Background
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၂၃၃၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ် မှာ ၂၄၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ကုလားပဲဝင်ရောက်မှု အနေနဲ့ အဝင်နည်းလာခဲ့ပြီး လက်ကျန်များနဲ့သာ အရောင်း အဝယ်ဖြစ်နေပါတယ်။ ယခုတစ်ပတ်အတွင်း ဒေသတွင်းခွဲစက်သမားများ အဝယ်ရှိ ပြီး၊ ရခိုင်ပြည်နယ်မှလည်းအနည်းငယ်အဝယ်ရှိကာတစ်နေ့အိတ် ၂၀၀ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။လွင်လွင်ဆန်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ ၁ ဒသမ ၁၅၃ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၄၇၂ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၂ သန်းတန်ဖိုးရှိ ပဲတီစိမ်းခြမ်း ၄၅ ဒသမ ၅၀၀ တန်ကို ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲတီစိမ်း ၈၁၅ တန်နဲ့ ပဲတီစိမ်းလုံးခြမ်း ၂၁ တန်ခန့် တင်ပို့မှုလျော့ခဲ့ပါတယ်။ နှစ်ဘက်မြေပြင်ဈေးများ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်-
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၉၀ သန်းတန်ဖိုးရှိ ပဲယင်း ၁၈၇ ဒသမ ၇၅၀ တန်၊ ကန်ဒေါ်လာသုညဒသမ ၀၅၀ သန်းတန်ဖိုးရှိ ပဲနီကြား ၆၄ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၁၃၇ သန်းတန်ဖိုးရှိ ပဲကြီး ၁၄ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲယင်း ၁၁၆ တန်ခန့်၊ ပဲနီကြား ၅ တန်ကျော် အပို့ပိုခဲ့ပြီး ပဲကြီးကိုတော့ ယခင်အပတ်က အပို့မရှိခဲ့ဘူးလို့ သိရပါ တယ်။ MIRT(DOBT)
ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်ရှိ ပဲဈေးနှုန်းများ ယခု ဇူလိုင်အတွင်း ဈေးမြင့်လာခဲ့ပါတယ်။ မတ်ပဲဈေးကွက်မှာ ယခင်အပတ်အတွင်း တစ်တင်း ၁၆၆၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ မြင့်တက်လာခဲ့ပြီး၊ လှောင်လက် သမားများမှလည်း ထုတ်ရောင်းချလာကြတာကြောင့် ရန်ကုန်ဘုရင့်နောင်ကို တစ်ရက် အိတ် ၃၅၀၀ ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ဒေသတွင်းစက်သမားများသာမက ရန်ကုန်ဝယ်လက် ပါရှိပြီး၊ ပဲအားလုံး ဈေးအမြင့်ဆုံး ပေါက်ခဲ့တာတွေ့ရပါတယ်။ ထိုင်ဝမ် တစ်တင်း ၂၃၇၀၀ ကျပ်၊ V2 တစ်တင်း ၂၄၅၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၂၄၀၀၀ ကျပ်အသီးသီးဈေးအမြင့်ဆုံး ပေါက် ခဲ့ပါတယ်။
ယခု တစ်ပတ် ပဲမျိုးစုံတင်ပို့မှုမှာ ကုလားပဲမှအပ ကျန် ပဲများမှာ တင်ပို့မှု ဆက်လက်လျော့နေဆဲဖြစ်ပါတယ်။ ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အတွင်း ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၂၃၇၀၈ သာရှိတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တင်ပို့မှု တန်ချိန် ၃၁၇၈၅ ရဲ့ ၇၅ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၀၆ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၉၉၇ တန်ကျော်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၆၆၇ တန်ကျော် ပိုမို တင်ပို့ခဲ့ပါတယ်။ အခုလို တင်ပို့မှု ပိုမိုရခြင်းမှာ ယခင်အပတ်က တင်ပို့မှု မရှိခဲ့တဲ့ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာအခွံ မပါ၊ တောဂျုးမြစ်၊ တောင်လုံးကျော်နဲ့ ရွေးရွက်တို့ကို ယခုအပတ်မှာတင်ပို့မှု ရှိခဲ့ခြင်းနဲ့ ကွမ်းသီးခွံ၊ ကြက်ဆူစေ့၊ ချဉ်ပေါင်ဖာလာအခွံပါ၊ စမုံနက်၊ ဆီးဆန်၊ တောချင်း၊ ဒရင်ကောက်မြစ်၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ မာလာခေါင်းတို့ တင်ပို့မှု ပိုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ချင်း ခြောက်၊ ဂုံညှင်းလုံး၊ စကားပန်းပွင့်ခြောက်၊ နနွင်းခေါင်း၊ ဖန်ခါးသီးခြောက်၊ အုံတုံခေါက်တို့ တင်ပို့မှုလျော့ခဲ့တယ် လို့သိရပါ တယ်။ တမူး နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၀၁ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၅ တန် တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၄ တန် ပိုခဲ့ပါတယ်။ မြဝတီ နယ်စပ်မှ ကန်ဒေါ် လာသုညဒသမ ၀၀၃ သန်းတန်ဖိုးရှိ ကံ့ကော်ပွင့်ခြောက် ၄ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ယခင်က တစ်ဖက်နိုင်ငံမှာ ဈေးကွက်ရရှိပြီးဖြစ်တဲ့ မြန်မာ့ ကြက်သွန်နီများကို မိမိနိုင်ငံစားသုံးမှုလိုအပ်ချက် အရ တင်ပို့မှုအား ယာယီပိတ်ထားခဲ့ရာမှ ၂၅-၁၀-၂၀၁၁ ရက်နေ့မှစ၍ ပြန်လည်တင်ပို့ခွင့်ရရှိခဲ့ပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန်မှ ဇွန်လမှာ ကြက်သွန်နီ ၂၀ ဒသမ ၈၅ တန်၊ ဇူလိုင် (ဒု) ပတ်အတွင်း ၁၀ တန်၊ စုစုပေါင်း ၃၀ ဒသမ ၈၅ တန်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ ရှိရပါတယ်။ ခွင့်ပြုလိုင်စင်ဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၃၇၀ နှုန်းဖြစ်ပြီး ယခုအချိန်မှစ၍ တစ်ဖက်နိုင်ငံရဲ့ ဈေးကွက် ထဲသို့ မိမိနိုင်ငံထွက် ကြက်သွန်နီများ စတင်ထိုးဖောက် ဝင်ရောက်နေပြီဖြစ်ပါတယ်။နကသ
ဒီတစ်ပတ်မှာ နနွင်းအဝင်နည်းပါတယ်။ မန္တလေးဝယ်လက်တွေကလည်း အဝယ်ရပ်နေတာကြောင့် ဈေးကလည်းငြိမ်နေပါ တယ်။ ဆင်တောင်နနွင်းတွေလည်း အောင်ပန်းဈေးကွက်ကို လက်လီလောက်သာ အဝင်ရှိနေပါတယ်။ ထိပ်စနနွင်းတွေ အဝယ်ရပ်နေပေမဲ့ ညံ့စဖြစ်တဲ့ ပင်လောင်းနနွင်းကတော့ တစ်ပိဿာကို ၃၀၀ ကျပ်၊ ၃၇၅ ကျပ်နဲ့ အရောင်းအဝယ် အနည်း ငယ်ဖြစ်နေပါတယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၁ သန်းတန်ဖိုးရှိ နနွင်းတက် ၃၂၉ တန် ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၂ တန်ကျော်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလ အတွင်းမှာ အပို့ရှိခဲ့ပြီး မြဝတီနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၉၉ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ်စခန်းများမှ နနွင်းတက် ၄၂၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၈၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)