Main menu

Background

Sunday, 21 Aug 2011

ပဲလွန်းဖြူယခင်အပတ်အတိုင်း ပုံမှန်တင်                    ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူတင်ပို့မှုဟာ ဇူလိုင်တစ်လလုံးအတွင်း တန် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပြီး၊ သြဂုတ်လ ပထမပတ်က တန် ၃ဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အထိ တင်ပို့မှုမှာလည်း တန်ချိန် ၃ဝဝ ခန့် ဖြစ်လို့ ပုံမှန်တင်ပို့နေတယ်လို့ ဆိုရမှာပါ။ တင်ပို့ခဲ့တဲ့ နိုင်ငံ တွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နိုင်ငံများဖြစ်ပြီး ကိုရီးယားနဲ့ စင်ကာပူ နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရပါတယ်။                       လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ ပဲလွန်းဖြူ တင်ပို့ပြီးစီးမှုမှာ ၁၃၆ဝဝ ကျော်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူက တင်ပို့ခဲ့မှုမှာ တန်ချိန် ၁၃ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။   MIRT-MAPT

Sunday, 21 Aug 2011

ပြည်ပဲစင်းငုံ အရောင်းအဝယ်အေးနေ                    ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးအနည်းငယ်လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၇ဝဝ ကျပ်လျော့နည်းခဲ့ပြီး၊ တစ်တင်းကို ၁၂ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ဈေးကွက်တွင်း လက်ကျန် များရှိနေသော်လည်း အခြားတိုင်းမှ ဝယ်လက်များမှာ ယခုတစ်ပတ်တွင် အဝယ်မရှိ တာကြောင့် ဈေးအနည်းငယ် လျော့နည်းရခြင်းဖြစ်ကြောင်း သိရပါတယ်။ တိုင်း အတွင်းမှာလည်းလက်လီ/လက်ကားဝယ်ယူသူများ သိပ်မရှိဘဲဈေးကွက် တွင်း အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Sunday, 21 Aug 2011

ယခုအပတ် ပဲစင်းငုံ ပြည်ပအဝယ်အေးသလို ဈေးလည်းအေး                       ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပဲစင်းငုံ FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၃၂ဝဝ ကျော် ရှိခဲ့တဲ့အနက် ပဲစင်းငုံနီ FAQ တန် ၂၆ဝဝ ခန့် ပါဝင်ပါတယ်။ ယခင်အပတ် က ပဲစင်းငုံတန်ချိန် ၄၅ဝဝ စာချုပ်ချုပ်နိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ် လျော့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ဝယ်လိုအားနည်းတဲ့အတွက် ပြည်ပဝယ်လက်များလည်း အဝယ်အေးခြင်းဖြစ်တယ် လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။                                 ဒေါ်လာ/တန်                ပဲစင်းငုံအသစ်အနီ(FAQ)              ပဲစင်းငုံအဟောင်းအနီ(FAQ)၁၈-၈-၁၁           ၅၅ဝ-၅၇ဝ                               ၅၄ဝ-၅၆ဝ၁၁-၈-၁၁           ၅၇ဝ-၅၉ဝ                               ၅၆ဝ-၅၈ဝ                                                                                           MIRT(MAPT)

Sunday, 21 Aug 2011

ပဲစင်းငုံ ပြည်ပသင်္ဘောတင်နိုင်မှု ယခင်အပတ်ထက်လျော့                ပင်လယ်ရေကြောင်းက ပဲစင်းငုံပြည်ပသင်္ဘောတင်နိုင်မှုဟာ ဇူလိုင်နောက်ဆုံး ပတ်က တန်ချိန် ၅၆ဝဝ ခန့်၊ သြဂုတ်လ ပထမပတ်က တန်ချိန် ၅ဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပြီး၊ သြဂုတ်လဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အတွင်း တန်ချိန် ၃၅ဝဝ ကျော်၊တင်ပို့ခဲ့တာကြောင့် ပဲစင်းငုံတင်ပို့မှု တဖြည်းဖြည်း လျော့နည်းလာတာ တွေ့ ရပါတယ်။                 လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်အထိ ပဲစင်းငုံ တင်ပို့ပြီး စီးမှုမှာ တန်ချိန် ၇၈ဝဝဝ ကျော် ဖြစ်တာကြောင့် ယခင်နှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၁ဝဝဝ ကျော် ထက်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT - MAPT

Sunday, 21 Aug 2011

ယခုအပတ် နယ်စပ်မှ မတ်ပဲပိုမို တင်ပို့နိုင်                   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်း တန်ဖိုးရှိ မတ်ပဲ ၉၇ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်သာ အကျရှိပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ ၅၅ ဒေါ်လာခန့် မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု            ယခင်     ပြောင်းလဲမှု   %     ယခု     ယခင် ပြောင်းလဲမှု    %မတ်ပဲ     ၄၉၉၂၇၃   ၅ဝဝ၂၇၃       ၁ဝဝဝ      ၂      ၈၆၂    ၈ဝ၇          ၅၅         ၆MIRT (DOBT)

Sunday, 21 Aug 2011

ယခုအပတ် မတ်ပဲ FOB ဈေးပြန်အေး                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၁၄၄ဝဝ ကျော်ဖြစ်လို့ ယခင်အပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း FOB စာချုပ်နိုင်မှု တန် ၁၇၂ဝဝ ကျော်ထက် လျော့ကျခဲ့ပါတယ်။ အိန္ဒိယဈေးကွက်များမှာ ဈေးအေးနေ ပြီး ဝယ်လက်များက ဈေးလျှော့အဝယ်ရှိခဲ့လို့ ပြည်တွင်းဈေးကွက်မှာလည်း ဈေး အေးရတယ်လို့ ဆိုပါတယ်။ ရန်ကုန် FOB ဈေးလျော့ကျမှုကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                                             ဒေါ်လာ/တန်                  မတ်ပဲ(FAQ)            မတ်ပဲ(SQ)၁၈-၈-၁၁     ၇၄ဝ-၇၆ဝ           ၈၃၅-၈၅၅၁၁-၈-၁၁     ၇၅၅-၇၇၅           ၈၄ဝ-၈၆ဝMIRT(MAPT)

Sunday, 21 Aug 2011

ယခုအပတ် မတ်ပဲတင်ပို့မှု အနည်းငယ်ပြန်တက်လာ                         ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့နိုင်မှုဟာ ဇူလိုင်နောက်ဆုံးပတ်မှာ တန်ချိန် ၁၇၅ဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး၊ သြဂုတ်လပထမပတ်က တန်၁၃၅ဝဝကျော် တင်ပို့ ခဲ့ကာ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ရက်ထိ မတ်ပဲတန် ၁၃၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်ထက် အနည်းငယ်ပို တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုကို လေ့လာကြည့်မယ်ဆိုရင် တန်ချိန် ၂ ဒသမ ၈၇ သိန်းကျော် ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တင်ပို့နိုင်မှု တန်ချိန် ၁ ဒသမ ၈၉ သိန်းကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မတ်ပဲအရောင်းအဝယ် စာချုပ်များ ဆက်လက်ရောင်းဝယ်နေတာ ကြောင့် ရှေ့အပတ်များမှာ ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။           MIRT - MAPT 

Tuesday, 9 Aug 2011

ယခုအပတ် ချင်းရွှေဟော်မှ အပို့ရှိပေမဲ့ မူဆယ်မှ တင်ပို့မှုလျော့                  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၆၈၆ တန်နဲ့ နံှစားပြောင်း ၇၁ဝ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ အပို့မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၈၅ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၉၆ဝ၁ တန်နဲ့ နံှစားပြောင်း ၇၁ဝ တန် သာ တင်ပို့ခဲ့ပြီး ယခင် အပတ်ကထက် ပြောင်းဖူးစေ့တန်ချိန် ၂၂ဝဝဝ ကျော်နဲ့နံှစား ပြောင်းတန် ၁၅ဝဝ လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြေပြင်ဈေးများကိုကြည့်တဲ့အခါ မိမိဘက်မှာဈေးကျနေပြီးတစ်ဘက်နိုင်ငံဈေးကတော့သိသိသာသာ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများ နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု          ယခင်      ပြောင်းလဲမှု  %       ယခု    ယခင်   ပြောင်းလဲမှု  %နံှစားပြောင်း     ၂၁ဝ၇၇ဝ    ၂၁၃ဝ၇၈     ၂၃ဝ၈        ၁     ၂၉၅     ၂၉၄         ၁          ဝ .၃ပြောင်းဖူးစေ့   ၂ဝ၅၃၆ဝ     ၂၁၁၁၆၅       ၅၈ဝ၅       ၁     ၂၉၅     ၂၉၇        ၂           ဝ .၇MIRT (DOBT)

Tuesday, 9 Aug 2011

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုအနည်းငယ်လျော့                 ဇူလိုင်လ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်းမှကန်ဒေါ်လာ ဝ ဒသမ ၈၆၂ သန်းတန်ဖိုးရှိ ပြောင်း ၂၈၆ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်၂၅ဝ လျော့ နည်း တင်ပို့ခဲ့ပါတယ်။ ယခုအပတ်တင်ပို့ တဲ့ နိုင်ငံတွေကတော့ စင်္ကာပူ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ စင်္ကာပူသို့ ၂၂၈၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၉၅ သန်း၊ အိန္ဒိယသို့ တန် ၄၈ဝ၊ကန်ဒေါ်လာ ဝ ဒသမ ၁၃၉ သန်းနဲ့ ဗီယက်နမ်သို့ ၉၅ တန် ကန်ဒေါ်လာ ဝ ဒသမ ဝ၂၈ အသီးသီးဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ တစ်တန်ကို ၂၉ဝ-၃၁ဝ ဒေါ်လာဖြစ်ပါတယ်။ နယ်စပ်မှ ယခုအပတ် ပြောင်းတန် ၁ဝ၃၉၆ တန် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ KZW

Tuesday, 9 Aug 2011

ငြိမ်သက်နေသည့် သဘာဝရော်ဘာဈေးကွက်                  ရော်ဘာအဓိကရောင်းဝယ်လျက်ရှိတဲ့ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ သြဂုတ် ၂ ရက်က အမေရိကန် ဒေါ်လာနဲ့ ဂျပန် ယန်းငွေလဲလှယ်ရာမှာ ယန်းငွေတန်ဖိုးတက်မှုကြောင့် ရော်ဘာကြိုပွိုင့်ဈေးနှုန်း ကျသွားခဲ့ ကြောင်းသတင်းရရှိတယ်။ ဇန်နဝါရီလသင်္ဘောတင်မဲ့ ရော်ဘာကြိုပွိုင့်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၇ ရာခိုင်နှုန်းဈေးကျ သွားကာ ၃၈၆ ဒသမ ၉ ယန်းနဲ့ ခုျပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေရဲ့ ေြွကးမြီပြဿနာကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်နှုန်းက နှေးကွေးသွားနိုင်ခြေရှိမှုနဲ့ စွန့်စားမှုများနေတာတို့ကြောင့် မလေးရှား ရော်ဘာ ဈေးကွက်က အနည်းငယ် သာပြောင်းလဲလှုပ်ရှားနိုင်ကြောင်း သတင်းရရှိပါတယ်။                မလေးရှားရော်ဘာ SMR 20  ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၄၇ဝ၂ ဒသမ ၃၈ နဲ့ ချုပ်ဆိုခဲ့ပြီး latex က တစ်တန်ကို ကန်ဒေါ်လာ ၃ဝ၁၅ ဒသမ ၃ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးမှာတော့ ဇန်နဝါရီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်းတက်သွားခဲ့ပြီး တစ်တန်ကို ယွမ် ၃၆၁၉ဝ နဲ့ ချုပ်ဆိုခဲ့ ကြောင်း သတင်း ရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my,rubbermarketnews.net 

Pages