Main menu

Background

Sunday, 25 Sep 2011

နေပြည်တော် တပ်ကုန်းမှာ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိ                  တပ်ကုန်းမြို့နယ်မှာ ယခုနှစ်အစေ့ထုတ်ပြောင်း စိုက်ဧက ၂၅၀၀ ကျော်ရှိပြီး၊ အဓိကစိုက်ပျိုးတဲ့ ကျေးရွာ အုပ်စုများမှာ ကျားသေအိုင်၊ ရွှေမြို့၊ ရှောက်ကုန်း၊ ကန်ကြီးအုပ်စုများဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ မျိုးမှာ CP -888  မျိုးဖြစ်ပြီး၊ ယခုအခါ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိနေပြီ ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်း စံကွက် ရိတ်သိမ်းပွဲကို စက်တင်ဘာလ ၉ ရက်က ကံကြီးအုပ်စုက တောင်သူ ဦးတင်မြိုင် စိုက်ကွင်းမှာ ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ စိုက်-ညှိအဖွဲ့ဝင်များနဲ့ မြို့နယ်တွင်း ပြောင်းစိုက်တောင်သူ ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရ ပါတယ်။                      စံကွက်ရိတ်ရာမှာ တစ်ဧက ၉၅ တင်းထွက်ရှိကြောင်း သိရပါတယ်။ အစေ့ထုတ်ပြောင်းကို ဧက ၂၀ စိုက်ပျိုးခဲ့ရာ တစ်ဧကကို မျိုးစေ့ ၂၃၀၀၀ ဝန်းကျင်ပါ 5 kg  တစ်ထုပ် စိုက်ပျိုးရပြီး၊ တစ်ထုပ်ကို ၁၇၅၀၀ ကျပ်ပေးရကြောင်း ၎င်းင်းစိုက်ခင်းကို စံကွက်ရိတ်သိမ်းရာ၌ ပြောင်းဖူး ၁၃၅ ဖူးကို အစေ့တစ်တင်းရရှိပြီး တစ်ဧကကုန်ကျစရိတ် ၁၆၀၀၀၀ ကျပ် ခန့်ကုန်ကျကာ ယနေ့ပေါက်ဈေး တစ်တင်း ၅၀၀၀ ကျပ်ရောင်းရလို့ တစ်ဧကအမြတ် ၃ သိန်းကျော်ရရှိတယ်လို့ တောင်သူ ဦးတင်မြိုင်က ပြောပါတယ်။ ခင်မောင်ဆွေ

Sunday, 25 Sep 2011

နယ်စပ်မှ ပြောင်းအပို့လည်းပို                       မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့်တစ်ဖက်နိုင်ငံရွှေလီသို့ စက်တင် ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၃၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၇၀၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၀၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၉၈၂ တန်ကျော်နဲ့ နှံစားပြောင်း ၁၄၃ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဘက် မြေပြင်ပြောင်းဈေးများမြင့်တက်နေပြီး တစ်ဘက်နိုင်ငံမှာတော့ပြောင်းစေ့ ဈေးကျပြီး နှံစားပြောင်းဈေး အနည်းငယ် မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                            မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု              ယခင်     ပြောင်းလဲမှု    %    ယခု        ယခင်    ပြောင်းလဲမှု      %ပြောင်းဖူးစေ့      ၂၀၂၄၅၇     ၁၉၈၅၉၉      ၃၈၅၈         ၂      ၂၈၅       ၂၈၈            ၃              ၁နှံစားပြောင်း      ၂၀၀၁၇၁      ၁၉၆၃၅၇      ၃၈၁၄        ၂       ၃၂၉       ၃၁၃          ၁၆              ၅MIRT (DOBT)

Sunday, 25 Sep 2011

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ပုံမှန်                   စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုညဒသမ ၆၉၄ သန်းတန်ဖိုးရှိ ပြောင်း ၂၃၉၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂၃၀၀ ကျော်တင်ပို့ခဲ့ တာကြောင့် တင်ပို့မှု ပုံမှန်ရှိတယ်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယကို တန် ၂၄၀ ၊ စင်ကာပူကို ၅၅၂ တန်၊ တရုတ်ကို ၃၅၅ တန်၊ ဗီယက်နမ်ကို ၇၄၃ တန်နဲ့ မလေးရှား ကို ၅၀၄ တန် အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ နယ်စပ်ကနေ တန် ၇၄၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၉၀-၃၀၅ အထိဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။KZW

Sunday, 25 Sep 2011

အိန္ဒိယ ရော်ဘာပို့ကုန် ၂၈၀ ရာခိုင်နှုန်းတိုးတက်                  အိန္ဒိယနိုင်ငံရဲ့ သဘာဝရော်ဘာတင်ပို့မှုဟာ ယခုဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်အထိကာလမှာ ၂၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်အလားတူကာလက ပို့ကုန် ၄၃၆၄ တန်ရှိပြီး ယခုနှစ်မှာ ၁၂၂၁၉ တန်ရှိကြောင်း သိရပါတယ်။ ဒီလိုပို့ကုန်တိုးတာဟာ ဒီကာလအတွင်း အိန္ဒိယမှာ ဈေးကျတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။ သဘာ၀ ရော်ဘာတင်ပို့မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဈေးမြင့်ခြင်းနဲ့ အရည်အသွေးမကောင်းခြင်း ကဲ့သို့သော အခြေအနေ အမျိုးမျိုးကြောင့် စိုးရိမ်စရာအခြေအနေကိုရောက်နေကြောင်း သိရပါတယ်။ ၂၀၁၀ တချို့လ တွေမှာ ပို့ကုန်မရှိတဲ့ အခြေအနေတွေဖြစ်ခဲ့ပါတယ်။ ယခုနှစ် သြဂုတ်လမှာတော့ ၁၀၈၂ တန် အထိတင်ပို့မှုတိုးကာ ယခင်နှစ်အလားတူကာလက ၁၇ တန်သာတင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လကလည်း ၇၇၉ တန်တင်ပို့ ကာ ၂၀၁၀ ဇူလိုင်မှာ ၂၄ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။             ယခုဘဏ္ဍာနှစ်မှာတော့ ကမ္ဘာ့ဝယ်လက်တွေအတွက် အိန္ဒိယရဲ့ဈေးနှုန်းက အကျိုးရှိပြီး ပြည်တွင်းဈေးက တော့ တစ်ဂရမ်ကို ရူပီး ၁၇-၁၉ အထိဈေးကျခဲ့ကြောင်း သိရပါတယ်။ လာမယ့်ကာလများမှာလည်း ပို့ကုန်တွေ ပိုမိုတိုးမြှင့် တင်ပို့နိုင်မယ်လို့ သိရပါတယ်။ အိန္ဒိယရော်ဘာက ကမ္ဘာ့ဈေးကွက်မဝင်ရတဲ့ အဓိကအကြောင်းကတော့ အရည်အသွေး ညံ့တာပဲ ဖြစ်ပါတယ်။တကယ်လို့ တစ်ကီလိုကို ရူပီး (၁၂-၁၅) ကိုလျှော့ချပေးနိုင်မယ်ဆိုရင် အိန္ဒိယအနေနဲ့ နိုင်ငံခြားဝယ်လက် တွေကို ပိုပြီးဆွဲဆောင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းသုံးစွဲမှုကလည်း မြင့်မားနေတာကြောင့် အိန္ဒိယက ရော်ဘာ အဓိက တင်ပို့တဲ့ ဈေးကွက်တော့မဖြစ်နိုင်ကြောင်း သိရပါတယ်။             သွင်းကုန်ပိုင်းမှာတော့ ဧပြီကနေ သြဂုတ်အထိကာလမှာ တန်ချိန် ၇၆၁၁၆ တန်တင်သွင်းပြီး ယခင်နှစ် အလားတူ ကာလထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ သွင်းကုန်ခွန်က ၂၀ ရာခိုင်နှုန်းကနေ ၇ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ချခဲ့ပေမယ့် ပြည်တွင်းသုံးစွဲမှုအားလုံးအတွက်တော့ ဈေးမသက်သာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရော်ဘာအဓိက စိုက်ပျိုးတဲ့ ကာရာလာဒေသမှာ နိုင်ငံရေးအကျပ်အတည်းအရ ရော်ဘာတင်ပို့ခွင့်မရကြောင်းလဲ သိရပါတယ်။ ဒါကြောင့် ရော်ဘာတင်ပို့မှု ၄၅ ရာခိုင်နှုန်းလောက်ကျဆင်းသွားခဲ့ပါတယ်။ ဧပြီကနေ သြဂုတ်လအတွင်း ပြည်တွင်းသုံးစွဲမှုက ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာပြီး ၃၁၁၂၀၀ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။                 ဧပြီမှ သြဂုတ်အထိသိုလှောင်မှုက ၂၆၆၀၈၁ တန်ရှိပြီး ယခင်နှစ်အလားတူကာလက ၂၀၂၇၉၈ တန်ရှိခဲ့ကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ စက်မှုအသင်းနဲ့ ရော်ဘာကုန်သည်များမှာ သိုလှောင် မှုများစွာရှိနေပြီး အမှန်တကယ်လုပ်ငန်းလည်ပတ်တဲ့ ပမာဏက တန်ချိန် ရှစ်သောင်းမှ တစ်သိန်းအထိသာ ရှိကြောင်း သိရပါတယ်။ မော်တော် ကားတာယာထုတ်လုပ်သူများအသင်း(ATMA)က ပြောကြားရာမှာတော့ သိုလှောင်မှုပမာဏ များပေမဲ့ နိုင်ငံအနေနဲ့ ရောင်း လိုအား ပြဿာနာကိုအကြီးအကျယ်ရင်ဆိုင်နေရကြောင်းသိရပါတယ်။ တကယ်လို့ သိုလှောင်မှုပမာဏကျဆင်း ခဲ့မယ်ဆိုရင် ရော်ဘာကဏ္ဍမှာ ဆိုးကျိုးတွေ သက်ရောက်နိုင်ကြောင်း (ATMA) ကပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းရဲ့ စာရင်းများက အစိုးရရဲ့ သွင်းကုန်တင်သွင်းခွင့်ပြုခြင်းကို လွှမ်းမိုးနိုင်ကြောင်း ၎င်းင်းတို့က ဆက်လက်ပြောကြားခဲ့ပါတယ်။ ရော်ဘာ အသင်းရဲ့ စာရင်းများက အမှန်ကုန်သွယ်မှုပြုနိုင်တဲ့ စာရင်းမဟုတ်ဘဲ တောင်သူ၊ သိုလှောင်သူနဲ့ လုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေ အားလုံးပေါင်းမှာရှိတဲ့ စာရင်းများသာဖြစ်ပါတယ်။ Source:businessonline,KZW 

Friday, 23 Sep 2011

ပစ္စည်းကောင်းမှ ဈေးကောင်းရမှာဖြစ်လို့ မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးတဲ့ နနွင်းစိုက်တောင်သူ                 ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်ဝင်သီးနှံဖြစ်တဲ့ နနွင်းကိုဟိုပုံးမြို့နယ်တွေမှာတော့ မနှစ်ကလိုပဲ စိုက်ပေမယ့် နနွင်း အထွက်များတဲ့ ပင်လောင်း၊ ကလောစတဲ့မြို့နယ်တွေမှာတော့ အစိုက်နည်းတယ်လို့ သိရပါတယ်။ အရင်နှစ်တွေက ဈေးကောင်း ရခဲ့တာကြောင့် အမြန်ပြန်စိုက်ပြီး ရရာတွေစိုက်ပေမယ့် ဒီနှစ်တော့ အရည်အသွေးမကောင်းရင် ဈေးကွက်မဝင်တာကို သိလာ ရလို့၊ မျိုးကောင်းမျိုးသန့်တွေကိုသာရွေးပြီး စိုက်လာကြပါတယ်။ ဒီနှစ်က နနွင်းဝယ်လက်တွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ယူအေအီး နိုင်ငံတွေမှာ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ဝယ်ယူမှုမရှိလို့ ရောင်းအားကျဆင်းခဲ့ပါတယ်။ ပြည်တွင်းသုံး အတွက် သာအရောင်းအဝယ်ဖြစ်နေပြီး၊ တောင်ငူ၊ မုံရွာ၊ နေပြည်တော်၊ ပြည်စတဲ့ဈေးပတ်သမားတွေက အမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူ နေကြတာဖြစ်ပါတယ်။    ဒီတစ်ပတ်တော့ နနွင်းတက်ဈေးက အရင်တစ်ပတ်ကထက် ဈေးအနည်းငယ်တက်လာပါတယ်။ ပင်လောင်း နနွင်းစတွေကတစ်ပိဿာ ၇၅၀ ကျပ်ဈေးရှိလာပြီး၊ အောင်ပန်းနနွင်းကတော့ ၈၀၀ ကျပ် - ၁၂၀၀ ကျပ် - ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကိုတော့ အရောင်တင်ဆီအဖြစ် အသုံးပြုဖို့ဝယ်ယူနေပြီး တစ်ပိဿာ ၃၂၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်း ကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင် 

Friday, 23 Sep 2011

အရောင်းအဝယ်ပြန်ဖြစ်လို့ ကျောက်ဆည်နနွင်းဈေးမာလာ              ယခုရက်ပိုင်း ကျောက်ဆည်နယ်မှာ နနွင်းတက် အရောင်းအဝယ်ပြန်ဖြစ်လာပြီး၊ ဈေးလည်း အနည်းငယ် ပိုလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းမှ လလယ်ခန့်ထိ တရုတ်ဝယ်လက်မှ ကုန်ချိန်ပိဿာ တစ်သောင်းဝန်းကျင်ပါ ကား ၃ စီးသာတင်ပို့နိုင်ခဲ့ပြီး၊ နောက်ပိုင်းဝယ်လက်မဆွဲတော့ဘဲ ဈေးအေးခဲ့ရာ တစ်ပိဿာ ၁၈၀၀ ကျပ် ဝန်းကျင်နဲ့ ဈေးငြိမ် ခဲ့ပါတယ်။ ယခုရက်ပိုင်း တရုတ်ဝယ်လက်အပြင် ဘင်္ဂလားဒေ့ရှ်ဝယ်လက်ပါရှိလာကာ တန်ချိန် ၁၅၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဝယ်လက်ဆွဲလာတာနဲ့အမျှ ဈေးလည်း အနည်းငယ်ပြန်မာလာရာ ယခုရက်ပိုင်းတစ်ပိဿာ ၂၀၀၀ ကျပ်ထိ ဈေးပလို ာကြောင်း သရိ ပါတယ။် သင်းသင်းမြတ် 

Friday, 23 Sep 2011

နနွင်းတက်(ရှမ်းစ) အပို့ ပိုနေ            မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံ ရွှေလီသို့ စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၂၂၂ သန်းတန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁၄၆ တန်ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၃ တန်ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) 

Friday, 23 Sep 2011

မန်ကျည်းတင်ပို့              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက် တာကာလအတွင်း မန်ကျည်းတန် ၄၀ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၈၀၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၃၂၀၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Friday, 23 Sep 2011

ပြည်ချင်း ဈေးကွက်ဈေးငြိမ်                 ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ချင်း(ဥမ)များ ကျန်ရှိနေသေးတဲ့အတွက် အောင်ပန်းနဲ့ တောင်ကြီးဘက်တွင် ချင်း(တက်)များပေါ်ထွက်ပြီဖြစ်သော်လည်း မှာယူတင်သွင်း ရောင်းဝယ်မှု မရှိသေးကြောင်း သိရပါတယ်။ အဝင်မရှိဘဲ လက်ကျန်ချင်းများသာ ရောင်းဝယ်လျက်ရှိနေပြီး ချင်း(ဥမ)ရှယ်တစ်ပိဿာကို ၈၀၀ ကျပ်၊ (ဂျွန်) ၅၅၀--၆၅၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ အရောင်း အဝယ်မှာ ပုံမှန်ရောင်းဝယ်မှုရှိလျက် ချင်းဓါးလှီးသမားများ လက်လီ-လက်ကား ရောင်းဝယ်သူများနဲ့ အခြားတိုင်းဒေသကြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ် တင်ပို့မှု အပါအဝင် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၅၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Friday, 23 Sep 2011

လှပတဲ့ အနာဂတ်များနဲ့ ကုလားပဲ                   ငွေဈေး၊ ရွှေဈေးတွေဘယ်လိုဖြစ်နေပါစေ သီးနှံမှာတော့ ကုန်လက်ကျန်ရှားပြီး ရောင်းလိုအားနည်းနေတဲ့ အချိန်မှာ ဝယ်လိုအားက တောင်းဆိုလာပြီဆိုရင် ဈေး တက်ကြောင်း၊ ယခုနှစ် ကုလားပဲဖြူကြီးက သက်သေပြနေ ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီ ပထမ ဆယ်ရက်တစ်ပတ်မှာ တစ်တင်းကို ၁၉၁၀၀ ကျပ်နဲ့ စပေါ်ခဲ့ပြီး၊ ဇွန်လလယ်မှာ အများနည်းတူ ၁၅၈၀၀ ကျပ် ဆင်းခဲ့ကာ ယခုနှစ် စက်တင်ဘာ ဆယ်ရက်တစ်ပတ်မှာ ပစ္စည်းရှားလာလို့ တစ်တင်းကို ၂၅၄၀၀ ကျပ်ထိ ရောက်နေ တာ တွေ့ရပါတယ်။ သူ့ကြောင့်ပဲ ကုလားပဲဝါကြီးလည်း အထိုက်အလျောက် တက်လာခဲ့တာတွေ့ရကြောင်းပါ။ မောင်မောင်အေး 

Pages