Main menu

Background

Tuesday, 23 Aug 2011

ပြည်မတ်ပဲ ဈေးအနည်းငယ်လှုပ်လာ                       ပြည်မြို့ရဲ့ ပဲဈေးကွက်များ မတ်ပဲ ဈေးအေးနေခဲ့ရာမှ ယခုရက်မှာ ဈေး အနည်းငယ် ပြန်လှုပ်လာတာ ကို တွေ့ရပြီး တစ်တင်းကို ၁၇ဝဝဝ ကျပ် ဈေးရှိ တယ်လို့သိရပါတယ်။ ပြည်သို့မတ်ပဲ အဝင်ပါးလာပြီး ကုန်သည်များ လက်ဝယ်ရှိ လက်ကျန် ပဲများနဲ့ အပ်ပဲသမား များသာ ထုတ်ရောင်းကြတယ်လို့ ပဲကုန် သည်တစ်ဦးက ပြောပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိနေပြီး၊ တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်- ဘုရင့်နောင်သို့ ပဲခူးတိုင်းဒေသကြီး အနောက်မှ မတ်ပဲ တင်ပို့မှုကတော့ ယခင်တစ်ပတ်က ထက် ယခုတစ်ပတ် ပဲတင်ပို့မှုများပြီး တစ်နေ့ကို အိတ် ၄ဝဝဝ ကျော်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မိမိအေး

Tuesday, 23 Aug 2011

ယခုအပတ် မတ်ပဲတင်ပို့မှု လျော့သော်လည်း ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့နိုင်                 ပင်လယ်ရေကြောင်းက မတ်ပဲ ပြည်ပသင်္ဘောတင်ပို့နိုင်မှုမှာ ဇူလိုင်လ ပထမပတ်က တန်နှစ်သောင်း၊ ဒုတိယပတ်က တန် ၁ ဒသမ တစ်သောင်းကျော်၊ တတိယပတ်မှာတန် ၂ ဒသမ ၂သောင်းခန့်နဲ့နောက်ဆုံးပတ်မှာ ၁ဒသမ ၇ သောင်း ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လက မတ်ပဲတန် ၇ သောင်းကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခုသြဂုတ်လ ပထမပတ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိ တန် ၁၃ဝဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်၊ သြဂုတ်လ ၅ ရက်အထိ မတ်ပဲတင်ပို့ ပြီးစီးမှုမှာ တန်ချိန် ၂ ဒသမ ၇ သိန်းကျော်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တင်ပို့နိုင်ခဲ့မှု တန်ချိန် ၁ ဒသမ ၈ သိန်းခန့်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT  

Tuesday, 23 Aug 2011

ဈေးဆက်လက်မာတဲ့ မုံရွာ V2                  သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2  ဈေးဆက် လက်မာနေပြီး ကျန်ကုလားပဲများလည်း ဈေးတန့်နေတာတွေ့ရပါတယ်။ ပြည်ပ ပို့ကုန်အတွက် မန္တလေးနဲ့ ရန်ကုန် ဝယ်လက်ပုံမှန်ဆွဲလို့ ဒီတစ်ပတ် V2 ဈေးဟာ တစ်တင်း ၂၁၁ဝဝ ကျပ်က ၂၁၃ဝဝ ကျပ်အတွင်း ဈေးမာနေခဲ့ပြီး တစ်ရက်ပျမ်းမျှ အိတ် ၁ဝဝဝ အရောင်းအဝယ် ဖြစ်နေကာ အဝယ်လိုက်တဲ့ နေ့တွေမှာ တစ်ရက် အိတ် ၆ဝဝဝ ခန့််အထိ အရောင်းအဝယ် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းနဲ့ ဒေသသုံး ကုလားပဲတွေဖြစ်ကြတဲ့ ကုလားပဲ တိုင်ပေက ဒီတစ်ပတ်အတွင်း တစ်တင်း ၁၆၇ဝဝ ကျပ်မှာ ငြိမ်နေပါတယ်။ ကုလားပဲရိုးရိုးအနေနဲ့ တစ်တင်း ၁၅၃ဝဝ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ်ပုံမှန်ရှိသလို 929 ကုလားပဲကတစ်တင်း ၁၆၈ဝဝ ကျပ် မှ ၁၆၄ဝဝ ကျပ်အတွင်း ဈေးပေါက်ခဲ့ပါတယ်။ ပြည်တွင်းသုံး ကုလားပဲကတော့ ကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက် အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားနေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ စီးထွက်မှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေး ကို တင်း ၅ဝဝဝ ကျော်နဲ့ ရန်ကုန်ကို တင်း ၉ဝဝဝ နီးပါးရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွနွန်းးလှိုှုငိင် 

Tuesday, 23 Aug 2011

ကုလားပဲဖြူလုံးကြီး ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ပို                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုမှာ ကုလားပဲဖြူလုံးကြီး FAQ တန် ၆ဝဝဝ ကျော်ရှိခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း အရောင်းအဝယ်စာခုျပ်နိုင်မှု တန် ၄၇ဝဝ နဲ့ နှိုင်းယှဉ်လျှင် ရောင်း ဝယ်မှု ပိုလာပါတယ်။                             ရန်ကုန် FOB ဈေးကွက်အနေနဲ့ သြဂုတ်လ ၁၁ ရက်နေ့က ကုလားပဲ ဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ နဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ တာ တွေ့ရပါတယ်။ ပြည်တွင်းလက်ကျန်နည်းတာကြောင့် ပြည် တွင်း ဈေးငြိမ်ကြောင်း ဈေးကွက်က ဆိုပါတယ်။ MIRT - MAPT 

Tuesday, 23 Aug 2011

ယခုအပတ် ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုလျော့                     ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှုဟာ ဇူလိုင်ပထမပတ်မှာ တန် ၂၅ဝဝ ကျော်၊ ဒုတိယပတ် မှာ တန် ၁၅ဝဝ ခန့်၊ တတိယပတ်မှာ တန် ၃ဝဝဝ ခန့်၊ နောက်ဆုံးပတ်မှာ တန် ၃၂ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လက ကုလားပဲတန်ချိန် ၁ဝဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပါတယ်။ ယခု သြဂုတ်လဆန်းပတ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အတွင်း တန်ချိန် ၂၈ဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်အပတ်ထက် တင်ပို့မှုလျော့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁ -၂ဝ၁၂ သြဂုတ်လ ၅ ရက်နေ့အထိ တင်ပို့မှုက တန်ချိန် ၄ သောင်းရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူက တန်ချိန် ၁ဝဝဝ ခန့်ထက် ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုအပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ် ဆက်လက်ဖြစ်နေတာကြောင့် လာမဲ့အပတ်များမှာ ဆက်လက် တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ MIRT - MAPT 

Tuesday, 23 Aug 2011

ယခုတစ်ပတ် ပဲတီစိမ်း သင်္ဘောတင်ပို့မှု ယခင်အပတ်ထက် အနည်းငယ်လျော့              ပင်လယ်ရေကြောင်းက ပဲတီစိမ်း တင်ပို့နိုင်မှုဟာ ဇူလိုင်ပထမပတ်က တန်ချိန် ၁၈ဝဝ ကျော်၊ ဇူလိုင် ဒုတိယပတ်က တန်ချိန် ၁၆ဝဝ ခန့်၊ တတိယပတ်က တန်ချိန် ၂၆ဝဝ ကျော်၊ ဇူလိုင်နောက်ဆုံးပတ်က တန်ချိန် ၄ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ၂ဝ၁၁ ဇူလိုင်လက ပဲတီစိမ်းတန်ချိန် ၁ဝဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပါတယ်။                  ယခုသြဂုတ်လဆန်းပတ် ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ၆ ရက်အတွင်း တန်ချိန် ၃၂ဝဝ ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခင်အပတ်ထက် တင်ပို့မှုလျော့လာပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၂ဝ၁၂သြဂုတ်လ ၅ ရက်နေ့အထိ တင်ပို့မှုက တန် ချိန် ၁ ဒသမ ၄၄ သိန်းကျော်ရှိတာကြောင့် ယခင်နှစ်ကာလတူက တင်ပို့ခဲ့တဲ့တန်ချိန် ဝ ဒသမ ၉၃ ကျော်ဖြစ်လို့ ယခု နှစ်မှာ ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်းစာချုပ် ချုပ်ဆိုရောင်းဝယ်နိုင်မှုဟာ အပတ်စဉ် အနည်းငယ် မြင့်တက်နေတာကြောင့် လာမည့်ရက်သတ္တပတ်များမှာ ဆက်လက်တင်ပို့နေနိုင်မယ်လို့ ဈေးကွက်က ဆိုပါတယ်။ MIRT - MAPT

Tuesday, 23 Aug 2011

ယခုတစ်ပတ်ပဲတီစိမ်းဈေးအေးပြီး အရောင်းအဝယ်ပိုဖြစ်                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခုအပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၆၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက်ပဲတီရွှေဝါတန် ၆ဝဝဝ ကျော် ပါဝင်ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၅၃ဝဝ ကျော်၊ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုအပတ်မှ ပိုမို အရောင်းအဝယ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရာသီ ဥတုကြောင့် အဝယ်ပါးလို့ ဈေးအနည်းငယ်အေးကြောင်း သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။            ဒေါ်လာ/ တန်                ပဲတီစိမ်းအညာ     ပဲတီရွှေဝါအသေး         ပဲတီရွှေဝါအကြီး၁၁-၈-၁၁      ၇၃ဝ-၇၅ဝ         ၉၈ဝ-၁ဝဝဝ               ၁ဝ၅ဝ-၁ဝ၇ဝ၄-၈-၁၁         ၇၃ဝ-၇၅ဝ         ၁ဝဝဝ-၁ဝ၂ဝ            ၁ဝ၈ဝ-၁၁ဝဝ                                                                                           MIRT(MAPT)

Tuesday, 23 Aug 2011

ပဲတီစိမ်းလုံးပြည့်ရော လုံးခြမ်းပါအပို့ရှိ                    သြဂုတ်လ ၃ ရက်မှ ၉ ရက် ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၃၂၅သန်းကျော် တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၆၉၈၈ တန်ခန့်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၂၂ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၂၁ တန် အပို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် တန်ချိန် ၃၅ဝဝ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။                             မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု           ယခင်     ပြောင်းလဲမှု      %        ယခု    ယခင်   ပြောင်းလဲမှု    %၆၁၅၆၂ဝ    ၆၁၁၈၉၇            ၃၇၂၃    ဝ .ဝ၂    ၉၃၁     ၈၅၄            ၇၇       ၈             ပဲတီစိမ်းခရမ်းရွှေဝါများ မဝင်သော်လည်း အညာစများသာအဝင်ရှိပြီး ယခုအပတ်မှာ ပဲအဝင် နည်းလျက်ရှိတယ်လို့ သိရပါတယ်။MIRT (DOBT)  

Tuesday, 23 Aug 2011

ပြည်ပဲတီစိမ်းအရောင်းအေးသလို ဈေးလည်းအေးနေ                   သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့  ပဲတီစိမ်း ဝင်ရောက်မှု အဝင်ပါးလာခဲ့ပါတယ်။ ဇူလိုင်လ အတွင်း ပဲတီစိမ်းသီးနံှမှာ အဝင်များခဲ့ပြီး အရောင်းသွက်တယ် လို့ သိရပါတယ်။ သြဂုတ်လဆန်းမှစ၍ ယခုတစ်ပတ်အထိ အဝင်ပါးလာသလို အရောင်းအဝယ်လည်းအေးနေခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ ထိပ်စတစ်တင်း ၁၅ဝဝဝ ကျပ်နဲ့ ရိုးရိုးစမှာ တစ်တင်း၁၄၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးကျသွား ခဲ့ပါတယ်။ မန္တလေးဝယ်လက်နဲ့ ရနု်ကုန်ဝယ်လက်များ အဝယ် ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ မန္တလေးဝယ်လက်အဝယ်အေးခဲ့ပြီး ရန်ကုန်သို့ အိတ် ၄ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ကာ ဒေသတွင်း အရောင်းအဝယ်ဖြစ်မှု ပမာဏအနေဖြင့် တစ်ရက်ကို အိတ် ၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း 

Tuesday, 23 Aug 2011

တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ တစ်ဧက ကျပ်လေးသောင်းစီ ထုတ်ချေးလျက်ရှိ              နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်လေးသောင်းစီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။ တောင်သူလယ်သမားများကို ယခင်က စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်နှစ်သောင်းစီ ထုတ်ချေးပေးလျက်ရှိရာမှ အစိုးရအဖွဲ့သစ်တာဝန်ယူပြီးနောက်ပိုင်းတွင် တစ်ဧကလျှင် ကျပ်နှစ်သောင်းစီတိုး မြှင့်ပြီး ကျပ်လေးသောင်းစီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်အစိုးရမှ စုစုပေါင်းစပါးစိုက်ဧက သန်း ၂ဝအတွက် ကျပ်နှစ်သောင်းစီ တိုးမြှင့်ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ''စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့လည်း ယခင်က တစ်ဧကကို ကျပ်နှစ်သောင်းပဲပေးခဲ့ရာကနေ ယနေ့တစ်ဧကကို ကျပ် လေးသောင်း ပေးပါတယ်။ နှစ်ဆတိုးပြီးပေးပါတယ်။ နိုင်ငံတော်မှာ စပါးစိုက်ဧက စုစုပေါင်း သန်း ၂ဝအတွက် နောက်ထပ် နှစ်သောင်းစီ တိုးပြီးပေးထားပါတယ်'' ဟု ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ မယ်သီတာ

Pages