Main menu

Background

Monday, 9 Dec 2013

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသအလိုက်ထွက်ရှိတဲ့ပြောင်းများမှာ ဈေးကွက် အတွင်းပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း  တောင်ကြီးမှာပိဿာချိန် ၂၀ သိန်းခန့်၊ ရပ်စောက်မှာ ပိဿာချိန် ၂၇ သိန်း၊ နမ့်စန်မှာ ပိဿာချိန် ၁၀ သိန်းခန့်၊ လဲချားမှာပိဿာချိန် သုညဒသမ ၇၈ သိန်း၊ လားရှိုးမှာ ပိဿာချိန် သိန်း ၂၀ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ နိုဝင် ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ပြောင်းတစ်ပိဿာ နိမ့်မြင့်ဈေးများကတော့ တောင်ကြီးမှာ ၃၅၀ ကျပ်၊ ၃၅၅ ကျပ်၊ လဲချားမှာ ၃၃၀ ကျပ်မှ ၃၆၀ ကျပ်၊ နမ့်စန်မှာ ၃၅၀ ကျပ်၊ လားရှိုးမှာ ၄၁၀ ကျပ်၊ ၄၂၀ ကျပ်၊ မူဆယ်မှာ ၄၅၈ ကျပ်၊ ၄၆၅ ကျပ်၊ ရွှေလီမှာ ၄၉၀ ကျပ်၊ ၄၉၈ ကျပ်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်း ပြောင်းရောင်းဝယ်မှုမှာ လက်လွှဲရောင်းချခြင်းသာ အဓိက ရောင်းဝယ်ခဲ့ပြီး၊ ပြည်နယ်အတွင်းနဲ့ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများရှိ အစာစပ်လုပ်ငန်းများမှ လည်း အဝယ်ရှိကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ပထမအပတ်အတွင်း ပြောင်း ရောင်းဝယ်မှုမှာ တောင်ကြီးမှပိဿာချိန် ၆ သိန်းခန့်၊ ရပ်စောက်မှ ၄ ဒသမ ၅ သိန်း၊ လဲချားမှာ ၁ သိန်းခန့်၊ နမ့်စန်မှာ ၁ ဒသမ ၅ သိန်းခန့်၊ လားရှိုးမှာ ၈သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်ပြောင်းတစ်ပိဿာပေါက်ဈေး များကတော့ တောင်ကြီးမှာ ၃၅၀ ကျပ်၊ ရပ်စောက် ၃၅၀ ကျပ်၊ နမ့်စန် ၃၅၀ ကျပ်၊ လဲချား ၃၃၀ ကျပ်၊ ၃၅၀ ကျပ်၊ လားရှိုး ၄၁၅ ကျပ်၊ မူဆယ် ၄၆၀ ကျပ်၊ ရွှေလီ ၄၉၃ ကျပ် ပေါက်ဈေးရှိကြောင်း သိရပါတယ်။    သန်းတိုး-တောင်ကြီး

Monday, 9 Dec 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၆၀၀ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ သိပ္ပံနှမ်းတစ်ပိဿာ ၃၈၂၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၃၀၄၅ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၅၆၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 9 Dec 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၄၁ ဒသမ ၀၄ တန်ကို နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်မှာ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၀၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၅ တန်တင်ပို့ ခဲ့ပါတယ်။

Monday, 9 Dec 2013

မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)မှာ လက်ရှိအရောင်းအဝယ်ပြုလုပ် တဲ့ ပဲမျိုးစုံများအနက် ပဲတီစိမ်းကြီးမှာ အရောင်းအဝယ်အသွက် လက်ဆုံးဖြစ်ပါတယ်။ ဒီဇင်ဘာလ ပထမတစ်ပတ်လုံး အမြင့် ဈေးဖြစ်တဲ့ တစ်ပိဿာ ၁၇၀၇ ကျပ်နဲ့ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ အမြင့်ဈေး (ထိပ်စဈေး)နဲ့ အနိမ့်စဈေးကွာမှုမှာ ကွာဟချက်ကြီးမားပါတယ်။ ပြည်ပ (တရုတ်)တင်ပို့ကုန်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းမွန် တဲ့ပဲတီစိမ်းကြီးကိုသာပိုမိုပြီးအရောင်းအဝယ်ဖြစ်သလို အနိမ့်စ (အောက်စ)များကိုလည်း ပဲခွဲစက်များ၊ အမှုန့်ကြိတ်စက်များနဲ့ ပဲသန့်စင်စက်များက ဝယ်ယူလျက်ရှိပါတယ်။

Monday, 9 Dec 2013

အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်၊ နနွင်းအောက်စဖြစ် တဲ့ (ဒေသအခေါ်) အောင်ပန်း (၃) နဲ့ ဆင်တောင် နနွင်းက တစ်ပိဿာကို ၅၀ ကျပ်ခန့် ဈေးတက်လာပါတယ်။ အဝင်က လည်း များများစားစားမရှိလှပါဘူး။ ၅ ရက် တစ်ဈေးကို ပိဿာချိန် ထောင်ဂဏန်းခန့်သာအဝင်ရှိပါတယ်။ များများ စားစားဖြုန်းအားကလည်း မရှိတာကြောင့် ဝယ်လက်တွေ လာရင်လည်း လက်ကျန်(ပွဲရုံမှာရှိတဲ့)နနွင်းတွေကိုသာ ထုတ် ရောင်းနေကြရတယ်လို့လည်း သိရပါတယ်။

Monday, 9 Dec 2013

မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ပထမပတ် ပဲဈေးကွက်မှာ ကုလားပဲ၊ ပဲစင်းငုံစတဲ့ ထိပ်တန်းပဲတွေ အသစ် မပေါ်သေးပေမယ့် ပဲတီစိမ်း၊ ပဲလွန်းဖြူ စတဲ့ ပဲသစ်တွေကတော့ ဈေးကွက်မှာ အဝင်လှိုင်စပြုနေသလို ထိုက်သင့်တဲ့ ဈေးကောင်းလည်းရနေတဲ့အတွက် လာမယ့် ပဲသစ်ရာသီရဲ့ နမိတ်ကောင်း လို့ မှတ်ယူရလောက်အောင်၊ အဝယ် အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။

Tuesday, 19 Nov 2013

နယ်စပ်ကုန်သွယ်ရေးစခန်းများက  ၂၀၁၃ ခုနှစ် နိုဝင် ဘာလ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၁၁၂ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ၁၄ တန်ကျော် အပို့ပိုခဲ့ပြီး မြဝတီနယ်စပ်မှ တန် ၁၀၀၀၊ တမူးနယ်စပ်မှ ၄၃တန်ကျော်၊ စစ်တွေနယ်စပ်မှ ၁ တန်ကျော်၊ မောင်တော နယ်စပ်မှ ၆၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။

Tuesday, 19 Nov 2013

အောင်ပန်းဈေးကွက်ကို ဒီတစ်ပတ်မှာ ချင်း(စို)အဝင်နည်းလာပါတယ်။ တန် ဆောင်မုန်းလ ကထိန်ပွဲ လုပ်နေတာရယ်၊ တောင်သူအချို့တွေကလည်း တောင်ယာ သိမ်း၊ လယ်တွေသိမ်းနေတာကြောင့် ချင်းကို သိပ်မဖော်နိုင်လို့ အဝင်နည်းသွားတာ ဖြစ်ပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် နှစ်သောင်းခန့်သာ အဝင်ရှိပါတော့ တယ်။ ပြည်ပဝယ်လက်မရှိပေမယ့် ပြည်တွင်းဝယ်လက် ဈေးပတ်သမားတွေနဲ့တင် အရောင်းအဝယ်သွက်နေပါတယ်။

Tuesday, 19 Nov 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၃ ရက်မှ ၉ ရက် နေ့တာကာလအတွင်း ချင်း ၂၄ ဒသမ ၀၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ချင်းတင်ပို့ခဲ့တဲ့ နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ စက်တင်ဘာ ဒုတိယသီတင်းပတ် မှစတင်ပြီး တင်ပို့မှုပျောက်ခဲ့ရာ ဒီတစ်ပတ်မှာ ပြန်လည်တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ နှစ်သောင်းခုနှစ်ထောင် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။  MIRT (DOT)

Tuesday, 19 Nov 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၄၇ သန်းတန်ဖိုးရှိတဲ့ ပဲတီစိမ်း (လုံးပြည့်) တန် ၇၆၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်း တန်ဖိုးရှိ (လုံးခြမ်း) ၁၆၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း (လုံးပြည့်) ၇၂၂ တန်ကျော်နဲ့ (လုံးခြမ်း) ၆၁ တန်သာတင်ပို့နိုင်ခဲ့လို့ ယခုအပတ် ပဲတီစိမ်း တင်ပို့မှုပိုမိုလာတာတွေ့ရပါတယ်။ မူဆယ် ၁၀၅ မိုင်ကုန်စည်ဒိုင်မှာတော့ ယခင် အပတ်က ပဲတီစိမ်း (အညာ) တစ်တန် မိမိဖက်ပေါက်ဈေး ၈၇၉၄၁၂ ကျပ်ရှိရာမှ ယခုအပတ် ၈၈၅၇၄၉ ကျပ်ကိုဈေးမြင့်တက်လာပါတယ်။ မန္တလေးမှမူဆယ်ကို နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းတန်ချိန် ၁၀၀ ကျော်ပုံမှန်တင်ပို့လျက်ရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့မှာ ယခုနှစ်မိုးရွာသွန်းမှုအခြေအနေ ကောင်းတာကြောင့် မိုးပဲတီစိမ်း (ရေဆင်း ၁၁ နှင့် ရေဆင်း ၁၄) မျိုးများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ယခင်နှစ်အထွက်နှုန်းထက်ပိုမိုထွက်ရှိခဲ့လို့ တောင်သူတွေ ဝင်ငွေပိုမိုရရှိခဲ့ကြောင်း သိရပါတယ်။ မော်မော်အောင် MIRT (DCCA)

Pages