Background
အိန္ဒိယဈေးကွက်အချို့ကို နနွင်းဝင်ရောက်မှု ပိုမိုများပြားလာလို့ နနွင်းဈေးကျဆင်းပေမဲ့ အရည်အသွေး ကောင်း နနွင်း ကတော့မတ်လ ၁၄ ရက်မှာ ဈေးပိုရတယ်လို့သိရပါတယ်။ အီရော့နဲ့ သမဝါယမအသင်းဈေးဝင်းမှာ နနွင်း ၂ မျိုးလုံး တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၈၇) ကျဆင်းပေမဲ့ အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာတော့ ဈေးပိုမိုခဲ့တယ်
အိန္ဒိယနိုင်ငံရဲ့ပဲမျိုးစုံထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် အိန္ဒိယပဲမျိုးစုံ သုတေသန တက္ကသိုလ် (IIPR) နဲ့ နိုင်ငံတော် စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ ပဲမျိုးစုံ (NFSM-Palser) အစီအစဉ်အောက်မှာရှိတဲ့ နိုင်ငံတော်ပိုးမွှား စုပေါင်းကာကွယ် ထိန်းသိမ်း ရေးစင်တာ (NCIPM)တို့နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုနည်းပြီး ဝယ်လိုအား တက်နေတာကြောင့် ကုလားပဲဈေးက အမြင့်ဘက်ဆက်လက်ချီတက်နေပါတယ်။ လက်ငင်းဈေးကွက်မြင့်တက်ခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်း မြင့်တက်လာခဲ့ရာ NCDEX ကုလားပဲဖြူလုံးကြီး ကြိုပွိုင့်ဈေးကွက်မှာ ဧပြီလစာချုပ်ဈေးဟာ ၁ ဒသမ ၀၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဝယ်လိုအားကောင်းပြီး အထွက် လျော့ကျတာကြောင့် လာမယ့်ရက်တွေမှာလည်း ကုလားပဲဈေးဆက်လက်မြင့်တက် ဖွယ် ရှိကြောင်း ခန့်မှန်းကြပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိ လက်လီလက်ကားဈေးကွက်များမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပဲမျိုးစုံဈေးနှုန်း ဆက်တိုက် မြင့်တက်နေတာကြောင့် စားသုံးသူများအတွက် ဈေးနှုန်းဖိစီးမှုဖြစ်ပေါ်နေပါတယ်။ ပါကစ္စတန်ငွေကြေး တန်ဖိုး ဆက်လက် ကျဆင်းခြင်းကြောင့် တင်သွင်းပဲဈေးက မြင့်တက်လာခဲ့ပါတယ်။ Jodia ဈေးမှာ တင်သွင်းပဲတွေရဲ့ ဈေးနှုန်းဟာ
ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပဲစင်းငုံဈေး တိုးလာတာ တွေ့ရပါတယ်။ဒေသတွင်းက ပဲစင်းငုံဝင်ရောက်မှု အားနည်းလာပြီး မဟာရပ်ရှတရာ ပဲစင်းငုံကို ဝယ်လိုအားတက်လာလို့ ဈေးတက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အချို့ဈေးကွက်တွေမှာ
အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်တွေမှာ ယခုတစ်ပတ် မတ်ပဲဈေး တည် ငြိမ်နေတာ တွေ့ရပါတယ်။ မွန်ဘိုင်းဈေးကွက်ကို မတ်ပဲဝင်ရောက်မှု အနည်းငယ် လျော့ကျခဲ့လို့ တင်သွင်းမတ်ပဲဈေးတော့အနည်းငယ်တိုးလာခဲ့ကြောင်း သိရပါတယ်။ မတ်ပဲခွဲခြမ်းကို ဝယ်လိုအားပါးပေမဲ့ ဈေးနှုန်းတည်ငြိမ်နေပြီး မတ်ပဲ SQ ကိုတော့ ဝယ်လိုအား တက်နေတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ၁၅-၃-၂၀၁၂ ၁၄-၃-၂၀၁၂ ၁၃-၃-၂၀၁၂ ၁၂-၃-၂၀၁၂မွန်ဘိုင်း ၆၁၁ ၆၁၁ ၆၁၀ ၆၁၃ဒေလီ ၄၈၁-၅၄၁ ၄၈၀-၅၄၁ ၄၈၀-၅၄၀ ၄၈၃-၅၄၃အာကိုလာ ၅၆၁-၆၀၁ ၅၆၁-၆၀၁ ၅၆၀-၆၀၀ ၅၆၃-၆၀၃MIRT(MAPT)
၂၀၁၅ ခုနှစ်မှာ နယ်စပ်တံခါးများ ပွင့်လာတော့မယ့် အာဆီယံစီးပွားရေးအသိုင်းအဝန်း (ဗနဃ)မှာ ၎င်းတို့ ဈေးကွက်တိုးချဲ့ဖို့ အတွက် ထိုင်းသကြားစက်များက ၎င်းတို့ ထုတ်ကုန်အရည်အသွေး တိုးမြှင့်လိုကြောင်း သိရပါတယ်။ အဖွ့ဲဝင် ၄၇ ဦးပါဝင်တဲ့ ထိုင်း သကြားစက်ကော်ပိုရေးရှင်း (TSMC) ဥက္ကဋ္ဌ Vibul Panituong က ၎င်းရဲ့အုပ်စုဟာ သကြားအရည်အသွေးကို လာမယ့်နှစ်မှာ သကြားစံနှုန်း Polarisation ၉၉ ဒသမ ၂ အဆင့်ထိ တိုးမြင့်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
၂၀၁၂ ပထမနှစ်လမှာ ရော်ဘာထုတ်လုပ်မှုကျဆင်းပြီး တရုတ်နဲ့ အိန္ဒိယရဲ့ သုံးစွဲမှုမြင့်တက်လာတာကြောင့် ရော်ဘာ ဈေးနှုန်းကတော့ မြင့်တက်ဖွယ်ရှိကြောင်း ရော်ဘာအသင်းက ပြောကြားပါတယ်။ ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်လာပြီး ၂၀၁၁ မှာ ရော်ဘာထုတ်လုပ်မှု ၈ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ကာ တန်ချိန် ၁၀ ဒသမ ၂၆ သန်းရှိပြီး ၂၀၁၂ မှာတော့ သုံးစွဲမှု ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။
တရုတ်ရဲ့သွင်းကုန်တင်ပို့မှုတိုးလာတာကြောင့် ကမ္ဘာ့ပြောင်းဈေးနှုန်းများ မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ မှာတရုတ်အနေနဲ့ ပြောင်းတန် ၁၉၁ ဒသမ ၈ သန်းအထိ စံချိန်တင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ တရားဝင်ကြေညာ ချက် များအရ သိရပါတယ်။ တရုတ်ရဲ့ပြောင်းသီးနှံစိုက်ပျိုးရေးချဲ့ထွင်မယ်ဆိုရင် အစိုးရ ထံမှ အထောက်အပံ့ပိုမိုရရှိနိုင်ကြောင်း ပြည်တွင်းရှိပြောရေးဆိုခွင့်ရှိသူများက ပြောပါတယ်။
ယခုရာသီအတွင်း နနွင်းဈေးပုံမှန်မရရှိနိုင်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဈေးကွက်များမှာ နနွင်း ပမာဏများနေ ခြင်းက ဒေသအသီးသီးကစိုက်ပျိုးသူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပါတယ်။ အိန္ဒိယက ဈေးအနိမ့်နဲ့ တင်သွင်းမှုတွေကြောင့် ဈေးပိုမိုကျဆင်းဖို့ဖြစ်လာခြင်းကလည်း ပြဿနာများစွာရှိစေပါတယ်။