Main menu

Background

Monday, 6 Jun 2011

အိန္ဒိယပြည်တွင်း ကုလားပဲဈေးမြင့်တက်ရာမှ ပြန်ငြိမ်လာ               အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ အဝယ်တက်လာတာကြောင့် ဈေးမြင့်တက်ခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်းမှာ အဝယ် ပြန်ဆိုင်းလာတဲ့အတွက် ကုလားပဲဈေး ပြန်ငြိမ်လာပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ပဲဝင်ရောက်မှုလျော့ကျလာတဲ့အပြင် လှောင်လက်များမှ ဝယ်ယူစုဆောင်းနေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ လာမယ့် သီတင်းပတ်များမှာ ပဲခွဲစက်များနဲ့ လက်လီရောင်းချသူများ ဝယ်လိုအားပြန်လည်ကောင်းမွန်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် လုံလောက်တဲ့ လက်ကျန်သိုလှောင်မှု တွေရှိနေပေမဲ့ ကုလားပဲထုတ်ကုန်များကို ဝယ်လိုအားမြင့်တက်ဖွယ်ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ ပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                         ဒေါ်လာ/တန်                ၂-၆-၁၁           ၁-၆-၁၁       ၃၁-၅-၁၁                 ၃ဝ-၅-၁၁မွန်ဘိုင်း      ၅၁၂                ၅၁၈              ၅ဝ၅                       ၅ဝ၄ဒေလီ      ၅၄ဝ-၅၄၅         ၅၄ဝ-၅၄၆     ၅၃၃-၅၃၉               ၅၂၇-၅၃၂ကန်ပါ         ၅၈၇                ၅၉ဝ               ၅၈၈                     ၅၇၆MIRT(MAPT)

Monday, 6 Jun 2011

အိန္ဒိယဈေးကွက် ပဲတီစိမ်း ဈေးတစ်တန် ကန်ဒေါ်လာ ၃ဝ လျော့ကျ          အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားနည်းခြင်းနဲ့ လှောင်လက်များ လက်ကျန်ရှင်းထုတ်နေခြင်းကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေး တစ်တန်ကို ကန်ဒေါ်လာ ၃ဝ ခန့်လျော့ကျခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့မှုကြောင့် နိုင်ငံတကာဈေး ခိုင်မာနေပေမဲ့ အိန္ဒိယပြည်တွင်းထုတ်လုပ်မှု မြင့်တက်ခြင်းက ဈေးနှုန်းတည်ငြိမ်ဖို့ ထိန်းချုပ်ထားပါတယ်။ နွေပဲတီစိမ်းများ ဝင်ရောက်နေပြီဖြစ်ပြီး နိုင်ငံအတွင်း အနောက်တောင်မိုးရွာသွန်းနေခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ဈေးပိုမိုမြင့်တက်မယ့် မျှော်လင့်ချက်တွေကြောင့် လှောင်လက်များမှာ သိုလှောင်မှု အမြောက်အမြား ထားရှိ ကြောင်း သိရပါတယ်။ ကာလတိုအတွင်း ဈေးအတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်။                                             တန်/ ဒေါ်လာဈေးကွက်                  ၂-၆-၁၁            ၁-၆-၁၁         ၃၁-၅-၁၁                 ၃ဝ-၅-၁၁မွန်ဘိုင်း (ကင်ညာ)       ၉၅၇-၉၆၈           -                    -                           ၁ဝ၉၈ဒေလီ                         ၇၃၄-၇၅၇        ၇၅၇-၈၂၄      ၇၅၅-၈၂၂                ၇၅၄-၈၂ဝအာကိုလာ                   ၈၉ဝ-၉၇၉            -                ၈၈၈-၉၇၇               ၈၈၇-၉၉၈MIRT(MAPT)

Monday, 6 Jun 2011

အိန္ဒိယ STC အေဂျင်စီမှ ကနေဒါ ပဲဝါလေးနဲ့ မြန်မာပဲစင်းငုံ တင်သွင်းဖို့ တင်ဒါခေါ်               အိန္ဒိယနိုင်ငံပိုင် STC  အေဂျင်စီဟာ ဇူလိုင်လအတွင်း တင်ပို့ရမယ့် ကနေဒါ ပဲဝါလေးတန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ အတွင်း တင်သွင်းရမယ့် ၂ဝ၁၁ ရာသီအတွက် မြန်မာ ပဲစင်းငုံတန်ချိန် ၂ဝဝဝ လည်း တင်သွင်းသွားမယ်လို့ သိရပါတယ်။ တင်ဒါကို ဇွန်လ ၃ ရက်နေ့မှာ ပိတ်မယ်လို့ သိရပါတယ်။ ယမင်းခင် Source: nns commodity news

Monday, 6 Jun 2011

  အိန္ဒိယပဲစင်းငုံဈေး အကျဘက်ဆက်ဆင်း                 အိန္ဒိယပြည်တွင်း ပဲစင်းငုံဈေးကွက်မှာ ယခုတစ်ပတ်လည်း အကျဘက်ဆင်း လာနေပါတယ်။ ဈေးကွက်တွေမှာ ဝယ်ယူမှု စိတ်ဝင်စားကြခြင်းမရှိတာကြောင့် အရောင်းအဝယ်ထိုင်းနေပါတယ်။ နိုင်ငံတောင်ပိုင်းမှာ မိုးဆက်လက်ရွာသွန်း နေခြင်း က ပဲအသစ်စိုက်ပျိုးဖို့ အခြေအနေပေးနေပြီး အခိုျ့ဒေသတွေမှာ ပဲစိုက်ပျိုးမှု စတင် နေပြီလို့ သိရပါတယ်။ ပြည်တွင်းရောင်းချမှုများခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်ပေမဲ့ လာမယ့်ရက်များမှာ ပြန်လည်ရောင်းချသူများ အဝယ်ပြန်တက်လာနိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ် အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်                             ဒေါ်လာ/တန်                  ၂-၆-၁၁           ၁-၆-၁၁          ၃၁-၅-၁၁          ၃ဝ-၅-၁၁မွန်ဘိုင်း      ၆၆၈-၆၉ဝ      ၆၅၇-၆၇၉       ၆၅၅-၆၇၇          ၆၆၅-၆၉၃ဒေလီ         ၇၂၃-၇၃၄           ၆၈၅               ၆၈၃                   ၆၈၂ချန်နိုင်း       ၆၆၈                   ၆၅၇              ၆၅၅                    ၆၆၅MIRT(MAPT

Monday, 6 Jun 2011

အိန္ဒိယမတ်ပဲဈေး ဆက်လက်လျော့ကျ                အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လည်း မတ်ပဲဈေး ဆက်လက်လျော့ကျခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပြုပြင်ပြီးမတ်ပဲကို ဝယ်လိုအား အကန့်အသတ်သာရှိတဲ့အပြင် နွေမတ်ပဲများဆက်လက် ဝင်ရောက်ခြင်းက ဈေးနှုန်း လျော့ကျဖို့ ဖိအားဖြစ်စေပါတယ်။ အိန္ဒိယနိုင်ငံ အချို့ဒေသတွေမှာ မိုးရွာသွန်း နေခြင်းက မိုးမတ်ပဲစိုက်ပျိုးဖို့ အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုလအတွင်း နွေပဲဝင်ရောက်မှု တိုးတက်ဖွယ်ရှိပြီး မြန်မာနိုင်ငံက ရောင်းအား ကောင်းနေခြင်းတို့က ဈေးနှုန်းထပ်မံကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ပြန်လည်ရောင်းချသူများမှ အဝယ်ပြန်တက်လာနိုင်ခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ကို ဖော်ပြလိုက်ပါတယ်                         ဒေါ်လာ/တန်                        ၂-၆-၁၁           ၁-၆-၁၁       ၃၁-၅-၁၁             ၃ဝ-၅-၁၁မွန်ဘိုင်း             ၈၅၇-၈၆၈     ၈၅၈-၈၆၉      ၈၅၅-၈၆၆             ၈၇၆ဒေလီ                ၈၂၃-၈၉ဝ      ၈၂၄-၈၉၁      ၈၂၂-၈၈၈          ၈၂ဝ-၈၈၇ချန်နိုင်း              ၈၈၅-၁ဝ၁၂   ၈၈၅-၁ဝ၁၄    ၈၈၈-၁ဝ၁၆        ၈၉၈-၁ဝ၂ဝMIRT(MAPT)

Tuesday, 31 May 2011

ယခုနှစ်တွင် ကင်ညာနိုင်ငံ လက်ဖက်အထွက်ကျနိုင်                   အာဖရိကရဲ့ အကြီးဆုံးလက်ဖက်ထုတ်လုပ်သူဖြစ်တဲ့ ကင်ညာနိုင်ငံက ၂ဝ၁၁ မှာ ထုတ်လုပ်မှု ၁ဝ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး လွန်ခဲ့တဲ့လေးလလောက်ကတည်းက အထွက်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုက ဇန်နဝါရီလကနေ မတ်လအထိတာရှည်ခဲ့ပြီး ဧပြီလမှာတော့ မိုးအနည်းငယ် ရွာခဲ့တာကြောင့် ၂ဝ၁၁ ပထမလေးလရဲ့ လက်ဖက်အထွက်နှုန်းက ကီလိုဂရမ် ၁၁၆ ဒသမ ၆ သန်း ထွက်ရှိပြီး ၂ဝ၁ဝ ပထမလေးလထက် ၂ဝ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကင်ညာနိုင်ငံရဲ့ လက်ဖက်အထွက်နှုန်းကောင်းပြီး ကီလိုဂရမ် (၃၉၉) သန်းရှိကြောင်း သိရပါတယ်။ ယခုနှစ်ဧပြီလမှာတော့ ယခင်နှစ်ထက် အထွက်နှုန်း ၁၂ ရာခိုင်နှုန်း ကျခဲ့ပြီး ကီလို ၃၁ ဒသမ ၄ သန်း ထွက်ရှိကာ ၂ဝ၁ဝ အလားတူ ကာလက ကီလို ၃၅ ဒသမ ၈သန်းထွက်ရှိခဲ့ကြောင်းသိရပါတယ်။ လက်ဖက်စိုက်ပျိုးတဲ့ ဧရိယာ ဖြစ်တဲ့ အနောက်ပိုင်း Rift  တောင်ကြားဒေသရဲ့ အထွက်နှုန်းကို ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကီလို ၁၇ ဒသမ ၅ သန်းသာ ထွက်ရှိခဲ့ပါတယ်။ ဇန်နဝါရီကနေ ဧပြီလအထိ ပို့ကုန်တင်ပို့မှု ကီလို ၁၃၉ ဒသမ ၆ သန်းရှိပြီး ၂ဝ၁ဝ ပထမလေးလထက် လျော့နည်းခဲ့ကြောင်း သိရပါတယ်။ ကင်ညာလက်ဖက်ကို ပါကစ္စတန်သို့ အဓိကတင်ပို့ပြီး ကီလို ၆ ဒသမ ၄ သန်းလောက်တင်ပို့မှု ရှိကာ ကင်ညာရဲ့ လက်ဖက် တင်ပို့မှု စုစုပေါင်းရဲ့ ၂ဝ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ အခြားအဓိက တင်ပို့တဲ့ နိုင်ငံများကတော့ အာဖကန်နီစတန်ကို ကီလို ၅ ဒသမ ၈ သန်း၊ အီဂျစ်ကိုကီလို ၅ ဒသမ ၁ သန်း၊ ဥရောပကို ကီလို ၄ ဒသမ ၅ သန်းနဲ့ UAE  ကို ကီလို ၁ ဒသမ ၈ သန်း အသီးသီးတင်ပို့တယ်လို့ သိရပါတယ်။ ဒီငါးနိုင်ငံကို တင်ပို့မှုက စုစုပေါင်း တင်ပို့မှုရဲ့ ၇၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။Source:Commodity online,KZW

Tuesday, 31 May 2011

အိန္ဒိယမြောက်ပိုင်းမှာ နနွင်းအမြောက်အမြား ထုတ်လုပ်ဖို့ ဆောင်ရွက်              အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်ကို အမြောက်အမြား စိုက်ပျိုးလျက်ရှိရာ နနွင်းစိုက်ပျိုးမှုအနေနဲ့ တတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုအနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဟက်တာကို နနွင်း ၃ ဒသမ ၉ တန်နှုန်း ထွက်ရှိပေမဲ့ အဲဒီဒေသမှာတော့ ၁ ဒသမ ၅ တန်နှုန်းသာထွက်ရှိတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အရှေ့မြောက်ပိုင်း တောင်ကုန်းဒေသများအတွက် အထွက်နှုန်းကောင်းတဲ့ Lackadong နဲ့ Megha မျိုးများစိုက်ပျိုးဖို့ I C A Rသုတေသနဌာနမှ ဒါရိုက်တာ S V Ngachan  ကသတ်မှတ်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။                 လက်ရှိအချိန်ထိ နိုင်ငံတော်စိုက်ပျိုးရေးဆိုင်ရာ တီထွင်ထုတ်လုပ်မှု စီမံကိန်း (NAIP ) က အဲဒီနနွင်းမိုျးတွေကို ဟက်တာ ၃၃ဝဝဝ မှာ စိုက်ပိုျးထားတယ်လို့ ဆိုပါတယ်။ နနွင်းစိုက်ပျိုးသူတွေအတွက် အဲဒီဒေသမှာ အကြီးဆုံးစိန်ခေါ်မှုကတော့ ထုတ်လုပ်မှုထက် ပိုကြီးမြင့်တဲ့ ဈေးနှုန်းမရှိခြင်းဘဲလို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသတွင်းလယ်ယာထုတ်လုပ်မှုအားလုံးနီးပါးမှာ ကိုင်တွယ်ထိန်းသိမ်းမှု၊ ပြုပြင်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနဲ့ ဈေးကွက်ရရှိမှုစတဲ့ အခြေခံအထောက် အကူမရှိတာကြောင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုမြင့်မားတယ်လို့ သိရပါတယ်။               တောင်သူတွေကို အကူအညီပေးဖို့အတွက် ယင်းဒေသခရိုင် ၇ ခုမှာ တစ်ဝက်ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံအချို့ကိုICAR နဲ့  NAIP တို့မှ ထူထောင်ထားတယ်လို့ Dr Ngachan  က ဆက်လက်ပြောကြားပါတယ်။ အစောပိုင်းက တောင်သူများဟာ ၎င်းတို့ရဲ့ ထုတ်ကုန်တွေကို ပြုပြင်ထုတ်လုပ်စက်ရုံတွေကို သယ်ယူရာမှာ သယ်ယူစရိတ် မြင့်မားတာကြောင့် ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိတောင်သူများဟာ ကွင်းထဲမှာပဲ နနွင်းအခြောက်ခံပြီး စက်ရုံတွေကို ပို့တယ်လို့ ဆိုပါတယ်။ ထုပ်ပိုးပြီးတဲ့ နောက်မှာတောင်သူများဟာ တိုက်ရိုက်သော်လည်းကောင်း ICAR တောင်သူများအသင်းမှ တစ်ဆင့် ICAR တံဆိပ်နဲ့ ဈေးကွက်တွေမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။                ကီရာလာ၊အင်ဒရာပရာဒေ့ရှ်က နနွင်းနဲ့ယှဉ်ရင် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသက နနွင်းများဟာ ကယ်လ်စီယံနဲ့ Oleoresin  ပါဝင်မှုများတယ်လို့ ဆိုပါတယ်။ ဒေသတွင်းနေရာအနံှ့အပြားမှာ ပြုပြင်ထုတ်လုပ်တဲ့ စက်များတပ်ဆင်ခြင်းဖြင့် လုပ်ငန်းရှင်များနဲ့ စက်ရုံများကို အကူအညီဖြစ်စေသလို တောင်သူများအတွက်လည်း ဈေးအမြင့်နဲ့ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ Dr Ngachan  က ဆက်လက်ပြောကြားပါတယ်။ ယမင်းခင်၊Source: hindubusinessline

Tuesday, 31 May 2011

မလေးရှားကို နနွင်း ၁၂ တန်ပို့              မေ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း နနွင်း ၁၂ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၇၄ တန်ကျော်တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ်စင်ကာပူကို အဓိကတင်ပို့ခဲ့တဲ့နနွင်းက ဒီတစ်ပတ်မှာ မလေးရှားဘက်ကို ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းသုံးထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Tuesday, 31 May 2011

အိန္ဒိယမှာ မိုးရာသီပဲမျိုးစုံစတင်စိုက်ပျိုးနေပြီ               အိန္ဒိယနိုင်ငံအနံှ့အပြားမှာ မိုးပဲမျိုးစုံ စတင်စိုက်ပျိူးနေပြီလို့ သိရပါတယ်။ ဥတ္တရာပရာဒေ့ရှ်မှာ ပဲတီစိမ်းစိုက်ပျိုးမှု ဟက်တာ ၁ ဒသမ ၁၂ သိန်း၊ မတ်ပဲ ဟက်တာ ၃၇ဝဝဝ ၊ ဂူဂျာရတ်မှာ ပဲတီစိမ်း ဟက်တာ ၃၁ဝဝဝ နဲ့ ဘီဟာမှာ ပဲတီစိမ်း ဟက်တာ ၄ဝဝဝဝ စိုက်ပျိုးပြီးကြောင်း အစိုးရထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။              ကြံစိုက်ပျိုးမှုကတော့ ယခင်နှစ်ကာလတူက ဟက်တာ ၄၅ ဒသမ ၆၅ သိန်းထက်ပိုပြီး ဟက်တာ ၄၈ ဒသမ ၉၆ သိန်း စိုက်ပျိုးထားကြောင်း သိရပါတယ်။ ဝါစိုက်ပျိုးမှုမှာလည်း ယခင်နှစ်က ဟက်တာ ၆ ဒသမ ၅ သိန်းမှ ယခု နှစ်မှာ ဟက်တာ ၇ ဒသမ ၂၂ သိန်းစိုက်ပိုျးပြီးကြောင်း သိရပါတယ်။ ယမင်းခင် Source: commodityonline 

Tuesday, 31 May 2011

  အိန္ဒိယ ပြည်တွင်းဈေးကွက် ကုလားပဲဈေးအပြောင်းအလဲဖြစ်                 အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အတွင်း ကုလားပဲ ဈေး အပြောင်းအလဲ အတက်အကျရှိခဲ့ပါတယ်။ ဈေးကွက်တွေကို ပဲအသစ်ဝင် ရောက်မှု ကျဆင်းပေမဲ့ လက်ကျန်များခြင်းက ဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ်နေပါတယ်။ နိုင်ငံအတွင်း ကုလားပဲရိတ်သိမ်းမှု ပြီးစီးပြီဖြစ်ပြီး လှောင်လက်များ ကုလားပဲကို ဆက်လက်သိုလှောင်ထားကြဆဲဖြစ်လို့ ဈေးကွက်တွေမှာ ရောင်းအား လျော့ကျ နေတယ်လို့ သိရပါတယ်။ လက်ထပ်ပွဲများကြောင့် ကုလားပဲနဲ့ ကုလားပဲ ထုတ်ကုန်များ ဝယ်လိုအားကောင်းလာတယ်လို့ သိရပါတယ်။ နိုင်ငံတကာအနေနဲ့ သြစတြေးလျ ပဲစိုက်ပျိုးရာ ကွင်းစလင်းဒေသမှာ ဇွန်လမှ သြဂုတ်လအတွင်း မိုးပိုမိုရွာသွန်းမယ့်ခန့်မှန်းချက်များအရ သီးနံှကို ထိခိုက်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကာလတိုအတွင်း အိန္ဒိယကုလားပဲဈေးခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဈေးကွက်တွေမှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းအပြောင်းအလဲတွေကို ဖော်ပြလိုက်ပါတယ်                                              တန်/ဒေါ်လာ                    ၂၆-၅-၁၁      ၂၅-၅-၁၁        ၂၄-၅-၁၁              ၂၃-၅-၁၁မွန်ဘိုင်း            ၅၁၃             ၅၁၈              ၅၁၉                    ၅၁၃ဒေလီ            ၅၃၅-၅၄၁      ၅၂၉-၅၃၄      ၅၃ဝ-၅၃၆           ၅၃၆-၅၄၁တန်ပါ               ၅၉၆              ၅၈၆               ၅၉ဝ                  ၅၉၂MIRT(MAPT)

Pages