Main menu

Background

Sunday, 7 Aug 2011

အရောင်းသွက်လယ်ယာထွက်ကုန် ပဲတီစိမ်း               မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ၂ ရက် ထိကာလအတွင်း တင်ပို့နေသော လယ်ယာထွက်ကုန်များထဲမှ ပဲတီစိမ်းဟာ အရောင်းသွက်လျက်ရှိပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၈ ဒသမ ၄၁၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁ဝ၅၂၂ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှုထက် တန် ၁၃၃ဝဝ ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ် ၁ဝ၅ မိုင် ကုန်စည်ဒိုင်သို့ ယခုအပတ်အဝင်များတဲ့ လယ်ယာထွက်ကုန်တွေကတော့ ပဲတီစိမ်းနဲ့ ပြောင်းဖူးစေ့များဖြစ်ပြီးကျဈေးနဲ့သာ တစ်ဖက်နိုင်ငံသို့ တင်ပို့နေရတာဖြစ်ပါတယ်။ ဇူလိုင်လမှာ ပဲတီစိမ်းတန် ၅၁၈ဝဝ တင်ပို့ထားပြီး ယမန်နှစ်ကာလတူမှာတော့ ၁၉၅၂၁ဝတန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယမန်နှစ် ဧပြီလမှ ဇူလိုင်လ ကုန်အထိ နယ်စပ်မှ ပဲတီစိမ်း တန် ၅၁၉ဝဝ ကျော် အပို့ရှိခဲ့ပြီး ယခုနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ နယ်စပ်မှ ပဲတီစိမ်း တင်ပို့နိုင်မှုမှာ ၇၇၄၅၉ တန်ရှိတဲ့အတွက် ယခုနှစ်မှာ ၂၅၅၅၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု         ယခင်         ပြောင်းလဲမှု    %    ယခု     ယခင် ပြောင်းလဲမှု    %ပဲတီစိမ်း    ၆၁၅၆၇၄    ၆၂၇၉၂၉          ၁၂၂၅၅    ၂       ၉၂၈     ၉၂၈         -            -MIRT (DOBT)  

Sunday, 7 Aug 2011

ယခုတစ်ပတ်ပဲတီစိမ်းဈေးအေးပြီး ပြည်ပပုံမှန် အရောင်းအဝယ်ဖြစ်                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက် အတွင်း ပဲတီစိမ်းတန်ချိန် ၅၃ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက် ပဲတီစိမ်းရွှေဝါတန် ၂၇ဝဝ ကျော်ပါဝင်ပါ တယ်။ ယခင် ဇူလိုင်၂၂ ရက်မှ ၂၈ ရက်အတွင်း ပဲတီစိမ်းတန် ၄၄ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုအပတ်မှာ ပိုမို အရောင်း အဝယ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မန္တလေးကိုသွားတဲ့ အညာရွှေဝါတွေဟာ ကောင်းတဲ့ အစက တရုတ်ကိုသွားပြီး၊ အညံ့စက ခွဲစက်သမားများက ဝယ်ယူတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                         ဒေါ်လာ/ တန်                    ပဲတီစိမ်းအညာ     ပဲတီရွှေဝါအသေး     ပဲတီရွှေဝါအကြီး၄-၈-၁၁            ၇၃ဝ-၇၅ဝ            ၁ဝဝဝ-၁ဝ၂ဝ       ၁ဝ၈ဝ-၁၁ဝဝ၂၈-၇-၁၁          ၇၈ဝ-၈ဝဝ            ၁ဝ၅ဝ-၁ဝ၇ဝ       ၁၁၅ဝ-၁၁၇ဝMIRT(MAPT)

Sunday, 7 Aug 2011

ယခုတစ်ပတ် ပဲတီစိမ်း သင်္ဘောတင်ပို့မှု ပိုလာ              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့နိုင်မှုဟာ ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အထိ တန်ချိန် ၁၆ဝဝ ခန့်၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်ထိ တန်ချိန် ၂၆ဝဝ ကျော်တင်ပို့ခဲ့ပြီး ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက်မှ ၃ဝ ရက်ထိ တန်ချိန် ၄ဝဝဝ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ပဲတီစိမ်းတိုးတက်တင်ပို့နေတာ တွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ၂ဝ၁၁-၂ဝ၁၂ ရဲ့ ဇူလိုင်လ ၂၉ ရက်ထိ တင်ပို့မှုအနေနဲ့ တန်ချိန် ၁ ဒသမ ၃၃ သိန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူကတန်ချိန် ဝ ဒသမ ၈၅ သိန်း ကျော်ဖြစ်လို့ ယခုနှစ်မှာ ပိုမိုတင်ပို့တာတွေ့ရပါတယ်။              ယခုတစ်ပတ် ပြည်ပက ပဲတီစိမ်း ပုံမှန် အရောင်းအဝယ်ရှိတာကြောင့် ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်ဝယ်လက်များအနေနဲ့ အရည်အသွေးကောင်းပဲတီစိမ်းကို ပိုမိုဝယ်ယူတယ်လို့ သိရပါတယ်။ MIRT- MAPT

Sunday, 7 Aug 2011

ပြည်ပဲလွန်းဖြူ အရောင်းအဝယ် အေးနေ             ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲ တစ်တင်းကို ၁၈၅ဝဝ ကျပ်နဲ့ ဈေးငြိမ် နေတာကို တွေ့ရပါတယ်။ ပဲအဝင် လည်း သိပ်မရှိတော့ဘဲ လက်ကျန်က လည်း နည်းနေပြီး အရောင်းအဝယ် လည်း အေးနေတာကို တွေ့ရပါတယ်။ တစ်နေ့ကို ၄-၅ အိတ်သာ မြို့တွင်း လက်လီသမားများ အရောင်းအဝယ် ရှိ တာကို တွေ့ရပါတယ်။          မိမိအေး

Sunday, 7 Aug 2011

ပဲလွန်း ဖြူ လက်ကျန်နည်းလာလို့ ဈေးငြိမ်ပြီး အရောင်းလျော့လာ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် လ ၄ ရက်အတွင်း ပဲလွန်းဖြူ အရောင်းအဝယ်ဖြစ်မှုဟာ လက်ကျန်နည်းလာ ပြီဖြစ်တာကြောင့် တန် ၄ဝဝ ခန့်သာ ရှိ တယ်လို့ သိရပါတယ်။ ယခင်အပတ် တန် ၁ဝဝဝ ကျော် တင်ပို့နိုင်လို့ လျော့ နည်းလာကာ တွေ့ရပါတယ်။ ပြည်ပ ဝယ်လက်ကြိုက်တဲ့ ပဲဖြစ်ပေမဲ့ ပြည်တွင်းလက်ကျန်တော့ တော်တော်လေး နည်းသွားပြီလို့ သိရပါတယ်။                  ရန်ကုန် FOB ဈေးကွက်မှာ သြဂုတ်လ ၄ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင် အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။                 MIRT- MAPT

Sunday, 7 Aug 2011

ယခုအပတ်ပဲလွန်းဖြူ တင်ပို့မှု ယခင်အပတ်ထက်ပိုလာ                  ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တင်ပို့မှုဟာ ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက် အတွင်း တန် ၁၅ဝ၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ဝဝ ခန့်၊ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန် ၃ဝဝ တင်ပို့နိုင်တာကြောင့် ဇူလိုင်လအတွင်း ယခုအပတ်ပိုတင်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများဖြစ်ပြီး အိန္ဒိယ၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတို့ကို အများ ဆုံး တင်ပို့တာ တွေ့ရပါတယ်။ MIRT- MAPT

Sunday, 7 Aug 2011

ကြိုက်ဈေးမရသော်လည်း ရောင်းချမှုရှိတဲ့ ပြည်ပဲစင်းငုံ                 ပြည်ပဲစင်းငုံဈေးကွက်ရဲ့ ယခုသြဂုတ်လပထမပတ် ပဲဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၂၇ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ ယှဉ်ကြည့်ရင် တစ်တင်းကို ၈ဝဝ ကျပ်ထိ လျော့ကျခဲ့ပါတယ်။ အခြားတိုင်း ဒေသ ကြီးများရှိ ဝယ်လက်များမှ အဝယ်ဆက်လက်အေးနေခြင်းကြောင့် ဈေးလျော့ ခြင်းဖြစ်ကြောင်း သိရပါ တယ်။ ပဲဈေးကွက်တွင် ပဲစင်းငုံမှာ ကြိုက်ဈေး မရသော် လည်း ငွေလိုသူအချို့ ထုတ်ရောင်းကြကြောင်း သိရပါတယ်။ အရောင်းအဝယ် နေ့တိုင်းမဖြစ်သော်လည်း တစ်ချို့ရက်များတွင် အိတ် ၃ဝဝ ထိ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 7 Aug 2011

ယခုတစ်ပတ် ပဲစင်းငုံ ပြည်ပကို အရောင်းအေးသလို ဈေးအေးနေ                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ်တွင်း ပဲစင်းငုံတန်ချိန် ၅၆ဝဝ ခန့် ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်နိုင်ခဲ့တဲ့ အနက် ပဲစင်းငုံနီ တန် ၅၄ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ယခင်အပတ် ပဲစင်းငုံ တန်ချိန် ၇၄ဝဝ ခန့် စာချုပ်ချုပ်ဆိုနိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ် လျော့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဝယ်လက်များအနေနဲ့ အာဖရိက ဘက်မှာ မိုးခေါင်နေလို့ မြန်မာနိုင်ငံဘက်မှ အထိုက်အလျောက်တော့ ဝယ်ယူမှုရှိ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက်လျော့ကျသွားတဲ့ ရန်ကုန် FOB ဈေး များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်              ဒေါ်လာ/တန်              ပဲစင်းငုံအသစ်အနီ(FAQ)       ပဲစင်းငုံအဟောင်းအနီ(FAQ)၄-၈-၁၁            ၅၈ဝ-၆ဝဝ                               ၅၇ဝ-၅၉ဝ၂၈-၇-၁၁          ၆၁ဝ-၆၃ဝ                               ၅၉ဝ-၆၁ဝMIRT(MAPT) 

Sunday, 7 Aug 2011

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်လျော့                ပင်လယ်ရေကြောင်းက ပဲစင်းငုံပြည်ပတင်ပို့နိုင်မှုဟာ ဇူလိုင်ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၆၅ဝဝ ရှိခဲ့ပြီး၊ ဒုတိယပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန်ချိန် ၃၅ဝဝ ရှိခဲ့ကာ၊ တတိယပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အတွင်း တန် ၆၁ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက် မှ ၃ဝ ရက်ထိ တန် ၅၆ဝဝ နီးပါးတင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ခုနှစ်သောင်း ကျော် ဖြစ်တာကြောင့် ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၃၅ဝဝဝ ကျော်ထက် ထက်ဝက် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။         MIRT- MAPT

Sunday, 7 Aug 2011

ဈေးဆက်အေးနေတဲ့ ပြည်မတ်ပဲဈေးကွက်                  သြဂုတ်လရဲ့ အစရက် ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေး ယခင်တစ်ပတ်ထက် အေးလာခဲ့တယ်လို့ သိရပါတယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးလာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်အဝယ်ရှိခဲ့ပါတယ်။ မြို့တွင်း ဝယ်လက်ကတော့ နေ့စဉ်အရောင်းအဝယ်မရှိဘဲ တချို့ ရက်မှာ သာ အရောင်းအဝယ်ဖြစ်တာကို တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင်သို့ ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်မှ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး

Pages