Background
ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်သလို လှောင်လက်များက ဈေးထိန်းပြီးရောင်းနေကြတဲ့အတွက် ဝယ်သူတစ်ဈေး ရောင်းသူ တစ်ဈေးဖြစ်နေလို့ အရောင်းအဝယ်ရော တင်ပို့မှုပါ လျော့နေကြောင်း သိရပါတယ်။ ယခုတစ်ပတ် ဇွန် ၂၅-၂၉ ရက်အတွင်း ကုလားပဲတန်ချိန် ၆၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ပြီး ဇွန်လ တစ်လလုံးမှာ တန်ချိန် ၅၈၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။မေအတွင်းမှာတန်ချိန် ၂၁၀၀၀ ကျော်ထိတင်ပို့မှုတိုးတက်ခဲ့ပြီး ၂၀၁၁ ဇွန်အတွင်းမှာ တန်ချိန် ၇၃၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ဇွန်လအတွင်းမှာ တင်ပို့မှု ကျဆင်းလာခဲ့ပါတယ်။
ဝမ်းတွင်းဈေးကွက်ကို ဧပြီလအတွင်း ရေသွင်းစိုက်ပျိုးခဲ့တဲ့ ပဲတီစိမ်းနဲ့ နွေနှမ်း များဝင်ရောက်လာပြီဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ဈေးကွက်ကို ပဲတီစိမ်းတင်း ၃၀ - ၄၀ ခန့် နေ့စဉ်ဝင်ရောက်ပြီး၊ ဈေးကွက်ပေါက်ဈေးမှာ ပဲတီစိမ်း(စိမ်းပြောင် လုံးကြီး)တစ်ပိဿာ ၁၀၃၅ ကျပ်၊ အစိမ်းလုံးသေး တစ်ပိဿာ ၈၉၅ ကျပ်၊ နွေနှမ်း (အညို) တစ်ပိဿာ ၁၆၀၀ ကျပ်၊ နှစ်ဟောင်းနှမ်း တစ်ပိဿာ ၁၄၀၀ ကျပ်ဖြစ်ပြီး၊ ကုလားပဲ (V2)တစ်ပိဿာ ၁၀၂၅ ကျပ်၊ ထိုင်ဝမ် တစ်ပိဿာ ၁၀၁၅ ကျပ်၊ ပဲစင်းငုံ (နီလုံးသေး) တစ်ပိဿာ ၈၅၀ ကျပ်၊ အလတ် တစ်ပိဿာ ၇၇၅ ကျပ် ဖြစ်ကြောင်း သိရပါတယ်။ ခင်စန်းမြင့်-ဝမ်းတွင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်း တန် ၂၁၀၀ ကျော်ကို ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် တန် ၂၀၉၄ လျော့နည်းတင်ပိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်မှကန် ဒေါ်လာ ၁၆ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်းတန် ၂၃၆၁၀ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရောတစ်ဖက်နိုင်ငံမြေပြင် ဈေးများ အနည်းငယ်တက်လျက်ရှိပါတယ် -
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ခပ်ပါးပါးသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ အညာပဲတီစိမ်းအချို့ ဝင်ရောက်မှုရှိပေမဲ့ အရည် အသွေးကောင်းဈေးကွက်တွေ အတွက်သာ အရောင်းအဝယ်ရှိတယ်လို့ သိရပါ တယ်။ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အတွင်း တန်ချိန် ၂၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပေမဲ့ အခြားပဲဈေးများနည်းတူ ပဲတီစိမ်း FOB ဈေးလည်း တိုးလာခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့ရာမှ အိန္ဒိယဈေးကွက်ကို အနည်းငယ် သာရှိပြီး အဓိကအားဖြင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အာရပ်စတဲ့ အရည်အသွေးကောင်း ဈေးကွက်တွေကိုသာ တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်လိုပဲ ယခုတစ်ပတ်မှာလည်း တန်ချိန် ၂၉၀၀ ကျော်သာ တင်ပို့နိုင် ကြောင်း သိရပါတယ်။ ဇွန်တစ်လလုံးမှာ ပဲတီစိမ်း တန်ချိန် ၁၃၀၀၀ နီးပါး တင်ပို့ခဲ့ပြီး မေလအတွင်းမှာ တန်ချိန် ၄၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ ဇွန်လအတွင်း ပဲတီစိမ်းတန်ချိန် ၁၁၀၀၀ ကျော်သာ တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
အခြားပဲအုပ်စုဝင်ထဲမှာ ပဲလွန်းနဲ့ မြေထောက်ပဲ ရောင်းဝယ် တင်ပို့မှု လျော့ပြီး ထောပတ်ပဲမှာ အသင့် အတင့် ရှိနေပါတယ်။ ယခင်တစ်ပတ် က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ပဲလွန်းဖြူတန် ၄၂၀ ကျော်၊ မြေ ထောက် ၃၇၅ တန်၊ ထောပတ်ပဲ တန် ၆၀၀ ကျော် ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၂၅-၂၉ ရက်) အတွင်းမှာ ပဲလွန်း ၉၆ တန်၊ မြေထောက် ၇၃ တန် နဲ့ ထောပတ်ပဲ တန် ၅၈၀ ခန့် တင်ပို့ နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ် ပတ်အတွင်း ပဲလွန်းဖြူမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းကို တင်ပို့ပြီး မြေထောက် ပဲမှာ ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်း တို့ကို တင်ပို့ကြောင်း သိရပါတယ်။ ထောပတ်ပဲမှာလည်း ဂျပန်၊ တရုတ်နဲ့ ထိုင်းတို့ကို တင်ပို့ခဲ့ကြောင်း သိရပါ တယ်။
ဒီနှစ်ထွက်တဲ့ ပဲစင်းငုံက ပေါ်ကာစ ဇန်နဝါရီလမှာ တစ်ပိဿာ ၇၀၀ ကျပ် ဈေးနဲ့စပြီး ဈေးကွက်ကို ဝင်လာပါတယ်။ အဟောင်းလက်ကျန်တွေကလည်း ရှိနေ သေးတာကြောင့် အဟောင်းတွေကတော့ တစ်ပိဿာကို ၆၈၀ ကျပ်ဈေးပေါက်ပါ တယ်။ အဟောင်းတွေကိုတော့ အကျဈေးနဲ့သာထုတ်ရောင်းနေကြရတယ်လို့ လည်း သိရပါတယ်။
ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဈေးအမြင့်နဲ့ ဝယ် ယူမှု လျော့ကျတဲ့အတွက် ပဲစင်းငုံဈေး အနည်းငယ်ပြန်လည်လျော့ကျလာခဲ့ပါတယ်။ အချို့ပြည်နယ်တွေမှာ မိုးရွာသွန်းမှု အနည်းငယ်ရှိတဲ့အပြင် ရူပီး တန်ဖိုးပြန်ခိုင်မာ လာတာကြောင့် ပဲစင်းငုံဈေး ပြန်ကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်း ပဲဝင်ရောက်မှုလျော့လာပြီး ဝယ်လိုအားတက်လာတဲ့အတွက် ပဲစင်းငုံ ဈေးမြင့်တက်ခဲ့တာဖြစ်ပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို ဇွန် ၂၉ ရက်မှာ မြန်မာပဲစင်း ငုံ ကွန်တိန်နာ ၈၀ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက် ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၁၄၀၀၀ ခန့် ရှိခဲ့ရာမှ ယခု တစ်ပတ်မှာ တန်ချိန် ၉၆၀၀ ခန့်ကို လျော့ကျခဲ့ကြောင်းသိရပါတယ်။ လတ် တလောမှာ အိန္ဒိယဝယ်လက် အဝယ်အနည်းငယ်ငြိမ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း လက်ကျန်လျော့နည်းလာပြီဖြစ် လို့ လှောင်လက်များ က ဈေးလျှော့မရောင်းနိုင်တာကြောင့် အရောင်းအဝယ်လျော့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပကို ပဲစင်းငုံတင်ပို့မှု ဆက်လက်အားကောင်းနေပါတယ်။ ဇွန် ၂၅ ရက်မှ ၂၉ ရက်ထိ တစ်ပတ်အတွင်း ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ဇွန် တစ်လလုံးမှာတန်ချိန် ၅၄၀၀၀ ကျော်ထိ တင်ပို့မှု တိုးတက်ခဲ့ပါတယ်။ ၂၀၁၂ မေမှာ တန်ချိန် ၃၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၁ ဇွန်လအတွင်းမှာ တန်ချိန် ၂၁၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခုနှစ် ဇွန်မှာ တင်ပို့မှုသိသိသာသာ ပိုနေပါ တယ်။