Main menu

Background

Sunday, 2 Oct 2011

အိန္ဒိယဈေးကွက်မှာ ပဲဝါလေး ပဲစင်းငုံခွဲခြမ်းနဲ့ အချို့ပဲဈေးများ ၁၀-၁၅ ရာခိုင်နှုန်းခန့် မြင့်တက်                     မိုးပဲအထွက်ကျဆင်းမယ့် ခန့်မှန်းချက်များနဲ့ ငွေကြေးဈေးကွက် ကျဆင်းမှု များကြောင့် အိန္ဒိယဈေးကွက် များအတွင်း ပဲဝါလေး၊ ပဲစင်းငုံခွဲခြမ်းနဲ့ ပဲနီလေးလို ပဲအချို့ဈေးများ ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံဟာအဓိကပဲမျိုးစုံတင်သွင်းသူဖြစ်လို့ ရူပီးတန်ဖိုးကျဆင်းခြင်းကလည်း ပဲဈေးမြင့် တက်စေတဲ့ အကြောင်းရင်းတစ်ခုပါလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ ဒါ့အပြင် မိုးပဲအထွက်ကျဆင်းမယ့် ခန့်မှန်းချက်ကြောင့်လည်း ဈေးတက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။                      အိန္ဒိယနိုင်ငံမှာ ပဲဝါလေးဟာ ဝယ်လိုအားအများဆုံး ပဲဖြစ်ပြီး နှစ်စဉ်တန်ချိန် ၁ ဒသမ ၅ သန်းဝန်းကျင် တင်သွင်းနေရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၁ မိုးရာသီအတွင်း ပဲစိုက်ဧရိယာဟာ ယခင်နှစ်ထက် ဟက်တာ ၁၀ ဒသမ ၈၉ သိန်း လျော့ကျခြင်းက ပဲထွက်ရှိမှု ပထမအကြိမ်ခန့်မှန်းရာ မှာ တန်ချိန် သုည ဒသမ ၇ သန်း လျော့ကျဖို့ဖြစ်စေပါတယ်။ အဓိကအကြောင်းရင်း ကတော့ ပထမပိုင်းမှာမိုးအဝင်နှောင့်နှေးနေပြီး နောက်ပိုင်းမှာ မိုးအလျှံပယ်ရွာသွန်း တာကြောင့်လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း(IPGA)  ဒုတိယဥက္ကဌBinal Kothari က ပြောကြားပါတယ်။                     ပဲစင်းငုံခွဲခြမ်းဈေးတွေ သေချာပေါက် မြင့်တက်မယ်မှန်းပြီး အနိမ့်ဆုံးထောက်ပံ့ ဈေး (MSP)ထက်နိမ့်တဲ့ဈေးတွေနဲ့ ဝယ်ယူခြင်းကိုလည်း ကျွမ်းကျင်သူတွေက ထောက်ပြ ပြောကြားပါတယ်။ တစ်နိုင်ငံလုံးရှိ လက်လီရောင်းချ သူများဟာ ပွဲတော် ရာသီမှာ အကျိုးအမြတ်ရယူဖို့ ဈေးအမြင့်မှာ ထိန်းထားကြတယ်လို့လည်း ဆိုပါတယ်။ '' ဈေးနှုန်း ထပ်မံမြင့်တက်နိုင်ခြေမရှိတော့ပါဘူး။ လက်ကားဈေးကွက် တွေမှာ တဖြည်းဖြည်းနဲ့ စတင်ကျဆင်းလာနေပြီ။ လက်လီဈေးကွက်တွေနဲ့ ပတ်သက်လို့ အစိုးရကစောင့်ကြည့်သင့်ပါပြီ။ လက်လီရောင်းသူတွေက ဈေးချဖို့အသင့် မရှိဘူးလို့ '' Mr.kothari  က ဆိုပါတယ်။                     ဆောင်းပဲထုတ်လုပ်မှုက ဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်မယ်လို့လည်း Mr.Kothariက ဆိုပါတယ်။ မုတ်သုံမိုးကောင်းတဲ့အတွက် ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေးလို ဆောင်းပဲထုတ်လုပ်မှု ကောင်းလာဖွယ်ရှိတဲ့အတွက် ဈေးနှုန်း မြင့်တက် နိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ်။                   ယခင်လကတည်းက ပဲဈေးမြင့်တက်ခဲ့ပေမယ့် ဆောင်းပဲအထွက်ကောင်းခြင်း က လုံလောက်စွာ ရောင်းချနိုင်မှာဖြစ်လို့ ဈေးနှုန်းကို ထိန်းချုပ်နိုင်မယ်လို့လည်း ကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ထောင်စုအစိုးရ အနေနဲ့လည်း စိုက်ဧရိယာ တိုးချဲ့ခြင်းနဲ့ ထုတ်လုပ်နိုင်မှုမြှင့်တင်ခြင်းတွေနဲ့ ပဲမျိုးစုံထွက်ရှိမှု တိုးတက်အောင် အရေးပေါ် စီမံချက်တစ်ခု ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဲဒီစီမံချက်အရ ဆောင်းရာသီအတွင်း ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၇၈ သန်း ပိုမိုထွက်ရှိဖို့ ရည်ရွယ် ထားပြီး မိုးပဲအထွက်လျော့ကျခြင်းကို ပြန်လည်ကာမိစေဖို့ပဲ ဖြစ်ပါတယ်။ ယမင်းရွှေစင် Source:Momeylife Digital

Sunday, 2 Oct 2011

အိန္ဒိယ ကုလားပဲဈေးအေး                      အိန္ဒိယဈေးကွက်များအတွင်း ယခင်သီတင်းပတ်များက ဈေးကောင်းနေတဲ့ ကုလားပဲ ဈေးဟာ ယခုတစ်ပတ်မှာ ဈေးအေးနေပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ လှောင်လက်များ ထုတ်ရောင်းခြင်းတို့ကြောင့် ဈေးလျော့လာတာဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ကနဦး စိုက်ပျိုးမှုအခြေအနေကောင်းမွန်နေခြင်းနဲ့ စိုက် ဧရိယာ တိုးတက်ဖွယ်ရှိခြင်းတို့ကလည်း ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ဆောင်းပဲ အထွက်မြှင့်တင်တဲ့ အစိုးရမူဝါဒနဲ့ ဆောင်းပဲစိုက်ပျိုးချိန် အစပိုင်းမှာ စံချိန်တင် မြင့်တက်ခဲ့တဲ့ ဈေးနှုန်းတွေကြောင့် တောင်သူတွေ ပဲစိုက်ဖို့ အားတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေမှာ ရောင်းချမှုနည်းခြင်းနဲ့ ယခုနှစ် ဝယ်လိုအားကောင်းခြင်း ကြောင့် ကမ္ဘာ့ဈေးကောင်းနေခြင်းတို့ကတော့ ကုလားပဲဈေးကို အထောက်အပံ့ပြု နေဆဲပဲ ဖြစ်ပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                              ဒေါ်လာ/ တန်                   ၂၉-၉-၁၁        ၂၈-၉-၁၁         ၂၇-၉-၁၁             ၂၆-၉-၁၁ဒေလီ           ၇၁၅-၇၂၀        ၇၄၆-၇၅၁         ၇၃၂-၇၃၇           ၇၃၁-၇၄၁ကန်ပါ             ၇၄၆                ၇၇၇                  ၇၇၃                   ၇၇၂အာကိုလာ        ၇၄၆                ၇၈၇                    -                      ၇၈၂MIRT(MAPT)

Sunday, 2 Oct 2011

အိန္ဒိယဈေးကွက်များကို ပဲတီစိမ်းအသစ်ဝင်ရောက်မှုရှိလို့ ဈေးလျော့လာ                 အိန္ဒိယဈေးကွက်တချို့ကို ပဲအသစ်များဆက်တိုက်ဝင်ရောက်နေတာကြောင့် ပဲတီစိမ်းဈေးလည်း လျော့ကျလာခဲ့ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းနဲ့အလယ်ပိုင်းတို့မှာ ရိတ်သိမ်းကာလအတွင်း ရာသီဥတု ခြောက်သွေ့နေတာကြောင့် အဓိကဈေး ကွက်များကို ပဲအသစ်ဝင်ရောက်မှု တိုးလာနေပါတယ်။ ဒါပေမဲ့ ဈေးကွက်များမှာတော့ ဒီနှစ်စိုက်ဧကလျော့ကျတဲ့ သတင်းတွေက လွှမ်းမိုးနေပါတယ်။ ယခုနှစ်ထုတ်လုပ်မှုကို ကနဦးခန့်မှန်းချက် အရ တန်ချိန် ၁ ဒသမ ၂ သန်းဝန်းကျင်ရှိလို့ ယခင်နှစ်ထက် ၂၁ ဒသမ ၀၅ ရာခိုင်နှုန်းလျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်များအတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-     ဒေါ်လာ/ တန်                                           ၂၉-၉-၁၁      ၂၈-၉-၁၁        ၂၇-၉-၁၁             ၂၆-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)          ၈၃၃         ၈၄၈-၈၅၉         ၈၄၄-၈၅၄           ၈၅၃-၈၅၈ဒေလီ                                   ၅၇၂-၇၃၆    ၅၇၂-၇၅၆          ၅၉၀-၇၇၃          ၆၀၉-၈၁၂အာကိုလာ                               ၆၁၃-၈၃၈   ၆၁၃-၈၃၈              -                   ၆၀၉-၈၅၃MIRT(MAPT)

Sunday, 2 Oct 2011

အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲအဝင်ပုံမှန်ရှိနေသဖြင့် ဈေးကျဦးမည် ခန့်မှန်းနေ                          အမေရိကန်ဒေါ်လာနဲ့ အိန္ဒိယ ရူပီးလဲလှယ်နှုန်းထားမှာ အိန္ဒိယရူပီး တန်ဖိုး ဆက်လက်ကျ ဆင်းဦးမယ်ဆို တဲ့ ကောလာဟလတွေကြောင့် အိန္ဒိယမှ မတ်ပဲတင်သွင်းသူတွေက မတ်ပဲ (FAQ) နှုန်းထားကို မြှင့်လိုက်ကြောင်း သတင်းရတယ်။ လှောင်လက်တွေက တစ်ကွမ်တယ်လ်ကို ၄၃၀၀ ရူပီး (တစ်တန်ကို ကန်ဒေါ် လာ ၈၇၆ ဝန်းကျင်) ပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့လည်း ဈေးကွက်တွေကို မတ်ပဲ အဝင်တွေ ရှိနေခြင်းကြောင့် မွန်ဘိုင်းဈေး ကွက်မှာ တစ်ကွမ်တယ်လ်ကို ရူပီး ၁၀၀ ဈေးကျကာ ၃၉၅၀ ကွမ် တယ်လ် (တစ်တန်ကို ကန်ဒေါ်လာ ၈၀၅ ဝန်းကျင်) ထိ ရောက်ရှိခဲ့တယ် လို့ သိရတယ်။                       မြို့တော်ဒေလီမှာလည်း တစ်ကွမ်တယ်လ်ကို ရူပီး ၁၀၀ ဈေးကျ ကာ ၄၁၀၀ ရူပီး (တစ်တန်ကို ကန် ဒေါ်လာ ၈၃၆ ဝန်းကျင်) ဖြစ်လာကြောင်း သိရတယ်။ Shivpuri ၊ Katni နဲ့ MPဈေးကွက်တို့မှာ မတ်ပဲတွေ ဆက်တိုက်အဝင် ရှိနေပြီး နောင်လာမယ့် ၂ ရက်မှ ၄ ရက် အတွင်း မတ်ပဲဈေးနှုန်းက တစ်ကွမ် တယ်လ်ကို ရူပီး ၁၀၀ ကျော် ကျဆင်း ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ပပ၊ Source:nnscommoditynews.com

Sunday, 2 Oct 2011

ဆောင်းပဲမျိုးစုံအထွက်မြှင့်တင်ဖို့ အိန္ဒိယအစိုးရက ဖြစ်နိုင်ခြေရှိတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်                   အိန္ဒိယအစိုးရဟာ ဆောင်းရာသီပဲမျိုးစုံအထွက်မြှင့်တင်ဖို့ ရေရာသေချာတဲ့ စီမံကိန်းတစ်ခု ရေးဆွဲပြုလုပ်နေတယ်လို့ သိရပါတယ်။ စိုက်ဧရိယာတိုးချဲ့ခြင်းနဲ့ ထုတ်လုပ်မှုနှုန်း တိုးမြှင့်ခြင်းတို့ဖြင့် ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလုံးနဲ့ ပဲနီလေးတို့လို ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၇၈ သန်း ပိုမိုထွက်ရှိဖို့ ရည်မှန်းထားခြင်းဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကနေ အစိုးရရဲ့ မိုးရာသီအတွင်း ဆုံးရှုံးမှုတွေကို ပြန်လည် ကာမိစေမှာဖြစ်ပါတယ်။ ၂၀၁၁ မိုးရာသီ ပဲမျိုးစုံထွက်ရှိမှု လျော့နည်းခြင်းဟာ ပထမအကြိမ် ခန့်မှန်းချက်အရ တန်ချိန် သုညဒသမ ၇ သန်း ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။ မနှစ်က မိုးပဲမျိုးစုံတန်ချိန် ၇ ဒသမ ၁၂ သန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းသာထွက်မယ်လို့ ခန့် မှန်းထားပါတယ်။ အဲဒီလို လျော့ကျခန့်မှန်းရခြင်းဟာ ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ အင်ဒရာပရာ ဒေ့ရှ်တို့လို ပြည်နယ်ကြီးတွေမှာ ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လအစပိုင်းမှာ မိုးနည်း တာကြောင့် စိုက်ဧက ၁၀ ဒသမ ၈၉ သိန်းလျော့ကျတာကြောင့်လို့ ဆိုပါတယ်။ ဆောင်းရာသီအတွက် အစိုးရရဲ့ ကနဦးရည်မှန်းထားတဲ့ ပဲမျိုးစုံထွက်ရှိမှုဟာ တန်ချိန် ၁၀ ဒသမ ၂၇ သန်းရှိပြီး၊ ယခင်နှစ်က တန်ချိန် ၁၀ ဒသမ ၉၇ သန်း ထွက်ရှိခဲ့ပါတယ်။ ယခုအစီအစဉ်အရ နိုင်ငံတော်စားနပ်ရိက္ခာ ဖူလုံမှုမစ်ရှင်ရဲ့ ပဲမျိုးစုံစီမံကိန်း NFSM-Pluses အရ အပိုဆောင်းခွင့်ပြုငွေ ရူပီး ကုဋေ ၈၀ (ကန်ဒေါ်လာ ၁၆ ဒသမ ၄၂ သန်း) ကို ဥတ္တရာပရာဒေ့ရှ်နဲ့ ချန်တီဂရပ် အပါအဝင်ပြည်နယ် ၁၂ ခုကို အစိုးရမှ ချထားခဲ့ပါတယ်။ ဂူဂျာရတ်နဲ့ တမီနာဒူးလ် ပြည်နယ်တို့ဟာ NFSM-Pluses အစီအစဉ်အရ ပုံမှန်ခွင့်ပြုငွေမှ စိုက်ဧရိယာ ပိုမိုတိုးချဲ့ဖို့ သုံးစွဲငွေ ပြည့်မီလာမယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားပါတယ်။                      အစိုးရက ပန်ဂျပ်၊ ဟာရာနာနဲ့ ဥတ္တရာပရာဒေ့ရှ်အနောက်ပိုင်းတို့ရဲ့ ဆည်ရေသောက် မြေများမှာ ပဲတီစိမ်းနဲ့ မတ်ပဲ စိုက်ဧရိယာဟက်တာ ၄ သိန်း တိုးချဲ့ဖို့ရည်မှန်းထားပြီး အိန္ဒိယအရှေ့ပိုင်းမှာ ကုလားပဲနဲ့ ပဲနီလေး တိုးမြင့်စိုက်ပျိုးသွားမှာဖြစ်သလို ဥတ္တရာပရာဒေ့ရှ်မှာလည်း ကြံနဲ့အတူ သီးညှပ် စိုက်ပျိုးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပဲမျိုးစုံထုတ်လုပ်မှုဟာ ၂၀၀၆-၀၇ မှာ တန်ချိန် ၁၄ ဒသမ ၂၀ သန်းရှိခဲ့ရာမှ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း တိုးတက်ခဲ့ရာ ၂၀၀၉- ၁၀ မှာ တန်ချိန် ၁၄ ဒသမ ၆၆ သန်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ ယမင်းရွှေစင် Source: hindubusiness

Sunday, 2 Oct 2011

ပဲအသစ်ဝင်ရောက်လို့ အိန္ဒိယမတ်ပဲဈေးလျော့ကျ                         ယခုတစ်ပတ်အတွင်း အိန္ဒိယမတ်ပဲဈေး လျော့ကျနေပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်း အိန္ဒိယဈေးကွက်တွေကို ပဲဝင်ရောက်မှုများပြီး ဝယ်လိုအား အကန့်အသတ်သာရှိတာကြောင့် ဈေးလျော့ကျလာ ခြင်းဖြစ်ပါတယ်။ အိန္ဒိယ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတို့မှာ ရာသီဥတုပူနွေးပြီး ခြောက်သွေ့နေခြင်း က ပဲရိတ်သိမ်းမှုအတွက် ပိုမိုအဆင်ပြေစေပါတယ်။ အစိုးရရဲ့ ၂၀၁၁-၁၂ အတွက် ထွက်ရှိမှုခန့်မှန်းချက်အရ ယခင်နှစ်ထက် ၁၆ ဒသမ ၄၃ ရာခိုင်နှုန်းလျော့ကျပြီး မတ်ပဲတန်ချိန် ၁ ဒသမ ၁၇ သန်းထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ ဈေးကွက်များ အတွင်းဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                    ဒေါ်လာ/ တန်                    ၂၉-၉-၁၁          ၂၈-၉-၁၁          ၂၇-၉-၁၁                ၂၆-၉-၁၁မွန်ဘိုင်း             ၇၈၇                ၈၀၈                  ၈၀၃                       ၈၁၂ဒေလီ              ၆၉၅-၇၃၆        ၇၁၆-၇၅၆          ၇၇၃-၈၁၃              ၇၇၂-၈၃၃ချန်နိုင်း                ၈၅၈               ၈၅၉                   ၈၅၄                     ၈၆၈MIRT(MAPT)

Tuesday, 27 Sep 2011

အခြားပဲဈေးများနည်းတူ အိန္ဒိယပဲစင်းငုံဈေးလည်း ပြန်လျော့လာ                   အိန္ဒိယပြည်တွင်းဈေးကွက် ပဲစင်းငုံဈေးကလည်း အခြားပဲဈေးများနည်းတူ သီတင်းပတ်အစပိုင်းအထိ မြင့်တက်ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာ ပြန်လည်လျော့ ကျခဲ့ပါတယ်။ ဒါပေမဲ့လည်း စိုက်ဧရိယာလျော့ကျခြင်းနဲ့ ဈေးကွက်တွေမှာ ပြုပြင်ပြီး ပဲစင်းငုံကို ဝယ်လိုအားကောင်းခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒါ့အပြင် ပဲအသစ်ဝင်ဖို့ တစ်လခွဲလောက်လိုနေသေးတာကြောင့် ဈေးနှုန်း ခိုင်မာဖွယ် ရှိနေပါတယ်။ ၂၀၁၁-၁၂ အတွင်း စိုက်ဧရိယာလျော့ကျပေမဲ့ အထွက်နှုန်း တိုးတက် ဖွယ်ရှိတာကြောင့် တန်ချိန် ၂ ဒသမ ၉ သန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-               ဒေါ်လာ/ တန်                 ၂၁-၉-၁၁      ၂၀-၉-၁၁          ၁၉-၉-၁၁             ၁၇-၉-၁၁မွန်ဘိုင်း           ၇၀၀          ၇၀၅-၇၁၀          ၇၃၂               ၇၀၈-၇၁၃ဒေလီ           ၇၃၀-၇၃၂      ၇၅၅-၇၅၇       ၇၇၂-၇၇၄               ၇၆၄ချန်နိုင်း           ၇၁၁             ၇၁၅              ၇၂၂                  ၇၁၉MIRT(MAPT)

Tuesday, 27 Sep 2011

အိန္ဒိယကုလားပဲဈေး ဆက်လက်ခိုင်မာ                  အိန္ဒိယပြည်တွင် လက်ငင်းဈေးကွက်များမှာ ဝယ်လိုအားကောင်းနေ တာကြောင့် ဈေးနှုန်းခိုင်မာနေပါ တယ်။ သိုလှောင်ထားရှိမှုနည်းခြင်း နဲ့အတူ ကုန်သည်များ၊ ပဲခွဲစက်များက လာမယ့်ပွဲတော်များအတွက် အဝယ် စိပ်နေခြင်းက ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ပထမ အကြိမ် မိုးပဲထွက်ရှိမှု ခန့်မှန်းချက်အရ ယခင်နှစ်က တန်ချိန ၇ ဒသမ ၁၂ သန်းမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းပါထားပါတယ်။ ရာဂျက်စသန်မှာ ဒေစီကုလားပဲဈေးက ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၀)မြင့်တက် ပြီး ရူပီး ၃၇၀၀၀-၃၇၂၅၀ (ကန်ဒေါ်လာ ၇၄၃-၇၄၈) ရှိပြီး ကုလားပဲခွဲခြမ်း ဈေးဟာ ရူပီး ၄၂၀၀၀-၄၆၀၀၀ (ကန် ဒေါ်လာ ၈၄၃-၉၂၃)နဲ့ ဈေးခိုင်နေ တယ်လို့ သိရပါတယ်။                      ယခုနှစ် ပဲဝါလေးထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါတို့မှာလည်း ကုလားပဲထုတ် လုပ် မှုကျဆင်းခြင်းက ကာလတို အတွင်း ဈေးနှုန်းဆက်လက်ခိုင်မာ စေနိုင်ပါတယ်။ ယမင်းခင် Source:kotak commodity

Tuesday, 27 Sep 2011

အိန္ဒိယကုလားပဲဈေးအနည်းငယ်ပြန်လျော့ကျ                         အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ကုလားပဲလက်ငင်းဈေး တောက်လျှောက် မြင့်တက်ခဲ့ရာမှ ယခုသီတင်းပတ်နှောင်းပိုင်းမှာတော့ ဈေးအမြင့်မှာ ဝယ်လိုအားနည်သွားတဲ့အတွက် အနည်းငယ်ပြန်လျော့ ကျခဲ့ပါတယ်။ သြစတြေးလျ မှ တင်သွင်းပဲများရောက်ရှိတော့မှာဖြစ်ခြင်းက ဈေးကွက်ကို လွှမ်းမိုးထားပါတယ်။ အိန္ဒိယနိုင်ငံပိုင ်အေဂျင်စီ များကလည်း စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်အတွင်း ဘင်္ဘောတင်ဖို့ ပဲအဝယ်တင်ဒါများ ခေါ်ယူထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ အဓိကတင်ပို့နိုင်ငံတွေမှာ ပဲရောင်းချမှုနည်းခြင်းက ဈေးနှုန်းကို ဆက်လက်အထောက်အပံ့ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့်လမှာ ဆောင်းပဲစိုက်ပျိုးမှုအရှိန် ရလာတော့မှာဖြစ်ပြီး သီးနှံအတွက် အခြေအနေ ကောင်းမွန်ဖွယ်ရှိနေပါတယ်။ နှစ်ကုန်ပိုင်း ပွဲတော်များအတွက် ကုလားပဲ ခွဲခြမ်းနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကုလားပဲဝယ်လိုအားရှိနိုင်ခြင်းက ဈေးနှုန်းကို ဆက်လက် အထောက်အပံ့ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                         ဒေါ်လာ/ တန်                    ၂၁-၉-၁၁        ၂၀-၉-၁၁       ၁၉-၉-၁၁             ၁၇-၉-၁၁ဒေလီ             ၇၅၃-၇၅၈       ၇၅၂-၇၅၇      ၇၆၉-၇၇၄           ၇၅၀-၇၅၅ကန်ပါ              ၈၂၁                ၈၁၉              ၈၄၁                     ၈၁၁အာကိုလာ        ၈၀၀                 ၈၁၄             ၈၃၇                     ၈၁၄ 

Tuesday, 27 Sep 2011

နနွင်းဈေး အနည်းငယ်မြင့်တက်လို့ အိန္ဒိယတောင်သူများပျော်ရွှင်လာ                     အိန္ဒိယမြောက်ပိုင်းကုန်သည်များက ရုတ်တရက် အဝယ်တက်လာလို့ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၃၀၀၀-၅၀၀၀ (ကန်ဒေါ်လာ ၆၂ ဒသမ ၁၀၃)ခန့် မြင့်တက်လာခဲ့တဲ့အတွက် နနွင်းတောင်သူများ ပျော်ရွှင်နေကြတယ် လို့ အီရော့ နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာက ပြောကြားပါတယ်။ ယခုလို ဈေးထိုးကျဆင်းပြီး အနည်းငယ်ပြန်တက်လာခြင်းဟာ နှစ် ၇၀ ခန့်အတွင်း ပထမဆုံးအကြိမ်ကြုံဖူးတာပါလို့ ဆိုပါတယ်။ မနှစ်ကတိုင်အောင် နနွင်းဈေး တဖြည်းဖြည်းသာ ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ ရုတ်တရက်ကျဆင်းမှုတွေဖြစ်လာတော့ တောင်သူတွေ ထိခိုက်မှုရှိတယ်လို့လည်း ဆိုပါတယ်။                       အရည်အသွေးအရ ဈေးကျတဲ့စပ်မျိုးနနွင်းဈေးလည်း တစ်တန်ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၁၀၃)ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။ တောင်သူများအနေနဲ့ နနွင်းဈေးအနည်းငယ်တက်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ အီရော့ဈေးကွက်မှာ နနွင်းဈေးတက်တာကြောင့် ကြိုပွိုင့်ဈေးလည်း တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၁) မြင့်တက်ခဲ့ တယ်လို့သိရပါတယ်။ နောက်ထပ်အမှာအော်ဒါအသစ် ၁၀ ခုလက်ခံရရှိခဲ့ပြီး၊ နနွင်းအိတ် ၆၂၀၀ ဝင်ရောက်မှုအနက် ၇၀ ရာခိုင်နှုန်း မှာ ရောင်းထုတ်ပြီးသွားပြီလို့ သိရပါတယ်။ အချို့ကုန်သည်တွေကလည်း ဈေးဆက်တက်မယ့်မျှော်လင့်ချက် တွေကြောင့် ၎င်းင်းတို့လက်ကျန်များကို ဈေးကွက်အတွင်း သယ်ယူလာကြတယ်လို့ သိရပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ရူပီး ၃၆၈၉၀ ၄၆၆၉၀(ကန်ဒေါ်လာ ၇၅၇-၉၅၈)၊ နနွင်းဥဈေးတစ်တန်ရူပီး ၃၅၀၀၀-၄၁၈၉၀ (ကန်ဒေါ်လာ ၇၁၈-၈၆၀)ဈေးရှိတယ်လို့ သိရပါတယ်။                  ယမင်းခင်၊Source: hindubusinees 

Pages