အထိ ပိုမိုမြင့်တက်မယ်လို့ ဘေဂျင်းနဲ့ အမေရိကန်စိုက်ပျိုးရေးဌာနတို့ က ခန့်မှန်းထားလို့ ကမ္ဘာ့ပြောင်းရောင်းချမှုနည်းနေတဲ့ လက်ရှိအခြေအနေထက် ပိုမို ကျပ်တည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်းအမှန်ရောင်းချမှုနဲ့ ဝယ်လိုအားခန့်မှန်းချက်တို့ကို ဖြည့်ဆည်းဖု့ိအပိုတင်သွင်းမှုဟာ၄ လနီးပါးအတွင်း မြင့် တက်နေပြီးဖြစ်တဲ့နိုင်ငံတကာ ပြောင်းဈေးကို ပိုမိုမြင့်တက်ဖို့ဖြစ်လာစေနိုင်ပါတယ်။ တိရစ္ဆာန်အစာအတွက်ပြောင်းကိုအစားထိုးသုံးစွဲခဲ့တဲ့အတွက်ပြောင်းဈေးမြင့်တက်ရင် ဂျုံ ဈေးကွက်ကိုလည်း သက်ရောက်နိုင်ပါတယ်။
တရုတ်နိုင်ငံရဲ့ဝယ်လိုအား ပြန်လည်မြင့်တက်လာတာအပြင် အမေရိကန်ရဲ့ စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာတာကြောင့် လာမယ့်ကာလများမှာ ပြောင်းဈေးနှုန်း ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ တရုတ်ရဲ့ပြောင်းတင်သွင်းမှု တက် လာတော့ ပြည်တွင်းပြောင်းဈေးနှုန်းက သွင်းကုန်ဈေးထက် ပိုကြီးတာကြောင့် ဖြစ် တယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုက နွေရာသီကုန် လောက်မှာ ၁၆ နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
အိန္ဒိယနိုင်ငံ နာပါမှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုမှ တရုတ် ကြက်သွန်ဖြူတွေမှာ အဆိပ်ဖြစ်စေတဲ့ မှိုပါဝင်ကြောင်း စမ်း သပ် တွေ့ရှိပြီးနောက်တရုတ်ကြက်သွန်ဖြူများကို ဖျက်ဆီးဖို့ တရားရုံးမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ ယင်းကြက်သွန် ဖြူဟာလူစားသုံးရန်မသင့်တော်ကြောင်းနဲ့ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေကြောင်း၊
အိန္ဒိယနိုင်ငံ နာပါမှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုမှ တရုတ် ကြက်သွန်ဖြူတွေမှာ အဆိပ်ဖြစ်စေတဲ့ မှိုပါဝင်ကြောင်း စမ်း သပ် တွေ့ရှိပြီးနောက်တရုတ်ကြက်သွန်ဖြူများကို ဖျက်ဆီးဖို့ တရားရုံးမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ ယင်းကြက်သွန် ဖြူဟာလူစားသုံးရန်မသင့်တော်ကြောင်းနဲ့ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေကြောင်း၊