Background
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်းပဲတီစိမ်းကို ဝယ်ယူမှုမရှိတာကြောင့် ယခင်ရက် ဈေးအတိုင်း ငြိမ်နေတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲတွေ များစွာကျန် ရှိနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်း သိုလှောင်မှုများထဲမှာ ၁၂-၁၃ ရာခိုင်နှုန်းဟာ ပဲအပျက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ နောက်ရက် အနည်းငယ် အတွင်း ပဲအရည်အသွေးနိမ့်တွေက ဈေးနှုန်းကို ထိန်းထားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်ေ တွမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် ၂၅-၁-၂၀၁၂ ၂၄-၁-၂၀၁၂ ၂၃-၁-၂၀၁၂ ၂၁-၁-၂၀၁၂မွန်ဘိုင်း (ပဲတီရွှေဝါ) ၈၅၉ ၈၆၉ ၈၈၃ ၈၈၆ဒေလီ ၄၇၉-၆၆၉ ၄၇၉-၆၇၉ ၄၇၆-၆၇၅ ၄၇၈-၆၇၇အာကိုလာ ၆၉၉-၈၃၉ ၆၉၉-၈၃၉ - ၆၉၇-၈၃၆MIRT(MAPT)
အိန္ဒိယပဲစင်းငုံထွက်ရှိတဲ့ မဟာရပ်ရှ်တရာနဲ့ ကာနာတာကာတို့မှ ပဲစင်းငုံတွေကို အမြင့်ဈေးနဲ့ကမ်းလှမ်းကြတဲ့ အတွက် ပဲစင်းငုံဈေးက အရင်ရက်များအတိုင်း ငြိမ်နေတယ်။ လက်ရှိပဲစင်းငုံ အထွက်လျော့ခြင်းနဲ့ ဆောင်းရာသီစိုက် ပဲစင်းငုံကလည်း နောက်ထပ် ၃ လခန့်မှ ဝင်ရောက်လာဖွယ်ရှိလို့ ဈေးမကျဆင်းနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် မွန်ဘိုင်းမှာ ရန်ကုန်ပဲစင်းငုံလက်ကျန်နည်းနေပြီလို့ သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ zဒေါ်လာ/တန် ၂၅-၁-၂၀၁၂ ၂၄-၁-၂၀၁၂ ၂၃-၁-၂၀၁၂ ၂၁-၁-၂၀၁၂မွန်ဘိုင်း ၆၅၉-၆၆၇ ၆၆၉-၆၇၄ ၆၆၀ ၆၅၇ဒေလီ ၆၉၄-၆၉၉ ၆၉၄-၆၉၉ ၆၈၅-၆၉၀ ၆၅၂-၆၈၇ချန်နိုင်း ၆၅၉ ၆၅၉ ၆၅၅ ၆၅၇MIRT(MAPT)
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ရူပီးတန်ဖိုးပြန်ခိုင်မာလာတာကြောင့် တင်သွင်းသူတွေက ထုတ်ရောင်းလာကြပြီး လှောင်လက်များကလည်း ဝယ်ယူမှုနည်းလို့ ယခင်ရက်ပိုင်းဈေးအနည်းငယ်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဈေးကွက်တွေမှာ လက်ကျန်သိုလှောင်မှု နည်းလာပြီဖြစ်လို့ လာမယ့်ရက်တွေမှာ မတ်ပဲ ဈေး တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒေလီဈေးကွက်မှာ တော့ မတ်ပဲသိုလှောင်မှု အိတ် ၂ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ မတ်ပဲဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် ၂၅-၁-၂၀၁၂ ၂၄-၁-၂၀၁၂ ၂၃-၁-၂၀၁၂ ၂၁-၁-၂၀၁၂မွန်ဘိုင်း ၆၂၉ ၆၂၉-၆၃၄ ၆၃၀ ၆၃၂ဒေလီ ၄၆၉-၅၃၉ ၄၆၉-၅၄၉ ၄၇၆-၅၅၆ ၄၇၈-၅၇၇ချန်နိုင်း ၆၅၉ ၆၆၄ ၆၆၀ ၆၇၂MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို နေ့စဉ်အဝယ်ရှိနေပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏမှာပုံမှန်သာရှိတာကြောင့် ဇန်နဝါရီလ၂၀ ရက်မှ ၂၆ ရက်အထိ တစ်ပတ်အတွင်းမှာ တန်ချိန် ၅၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမတ်ပဲဈေးက အခြေခံ ဈေး ရောက်နေပြီဖြစ်လို့ အိန္ဒိယဝယ်လက်တွေကလည်း အကြိုက်တွေ့နေပြီလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ပြည်တွင်းကုန်သည်တချို့က ဈေးကျ မှာ စိုးရိမ်ပြီး ထိုးရောင်းမှုတွေရှိနေလို့ ကျဈေးမှာ ပြည်ပဝယ်လက်တွေကလည်း အဝယ်တုံ့နေတယ်လို့ ဆိုပါတယ်။ အခြေခံဈေးဖြစ်နေပြီး အိန္ဒိယမှာလည်း ဈေးမြင့် လာမယ့် အခြေအနေအရ မြန်မာမတ်ပဲက ဒီထက်ကျဆင်းနိုင်ဖွယ်မရှိဘူးလို့လည်း အဆိုပါဝါရင့်ကုန်သည်ကြီးက ဆိုပါတယ်။ ပို့ကုန်ဝင်ငွေတန်ဖိုးမာပေမဲ့ ရန်ကုန် FOB မတ်ပဲဈေးက ယခင်တစ်ပတ်ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၇-၁-၂၀၁၂ ၅၇၀-၅၉၀ ၆၁၀-၆၃၀၂၀-၁-၂၀၁၂ ၅၈၀-၆၀၀ ၆၃၀-၆၅၀MIRT(MAPT)
ထိုင်းနိုင်ငံမှာ မိုးရွာသွန်းမှုကြောင့် ရော်ဘာရောင်းလိုအားပြတ်လပ်နိုင်မှုနဲ့ တရုတ်နှစ်ကူး မတိုင်မီ ဝယ်လို အားကောင်းမွန်မှု ကြောင့် ယခုရက်သတ္တပတ်မှာ မလေးရှားရော်ဘာဈေးကွက်က အမြင့်မှာ ဆက်လက် တည်ရှိ နိုင်ကြောင်း ကုန်သည်တွေက သုံးသပ်လိုက်တယ်။ ထိုင်းနိုင်ငံလယ်ယာစိုက်ပျိုရေးဝန်ကြီးဌာနက မှိုင်းမခံရသေးတဲ့ရော်ဘာတန်ချိန် ၂၀၀ယ၀၀၀ ဝယ်ယူမှု ကလည်း ရော်ဘာဈေးနှုန်းမြင့်တက်စေဖို့ အားဖြည့်ပေးခဲ့တယ်။ ယခုရက်သတ္တပတ်က မလေးရှားရော်ဘာဘုတ်အဖွဲ့မှာ ဖြစ်ပေါ်ခဲ့တဲ့ SMR 20 ဈေးနှုန်းက ဈေးတက် သွားကာ တစ်ကီလိုဂရမ်ကို ၁၀၃၈ sen (တစ်တန်ကို ကန်ဒေါ်လာ ၃၂၉၈ ဒသမ ၃၈) ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး latex က တစ်ကီလိုဂရမ်ကို ၆၅၃ sen (တစ်တန်ကို ကန်ဒေါ်လာ ၂၀၇၄ ဒသမ ၉၉) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my
ယခုနှစ်မှာ ကြံစိုက်ပျိုးသူများပြီး၊ ကြံအထွက်ကောင်းတာကြောင့် တစ်နိုင်ငံ လုံးမှ ဝယ်ယူသုံးစွဲနေခြင်းနဲ့ တရုတ်နိုင်ငံကပါ ဝယ်ယူမှုရှိနေကြောင်းသိရပါတယ်။ သကြားနှင့်သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်းမှ တာဝန်ရှိသူ တစ်ဦးက '' ဒီနှစ်က ပစ္စည်းများပြီး အရောင်းအဝယ်သွက်နေတယ်။ ပြည်ပက သကြားက ဒီဈေးနဲ့မဝင်နိုင်လို့ မန္တလေးဈေးကွက်က သကြားကိုဘဲ ဝယ်ယူသုံးစွဲနေ တာ။
အိန္ဒိယအစိုးရက ယခုလက်ရှိသကြားရာသီမှာတန်ချိန် (သုညဒသမ ၅ - ၁) သန်းအထိ တင်ပို့ခွင့်ပြုဖို့ စီမံချက်ရှိကြောင်း သိရပါတယ်။ ဆုံးဖြတ်ချက်ကို အခွင့် အာဏာရှိဝန်ကြီးများအုပ်စု (EGoM) ရဲ့ လာမယ့်အစည်းအဝေးမှာ အပြီးသတ်ချ မှတ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်က ထုတ်လုပ်မှု ပိုလျှံဖို့ရယ် ကုန်သည်တွေကို ပို့ကုန်ပိုမိုတင်ပို့စေခြင်းကြောင့် နှောင့်နှေးမှုနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ တောင်သူတွေလဲ အကျိုးခံစားခွင့်ရမှာဖြစ်ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ယခုအချိန်မှာ သကြားက ကမ္ဘာ့ဈေးကွက်မှာ ဈေးလျော့နေပေမယ့် ရူပီးဈေးတက်လာ ရင်တော့ ကုန်သည်တွေ ပွပေါက်တိုးမှာ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယက ဘရာဇီးပြီးရင် ဒုတိယအကြီးဆုံး သကြား တင်ပို့သူဖြစ်ပါတယ်။၂၀၁၁-၂၀၁၂ မှာ အိန္ဒိယကသကြားတန်ချိန် ၂၆ သန်း ထုတ် လုပ်ပြီး ပြည်တွင်းသုံးစွဲမှုက တန်ချိန် ၂၂ သန်း ဝန်းကျင်ရှိကြောင်း သိရပါတယ်။ Source: Commodty online, K.Z.W
ကြက်သွန်နီဈေးနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် ဒီအချိန်အတွင်း ကြက်သွန်နီတင်ပို့မှုအနိမ့်ဆုံး ဈေးနှုန်း (MEP) ကို ဖယ်ရှားပေးဖို့ စားသုံးသူရေးရာဝန်ကြီးဌာနက စဉ်းစားနေကြောင်းသိရပါတယ်။ လယ်ယာ ထွက်ကုန်တင်ပို့မှုကို အကန့် အသတ်ဖြစ်စေတဲ့ အစိုးရရဲ့ပြောင်းလဲနေတဲ့မူဝါဒကို လေ့လာဆန်းစစ်သူများက ဝေဖန် ကြပေမဲ့ ဒီပြောင်းလဲမှုက ပြည်ပတင်ပို့သူ တွေအတွက် ပိုမိုအကျိုးရှိလာမယ်လို့ ဆိုပါတယ်။
အိန္ဒိယနနွင်းသစ် ထုတ်လုပ်မှု ပိုမိုမြင့်တက်ဖွယ်ရှိတဲ့အတွက် နနွင်းသစ်များ ရောင်းချမှုများလာတာကြောင့် အိန္ဒိယနနွင်း ကြိုပွိုင့်ဈေးကျဆင်းဖွယ်ရှိကြောင်း သိရပါတယ်။ နနွင်းသစ်များ ဖေဖော်ဝါရီလလယ်မှာ လှိုင်လှိုင် ဝင်ရောက်ဖွယ်ရှိတဲ့အတွက် ကုန်သည်များက နနွင်းသစ်ဝယ်ယူဖို့ စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ Renaissanceဟိုတယ်ကွန်ဗင်းရှင်းစင်တာမှာ ဖေ ဖော်ဝါရီလ ၁၅-၁၇ ရက်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုအတွက် ပထမ အကြိမ်အနေနဲ့ ကမ္ဘာ့ပဲမျိုးစုံအစည်းအဝေး (GPC) ကို ကျင်းပမယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်း (IPGA) မှ ကြေညာခဲ့ပါတယ်။ အာရှကို ကမ္ဘာ့ပဲမျိုးစုံဈေး ကွက်မှာ ပါဝင်လှုပ်ရှားသူတွေက အထူးအလေးထားနေကြပြီလို့ (IPGA) ဥက္ကဌ Pravin Dongre က ဆိုပါတယ်။