Background
အိန္ဒိယပဲစင်းငုံလက်ကျန်များလို့ ဈေးလျော့နေ အိန္ဒိယ ပြည်တွင်းဈေးကွက်ထဲတွင် ယခင်နှစ် ပဲလက်ကျန် အမြောက်အမြား ကျန်ရှိနေသလို ပြည်ပက တင်သွင်းပဲစင်းငုံတွေ ရရှိနေတာကြောင့်လည်း ဈေးလျော့ ကျနေပါတယ်။ ပဲခွဲစက်များမှလည်း ပြုပြင်ပြီး ပဲစင်းငုံကို ဝယ်လိုအားနည်းပါး တာကြောင့် မွန်ဘိုင်းဈေးကွက်မှာ ပြည်ပက တင်သွင်းလာတဲ့ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ နှစ်ကထက်နည်းနေ ပေမဲ့ ဒေသအများစုရဲ့ ရာသီဥတု အခြေအနေမှာ သီးနံှအကြိုက်ဖြစ်လို့ ပဲစင်းငုံ ထွက်ရှိမှု မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ လာမယ့် သီတင်းပတ်များမှာ ပဲစင်းငုံဈေးနှုန်း အားပျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၄-၈-၁၁ ၃-၈-၁၁ ၂-၈-၁၁ ၁-၈-၁၁ ၃ဝ-၇-၁၁မွန်ဘိုင်း ၆၃ဝ-၆၃၃ ၆၃၇-၆၄၈ ၆၅၆ ၆၅၈ ၆၅၆-၆၇၃ဒေလီ ၆၂၅ ၆၂၅ ၆၃၃ - ၆၅၆ချန်နိုင်း ၆၁၉ ၆၃၁ ၆၃၃ ၆၅၈ ၆၅၆MIRT(MAPT)
အိန္ဒိယမတ်ပဲဈေး အကျဘက်ကို ဆင်းနေဆဲ အိန္ဒိယပြည်တွင်းဈေးကွက်တွင် မတ်ပဲဝယ်လိုအားနည်းနေပြီး အရောင်းအဝယ် ပါးလျက်ရှိပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မတ်ပဲစိုက် ဧရိယာဟာ ပြီးခဲ့တဲ့နှစ်ထက် ပိုမိုပြီး အဓိက ပဲစိုက်ဒေသတွေမှာ ရာသီဥတုကောင်း မွန်နေတယ်လို့ သိရပါတယ်။ ပဲစိုက်ဒေသများရဲ့ ရာသီဥတုမှာ သီးနံှအကြိုက် ဖြစ်နေလို့ သီးနံှဖြစ်ထွန်းအောင်မြင်မယ့် အလားအလာရှိတာကြောင့် ဈေးကွက်တွေ မှာ ဝယ်လိုအားနည်းနေခြင်းဖြစ်ပါတယ်။ PEC မှ မတ်ပဲတင်သွင်းရန် တင်ဒါခေါ်ပြီး ဖြစ်သော်လည်း နိုင်ငံတကာ မတ်ပဲဈေးနှုန်းများမှာ သိသိသာသာမြင့်တက် လာခြင်း မရှိသေးကြောင်း သိရပါတယ်။ အဓိကဈေးကွက်များမှာ ဝယ်လိုအား အလွန်နည်းပါး နေဆဲဖြစ်ပြီး ပြုပြင်ပြီးမတ်ပဲ ဝယ်လိုအားကလည်း အကန့်အသတ်သာရှိတဲ့အတွက် ဈေးနှုန်းအကျဘက် ဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၄-၈-၁၁ ၃-၈-၁၁ ၂-၈-၁၁ ၁-၈-၁၁ ၃ဝ-၇-၁၁မွန်ဘိုင်း ၈၁ဝ ၈၁၇ ၈၃၁ ၈၄၆ ၈၄၃ဒေလီ ၈၂၂-၈၅၅ ၈၂၂-၈၅၆ ၈၃၇-၈၇ဝ ၈၄ဝ-၈၇၄ ၈၃၇-၈၇၁ချန်နိုင်း ၈၁၆-၉၂၉ ၈၁၇-၉၂၉ ၈၂၅-၉၄၄ ၈၃၄-၉၅၁ ၈၂၉-၉၄၂MIRT(MAPT)
သကြား စက်များမှ ပို့ကုန်တိုးမြှင့်တင်ပို့ရန် အိန္ဒိယအစိုးရသို့ တောင်းဆို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ သိုလှောင်မှုလုံလောက်တဲ့အပြင် ကမ္ဘာ့ဈေးနှုန်း ကောင်းတာကြောင့် အိန္ဒိယသကြားလုပ်ငန်းတွေက နောက်ထပ်တန်ချိန် ၅ သိန်းကို OGL လိုင်စင်နဲ့ တင်ပို့ခွင့်ပြုဖို့ အစိုးရထံမှ ခွင့်ပြုချက်တောင်းခံ ထားကြောင်း သိရပါတယ်။ ဇွန်လအထိ သကြားထုတ်လုပ်မှု တန်ချိန် ၂၃၉ ဒသမ ၅၉ သိန်းရှိပြီး ရာသီချိန် (၂ဝ၁ဝ အောက်တိုဘာမှ ၂ဝ၁၁ စက်တင်ဘာ) အထိ တန်ချိန် ၂၄၂ မှ ၂၄၄ သိန်းအထိ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လာမယ့်ရာသီ ၂ဝ၁၁-၂ဝ၁၂ မှာလည်း သကြားတန်ချိန် ၂၆ဝ မှ ၂၆၅ သိန်းအထိ ထုတ်လုပ် နိုင်မယ်လို့ အမျိုးသားသကြားစက်ရုံများ ဖက်ဒရေးရှင်ရဲ့ ဦးဆောင်ညွှန်မှူးက ပြောကြားခဲ့ ပါတယ်။ ယခုရာသီမှာ သကြားဈေးနှုန်း တစ်ကွမ်တယ်ကို ရူပီး ၂၆၅၅ ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့နှစ်က ရူပီး ၂၈၅၂ ရှိခဲ့တာကြောင့် ဈေးကျခဲ့ကြောင်း သိရပါတယ်။ အစိုးရက သကြားဈေးနှုန်းမြင့်တက်မှုနဲ့ နိုင်ငံတွင်းမှာ ရောင်းလိုအား လုံလောက်မှုကို ကာကွယ်ဖို့အတွက် ပို့ကုန်တင်ပို့မှု တင်းကျပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းမှာ အစိုးရအနေနဲ့ ပို့ကုန်တန်ချိန် ၅ သိန်းတင်ပို့ခွင့်ပြုခဲ့ပြီး ကမ္ဘာ့ဈေးကွက်မှာလည်း ဈေးနှုန်းမြင့်ခဲ့ပါတယ်။ ဖက်ဒရေးရှင်းက အစိုးရအနေနဲ့ ထုတ်လုပ်မှုရဲ့ ၁ဝ ရာခိုင်နှုန်းခန့်ကို ဈေးကွက်ဈေးထက်လျော့ပြီး ရောင်းချခြင်းမှ ကင်းလွတ်ခွင့်ပြုစေချင်ကြောင်း သိရပါတယ်။ ဒါ့အပြင် စက်ရုံတိုင်းကလည်း လစဉ် ခွဲတမ်းနဲ့ အလွတ်ရောင်းချပေးရခြင်းကလည်း ကင်းလွတ်ခွင့်ရလိုကြောင်း သိရပါတယ်။ K Z W,Source: commodityonline
ကမ္ဘာ့ရော်ဘာစိမ်းဈေးနှုန်းများ တစ်တန်လျှင် ကန်ဒေါ်လာ ၄၆ဝဝ-၄၈ဝဝ အကြား ဈေးနှုန်းတွင် သာပြောင်းလဲ ဖြစ်ပေါ် ရောင်းဝယ်ဖောက်ကားလျက်ရှိ ဇွန်လနှောင်းပိုင်းမှစပြီး အားနည်းလာတဲ့ ကမ္ဘာ့ရော်ဘာ စိမ်းဈေးနှုန်းတွေ ဇူလိုင်လလယ်ပိုင်းအထိ တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝဝ-၄၈ဝဝ အကြား ဈေးနှုန်းမှာသာ ပြောင်းလဲ ဖြစ်ပေါ်ရောင်းဝယ်ဖောက်ကားလျက်ရှိတာကို တွေ့ရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့က တစ်တန်ကို ၄၇ဝ၈ ဒေါ်လာသာ ရှိခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 ဈေးနှုန်းက ဇူလိုင်လ ၂၅ ရက်နေ့ မှာ တစ်တန်ကို ၄၈ဝ၇ ဒသမ ၅ဝ ဒေါ်လာအထိ ၉၉ ဒသမ ၅ဝ ဒေါ်လာ ပြန်လည်ဈေးမြင့်လာတယ်။ ဇူလိုင်လ ၂၁ ရက်နေ့က အီးယူရုံးချုပ် အခြေစိုက်တဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရားဇီးလ်မြို့မှာ ကျင်းပတဲ့ ဥရောပ ခေါင်းဆောင်တွေ အစည်းအဝေးမှာ ဂရိကို ကူညီမဲ့ ဒုတိယအကြိမ်မြောက် ချေးငွေအစီအစဉ်အပေါ် အပြုသဘောဆောင်တဲ့ ယုံကြည်မှုပိုလာခြင်း၊ အမေရိကန်ေြွကးမြီ သက်တမ်းတိုးရေးအတွက် ရီပါပလစ်ကန်ပါတီနဲ့ ဒီမိုကရက်တစ်ပါတီအကြား သဘောတူညီမှု ယခုပတ်အတွင်း ရနိုင်ဖွယ်ရှိခြင်းတို့က ကမ္ဘာ့စတော့ဈေးကွက်အတွင်း အရောင်းအဝယ်ပြုနေတဲ့ ကုန်စည်ဈေးနှုန်းကို အမြင့်ဘက်ကို ဦးတည်စေပြီး ရော်ဘာစိမ်းဈေးနှုန်းတွေ ယခင်အပတ်ကထက် ဈေးမြင့်လာခြင်းဖြစ်တယ်။ ကမ္ဘာ့သဘာဝရော်ဘာရောင်းလိုအားက လာမဲ့ ၇ နှစ်အတွင်းမှာ ဆက်လက်တင်းကျပ်နေဦးမှာ ဖြစ်ကြောင်းနဲ့ ရော်ဘာ အဓိက စိုက်ပျိုးတဲ့ နိုင်ငံတွေက မြင့်တက်လာ တဲ့ ရော်ဘာဝယ်လိုအား ကို ပြည့်မီနိုင်အောင် ထုတ်လုပ်နိုင်မှာ မဟုတ်ကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူတွေက ပြောကြားလိုက်တယ်။ ''ရော်ဘာရောင်းလိုအား တင်းကျပ်မှုက ၂ဝ၁၈ ခုနှစ်အထိ ဆက်လက်ဖြစ်ပေါ်နေပြီး ထုတ်လုပ်မှုတိုးတက်နှုန်းက အတန်အသင့်သာ ရှိမှာဖြစ်ကြောင်း'' ကွာလာလမ်ပူအခြေစိုက် သဘာဝ ရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများအသင်း (Association of Natural Rubber Producing Countries-ANRPC) မှ ဝါရင့်စီးပွားရေးပညာရှင် Jom Jacob က ပြောကြားလိုက် တယ်။ ANRPC နိုင်ငံတွေရဲ့ သဘာဝရော်ဘာရောင်းလိုအားက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိတယ်။ ပပ၊ Source:irco.biz , www.bloomberg.com, rubberboard.org.in
စင်ကာပူနိုင်ငံကို နနွင်း ၁၁ တန်ကျော် တင်ပို့ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း နနွင်း ၁၁ ဒသမ ဝ၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဘဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၇၅ တန်တင်ပို့ခဲ့တဲ့ နနွင်းက ဒီသီတင်းပတ်မှာ အပို့ လျော့ခဲ့ပါတယ်။ ဇူလိုင်ပထမပတ်နဲ့ ဒုတိယပတ်မှာ တစ်တန်ကို ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်ရရှိခဲ့တဲ့ နနွင်းဈေးက ဒီတစ်ပတ်မှာ ကန်ဒေါ်လာ ၁၈၉ဝ ထိဈေး ရရှိခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၉ဝ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT(DOT)
အိန္ဒိယကုလားပဲဈေးကွက် ဝယ်လိုအားကောင်း၍ ဈေးခိုင်မာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဈေးခိုင်မာလျက်ရှိပြီး ဈေးကွက် အတွင်းတက်ဈေးကြောင့် ဝယ်လိုအားနည်းနေသကဲ့သို့ရောင်းလိုအားလည်း အကန့် အသတ်နဲ့ ဖြစ်နေကြောင်း သိရပါတယ်။ ဥပုသ်လ စတင်တော့မှာဖြစ်တာကြောင့် လူအများစုက သက်သတ်လွတ်စားသုံးသဖြင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်ပြီး ကုလားပဲဖြင့် ထုတ်လုပ်တဲ့ စားသောက်ကုန်များ ဝယ်လိုအားတက်လာ ခြင်းကလည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်း သိရပါတယ်။ လာမဲ့ ကာလများတွင် ရောင်းလိုအား အကျပ်အတည်းတွေ့ပြီး ဝယ်လိုအား ခိုင်မာပါက ဈေးကောင်းရရှိမည်ဟု ကုန်သည်များက မျှော်လင့်နေကြကြောင်းလည်း သိရပါ တယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/ တန် ၂၇-၇-၁၁ ၂၆-၇-၁၁ ၂၅-၇-၁၁ ၂၃-၇-၁၁ ၂၂-၇-၁၁မွန်ဘိုင်း ၅၉ဝ-၆၄၇ ၅၈၇ ၅၈ဝ ၅၈၁-၅၈၂ ၅၆၆-၅၆၈ဒေလီ ၆၈၇-၆၉၃ ၆၇၂-၆၇၇ ၆၅၈-၆၆၄ ၆၅၄ ၆၃၇-၆၄၂ကန်ပါ ၇ဝ၈ ၆၉၃ ၆၈ဝ ၆၇၇ ၆၆၅MIRT(MAPT)
အိန္ဒိယပဲတီစိမ်းဈေး အပြောင်းအလဲနည်း အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဈေးငြိမ်လျက်ရှိပြီး မွန်ဘိုင်းဈေးကွက်တွင် ပဲတီစိမ်း တင်သွင်းမှု ကျဆင်းလျက်ရှိပါတယ်။ အဓိကဈေးကွက်များတွင်လည်း အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ရာဂျက်စသန်တွင် စိုက်ဧရိယာပိုမိုနေခြင်းနဲ့ အဓိကစိုက်ပျိုးသည့် အခြားဒေသများတွင် ရာသီဥတုကောင်းမွန်သောကြောင့် ဈေးကွက်အခြေ အနေကောင်းမွန်နေကြောင်း သိရပါတယ်။ ဈေးနှုန်းများ တက်ချည်ဆင်းချည်ဖြစ်နေသော်လည်း အာကိုလာမှ ဝယ်လိုအား ကောင်းလာခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးက ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/ တန် ၂၇-၇-၁၁ ၂၆-၇-၁၁ ၂၅-၇-၁၁ ၂၃-၇-၁၁ ၂၂-၇-၁၁မွန်ဘိုင်း (ကင်ညာ) ၉၈၅-၉၈၈ ၉၇၁ ၉၉၁ ၉၅၉-၉၇ဝ ၉၆၇ဒေလီ ၇၉၅-၈၄ဝ ၇၉ဝ-၈၃၅ ၇၈၈-၈၃၃ ၇၈၉-၈၃၄ ၇၈၉-၈၃၄အာကိုလာ ၇၉၅-၉ဝ၈ ၇၉ဝ-၈၅၈ ၇၈၈-၈၅၅ ၇၈၉-၈၅၇ ၇၈၉-၈၅၆MIRT(MAPT)
ဝယ်လိုအားကောင်းလာလို့ ယခင်အပတ်ထက် အိန္ဒိယမတ်ပဲဈေးမြင့် အိန္ဒိယပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းများ အဆက်မပြတ်ကျဆင်းခဲ့ပြီး နောက်ပိုင်း စက်ပိုင်များနှင့် ဝယ်ရောင်းများထံမှ ဝယ်လိုအားပြန်ကောင်းလာကြောင်း သိရပါတယ်။ ဇူလိုင်လဆန်းတွင် မိုးနည်းခဲ့သော်လည်း ယခုအခါ အိန္ဒိယကျွန်းဆွယ် တွင် မိုးပြန်လည်ကောင်းလာပြီဖြစ်လို့ သီးနံှအတွက် အလားအလာကောင်းများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ မိုးရွာသွန်းမှုနည်းခြင်းနဲ့ နိုင်ငံတစ်ဝန်း စိုက်ပျိုး ဧရိယာ ကျဆင်းခြင်းက ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ ဈေးကွက် ငြိမ်နေရာမှ အနည်းငယ်တိုးတက်မှုရှိခြင်းကြောင့် ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၇-၇-၁၁ ၂၆-၇-၁၁ ၂၅-၇-၁၁ ၂၃-၇-၁၁ ၂၂-၇-၁၁မွန်ဘိုင်း ၈၂၉-၈၃၄ ၈၃ဝ ၈၃၉ -၈၄၄ ၈၁၈-၈၂၃ ၈၁၁-၈၁၇ဒေလီ ၈၄၆-၈၆၃ ၈၄၁-၈၅၈ ၈၃၃-၈၅၅ ၈၂၃-၈၄၆ ၈၂၂-၈၄၅ချန်နိုင်း ၈၂ဝ-၉၃၄ ၈၂၄-၉၃၇ ၈၃၃-၉၄၆ ၈၂၃-၉၃ဝ ၈ဝ၆-၉၁၈MIRT(MAPT)
ဧပြီလမှ ဇွန်လအတွင်း ငရုတ်ကောင်းတင်ပို့မှု ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် အိန္ဒိယ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ပထမလေးလပတ် အတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ ငရုတ်ကောင်းအနက်တင်ပို့မှုက ၆ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း နောက်ဆုံးထုတ်ဒေသ ဆိုင်ရာ ခန့်မှန်းချက်အရ သိရှိရပါတယ်။ ယခင်နှစ် အလားတူ ကာလက တန်ချိန် ၄၂ဝဝ တင်ပို့ခဲ့ရာမှ ယခုနှစ်မှာ ၄၄၆ဝ ကို တိုးတက်တင်ပို့ခဲ့တယ်။ ဗီယက်နမ်က ကမ္ဘာမှာ ဟင်းခတ် အမွေးအကြိုင် အများဆုံး ထုတ်လုပ်သူနဲ့ တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ဧပြီ လမှ ဇွန်လအတွင်း တန်ချိန် ၃၅ဝဝဝ ကျော်တင်ပို့ခဲ့ကြောင်း သတင်း ရရှိတယ်။ ဗီယက်နမ်ရဲ့ ယခုနှစ်ဇန်နဝါရီ လမှ ဇွန်လ အတွင်း ငရုတ်ကောင်းအဖြူနဲ့ အနက် နှစ်မျိုးစလုံး တင်ပို့မှုက တန်ချိန် ၆၈ဝဝဝ ရှိခဲ့တယ်။ မကြာခင် အင်ဒိုနီးရှားနဲ့ ဘရာဇီးတို့မှာ ငရုတ်ကောင်း ရိတ်သိမ်းတော့မှာဖြစ်ရာ လာမဲ့လ အနည်းငယ် အတွင်းမှာ ငရုတ်ကောင်းဈေးနှုန်းကို အဆုံးအဖြတ်ပေးသွားမှာဖြစ်တယ်။ အနောက်အာရှနဲ့ အီးယူမှ ဝယ်ယူ သူတွေက ဗီယက်နမ် ဈေးကွက် မှ ရှောင်ရှားနေတာကြောင့် ငရုတ်ကောင်းဈေးနှုန်း က တစ်တန်ကို ကန်ဒေါ်လာ ၅၅ဝဝ နီးပါးသာရှိတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်လေးပတ်အတွင်းမှာ ဗီယက်နမ် ငရုတ်ကောင်း အဓိက ဝယ်ယူသူမှာ အိန္ဒိယမှ တန်ဖိုးမြှင့် ပြုပြင်ထုတ်လုပ်သူတွေသာဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဘရာဇီးရဲ့ ငရုတ်ကောင်း ရောင်းလိုအား မှာငြိမ်သက်လျက်ရှိပြီး B-Asta grade အမျိုးအစားကို ယခုနှစ်ကုန်ပိုင်းအထိ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝဝ နဲ့သာ ဆက်လက်ရောင်းချ သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com