Background
မလေးရှားနိုင်ငံသုံး ငွေကြေးရင်းဂစ်ခိုင်မာမှုကြောင့် ဈေးနှုန်းများ ကျဆင်းတဲ့အတွက် ရက်ပေါင်းများစွာ မြင့်တက်လာခဲ့တဲ့ စားအုန်းဆီကြိုရောင်းဈေးကလည်း မတ် ၃၀ ရက် မှာ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ပါတ ယ်။ စားအုန်းဆီဈေးနှုန်းက နှစ်စမှ မတ်လအထိ ကာလအတွင်း ၈ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး မတ် ၂၉ ရက်မှာ တစ်တန်ကို ၂၇၉၃ ရင်းဂစ်အထိရောက်ရှိခဲ့ရာ နှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ အခြားဟင်းရွက် ဆီဈေးနှုန်းများ မြင့်တက်မှုနဲ့အတူအယ်လ်နီညိုရာသီဥတုပုံစံကြောင့် အထွက် နှုန်း ကျဆင်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့်လည်း စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။
အရွယ်ရောက်ပြီးဖြစ်တဲ့ စားအုန်းဆီပင်တွေရဲ့ အထွက်နှုန်းမြင့်တက်ခဲ့ပေမယ့် အယ်နီညို ခြောက်သွေ့ရာသီဥတုပုံစံကြောင့် အထွက်နှုန်းတွေ ပြန်ကျဆင်းမယ့်လက္ခဏာတွေရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာမှာ စားအုန်း ဆီ အများဆုံးထုတ်လုပ် နေတဲ့ အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်မှာ စားအုန်းဆီအထွက် နှုန်းကျဆင်းမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် မလေးရှားစားအုန်း ဆီကြိုရောင်းကြိုဝယ်ဈေးက အောက်တိုဘာ ၂၁ ရက်နေ့မှာ သီတင်းနှစ်ပတ် အတွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ကြောင်း dawn ဝက်ဘ်ဆိုဒ်သတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Barsa Malaysia Derivatives Exchange) မှာ ဒီဇင်ဘာလအတွက် စား အုန်းဆီရဲ့ အခြေခံစံထားေ ဈးနှုန
မလေးရှားနိုင်ငံသုံးငွေကြေး ရင်းဂစ်တန်ဖိုးမြင့်တက်လာခြင်းကြောင့်လည်းကောင်း၊ ယခင်လက ရင်းဂစ်တန်ဖိုး မြင့်တက်မှုကြောင့် စားအုန်းဆီဝယ်လိုအားက အင်ဒိုနီးရှား နိုင်ငံဘက်သို့ ပြောင်းရွှေ့သွားခြင်းကြောင့် လ ည်းကောင်း၊ မလေးရှား စားအုန်းဆီကြိုရောင်းဈေးက အောက်တိုဘာ ၈ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ဆက်လက်မြင့်တက်ခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ ဒီဇင်ဘာအတွက် စားအုန်းဆီကြို ရောင်းဈေးက အောက်တိုဘာ ၈ ရက် နေ့လယ်ဈေးကွဲချိန်မှာ ၂ ဒသမ ၂၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၃၁၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၅၀ ဒသမ ၁၈) နှုန်းရှိခဲ့ပါတယ်။ ဒါပေ
ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုမှာ ဒုတိယအများဆုံး ဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်အခြေအနေက မေလမှာ ခြောက်လအတွင်း အမြင့်မားဆုံးအခြေအနေကို ရောက်ရှိပြီး၊ လုပ်ငန်းကဏ္ဍမှ ထုတ်ပြန်တဲ့ အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်း ကြိုဝယ်ဈေးက ဇွန်လ ၁၁ ရက်နေ့မှာ လေးရက်မြောက်နေ့ အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။
အတွဲ(၁၅)အမှတ်(၁၃)
အတွဲ(၁၅)အမှတ်(၁၃)
အတွဲ(၁၅)အမှတ်(၁၃)
အတွဲ(၁၅)အမှတ်(၁၁)
အတွဲ(၁၅)အမှတ်(၁၀)
အတွဲ(၁၅)အမှတ်(၁၀)







