Background
ယခုတစ်ပတ် ပဲမျိုးစုံတင်ပို့မှုယခင်တစ်ပတ်ထက်လျော့လာ ယခုတစ်ပတ်ပဲမျိုးစုံတင်ပို့မှုက ပြီးခဲ့တဲ့ အပတ်ထက် လျော့နည်းတာတွေ့ရပါတယ်။ ဇူလိုင် ၉ ရက်မှ ၁၃ ရက်အထိ ပဲမျိုးစုံတန်ချိန် ၃၁၇၈၅ သာရှိလို့ ပြီးခဲ့တဲ့ သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၆၄၇၉၁ ထက် ထက်ဝက်ခန့် ကျဆင်းခဲ့ပါ တယ်။အထူးသဖြင့် ပဲတီစိမ်းမှာယခင်တစ်ပတ်က တင်ပို့မှု ထူး ထူးခြားခြားမြင့်တက်ရာမှ ယခုတစ်ပတ်မှာ ပုံမှန်အနေ အထားအတိုင်း ပြန်တင်လာတာကြောင့် ဖြစ်ပါတယ်။ ယခု တစ်ပတ် ပဲတီစိမ်း တန် ၂၅၀၀ ဝန်းကျင်နဲ့ ပုံမှန်ဈေးကွက် တွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ယူအေအီး၊ စင်ကာပူနဲ့ မလေးရှားတို့ကို တင်ပို့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်ကတဆင့် တရုတ်ကို တင်ပို့မှုမရှိဘဲ နယ်စပ်လမ်းကြောင်းကသာ တင်ပို့မှုပိုများတယ်လို့ သိရပါ တယ်။ အညာပဲတီစိ မ်းတွေ ဝင်လာနေပြီဖြစ်သလို ပဲတီရွှေဝါ ကို ပြည်ပအဝယ်ပုံမှန်ရှိ FOB ဈေးအနည်းငယ် တိုးလာသ လို ပြည်တွင်းဈေးမှာလည်း တစ်တန် ၂၇၀၀၀-၃၀၀၀၀ ကျပ်ခန့် တိုးလာခဲ့ပါတယ်။
အပတ်စဉ် ပဲမျိူးစုံတင်ပို့မှုနဲ့ FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေ ရေတွက်ပုံ- တန်ချိန်ထောင်ပေါင်း ပဲအမျိူးအစား ပြည်ပတင်ပို့မှု ပြောင်းလဲမှု FOB ရန်ကုန်စာချုပ် ချုပ်ဆိုမှုပြောင်းလဲမှု ယခင်တစ်ပတ် ယခုတစ်ပတ် ယခင်တစ်ပတ် ယခုတစ်ပတ် (29-6-12ထိ) (6-7-12 ထိ) (29-6-12ထိ) (6-7-12 ထိ) မတ်ပဲ 21.213 24.954 24.353 15.952 ပဲတီစိမ်း 1.202 24.721 2.291 2.36 ပဲစင်းငုံ 13.991 10.363 9.572 7.768 ကုလားပဲ 0.612 0.625 0.295 1.037 ပဲလွန်းဖြူ 0.096 0.371 0.413 0.083 မြေထောက်ပဲ 0.073 0.677 0.005 0.393
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ ၁၂-၇-၂၀၁၂ ဒေါ်လာ/တန်စဉ် ပဲအမျိူးအမည် တောင်အမေရိက ဥရုဂွေး အာဂျင်တီးနား 5/7 12/7 ပြောင်းလဲမှု 5/7 12/7 ပြောင်းလဲမှု 5/7 12/7 ပြောင်းလဲမှု 1 မတ်ပဲ 570 580 632 624 672 673 2 ပဲစင်းငုံ 680 650 727 696 727 709 3 ပဲတီရွှေဝါ 810 810 854 880 800 - 4 ကုလားပဲဖြူလုံးကြီး 800 820 854 889 827 830 *မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။ အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ ၁၃-၇-၂၀၁၂ ကျပ်/ပိဿာ စဉ် ပဲအမျိူးအမည် ရန်ကုန် မန္တလေး မုံရွာ မကွေး 6/713/7 ပြောင်းလဲမှု 6/7 13/7 ပြောင်းလဲမှု 6/7 13/7ပြောင်းလဲမှု 6/7 13/7 ပြောင်းလဲမှု 1 မတ်ပဲ 792 808 700 750 775 750 700 740 2 ပဲစင်းငုံ 934 901 892 867 890 855 890 850 3 ပဲတီစိမ်း 915 950 747 800 1000 1105 950 975 4 ကုလားပဲရိုးရိုး 1335 1380 1013 1031 1016 1026 1053 1116 5 ပဲလွန်းဖြူ 850 850 833 833 - - 632 685 6 ထောပတ်ပဲ 780 695 800 800 - - 542 565 * မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၆၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၂၀၈ တန်ခန့်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်က ၁၉၁ တန်ကျော်အပို့ရှိခဲ့တာမို့ ရော်ဘာအပို့ပုံမှန်ရှိနေတာတွေ့ရပါတယ်။
ဇူလိုင် ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၈၂ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၇၂ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၆ ဆတင်ပု့ိနိုင်ခဲ့တာ ဖြစ်ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၂၀ နဲ့ ကိုရီးယားကို ၃၆၃ တန် တင်ပု့ိခဲ့တာဖြစ်ပါတယ်။
ကမ္ဘာမှာ ကြံအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ ဘရာဇီးလ်မှာ မိုး ရွာသွန်းမှုများခြင်းကြောင့် သကြားဈေးနှုန်းတွေ ၆လ အတွင်း အမြင့် ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့တယ်။ ဇူလိုင် ၅ ရက်က နယူးယောက်မှာ သကြား ကြိုပွိုင့်ဈေးနှုန်းတွေက တစ်ပေါင်ကို ၂၂ ဒသမ ၆၉ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်) အထိ ရောက်ရှိလာ တယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ စခန်းတွင်လိုင်စင်လျှောက်ထားခွင့်ပြု လိုက်တဲ့ ဇွန်လတတိယ ပတ်မှစပြီး တစ်ဖက်နိုင်ငံမှ ဂျုံတင်သွင်းလျက်ရှိနေပြီဖြစ်ရာ ယခုဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း မှာလည်း ကန်ဒေါ်လာသုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိတဲ့ ဂျုံစေ့ ၄၅၅ တန်ကျော်ကို အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၅ တန် အပို့ပိုခဲ့ပြီး ဇွန် ၂၀ ရက်မှ ဇူလိုင် ၁၀ ရက်ထိ ၃ ပတ်တာ ကာလအတွင်းမှာ တမူးနယ်စပ်မှ ဂျုံစေ့တင်သွင်းထားရှိမှုမှာ ၈၄၃ တန်ခန့် ရှိနေပြီဖြစ်ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၇၂၃ တန်ကျော်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက တန်ချိန် ၁၁၈၀ ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ပြောင်းတင်သွင်းမှုအား ကိုတာ သတ်မှတ်ထားခြင်း၊ တစ်ဖက်နိုင်ငံရဲ့ စိစစ်တားဆီးမှု အခြေအနေကိုကြည့်ပြီး တင်ပို့ရခြင်းတို့ကြောင့် ပြောင်းတင်ပို့ မှု လျော့နည်းရတယ်လို့ သိရပါတယ်။ နှစ်ဖက်မြေပြင် ပြောင်းဈေးများတော့ ယခင် အပတ်ထက် ပိုမိုလျက်ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
ဇူလိုင် ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁၃၂၀၀ ကို စင်ကာပူတစ်နိုင်ငံတည်းကို တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကတင်ပို့မှုမရှိဘဲ ယခုမှသာ ပြန်လည်တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။