Background
ဟင်္သာတဈေးကွက်အတွင်းအစေ့ထုတ်ပြောင်းများ အဝင်လှိုင်သလို အရောင်း လည်း သွက်လာပါတယ်။ ယခင်တစ်ပတ်က အစေ့ထုတ်ပြောင်းဈေးမှာ ပိဿာ ၂၀ တစ်တင်း ၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၆၃၀၀ ကျပ်ဈေးနဲ့ ယခင်တစ်ပတ်ထက် ဈေးပိုမြင့်လာသလို ရောင်းအားလည်းပိုကောင်း လာပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် တစ်ရက် ပျမ်းမျှ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင် တယ်လို့သိရပါတယ်။အေးအေးခိုင်
ဂျုံဈေးနှုန်းမြင့်တက်ခြင်းနဲ့ တရုတ်ရဲ့ဝယ်အားတိုးလာတာကြောင့် ချီကာဂို ကုန်သွယ်ရေးအသင်း CBOT နဲ့ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် NCDEX တို့မှာ ပြောင်းဈေးနှုန်း အလားအလာကောင်းနိုင်ဖွယ်ရှိကြောင်း သိရပါ တယ်။ CBOT မှာ စက်တင်ဘာလအတွက်အရောင်းအဝယ်ဈေးနှုန်းတက်လာပြီး တစ်တန်ကို ၂၂၀ ဒေါ်လာနဲ့ NCDEX မှာ သြဂုတ်လအတွက်ဈေးနှုန်းက သုညဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်တန်ကို ၁၂၃၅၀ ရူပီး (၂၃၇ ဒေါ်လာ)ကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ကြက်ဘဲမွေးမြူရေး လုပ်ငန်းတွေမှာ ပြောင်းအစားထိုးအသုံးပြုနေတဲ့ ဂျုံဈေးနှုန်းမြင့်တက်မှုနဲ့ အိန္ဒိယနိုင်ငံမှာ ကြက်ဘဲမွေးမြူရေးလုပ်ငန်းတွေကနေ ဝယ်လိုအားတက်လာတာေ ကြာင့်ပြောင်းေ ဈးနှုန်းမြင့်တက်ဖွယ်ရှိကြောင်း အစီရင် ခံစာများမှာဖော်ပြထားပါတယ်။ အဓိကတင်ပို့တဲ့နိုင်ငံတွေမှာ ခြောက်သွေ့တဲ့ ရာသီ ဥတုကြောင့် ထုတ်လုပ်မှုထိခိုက်ပြီး ဂျုံဈေးတက်နေကြောင်း သိရပါတယ်။ ဒါ့အပြင် မကြာတော့မယ့် ကာလမှာ တရုတ်နိုင်ငံကလည်း ပြောင်းတိုးမြှင့် ဝယ်ယူမယ်လို့ သိရပါတယ်။ Source: Commodity online , KZW
မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၃၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၇၇၇ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ် ကထက် ၂၇၆၉ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ထက် မူဆယ်မှ တန် ၂၀၀၀ ခန့်၊ ချင်းရွှေဟော်မှ ၂၈၆ တန်နဲ့ လွယ်ဂျယ်မှ ၄၈၆ တန်လျော့နည်း တင်ပို့ ခဲ့တာဖြစ် ပါတယ်။ ယခုအပတ်နယ်စပ်အလိုက်ပြောင်းတင်ပို့မှုတွေကတော့ မူဆယ်မှ ၇၄၃၅ တန်ကျော်၊ လွယ်ဂျယ်မှ ၄၄၂ တန်နဲ့ ချင်းရွှေဟော်မှ ၁၉၀၀ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကိုဒေသထွက်ပြောင်းကားအဝင်စီးရေ ၈၀ မှ ၁၀၀ ကြားသာ အဝင်ရှိပြီး ကုန်တက်နည်းနေတယ်လို့ သိရပါတယ်။ ပြောင်းအေ ဟာင်းတစ်တန်ကိုယွမ် ၂၁၀၀ ကျော်နဲ့ ပြောင်းအသစ်တစ်တန်ကို ၂၂၄၀ ကျော်ဈေးပေါက်လျက်ရှိတယ် လို့ သိရပါတယ်။ မိမိဘက်ရောတစ်ဖက်ရွှေလီ မှာပါ ပြောင်းဈေးများ အနည်းငယ် လျော့ ကျလျက်ရှိပါတယ် -
ပြည်ငရုတ်ခြောက်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း ဟင်္သာတ ငရုတ်ခြောက်များ ပိဿာ ၂၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ အရောင်းအဝယ်မှာ တစ်ပတ်တွင်းမှာယူတင်သွင်းသလောက်ကို ငရုတ်သီးမှုန့် လုပ်ငန်းများ လက်လီ၊ လက်ကားရောင်းဝယ်သူများမှ အဝယ်ရှိနေလို့ ပွဲရုံများမှာ လက်ကျန်မရှိ၊ တစ်ပတ်ခြင်းကို ပစ္စည်းပြတ်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက် ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာကို (အရှည်) ၁၉၀၀ ကျပ်၊ (မိုးထောင်) ၂၈၀၀-၂၉၀၀ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိနေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
ဒီတစ်ပတ် နနွင်းဈေးကွက်ကလည်း ခပ်အေးအေးသာရှိပါတယ်။ ဟိုပုံးနနွင်းတွေက ဒေသတွင်းမှာ လှောင်လက်တွေသာ ဝယ်ယူမှုရှိပါတယ်။ နနွင်းအဝင်ကတော့ အဝယ်ရှိရင် အဝင်ရှိသလို၊ အဝယ်မရှိရင်တော့ အဝင်ကလည်းမရှိပါဘူး။ လှောင်လက် အချို့ကတော့ ဈေးကျနေတဲ့ အချိန်မှာဝယ်ပြီးထပ်ထားကြပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၅၆၁ သန်းတန်ဖိုးရှိ နနွင်းတက် ၃၅၇ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၄ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ထို့အပြင် မြဝတီနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၆၂ သန်း တန်ဖိုးရှိ နနွင်းတက်၉၇ တန်လည်း အပို့ရှိခဲ့ရာ ယခုအပတ်မှာ နယ်စပ်မှနနွင်းတက် ၄၅၄ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၅၀ ကျော် အပို့ပိုတာ တွေ့ရပါတယ်။ MIRT(DOBT)
မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ မြဝတီနယ်စပ်မှ မန်ကျည်း မှည့်အစေ့ပါ ၂၄ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၅ တန်ခန့်အပို့ပိုခဲ့ပါတယ်။ မြဝတီအပြင် ယခုအပတ်နယ်စပ်မှ မန်ကျည်းမှည့် အစေ့ပါ တင်ပို့တဲ့စခန်းကတော့ စစ်တွေနယ်စပ်ဖြစ်ပါတယ်။ ယခုအပတ်မန်ကျည်းမှည့်အစေ့ပါ ၂၈ တန် တန်ဖိုး အားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းကို မြဝတီနဲ့စစ်တွေမှအပို့ရှိခဲ့ပြီး၊ စစ်တွေမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၃၂ တန် ကျော်ကိုလည်း တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းကုန်သွယ်မှုမှ မေ ၁၃ ရက်မှ ၁၉ရက်တာ ကာလအတွင်း မန်ကျည်း ၅၇၂ ဒသမ ၁၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က မလေးရှားနိုင်ငံကို ၂၆၀ ဒသမ ၉၉ တန်၊ ပါကစ္စတန် နိုင်ငံကို၂၂ ဒသမ ၂ တန်၊ စင်ကာပူနိုင်ငံကို ၁၈၉ တန်နဲ့ ဗီယက်နမ်နိုင်ငံကို တန် ၁၀၀ တို့ဖြစ်ပါတယ်။
ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင် အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ အရောင်းအဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးလျက်ရှိနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ် ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၇၀၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ကို ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) က အဝင်များနေပါတယ်။ ဈေးဖိတ်နေ့ တွေဆိုရင် တစ်ရက်ထဲကို ပိဿာချိန် ၂၀၀၀ မှ ၄၀၀၀ ခန့် ဝင်တယ်လို့လည်းသိရပါ တယ်။ အဝင်များပေမဲ့ အဝယ်ကသိပ်မလိုက်ပါဘူး။ ပြည်မမှာ အပူချိန်လွန်ကဲနေ တာကြောင့်ချင်း (စို) တွေက ဒီတိုင်းနွမ်းပြီးခြောက်သွေ့သွားတာကြောင့် ချင်းအဝယ် နည်း လာတယ်လို့သိရပါတယ်။ ချင်းထိုးသမားတွေက ၅ ရက်တစ်ဈေးမှာမှ ပိဿာ ချိန် ၃၀၀၀ ခန့်သာ ဝယ်ယူနေတယ် လို့လည်းသိရပါတယ်။
