Background
ဈေးကွက်တွေထဲမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူဟာ တင်ပို့မှုလည်း လျော့နည်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၈၅ တန်ခန့် တင်ပို့မှုရှိခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်း မှာ ၇၆ တန်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ မလေးရှားနဲ့ တောင်ကိုရီးယား တို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး အတွင်း ပဲလွန်းဖြူ တန်ချိန် ၁၂၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၆၆၀ခန့်သာတင်ပို့နိုင်တာတွေ့ ရ ပါတယ်။ ၂၀၁၀ အောက်တိုဘာလ အတွင်းမှာတော့ ပဲလွန်းဖြူတန် ၈၅၀ ခန့် တင်ပို့တာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အတွင်း တန် ၁၉၀ ခန့်ရှိပြီး FOB ဈေးများအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နိုဝင်ဘာလ ၁၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလပထမပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေဖြစ်ကြတဲ့ ပဲတီစိမ်းကြီး၊ မတ်ပဲနဲ့ V2 တို့ ပစ္စည်းလက်ကျန်မရှိ ဈေးကွက် ပျောက်ချိန်မှာ ဒေသခံကုန်သည်တွေရဲ့ စိတ်ဝင်စားမှုက ပဲစင်းငုံနီ ထံ ရောက်ခဲ့ကာ ရန်ကုန်အဝယ်အော်ဒါရှိသူရော၊ ဒေသကုန်သည်ပါ အဝယ်အရောင်းရှိခဲ့လို့ ဈေးကွက်သက်ဝင် လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်မှာ ပဲစင်းငုံနီ တစ်တင်းအနိမ့်ဆုံး ၁၂၉၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၇၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက်က ကြိုက်ဈေးရရင် ဝယ်ယူ အားကောင်းလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း စီးဆင်းမှုအနေနဲ့ ကုန်းလမ်းကနေ မန္တလေးကို တင်း ၁၅၀၀ ခန့်နဲ့ ရေလမ်းကနေ တင်း ၅၀၀၀ ခန့် ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း အရောင်းအဝယ် အဖြစ်ဆုံးက ပဲစင်းငုံဖြစ်ပါတယ်။ အခြား ပဲများ အရောင်းအဝယ်နည်းပေမဲ့ယခုတစ်ပတ် (နိုဝင်ဘာလ ၄ မှ ၁၁ ရက်) အတွင်းမှာ ပဲစင်းငုံတန်ချိန် ၈၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန်နည်းပြီး အသစ် ဝင်ရောက်မှုနည်းသေးတဲ့အတွက် လတ်တလောလိုအပ်ချက်အတွက် ဝယ်ယူနေ ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်လတွေမှာ အိန္ဒိယပဲစင်းငုံ အသစ်များ လှိုင်လှိုင်ဝင်ရင်တော့ အဝယ်အေးသွား ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အရောင်း အဝယ် အသင့်အတင့်ရှိလို့ ပဲစင်းငုံ FOB ဈေးအနည်းငယ် တိုးလာ ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၁၁-၁၁-၁၁ ၅၈၀-၆၀၀ ၄၈၀-၅၀၀ ၅၇၀-၅၉၀၄-၁၁-၁၁ ၅၆၀-၅၈၀ ၄၆၀-၄၈၀ ၅၅၀-၅၇၀MIRT(MAPT)
ယခုသီတင်းပတ်အတွင်း အခြားပဲများ တင်ပို့မှုလျော့ကျနေပေမဲ့ ပဲစင်းငုံကတော့ စံချိန်တင်ပမာဏနဲ့ တင်ပို့နိုင်ခဲ့ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်းများ တင်ပို့မှု အားကောင်းချိန်မှာ ပဲစင်းငုံတင်ပို့မှုနည်းပြီး ယခုအခြားပဲတင်ပို့မှု ကျဆင်းချိန်မှာ ပဲစင်းငုံကယခုတစ်ပတ်(အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်) အတွင်း မှာတော့ တန်ချိန် တစ်သောင်းခန့်အထိ တင်ပို့နိုင်တာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လလုံးတင်ပို့မှုကို လေ့လာကြည့်ရင် ပဲစင်းငုံတန်ချိန် ၁၅၅၀၀ ခန့်ရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၃၃၀၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာလအတွင်းမှာတော့ တန်ချိန် ၈၀၀၀ နီးပါးသာ တင်ပို့မှုရှိလို့ ယခုနှစ်အောက်တိုဘာမှ ၁ ဆခန့် ပိုတင်ပို့လာနိုင်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ နိုဝင်ဘာလ ၄ ရက်နေ့အထိ စုစုပေါင်းပဲစင်းငုံတင်ပို့မှု တန်ချိန် ၁၄၃၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၉၀ သန်းကျော်ကာ ယခင် ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၆၅၀၀၀ ကျော်ထက် တစ်ဆပို တင် လာနိုင်ခဲ့ပါတယ်။ လတ်တလောပဲစင်းငုံအဝယ်ရှိနေတဲ့အတွက် လာမယ့် သီတင်းပတ်မှာ လည်း ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT- MAPT
ဟင်္သာတခရိုင်တွင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံ့ခင်း၊ အင်္ဂပူမြို့နယ်များပါဝင်ပြီး၊ ပဲသီးနှံအုပ်စုတွင် အဓိက စိုက်ပျိုးရောင်းဝယ်မှု ပြုလုပ် ကြတဲ့ မတ်ပဲကို နှစ်စဉ် နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြကာ ဖေဖော်ဝါရီ လမှာ စတင်ထွက်ရှိ ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ဟင်္သာတခရိုင် အတွင်း မတ်ပဲ ဧက ၄ ဒသမ ၀၆ သိန်း စိုက်ပျိုးခဲ့ပြီး၊ တင်းသိန်းပေါင်း ၄၅ သိန်းကျော်ထွက်ခဲ့ ပါတယ်။ ၂၀၁၁-၁၂ ခုနှစ်တွင် မတ်ပဲ ၄၀ ဒသမ ၇၁ ဧက စိုက်ပျိုးရန်လျာထား ဖြည့်စွက်လျက်ရှိရာ နိုဝင်ဘာလမှာ မတ်ပဲဧက သုည ဒသမ ၂၇၃ သိန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ အေးအေးခိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ လတ်တလော သီတင်းပတ်များမှာ မတ်ပဲအရောင်းအဝယ်အေးစက်နေပါတယ်။ အဓိက ဝယ်လက်ဖြစ်တဲ့ အိန္ဒိယက အဝယ်ပါးတာကြောင့် ယခုတစ်ပတ် နိုဝင်ဘာလ ၄ ရက်မှ ၁၁ ရက်အတွင်းမှာ မတ်ပဲ SQ ၊ FAQ စုစုပေါင်း တန် ၅၀၀၀ နီးပါးသာ အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အဝယ်အေးတဲ့အပြင် ပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ်ကျဆင်းခြင်းကြောင့် လည်း ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၁-၁၁-၁၁ ၇၃၀-၇၅၀ ၈၀၀-၈၂၀၄-၁၁-၁၁ ၇၄၀-၇၆၀ ၈၀၀-၈၂၀MIRT(MAPT)
အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်း မှ ကန်ဒေါ်လာ သုည ဒသမ ၆၂၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၁၇၈ တန်ကို ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတို့သို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူး စေ့တန် ၂၆၂၆ တန် အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအလိုက် တင်ပို့နိုင်မှု တွေကတော့ ဗီယက်နမ်သို့ ၁၅၆၈ တန်နဲ့ စင်္ကာပူသို့ တန် ၆၁၀ ဖြစ်ပါတယ်။ ယခု အပတ်နယ်စပ်မှ ပြောင်း ၁၈၁၉၃ တန်အပို့ရှိပြီး ယခင်အပတ်ကထက် ၇၂၉၉ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ FOB(ရန်ကုန်)ဈေးကတော့ ပြောင်းတစ်တန် ကန် ဒေါ်လာ၂၈၅ မှ ၃၀၅ ကြား ဈေးပေါက်လျက် ရှိပါတယ်။ KZW
ထိုင်းနိုင်ငံရဲ့ရေကြီးမှုနဲ့ မလေးရှားနိုင်ငံရဲ့ ရော်ဘာစိုက်ဧရိယာ နည်းပါးမှုက ရောင်းလိုအားအတွက် စိုးရိမ်ဖွယ်ဖြစ်ပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်း ပြန်လည်မြင့်တက်စေနိုင်ကြောင်း သိရပါတယ်။ ရေနံစိမ်းကို ကုန်ကြမ်း အဖြစ်သုံးရတဲ့ ရော်ဘာတု ဈေးနှုန်းမြင့်တက်ခြင်းက ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာရဲ့အလားအလာကို မြင့်တက်စေ နိုင်ကြောင်းသိရပါတယ်။ တိုကျိုကုန် စည်ဒိုင် (TOCOM)မှာ နိုဝင်ဘာလအတွက်ဈေးနှုန်းတစ်ကီလိုကို ၂၈၈ ဒသမ ၈ ယန်းကနေ ၂၉၆ ဒသမ ၆ ယန်းအထိ မြင့်တက်ခဲ့ပါတယ်။အရှေ့မြောက်ဒေသမုတ်သုံမိုးကြောင့် ရော်ဘာစိုက်ပျိုးတဲ့ အိန္ဒိယမှာလည်း ပြည်တွင်းဈေးတွေ မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE) မှာ နိုဝင်ဘာလအတွက် အရောင်းအဝယ်က တစ်ကီလိုကို ၂၁၀ ရူပီးကနေ ၂၁၅ ရူပီးကို ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံက အများဆုံးရော်ဘာထုတ်လုပ်သူဖြစ်ပြီး မလေးရှားနဲ့ အိန္ဒိယက တတိယနဲ့ စတုတ္ထမြောက် ထုတ်လုပ်သူတွေဖြစ်ပါတယ်။ Source:Commodity online,KZW
အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုနု်သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၅၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၃၅၅ တန်ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၁၇၇ တန်လျော့နည်းခဲ့ပါတယ်။ အောက်တိုဘာ အစောပိုင်းမှာ ကမ္ဘာ့ ရော်ဘာဈေးများ ကျလာပြီး ချင်းရွှေဟော် ဈေးကွက်မှာလည်း ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ RSS-3 တစ်တန်လျှင်၂၇၅၀၀ယွမ်မှ ၂၄၀၀၀ ယွမ်ထိကျဆင်းသွားကြောင်း ၊ ဈေးကွက်ဝယ်လိုအားလည်း မရှိသဖြင့် အရောင်း အဝယ်မဖြစ်၍ ရော်ဘာအပို့ကျခဲ့ခြင်းဖြစ်ကြောင်း လကုန်ပိုင်းမှ ယွမ် ၂၅၀၀၀ ခန့်ထိ ဈေးပေးလာသဖြင့် အရောင်းအဝယ် အနည်းငယ်ရှိလာကြောင်း ချင်းရွှေဟော်မှ ချယ်ရီသစ္စာ ကုမ္ပဏီဒါရိုက်တာ ဒေါ်လွင်လွင်မာ ကပြောကြားခဲ့ပါတယ်။ စခန်းအလိုက် ရော်ဘာတင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင်မှ MSR -20 ၄၅ တန်ခွဲ၊ MSR -50 ၉၃ တန်ခွဲ၊RSS-3 ၆၇ တန် ၊ မြိတ်နယ်စပ်မှRSS-5 တန် ၅၀ နဲ့ MSR -50 တန် ၅၀ ၊ ချင်းရွှေဟော်နယ်စပ်မှ RSS-3 ၃၉ တန်ခန့်နဲ့RSS-5 ၉တန်ကျော်ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး တစ်ခုလုံးရဲ့ ရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ MSR -20 ၄၅ တန်ကျော်၊ MSR -50 ၁၄၃ ဒသမ ၅၂ တန်၊ RSS-3 ၁၀၅ ဒသမ ၇ တန်၊RSS-5 ၅၉ ဒသမ ၅ တန်အသီးသီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ယခုအပတ် ရော်ဘာ မြေပြင်ပေါက်ဈေးမြင့်လျက်ရှိပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၁၈၈၄၈၈ ၃၁၈၄၂၀၁ ၄၂၈၇ ၀ .၁၃ ၃၉၄၉ ၃၉၂၉ ၂၀ ၀ .၅RSS-5 ၂၉၁၉၆၈၈ ၂၉၁၅၄၀၁ ၄၂၈၇ ၀ .၁၄ ၃၇၉၁ ၃၇၇၂ ၁၉ ၀ .၅MIRT (DOBT)
ဟိုပုံးနနွင်းနဲ့ ဆင်တောင်နနွင်းကိုလည်း လက်လီသမားတွေ ဝယ်နေကြတာကြောင့် လက်ကျန်လည်း သိပ်များများမကျန် တော့ပါဘူး။ ပင်လောင်းနနွင်းက အကြိုက်လည်းနည်းပြီး ခြင်ဆေးခွေနဲ့ ပရဆေးဖော်ဖို့ လောက်သာဝယ်တာကြောင့် လက်ကျန် တော်တော်များနေပါသေးတယ်။ ဆင်တောင်နနွင်း မှာလည်း အရည် အသွေးကောင်းတဲ့ထိပ်စတွေ ကုန်သွားပြီး လတ်စတွေသာ ကျန်တော့တာကြောင့် ဈေးကလည်း တစ်ပိဿာ ၂၅၀၀ ကျပ်ဈေးသာရှိပါတော့တယ်။ နနွင်းအသစ်တွေက ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှသာ စပေါ်တော့မှာဖြစ်တာကြောင့်ရှိတဲ့ နနွင်းတွေကိုသာ ခပ်အေးအေးရောင်းတော့မယ်လို့လည်း ဒေသခံတွေထံကသိရှိရပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၂၅၀ ကျပ်ဈေးရှိပြီး၊ ပင်လောင်းနနွင်းကတော့ ကျပ် ၁၀၀၀ အောက်မှာ သာရှိတော့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
