Main menu

Background

Monday, 27 Jun 2011

ယခုတစ်ပတ် အိန္ဒိယမတ်ပဲဈေးတည်ငြိမ်နေ                 ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ မတ်ပဲဈေး တည်ငြိမ်နေတာတွေ့ရပါတယ်။ ဝယ်လိုအားအကန့်အသတ်သာရှိလို့ အရောင်း အဝယ်ပါးတယ်လို့သိရပါတယ်။ မကြာသေးခင်က မိုးလေဝသဌာနရဲ့ ကြိုတင်ခန့်မှန်း ချက်အရ ပုံမှန်မိုးရွာသွန်းမှုလျော့မယ့် သတင်းများအရ ပဲခွဲစက်များနဲ့ ပြန်လည် ရောင်းချသူများမှ ပဲဝယ်လိုအား ပြန်လည်ကောင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဒါပေမဲ့ ပဲမျိုးစုံဟာ အခြားသီးနံှတွေထက် ရေလိုအပ်မှုနည်းတဲ့အတွက် ပဲစိုက်ပျိုးတဲ့ ဒေသအများစုမှာ မြေဆီလွှာအစိုဓါတ်လုံလောက်နေတယ်လို့ သိရပါတယ်။ ပြုပြင်ပြီး မတ်ပဲကို အဝယ်တက်ခြင်းက မတ်ပဲဈေးကို အထောက်အပံ့ဖြစ်စေ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကို ဖော်ပြလိုက်ပါတယ်                                                ဒေါ်လာ/ တန်                     ၂၃-၆-၁၁      ၂၂-၆-၁၁     ၂၁-၆-၁၁               ၂ဝ-၆-၁၁မွန်ဘိုင်း          ၈၄၆-၈၅၇      ၈၄၈-၈၅၉     ၈၄၆-၈၅၇              ၈၅၆-၈၆၇ဒေလီ              ၈၂၄-၈၉ဝ      ၈၂၆-၈၉၂     ၈၂၄-၈၉၁             ၈၂၂-၈၈၉ချန်နိုင်း           ၈ဝ၇-၉၁၈       ၈ဝ၉-၉၂ဝ     ၈၁၈-၉၃ဝ            ၈၂၂-၉၃၃MIRT(MAPT)

Tuesday, 21 Jun 2011

အိန္ဒိယ နနွင်းတောင်သူများ အကျိုးအမြတ်မရှိတဲ့ဈေးနဲ့ မရောင်းချဖို့ ဆုံးဖြတ်              အိန္ဒိယနိုင်ငံတစ်ဝန်းရှိ နနွင်းတောင်သူများဟာ အကျိုး အမြတ် ရရှိမယ့်ဈေးနှုန်း ဖြစ်မလာချိန်ထိ နနွင်းရောင်းချခြင်း မလုပ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ နနွင်းတစ်တန် ထုတ်လုပ်မှုစရိတ် ရူပီး ၇၅ဝဝဝ (ကန်ဒေါ်လာ ၁၆၇၆)ဖြစ်ပြီး လက်ရှိ ဈေးနှုန်းဟာ အဲဒီဈေးအောက်ရောက်နေတယ်လို့ တမီနာဒူးက စိုက်ပျိုးရေးပညာရှင် T Veloyutham  ပြောကြားပါတယ်။ အစိုးရကလည်း နနွင်းအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို ကြေညာသတ်မှတ်ခြင်းမရှိဘူးလို့ ဆိုပါ တယ်။ အကယ်လို့သာ အကျိုးအမြတ်ရတဲ့ ဈေးထပ်မဖြစ် လာရင် နနွင်းစိုက်ပျိုးနိုင်တော့မှာ မဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။      NCDEX  မှာ နနွင်းလက်ငင်းဈေးဟာ ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက်နေ့က တစ်တန် ရူပီး ၁၆၈ဝဝဝ (ကန်ဒေါ်လာ ၃၇၅၄) ရှိရာမှ ယခုအခါ ၅၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ရူပီး ၇၂ဝဝဝ (ကန်ဒေါ်လာ ၁၆ဝ၉) ဝန်းကျင်ဖြစ်နေပါတယ်။ နနွင်း စိုက်ပျိုးရာမှာ ပေါင်းမြက်နဲ့ ကြားသီးနံှတို့အပြင် ရေနဲ့ ပိုးသတ်ဆေးတို့ရဲ့ သွင်းအားစုလိုအပ်ချက်များတယ်လို့ ဆိုပါတယ်။ အိန္ဒိယလယ်သမားများအသင်း (Cifa ) အထွေထွေအတွင်းရေးမှူး ွRV Giri ပြောကြားတာတော့ တောင်သူတွေအနေနဲ့ နနွင်းဟာ ရိုးရာအမွေအနှစ်ဖြစ်လို့ ဆက်လက်စိုက်ပိုျးမှာဖြစ်ပေမဲ့ ရောင်းချတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သီနံှရောင်းထုတ်မှု ရပ်တန့်ဖို့ ဆုံးဖြတ်ထားတယ်လို့Giri  မှပြောကြားပါတယ်။ ဒီလိုဈေးနှုန်းကျဆင်းလာခြင်းဟာ ရောင်းချမှု ပိုလံျှနေတာကြောင့်လို့ ဆိုပါတယ်။ ယခင်ဘဏ္ဍာနှစ်နောက်ပိုင်းကစပြီး ရောင်းချမှု စတင်တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ တိုင်အောင် စုစုပေါင်း ထုတ်လုပ်မှုဟာ ယခင်ဘဏ္ဍာနှစ် ၂ နှစ်ကထုတ်လုပ်မှုထက် ၄၃ ရာခိုင်နှုန်းပိုမိုနေတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလမှာ ဈေးနှုန်း မြင့်တက်ခဲ့ချိန် ပြည်ပတင်ပို့မှုလည်းကျဆင်းခဲ့ပါတယ်။ အသင်းအနေနဲ့ တောင်သူတွေဆီက နနွင်းအားလုံးကို ဝယ်ယူပြီး အအေးခန်းသိုလှောင်ရုံတွေမှာသိမ်းထားပြီး ဈေးနှုန်းပြန်ကောင်း လာမှသာ ရောင်းထုတ်မယ်လို့ Cifa  ဥက္ကဌ P Changal Reddy  မှ ပြောကြားပါတယ်။ ယမင်းခင်၊Source: hindustans.com

Sunday, 19 Jun 2011

အိန္ဒိယပြောင်းအထွက်ပိုမိုမယ့်အလားအလာအရ ပြည်ပတင်ပို့မှုတိုးတက်နိုင်                   အိန္ဒိယနိုင်ငံရဲ့ ပြောင်းထုတ်လုပ်မှုဟာ ယခုနှစ်မှာ မိုးပုံမှန်ရွာသွန်းခြင်းနဲ့ ဈေး နှုန်းမြင့်တက်ခြင်းတို့က တောင်သူတွေပိုစိုက်ဖို့ အားပေးစေခဲ့တာကြောင့် ဒုတိယနှစ် အတွက် ပြောင်းစံချိန်တင် တိုးတက်ထွက်ရှိနိုင်ပြီး ပြည်ပတင်ပို့မှု တိုးတက်နိုင်တယ်လို့ သိရပါတယ်။ မိုးပြောင်းထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၁၁ ရာသီအတွင်း တန်ချိန် ၁၅ ဒသမ ၉ သန်းထိမြင့်တက်ခဲ့ရာမှ ယခုနှစ်မှာ ၇ ရာခိုင်နှုန်းပိုမိုလာဖွယ်ရှိတယ်လို့ ကောက်ပဲသီးနံှလုပ်ငန်းရှင် ခေါင်းဆောင် Gagan Gulati ကဆိုပါတယ်။ ဒါကြောင့် ယခုရာသီပိုလံျှတန်ချိန် ၂ ဒသမ ၄ သန်းခန့် တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံက ရောင်းချမှုမြင့်တက်ခြင်းဟာ ယခင်နှစ်က ကမ္ဘာ့သိုလှောင်မှု ကျဆင်းပြီး ၈၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တဲ့ ပြောင်းဈေးကို ကျဆင်းလာစေဖို့ အထောက်အကူဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အာရှနိုင်ငံအခိုျ့ဟာ အိန္ဒိယပြောင်းကို ဝယ်လိုအားကောင်းနေတယ်လို့ ဆိုပါတယ်။ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားက တိရစ္ဆာန်အစာပြုလုပ်သူများက အမေရိကန်နဲ့ လက်တင်အမေရိကား ပြောင်းအစား အိန္ဒိယပြောင်းကို ဝယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ယခုနှစ် ကမ္ဘာ့မြောက်ဖက်ခြမ်းက ပြောင်းရိတ်သိမ်းမှုမစတင်မီ ကမ္ဘာ့ပြောင်းလက်ကျန်ဟာ တန်ချိန် ၁၁၇ ဒသမ ၄၄ သန်းဝန်းကျင်ရှိတယ်လို့ အမေရိကန်  စိုက်ပျိုးရေးဌာနက ဆိုပါတယ်။ အဲဒီပမာဏဟာ လာမယ့်နှစ်မှာ တန်ချိန် ၁၁၁ ဒသမ ၈၉ သန်းကိုကျဆင်းလိမ့်မယ်လို့လည်း ဆိုပါတယ်။ ၂ဝ၁၁ -၁၂ ရာသီအတွင်း ၂ဝ၁၁-၁၁ ရာသီစိုက်ပျိုးမှုထက် ဟက်တာ ၇ ဒသမ ၆ သန်းတိုးခဲျ့ဖွယ်ရှိပြီး ဇွန်လ ၃ဝ ရက်နေ့အထိ စုစုပေါင်း ပြောင်းထွက်ရှိမှု တန်ချိန် ၂ဝ-၂၃ သန်းထိမြင့်တက် နိုင်တယ်လို့ လယ်ယာဝန်ကြီးဌာနက ဧပြီလ ၆ ရက်မှာ ပြောကြားပါတယ်။ အိန္ဒိယမှာ တိရစ္ဆာန်အစာပြုလုပ်သူများရဲ့ ပြောင်းသုံးစွဲမှု တန်ချိန် ၁ဝ သန်းခန့် ရှိပြီး အမှုန့်ပြုလုပ်သူများက တစ်နှစ်ကို တန်ချိန် ၂ ဒသမ ၅ သန်းအသုံးပြုတယ်လို့ အိန္ဒိယပြောင်းထုတ်လုပ်မှု တိုးတက်ရေးအသင်း ဥက္ကဌ ှSain Dass က ပြောကြား ပါတယ်။ စားနပ်ရိက္ခာအတွက် တန်ချိန် ၄ သန်းခန့်သုံးစွဲမှုရှိတယ်လို့လည်း ဆိုပါတယ်။ ယမင်းခင်၊Source: nns commodityonline

Sunday, 19 Jun 2011

အိန္ဒိယ၏ ဂံျုထွက်ရှိမှု စံချိန်တင်နိုင်သောကြောင့် ဂံျုတင်ပို့မှုကန့်သတ်ချက် ပြန်လည်ဖယ်ရှားပေးနိုင်ချေရှိ               ကမ္ဘာမှာ ဂံျုဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ အိန္ဒိယရဲ့ ၄ နှစ်ဆက်တိုက်ဂံျုထွက် နှုန်း ကောင်းမွန်ကာ စံချိန်တင်မှုကြောင့် အစိုးရမှ ပို့ကုန်တားမြစ်ချက်ကို ပြေလျော့စေကာ ကမ္ဘာ့ဂုံျဈေးနှုန်းကြီးမြင့်မှုကို ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ယခုနှစ် ဇွန်လကုန်အထိ ဂံျုထုတ်လုပ်မှုက ၆ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်တာ တန်ချိန် ၈၆ သန်းကို ရောက်ရှိနိုင်ကြောင်းနဲ့ ယခင်နှစ် အလားတူကာလက တန်ချိန် ၈ဝ ဒသမ ၈ သန်းရှိကြောင်း နယူးဒေလီတယ်လီဖုန်းအင်တာဗျူးမှာ လယ်ယာစိုက်ပိုျးရေးဆိုင်ရာ အတွင်းရေးမှူး P.K Basu က ပြောကြားလိုက်ပါတယ်။ ဂံျုထွက်နှုန်းကောင်းမွန်မှုကြောင့် အိန္ဒိယအစိုးရရဲ့ လေးနှစ်ဆက်တိုက်ဂံျုတင်ပို့မှု ကန့်သတ်ချက်ပြီးဆုံးနိုင်ခြေရှိပြီး ချီကာဂို ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဂံျုဈေးနှုန်းတွေက ၆၅ ရာခိုင်နှုန်းမြင့်တက်နေမှုကို သက်သာစေနိုင်မှာ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်မှာ ဥရောပနဲ့ တရုတ်မှာ ခြောက်သွေ့မှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရေလွှမ်းမိုးမှုကြောင့် ပြောင်း၊ ဂံျုနဲ့ ပဲပုပ်သီးနံှတွေ ပျက်စီးခဲ့ကာ ဈေးနှုန်းတွေ ၇ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။ ''တကယ်လို့ အိန္ဒိယမှ ဂံျုတင်ပို့ခွင့်ပြုလိုက်ရင် ကမ္ဘာ့ဈေးကွက်မှာ ဂံျုရောင်းလိုအားတိုးတက်ကာ ဈေးနှုန်း သက်သာစေ နိုင်ကြောင်း'' လန်ဒန်ရဲ့ ကုန်စည်သုတေသီ Erin Fitz Patrick က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဂံျုထုတ်လုပ်မှုက ယခုနှစ်မှာ တန်ချိန် ၆၆၄ ဒသမ ၃ သန်းရောက်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးဌာနမှ ဇွန်လ ၉ ရက်နေ့မှာ ခန့်မှန်းလိုက်ပါတယ်။ မေလက ၆၆၉ ဒသမ ၆ သန်းထွက်ရှိမယ်လို့ ခန့်မှန်းချက်မှ လျော့နည်းသွားခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယမှာ ကောက်ပဲသီးနံှထွက်ရှိမှုက မျှော်မှန်းထားတာထက် သာလွန်တာကြောင့် ကမ္ဘာ့ဆန်နဲ့ ဂံျု ဒုတိယအများဆုံး စားသုံးတဲ့ အာရှရဲ့ တတိယစီးပွားရေးအကြီးဆုံးဖြစ်တဲ့ အိန္ဒိယရဲ့ငွေဖောင်းပွမှုကို သက်သာပြေလျော့စေမယ်လို့ ခန့်မှန်းရပါတယ်။ အိန္ဒိယက ၂ဝဝ၇ ခုနှစ် အစောပိုင်းမှာ ဂံျုတင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဧပြီလမှာ ဘာစမာတီ မဟုတ်တဲ့ ဆန်အမျိုးအစား တင်ပို့မှုကို ပိတ်ပင်ခဲ့တယ်။ ဇွန်လ ၁ ရက်နေ့အထိ နိုင်ငံတော်မှ ကောက်ပဲသီးနံှ သိုလှောင်ထားမှုက တန်ချိန် ၆၅ ဒသမ ၆ သန်းထိရှိရာ လွန်ခဲ့တဲ့ ၅ နှစ်နှိုင်းယှဉ်ရာမှာ ၃ ဆနီးပါးတိုးတက်ခဲ့ ကြောင်း အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်းအရ သိရှိရပါတယ်။ ဇွန်လ ၁၄ ရက်နေ့က ချီကာဂိုကုန်သွယ်ရေးမှာ စက်တင်ဘာလသင်္ဘောတင်မဲ့ ဂံျုဈေးနှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်း ဈေးကျသွားကာ တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၇ ဒသမ ၇ဝ၅၇ (တစ်တန်ကို ကန်ဒေါ်လာ ၂၈၃ ဒသမ ၁၁) နဲ့ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။Source:bloomberg.com, အေးမွန်မွန်လှိုင် 

Sunday, 19 Jun 2011

အိန္ဒိယတွင် ကုလားပဲဖြူလုံးကြီး ဈေးဆက်လက်မြင့်မားမည်ခန့်မှန်းကြ                        အိန္ဒိယမှာ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်တွေမှ ဝယ်လို အားကောင်းနေခြင်း၊ ကြိုပွိုင့်ဈေးနှုန်းတွေ မြင့်မား ခြင်းတို့ကြောင့် လက်ငင်းဈေးနှုန်းများလည်း တစ်ကွမ်တယ်လ်ကို ၁ဝ ရူပီးမြင့်မားလာကြောင်း သိရပါတယ်။ လက်ရှိ ဈေးကွက် ပေါက်ဈေးနှုန်းမှာ တစ်ကွမ်တယ်လ်ကို ၂၅ဝဝ-၂၅၁ဝ ရူပီး(တစ်တန်ကို ကန်ဒေါ်လာ ၅၅၆-၅၅၈ ဝန်းကျင်) ဖြစ် ကြောင်း သိရပါတယ်။                        ဝယ်လိုအားမြင့်မားနေတာကြောင့် ဆက်လက်ဈေးမြင့် ကာ တစ်ကွမ်တယ်လ်ကို ၂၇ဝဝ-၂၈ဝဝ ရူပီး(တစ် တန်ကို ကန်ဒေါ်လာ ၆ဝဝ-၆၂၂ ဝန်းကျင်) ထိရောက်ရှိနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ပပ၊Source:thehindubusiness.com 

Sunday, 19 Jun 2011

ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်းလာ                 အိန္ဒိယနိုင်ငံ ပဲစိုက်ရာဒေသများမှာ မုတ်သုံမိုးကောင်းနေခြင်းနဲ့ ဝယ်လိုအား နည်းခြင်းကြောင့် ယခုသီတင်းပတ်အတွင်း ကုလားပဲဈေး လက်ငင်းရော ကြိုပွိုင့်ဈေး ပါ ဝ ဒသမ ၅၁ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ဝ၆၃ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့တယ် လို့ သိရပါတယ်။ ဒါပေမဲ့ အိန္ဒိယအနောက်ပိုင်းမှာ ပဲစင်းငုံစိုက်ဧရိယာများ လျော့ပြီး ဝါဂွမ်းစိုက်ပိုျးမှု ပိုလာမယ်လို့ ခန့်မှန်းကြပါတယ်။                     ပဲထုတ်လုပ်ရာဒေသတွေက ဈေးကွက်တွေကို ပဲဝင်ရောက်မှု တိုးတက်လာတဲ့ အတွက် လက်ကျန် လုံလောက်နေတဲ့ အခြေအနေကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအား ဖြစ်စေပါတယ်။ ဒါပေမဲ့လည်းလာမယ့် သီတင်းပတ်များမှာ ကုလားပဲ ဝင်ရောက်မှုလျော့ကျပြီး ဝယ်လိုအားတက်လာဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေးဝန်းကျင်မှာ အပြောင်း အလဲဖြစ်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline 

Sunday, 19 Jun 2011

အိန္ဒိယကုလားပဲဈေး အနည်းငယ်လျော့ကျ                အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ကုလားပဲဈေးအနည်းငယ်လျော့ ကျခဲ့ပါတယ်။ သြစတြေးလျက ပဲအထွက်ပိုမယ့်အလားအလာရှိခြင်းက တင်သွင်း ပဲဈေးကို ကျဆင်းစေပါတယ်။ ဒါပေမဲ့ လှောင်လက်များက ပဲပမာဏအမြောက် အမြားဆက်လက်သိုလှောင်ထားပြီး ကာလတိုအတွင်း ဈေးမတက်ပါက လက်ကျန် ရှင်းထုတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ သြစတြေးလျ ကုလားပဲထုတ်လုပ်မှုက ၂ဝ၁ဝ -၁၁ အတွင်း တန်ချိန် ၃၇၉ဝဝဝ ရှိရာ မှ ၂ဝ၁၁-၁၂ အတွင်း တန်ချိန် ၃၈၅ဝဝဝ ထိ တိုးတက်ဖွယ်ရှိပြီး ပြည်ပတင်ပို့မှုနေနဲ့ ယခင်နှစ်က တန်ချိန် ၃၁၅ဝဝဝ ရှိရာမှ ၂ဝ၁၁-၁၂ တွင် တန်ချိန် ၃၂ဝဝဝဝ ထိ တိုးတက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                       ဒေါ်လာ/ တန်                     ၁၆-၆-၁၁           ၁၅-၆-၁၁           ၁၄-၆-၁၁          ၁၃-၆-၁၁မွန်ဘိုင်း            ၅ဝ၈               ၅၁ဝ-၅၁၃             ၅ဝ၉-၅၁၂           ၅၁၃ဒေလီ            ၅၅၁-၅၅၇           ၅၄၈-၅၅၄             ၅၅၃-၅၅၈        ၅၈၂-၅၅၇ချန်နိုင်း            ၅၉၅                   ၅၉၅                      ၅၉၄                 ၅၉၃MIRT(MAPT)   

Sunday, 19 Jun 2011

အိန္ဒိယပဲတီစိမ်း တည်ငြိမ်နေ             အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်မှာ ပဲတီစိမ်းဈေးက တည်ငြိမ်နေတာတွေ့ရပါတယ်။ နိုင်ငံအတွင်း ယခုရာသီပဲအထွက် ကောင်းမယ့်အလားအလာရှိနေပြီး လက်ကျန်အလုံအလောက်ရှိနေပေမဲ့ ဝယ်လိုအား တိုးတက်ခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင်း ရောင်းချမှုကို ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံမှာမိုးခေါင်ပြီးရေလွှမ်းမိုးခြင်းကြောင့် နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်  ဒေါ်လာ/ တန်                                  ၁၆-၆-၁၁        ၁၅-၆-၁၁        ၁၄-၆-၁၁             ၁၃-၆-၁၁မွန်ဘိုင်း (ကင်ညာ)        ၉၅၈-၉၆၉       ၉၆၂-၉၇၄           ၉၆ဝ                   ၉၆၉ဒေလီ                         ၇၅၇-၈ဝ၂        ၇၃၉-၇၈၃         ၇၃၇-၇၈၂           ၇၃၅-၇၅၈အာကိုလာ                   ၈၂၄-၉၁၃        ၈၂၈-၉၁၈         ၈၂၆-၉၁၆           ၈၂၅-၉၁၄MIRT(MAPT)

Sunday, 19 Jun 2011

အိန္ဒိယ PEC က ပဲမျိုးစုံ တန် ၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်               အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ ပြည်တွင်းဈေးကွက်အတွင်းမှာ ရောင်းချဖို့ ပဲမျိုးစုံတန်ချိန် ၆ဝဝဝ တင်သွင်း တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါနောက်ဆုံးရက်မှာ ဇွန်လ ၂၂ ရက်ဖြစ်ပြီး စာချုပ်ဆုံးဖြတ်ချက်ကို အဲဒီနေ့မှာဘဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ တင်သွင်းမယ့် ပဲများကတော့ အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံလုံးက၂ဝ၁၀ ထွက်  ပဲရာဇာ(Green Lentils)  တန် ၂ဝဝဝ စီနဲ့ မြန်မာနိုင်ငံက ၂ဝ၁၁ ရာသီထွက် ပဲစင်းငုံ (လီမွန်) တန် ၂ဝဝဝ တို့ဖြစ်တယ်လို့ သိရပါတယ်။                တင်သွင်းရမယ့် ပဲများကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ချန်နိုင်းဆိပ်ကမ်း ကို အရောက်ပို့ရမယ်လို့ သိရပါတယ်။ PEC ၊ MMTCနဲ့ အခြားနိုင်ငံပိုင် ကုန်သွယ်ရေးအေဂျင်စီဖြစ်တဲ့ STC  တို့ဟာ ပြည်တွင်းရောင်းချမှု အဆင် ပြေစေဖို့ အစိုးရကိုယ်စား ပဲမျိုးစုံတင်သွင်းမှု ပြုလုပ်ပါတယ်။ ယမင်းခင် Source: PTI

Pages