Main menu

Background

Monday, 7 Oct 2024

ပခုက္ကူမြို့မ စည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့ တွင် မန္တလေးတိုင်းဒေသကြီး  ကျောက်ပန်းတောင်း ပုပ္ပားဒေသမှ ထွက်ရှိ သော နဂါးမောက်သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ နဂါး မောက်သီးကို နာတာရှည်ရောဂါ ခံစားနေရသူများ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ သွေး တိုးရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ရှိသူများ ဝယ်ယူ စားသုံးသော အသီးအနှံတစ်မျိုးလည်းဖြစ်သည်။ 
နဂါးမောက်သီးကို ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားနယ်များတွင် တစ်ကွင်းတစ်စပ် အများဆုံးစိုက်ပျိုးကြကြောင်း၊ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း မြို့မ ဈေးသည်များထံမှ သိရသည်။ 

Monday, 7 Oct 2024

ပြည်ခရိုင်တွင် ဆီထွက်သီးနှံများ ဖြစ်သော နှမ်းနှင့် မြေပဲသီးနှံများမှာ စက်တင်ဘာလတွင် သီးနှံများ လှိုင်လှိုင် ပေါ်ထွက်လာ၍   အရောင်းအဝယ် လည်း ဖြစ်လျက်ရှိသည်။
မိုးနှမ်းသီးနှံ

Monday, 7 Oct 2024

ယခုနှစ်အတွင်း မွန်ပြည်နယ်အနေဖြင့် ပြောင်းသီးနှံ ဈေးနှုန်းကောင်းရရှိသောနှစ်ဖြစ်သည်။ ယခုနှစ် စက်တင်ဘာ လအတွင်း ပြောင်းဖူးဈေးနှုန်းများမှာ (အစို)ဖူးစားပြောင်း တစ်ဖူး လျှင် ကျပ် ၅၅၀-၆၀ဝ၊ ထောပတ်ပြောင်းဖူး တစ်ဖူးလျှင် ကျပ် ၅၀ဝ-၆၅၀ ခန့် ဖြစ်ပြီး ဈေးကောင်းရ၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။      

Monday, 2 Sep 2024

ပခုက္ကူမြို့တွင် စိုက်ပျိုးသော ဝါများမှာ ဝါကြီး၊ ချည်မျှင်ရှည်ဝါ၊ ချည်မျှင်တိုဝါတို့ဖြစ်ပြီး စိုက်ပျိုးမှုဧကမှာ ၅၀ဝ၀-၆၀ဝ၀ ခန့်ရှိသည်။ တစ်ဧကကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ် ဝါရာသီလျှင် ကျပ် ၁၅ သိန်း ခန့်ရရှိကြောင်း၊ ဝါကို တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးပြီး တစ်ကြိမ်လျှင် သက်တမ်းလေးလခန့်ကြာမြင့်ပြီး ဝါကြီးမျိုးမှာ သက်တမ်းပိုရှည်ကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။ 

Tuesday, 6 Aug 2024

မြန်မာနိုင်ငံ  တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သည့်အပြင် တနင်္သာရီရိုးမ လည်းရှိပြီး တောကုန်း၊ တောင်တန်းများနှင့် ကျွန်းပေါင်းများစွာလည်းရှိပြီး တိုင်းဒေသကြီး၏ အဓိကအသက်မွေးဝမ်းကျောင်း  စီးပွားရေးဖြစ်သော ရေလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသည်။

Tuesday, 6 Aug 2024

မြန်မာနိုင်ငံသည် ကြက်သွန်ဖြူကို ရှမ်းပြည် နယ်တွင် အများဆုံးစိုက်ပျိုးပြီး မကွေးတိုင်းဒေသ ကြီး ယောနယ်ဒေသများဖြစ်သည့် ဆော၊ ကျောက် ထု၊ ပေါက် မြို့များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြသည်။ ကြက်သွန်ဖြူအပင်သည် ပင်ပျော့ပင် ငယ်တစ်မျိုးဖြစ်ပြီး  ရေအလွန်လိုအပ်သော  သီးနှံ တစ်မျိုးဖြစ်သည်။ အစိုဓာတ်ရှိသော  မြေအတော် များများတွင်  စိုက်ပျိုးနိုင်ပြီး အပူအအေး သင့်တင့် မျှတသော ရာသီဥတုကို ကြိုက်နှစ်သက်၍ အောက် တိုဘာ၊ နိုဝင်ဘာလလယ်တွင် စိုက်ပျိုးလျက်ရှိကြ သည်။  စိုက်ပျိုးရာတွင်  ပင်ကြားနှစ်လက်မ၊ တန်း ကြားလေး  လက်မခန့်ခွာ၍ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူမှာ အစိုဓာတ်ကြိုက်၍ စိုက်ပျိုးချိန်မှ ရိတ

Tuesday, 6 Aug 2024

ရော်ဘာ
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ   အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၅၉ သန်း တန်ဖိုးရှိ  ရော်ဘာတန်ချိန် ၇၈၇၀  တင်ပို့ကြောင်း    သိရှိရသည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံ သို့  ရော်ဘာတန်ချိန် ၃၃၇၀ ကျော်၊ အိန္ဒိယနိုင်ငံသို့  ရော်ဘာ  ၂၅၁၀ ခန့်၊ မလေးရှားနိုင်ငံသို့   ရော်ဘာ တန်ချိန် ၁၆၄၀ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာ  ၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၀ဝ နှင့်  သီရိလင်္ကာနိုင်ငံသို့ ရော်ဘာ တန် ၄၀ တင်ပို့သည်။   

Monday, 1 Jul 2024

ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့  နှစ်သက်စွာ စားသုံးသော သီးနှံဖြစ်သည်။ ကောက်ရိုးမှိုသည် သဘာဝ အလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက် ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်း တွေ့ရသည်။ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲများ ကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှို စိုက်ပျိုးကြကြောင်း သိရသည်။

Monday, 3 Jun 2024

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ကွမ်းကို မိမိ တို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် လည်း ကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်  လည်းကောင်း စိုက်ပျိုး ကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမို စိုက်ပျိုးကြကြောင်း သိရသည်။

Monday, 1 Apr 2024

ကြက်သွန်နီ
ပြည်ဈေးကွက်သို့ မကွေးတိုင်းဒေသကြီး တောင်တွင်း၊ ဆိပ်ဖြူ၊ သရက်၊ ရေနံချောင်း၊ စစ်တလင်း၊ ဖန်ခါးပင် စသည့် နယ်များမှ ကြက်သွန်နီ ပိဿာချိန် နှစ်သောင်းခန့် ဝင်ရောက် မှုများအပြင် ပြည်မြို့အနီးတစ်ဝိုက်ရှိ မှော်ဇာရွာ၊ တောင်လုံး ညိုရွာတို့မှထွက်ရှိသည့် ကြက်သွန်နီများလည်း ဈေးကွက် အတွင်း ပိဿာချိန် အနည်းငယ်  ဝင်ရောက်မှုရှိနေကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်း ဝယ်လက် များ၊ အိတ်ဆွဲ  ဝယ်ရောင်းသမားများ၊ ကြံခင်း၊ မြန်အောင်သို့ ဝင်ရောက်မှု၏  တစ်ဝက်နီးပါးခန့် ရောင်းဝယ်မှုရှိနေသည်။ 

Pages