Background
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုညဒသမ ၀၈၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၃၀၀ ကို ဇူလိုင်လ ၁၈ ရက် မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပု့ိနိုင်တယ်လို့ သိရပါတယ်။
ယခုနှစ်မိုးနဲ့မျိုးကြောင့်ငရုတ်အထွက်နည်းခဲ့တယ်လို့ သိရ ပါတယ်။ မန္တလေးဈေးကွက်ကို ယခုကာလ မှာ ကျောက်ဆည်၊ မြစ်သားနယ်များမှ ဝင်ရောက်လေ့ရှိပါတယ်။ မန္တလေးမှ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် စတဲ့ ဒေသစုံကို တင်ပို့ လျက် ရှိပြီး၊ ယခုနောက်ပိုင်း လားရှိုးမှ အဝယ် ပိုလိုက်တယ်လို့ သိရပါတယ်။
ရှမ်းနနွင်းက ဒီတစ်ပတ်ဈေးအနည်းငယ်မြင့်တက်လာပါတယ်။ အဝင်နည်းနေပေမယ့် လက်ကျန်တွေ အတော်များများ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။
ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်း ၁၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ နှစ်ပတ်ဆက်တိုက် တင်ပို့မှု ပျောက်နေတဲ့ နနွင်းကို ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ ဇွန်လအတွင်း တင်ပို့ခဲ့တဲ့ နနွင်းကို FOB ဈေးကန်ဒေါ်လာ ၅၀၀ ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ် မှာတော့ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၇၀၀ ဝန်းကျင်အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်မှကန်ဒေါ်လာ သုည ဒသမ ၂၈၃ သန်းတန်ဖိုး ရှိ သီဟိုဠ်စေ့ ၃၇ တန်နဲ့ မြဝတီနယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန် ဖိုးရှိ သီဟိုဠ်စေ့ ၁၄ တန်ခန့်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ ပါတယ်။ MIRT(DOBT)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှကန်ဒေါ်လာသုညဒသမ ၀၂၉ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၃၃ တန်နဲ့ မန်ကျည်းစေ့ ၇၇ တန် ခန့်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါ တယ်။MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ထိုင်းနိုင်ငံသို့ မန်ကျည်း တင်ပို့မှု ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်နေ့တာ ကာလအတွင်း ၂၁ တန်ကို တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်တန် တစ်ရာ့ခုနှစ်ဆယ်ကျော်တင်ပို့ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ တင်ပို့မှုလျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ် တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၄၅၀-၄၇၀ ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၇၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့သိရပါတယ်။ MIRT (DOT)
တစ်ပတ်လုံး မိုးအဆက်မပြတ်ရွာခဲ့တာကြောင့် ဟိုပုံးမှာလည်း ချင်း(ဥမ)တွေ ဈေးကွက်ကို စပြီးဝင်လာပါပြီ။ ဈေးကွက်ကို ဝင်လာပေမယ့် အဝယ်ကတော့ သိပ်မရှိ သေးပါဘူး။တစ်ပိဿာကိုလည်း ၈၀ကျပ် - ၁၀၀ ကျပ်ဈေးသာရှိသေးတာ ကြောင့်၊ ခြံရှင်တွေကလည်း အလုပ်သမားခနဲ့ ဈေးမကိုက်သေးတာကြောင့် သိပ်ပြီး မဖော်ကြ သေးပါဘူး။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။
ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ချင်းဝင်ရောက်မှုအနေနဲ့ အောင်ပန်းနဲ့ တောင်ကြီးဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်ကို ချင်းတက် ချင်း (ဥမ) များ အပါအဝင် ယခင်အပတ်အတိုင်း ပုံမှန်ဝင်ရောက်မှုရှိခဲ့ပါတယ်။ ချင်းအတက် တစ် ပိဿာကို (ဂျွန်) ၆၀၀ ကျပ်၊ (ရှယ်) ၇၅၀ ကျပ်ဖြစ်ပြီး၊ ချင်း (ဥမ) မှာ ယခင် ၃၅၀ ကျပ်၊ ၅၀၀ ကျပ်မှ ယခု ၅၅၀ ကျပ်၊ ၆၀၀ ကျပ်နဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို ချင်းအတက်နဲ့ ချင်းဥမများ ပိဿာချိန် ၉၀၀ ခန့်ကို ဈေးကွက်မှ တစ်ဆင့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိသလို ပွဲရုံများမှာ တစ်ရက်ပိဿာချိန် ၅၀၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ရှိကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်
ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ချင်းခြောက်များကို မူဆယ်နဲ့ မြဝတီနယ်စပ်တို့မှ ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ၁၁၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၀ ကျော် ပိုမိုတင်ပို့ ခဲ့တယ်လို့သိရပါ တယ်။ မူဆယ်မှ ၁၁၄ တန်နဲ့ မြဝတီမှ ၃ တန်ကျော် တင်ပု့ိခဲ့တာဖြစ်ပါတယ်။MIRT(DOBT)
