Main menu

Background

Monday, 5 Mar 2012

    ကျောက်ဆည်နယ်မှ ဗမာနနွင်းတက်များ ယခုရက်ပိုင်း လှောင်လက်အဝယ်ရှိလာတယ်လို့သိရပါတယ်။  ယခင်နှစ်က လောက် ဈေးကောင်းမရသော်လည်း ယခုရက်ပိုင်းလှောင်လက်အဝယ်ရှိလာလို့ ဈေးအနည်းငယ် ပိုလာတာကိုလည်း တွေ့ရပါ တယ်။ ယခင်ရက်ပိုင်းက တစ်ပိဿာ ၁၁၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး၊ ယခုရက်ပိုင်း ၁၃၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်လာပါတယ်။ နှစ်စဉ်ပြည်ပဝယ်လိုအားရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ပြည်ပဝယ်လက်ကို စောင့်မျှော်ဝယ်ယူနေကြောင်း ကုန်သည် ဈေးကွက်က သိရပါတယ်။                                                                        သင်းသင်းမြတ်

Monday, 5 Mar 2012

    ဟိုပုံးနနွင်းကလည်း အဝင်သိပ်မများသေးပါဘူး။ သြင်္ကန်ပြီးလောက်မှသာ အဝင်များလာမှာဖြစ်ပါတယ်။ ခြံရှင်တွေက လည်း ဈေးကောင်းမရလို့ မဖော်ချင်ကြသေးပါဘူး။ မနှစ်ကဒီအချိန်မှာ နနွင်းဈေးကတစ်ပိဿာ ၁၇၀၀ ကျပ်၊ ၁၈၀၀ ကျပ်ဈေးရှိပေမဲ့ ဒီနှစ်ကတစ်ပိဿာ ၇၀၀ ကျပ်သာရတာကြောင့် မဖော်သေးပဲထားပါတယ်။

Monday, 5 Mar 2012

    ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၀ သန်းတန်ဖိုးရှိ နနွင်းတက် ၉၄ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၀ ကျော် ယခုအပတ်မှာ တင်ပို့မှုပိုမိုခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ နနွင်းတက် စုစုပေါင်းတင်ပို့မှုမှာ တန် ၁၁၀ ကျော် ရှိပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ ယခုအပတ်မှာ အများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။MIRT(DOBT)

Monday, 5 Mar 2012

    မန်ကျည်းလှိုင်လှိုင်ထွက်လေ့ရှိတဲ့ ကျောက်ပန်းတောင်းနယ်မှာ ယခုနှစ်မန် ကျည်းရာသီမှာလည်း ပုံမှန် အရာင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ကျောက်ပန်း တောင်းနယ်သို့ မြို့နယ်တွင်းထွက်ရှိတဲ့ကျေးရွာများနဲ့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်တို့မှ မန်ကျည်းအသစ်များဝင်ရောက်လျက်ရှိပြီး၊ ပခုက္ကူနယ်မှာ မန္တလေးသို့ တင်ပို့မှုများကြောင်းသိရပါတယ်

Monday, 5 Mar 2012

    ပြည်ပကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း မန်ကျည်း တန်ချိန် ၂၀၀၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံနဲ့ တန်ချိန်က အင်ဒိုနီးရှား ကို တန် ၆၀၀ ၊ ပါကစ္စတန်နိုင်ငံကို တန် ၆၅၀၊ စင်ကာပူနိုင်ငံကို တန် ၃၄၀ ၊ မလေးရှားနိုင်ငံကို တန် ၃၆၃ နဲ့ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။

Monday, 5 Mar 2012

    အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)က နေ့စဉ်ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှပိဿာ ၆၀၀၀ ခန့်ဝင်ပြီး၊ အရောင်းအဝယ်ကတော့ အနည်းငယ် အေးနေတယ်လို့သိရပါတယ်။ ဝယ်လက်တွေကလည်း ဈေးချိုတဲ့ပြင်ဦးလွင်ချင်းကို အဝယ်ပိုများနေလို့ အောင်ပန်းချင်းက အရောင်းအဝယ်အေးနေတယ်လို့လည်း သိရပါတယ်။

Monday, 5 Mar 2012

    ပြည်ချင်းဈေးကွက်သို့အောင်ပန်းဘက်မှချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် ပုံမှန်ဝင်ရာက်မှုရှိနေပါတယ်။ တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်နဲ့ ပုံမှန်ဈေးရှိပြီး၊ ဈေးကွက်အတွင်း တစ်နေ့ပိဿာချိန် ၂၀၀ ခန့် အရောင်းအဝယ်ရှိနေပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ပြည် နယ်သို့ စားသုံးမှုအဖြစ် နေ့စဉ်ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်

Sunday, 4 Mar 2012

    မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ဟာ နထစသမအ အတွက် ကာလကြာ အဝယ်တန့်ခဲ့ရာက ဖေဖော်ဝါရီ လကုန်ပတ်မှစပြီး၊ ရန်ကုန်ဝယ်လက်တွေ စတင် လှုပ်ရှားလာကြလို့ အရောင်းအဝယ်သွက်စပြုနေတယ်လို့ ကုန်သည် ရပ်ကွက်က ဆိုပါတယ်။

Sunday, 4 Mar 2012

    ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ယခု တစ်ပတ်လည်း ဆက်လက်အရောင်းအဝယ်သွက်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါ ရီလ၂၄ရက်မှမတ်လ ၁ ရက်အထိ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်း တန် ၅၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။

Sunday, 4 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၇ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၂၅၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၉၀၀ ကျော် အပို့လျော့ခဲ့ပါတယ်။

Pages