Background
မျိုးအတွက် V2 ပြန်ဝယ် ၂ဝ၁ဝ-၂ဝ၁၁ ခု စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုလားပဲစိုက်ပျိုး လျာထားဧက ၃ ဒသမ ၆၈ သိန်းအနက် ၂ ဒသမ ၈ဝ သိန်းစိုက်ပြီးလို့ ၇၆ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရန်ကျန်တဲ့ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ်များရှိ တောင်သူအချို့က မုံရွာမြို့ပေါ်ရှိ ကုန်သည်များထံ ကုလားပဲဖြူလုံးကြီး V2 စိုက်ပျိုးရန်မျိုးများ လာရောက်ဝယ်ယူကြောင်းသိရပါတယ်။ တိုင်းအတွင်းသာမက မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်မြို့မှ တောင်သူများပါ လာရောက်ဝယ်ယူကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်လျှင်ပျမ်းမျှ တင်း ၉ဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာ ၂၁ ရက်အတွင်း ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၁၂၁၁ ကျပ်၊ ၁၂၅၃ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ သန်းသန်းတင်
လက်လီအဝယ်ရှိလို့ အိန္ဒိယ ကုလားပဲဈေးမြင့်တက် အိန္ဒိယနိုင်ငံမှာ လာမယ့်လပွဲတော်အတွက် လက်လီဆိုင်များနဲ့ ပဲခွဲစက် များက အဝယ်တိုးတက်လာသလို ကြိုပွိုင့်ဈေးလည်းမြင့်တက်လာတာ ကြောင့် အင်ဒိုရီဈေးကွက်ကုလားပဲလက်ငင်းဈေး တစ်တန်ကို ရူပီး ၃ဝဝ (ကန်ဒေါ်လာ ၆ ဒသမ ၆၄) မြင့်တက်ပြီး ရူပီး ၂၃၉ဝဝ-၂၄ဝဝဝ (ကန်ဒေါ်လာ ၅၂၉-၅၃၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ NCDEX မှာ ဇန်နဝါရီလ ကုလားပဲစာချုပ်ဈေး ဟာ ရူပီး ၃၄ဝ (ကန်ဒေါ်လာ ၇ ဒသမ ၅၂) မြင့်တက်ပြီး ရူပီး ၂၅၈၃ဝ (ကန်ဒေါ်လာ ၅၇၂) ဖြစ်ခဲ့ပါတယ်။ အလားတူ မွန်ဘိုင်းဆိပ်ကမ်းမှာ သြစတြေးလျ ကုလားပဲဈေးလည်း တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၃) မြင့်တက်ပြီး ရူပီး ၂၅၂၅ဝ (ကန်ဒေါ်လာ ၅၅၉) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်း ကုလားပဲလက်ကျန်များ လျော့ကျခြင်းနဲ့ လှောင်လက်များ ကလည်း လက်ကျန်များ ရနိုင်သလောက် ထိန်းထားပြီး ဈေးအမြင့်နဲ့ ရောင်းချ နေတာကြောင့် လက်ငင်းဈေးကွက်ရော ကြိုပွိုင့်ဈေးပါ လာမယ့်လများအထိ မြင့်တက်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျမှာ ကုလားပဲများ ပျက်စီး တဲ့ သတင်းများနဲ့ ကနေဒါ၊ သြစတြေးလျတို့က တင်သွင်းမှု လျော့နည်းခြင်း တို့ ကြောင့် ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတမှုကိုဖြစ်စေပြီး ဈေးနှုန်းကို ပိုမိုမြင့် တက် စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ယမင်းခင်၊ှSources: business line
လက်လီအဝယ်ရှိလို့ အိန္ဒိယ ကုလားပဲဈေးမြင့်တက် အိန္ဒိယနိုင်ငံမှာ လာမယ့်လပွဲတော်အတွက် လက်လီဆိုင်များနဲ့ ပဲခွဲစက် များက အဝယ်တိုးတက်လာသလို ကြိုပွိုင့်ဈေးလည်းမြင့်တက်လာတာ ကြောင့် အင်ဒိုရီဈေးကွက်ကုလားပဲလက်ငင်းဈေး တစ်တန်ကို ရူပီး ၃ဝဝ (ကန်ဒေါ်လာ ၆ ဒသမ ၆၄) မြင့်တက်ပြီး ရူပီး ၂၃၉ဝဝ-၂၄ဝဝဝ (ကန်ဒေါ်လာ ၅၂၉-၅၃၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ NCDEX မှာ ဇန်နဝါရီလ ကုလားပဲစာချုပ်ဈေး ဟာ ရူပီး ၃၄ဝ (ကန်ဒေါ်လာ ၇ ဒသမ ၅၂) မြင့်တက်ပြီး ရူပီး ၂၅၈၃ဝ (ကန်ဒေါ်လာ ၅၇၂) ဖြစ်ခဲ့ပါတယ်။ အလားတူ မွန်ဘိုင်းဆိပ်ကမ်းမှာ သြစတြေးလျ ကုလားပဲဈေးလည်း တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၃) မြင့်တက်ပြီး ရူပီး ၂၅၂၅ဝ (ကန်ဒေါ်လာ ၅၅၉) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်း ကုလားပဲလက်ကျန်များ လျော့ကျခြင်းနဲ့ လှောင်လက်များ ကလည်း လက်ကျန်များ ရနိုင်သလောက် ထိန်းထားပြီး ဈေးအမြင့်နဲ့ ရောင်းချ နေတာကြောင့် လက်ငင်းဈေးကွက်ရော ကြိုပွိုင့်ဈေးပါ လာမယ့်လများအထိ မြင့်တက်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျမှာ ကုလားပဲများ ပျက်စီး တဲ့ သတင်းများနဲ့ ကနေဒါ၊ သြစတြေးလျတို့က တင်သွင်းမှု လျော့နည်းခြင်း တို့ ကြောင့် ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတမှုကိုဖြစ်စေပြီး ဈေးနှုန်းကို ပိုမိုမြင့် တက် စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ယမင်းခင်၊ှSources: business line
အိန္ဒိယပဲတီစိမ်း တစ်လအတွင်း ကန်ဒေါ်လာ ၆ဝ ကျော်မြင့်တက် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အခြားပဲဈေးတွေ လျော့ကျပေမဲ့ ပဲတီစိမ်းဈေးကတော့ တစ်လအတွင်း မြင့်တက်လာခဲ့ပါတယ်။ ဈေးကွက်အချို့ကို ပဲအသစ်ဝင်ရောက်မှု ရပ်တန့်သွားပြီဖြစ်သလို လက်ကျန်ပဲများကလည်း အရည်အသွေးညံ့တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း ဝယ်လိုတဲ့ ဝယ်လက်များအနေနဲ့ ပြည်ပက တင်သွင်းနေတာ ဖြစ်လို့ ပဲတီစိမ်းဈေးက မြင့်တက်လာတာဖြစ်ပါတယ်။ ပြည်တွင်းအရည်အသွေးနိမ့်ပဲတွေကိုတော့ ဈေးလျှော့အဝယ်ရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ကာလတူ ဈေးနှုန်းတွေကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ချန်နိုင်း (ပဲတီရွှေဝါ) ဒေလီ(ပဲတီစိမ်း)၂၃-၁၂-၁ဝ ၁ဝ၂၂ ၁ဝ၆၆၂၃-၁၁-၁ဝ ၉၄၃ ၉၈၇MIRT (MAPT)
အိန္ဒိယပဲစင်းငုံ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ နီးပါး ဈေးလျော့ကျ အိန္ဒိယပြည်တွင်း ဈေးကွက်မှာလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက် လာပြီ ဖြစ်ပြီး ပဲအထွက်ကောင်းမယ့် ခန့်မှန်းချက်တွေကြောင့် ကုန်သည်များ ဈေးလျှော့ ဝယ်ယူကြတဲ့အတွက် တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ နီးပါးလျော့ကျလာပါတယ်။ လက်ရှိဝင်ရောက်နေတဲ့ ပဲအသစ်များမှာ အစိုဓါတ် ပါဝင်မှု မြင့်နေလို့ ဈေးလျှော့ခြင်းလည်း ဖြစ်ပါတယ်။ ပြည်တွင်းပဲအထွက်ပိုမယ့် အလားအလာက မြန်မာနိုင်ငံက ပဲတင်သွင်းမှုလျော့ကျဖို့ဖြစ်လာ နိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မွန်ဘိုင်းဈေးကွက်မှာဖြစ်ပေါ်တဲ့ ယခင်လနဲ့ ယခုလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၂၃-၁၂-၁ဝ ၆၂၂-၆၂၇ ၆၃ဝ၂၃-၁၁-၁ဝ ၇၂၉ ၆၉၅MIRT(MAPT)
အိန္ဒိယမတ်ပဲ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ကျော် ဈေးဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေစီမတ်ပဲတွေ ရောင်းလိုအား ကောင်းပြီး၊ ပဲများမှာ အရည်အသွေးနိမ့်ကျတာကြောင့် ဝယ်လိုအားနည်းတဲ့အတွက် ဈေးက တစ်လထက်တစ်လ ကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိစိုက်ပျိုးနေတဲ့ ဆောင်း မတ်ပဲစိုက်ပျိုးမှုလည်း ကောင်းနေတယ်ဆိုတဲ့ သတင်းတွေအရ ဝယ်လက် များ ဈေးလျှော့ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်း မတ်ပဲများကို တချို့ဝယ်လက်များ အဝယ်ရှိနေခြင်း ကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလ တူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် ချန်ဟိုင်း(C&F)၂၃-၁၂-၁ဝ ၈ဝ၂ ၈ဝဝ၁၂-၁၁-၁ဝ ၉၃၈ ၁ဝဝဝMIRT(MAPT)
်အိန္ဒိယမတ်ပဲ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ကျော် ဈေးဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေစီမတ်ပဲတွေ ရောင်းလိုအား ကောင်းပြီး၊ ပဲများမှာ အရည်အသွေးနိမ့်ကျတာကြောင့် ဝယ်လိုအားနည်းတဲ့အတွက် ဈေးက တစ်လထက်တစ်လ ကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိစိုက်ပျိုးနေတဲ့ ဆောင်း မတ်ပဲစိုက်ပျိုးမှုလည်း ကောင်းနေတယ်ဆိုတဲ့ သတင်းတွေအရ ဝယ်လက် များ ဈေးလျှော့ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်း မတ်ပဲများကို တချို့ဝယ်လက်များ အဝယ်ရှိနေခြင်း ကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလ တူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် ချန်ဟိုင်း(C&F)၂၃-၁၂-၁ဝ ၈ဝ၂ ၈ဝဝ၁၂-၁၁-၁ဝ ၉၃၈ ၁ဝဝဝMIRT(MAPT)
အိန္ဒိယနနွင်းဈေး မြင့်တက်နေဆဲ အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ဒီဇင်ဘာလ ၁၄ ရက် နနွင်းအမျိုးအစား ၂ မျိုးလုံး တစ်တန်ကို ရူပီး ၃၅ဝဝ-၄ဝဝဝ (ကန်ဒေါ်လာ ၇၇) မြင့်တက်ခဲ့ပါတယ်။ လက်ရှိ ဝယ်လိုအားများများစားစားမရှိတာကြောင့် နနွင်း လက်ကျန်အနည်း ငယ်သာ ဈေးကွက်ကို ဝင်ရောက်လာနေပြီလို့ အီရောနနွင်းအသင်း ဥက္ကဌ အာဗွီရာဗီရှန်ကာက ဆိုပါတယ်။ အီရော့ဈေးကွက် ၄ ခုလုံးမှာ နနွင်းရောင်းချမှု အနည်းငယ်စီ တိုးလာတယ်လို့လည်း ဆိုပါတယ်။ တောင်သူများဟာ ယခုရာသီကုန်ချိန်ထိ လက်ရှိ ဈေးနှုန်းအတိုင်း ဆက်ရှိနေမယ်လို့ မျှော်လင့်နေကြ တာကြောင့် ၎င်းတို့ရဲ့ လက်ကျန် များ ထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယမြောက်ပိုင်းကုန်သည်များကတော့ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်း ရောင်းချတဲ့ဝင်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၅ဝ၁ဝ -၁၆၄၁၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃-၃၆၁၆)၊ နနွင်းဥဈေးက ရူပီး ၉၅ဝ၁ဝ-၁၆၂၁၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃- ၃၅၇၂) ရှိပြီး အီရော့သမဈေးကွက်မှာတော့ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁၆၁၉၆- ၁၆၅၂၇ဝ (ကန်ဒေါ်လာ၃၅၆၇-၃၆၄ဝ) နဲ့ နနွင်းဥဈေးက ရူပီး ၁၅၈၅၉ဝ- ၁၆၂၁၉ဝ (ကန်ဒေါ်လာ ၄၉၃-၃၅၇၂) ဈေးဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင်၊ှSources: business standard
လှောင်လက်တွေဝယ်ယူလို့ အိန္ဒိယကုလားပဲဈေးမြင့် အိန္ဒိယဈေးကွက်တွေမှာ လှောင်လက်တွေလက်ထဲ လက်ကျန်နည်း လာလို့ လက်ရှိဈေးအနိမ့်မှာ ပြန်လည်ဝယ်ယူလာကြတာကြောင့် ကုလားပဲတစ်တန် ကို ရူပီး ၇ဝ (ကန်ဒေါ်လာ ၁ ဒသမ ၅၄) မြင့်တက်ပြီး၊ ရူပီး ၂၅၄၇ဝ (ကန်ဒေါ်လာ ၅၆၁) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စိုက်ဧရိယာတွေ မြင့်တက် နေတာကြောင့် လာမယ့်ရက်တွေ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ မိုးရွာသွန်းနေတာကြောင့် အချို့ဒေသများမှာ စိုက်ပိုျးမှုနှောင့်နှေးနေသလို အချို့ဒေသ စိုက်ပိုျးထားတဲ့ အပင်များ ပျက်စီးတယ်လို့ သိရပါတယ်။ အဲဒီသတင်းတွေအရ ကာလတိုအတွင်းတော့ ဈေးခိုင်မာနေဦးမယ် လို့ အချို့ကသုံးသပ်ကြပါတယ်။ ဒေလီ လက်ငင်းဈေးကွက်မှာ ကုလားပဲတစ်တန်ကို ရူပီး ၈၃ ဒသမ ၅ (ကန်ဒေါ်လာ ၁ ဒသမ ၈၃) မြင့်တက်ပြီး ရူပီး ၂၄၅ဝဝ (ကန်ဒေါ်လာ ၅၄ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမုံံနံနာ၊ှSources: commodityonline
နိုဝင်ဘာမှ ဒီဇင်ဘာ ဒုတိယပတ် ကာလတူ အိန္ဒိယပဲတီစိမ်းမြင့်လာ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ အခြားပဲဈေးတွေ လျော့ကျလာပေမဲ့ ပဲတီစိမ်းဈေးကတော့ အနည်းငယ် မြင့်လာတာတွေ့ ရပါတယ်။ မိုးပဲတီစိမ်းတွေ အထွက်ပိုတယ်ဆိုပေမဲ့ အရည်အသွေးနိမ့်ပဲများ ဝင်ရောက်လာပြီး အရည် အသွေးကောင်းပဲရှားပါးတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်းပဲများကို ဈေးမြင့်ပေး ဝယ်ယူမှုကြောင့် ပဲတီရွှေဝါ ဈေးမကျဘဲ မြင့်တက်လာခြင်းဖြစ်ပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဒေလီဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ကာလတူဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ချန်နိုင်း (ပဲတီရွှေဝါ) ဒေလီ၁၆-၁၂-၁ဝ ၁ဝ၁၅ ၁ဝ၅၉၁၆-၁၁-၁ဝ ၉၇၃ ၁ဝ၆၁MIRT (MAPT)